ယန်ရှီကျီး
Vol. 9 Ch. 126
အဘွားအို၏စိုက်ကြည့်ခံရမှုကြောင့် ကောင်းမင်တုန်လှုပ်သွားမိသည်။ယန်ရှီကျီး၏ မျက်လုံးများသည် အရာအားလုံးကို ဖြတ်မြင်နိုင်ပုံရလေသည်။
"မင်းက ကျောင်းသားသစ်လား "
ယန်ရှီကျီးက ကောင်းမင်ရှေ့တွင် ရပ်လိုက်သည်။
"ဘာလို့ မင်းဆီမှာတွယ်ကပ်နေတဲ့ လူတွေ အများကြီးရှိနေတာလဲ "
ကျောင်းအုပ်ယန်၏စကားသည် တင်းယွမ်ကို ကြောက်ရွံ့သွားစေ၏။သူသည် ကောင်းမင်ကို ယုံကြည်ခဲ့ပြီး ကျိုးကျွင်း၏အတန်းဖော်ဖြစ်သည်ဟုယုံကြည်ထားခဲ့သည်။သူသည် ကောင်းမင်တွင် လျို့ဝှက်ချက်များရှိကြောင်း သိသော်လည်း သူသည် လူသားတစ်ယောက် ဖြစ်နေဆဲဖြစ်သည်။
"ကျောင်းအုပ်ယန် အချက်အလက်တွေအရ သူတို့ကျွန်တော့်ဆီက ထွက်မသွားတာက သူတို့အတွက် ကျွန်တော်ဟာ တော်တော်လေးကျော်ကြားပြီး သူတို့ရဲ့ လုံခြုံရေးကို အာမခံနိုင်တဲ့ အာရုံရှိနေလို့ပဲ ဟုတ်တယ်မလား "
ကောင်းမင်က ထိုအချက်ကို အမှန်တကယ်ယုံကြည်သည်။
"မင်း ပင်ပန်းသလို မခံစားရဘူးလား "
ယန်ရှီကျီး၏ မျက်လုံးများသည် ပြတ်သားစွာ တောက်ပနေသည်။ သူမအား ပထမတစ်ချက်ဖြင့် ချဉ်းကပ်ရမည့်ပုံ မပေါ်ပေ။
"ခင်ဗျားရဲ့ ဝန်ထုပ်ဝန်ပိုးထက်စာရင် ကျွန်တော့်ဟာက ဘာအရေးလဲဗျာ "
ကောင်းမင်၏မျက်လုံးများက နူးညံ့နေသည်။
"ခင်ဗျား ငယ်စဉ်ကအကြောင်းတွေကို ကျွန်တော်ကြားခဲ့ဖူးပါတယ် ၊ ကျွန်တော်က ခင်ဗျားလိုမျိုး ချစ်ခင်တတ် ၊ ဂရုစိုက်တတ် ၊ ကိုယ်ကျိုးမငဲ့တတ်တဲ့ လူမျိုးဖြစ်ချင်ခဲ့တာ ၊ ကျွန်တော့်စွမ်းအားတွေကို လူတွေကို ပိုကူညီနိုင်ဖို့ သုံးချင်တယ် ၊ အဲ့ဒီလိုလည်း လုပ်ခဲ့ပါတယ် "
တင်းယွမ်ပင် ထိုစကားများကို နားမထောင်နိုင်တော့ချေ။သူသည် ကောင်းမင်အား ယန်ရှီကျီးအကြောင်းပြောပြခဲ့သည်မှာ သုံးမိနစ်ခန့်သာရှိသေးသည်။အစောပိုင်းက ထိုကလေးသည် ရုံးခန်းအဆောက်အဦးတွင် သတ်ဖြတ်ချင်နေခဲ့သော်လည်း ယန်ရှီကျီးရှေ့တွင် မခုတ်တတ်သော ကြောင်လေးတစ်ကောင်ကဲ့သို့ ပြုမူနေလေသည်။
"မင်းက စကားပြောကောင်းသားပဲ "
တင်းယွမ်က ကောင်းမင်ကို မထုတ်ဖော်ခဲ့ပေ။အရာအားလုံးထက် သူသည် လူသားတစ်ယောက်ဖြစ်နေဆဲပင် ။
ကောင်းမင်၏စကားကြောင့် အဘွားအို၏ဒေါသပုန်ထမှုသည် လျော့နည်းသွား၏။
"ငါ့သားနှစ်ယောက်သာ မင်းရဲ့တစ်ဝက်လောက် ကြင်နာတတ်ခဲ့ရင်...သူတို့ကို အလိုလိုက်မိတာ အားလုံး ငါ့အမှားပါပဲ "
အဘွားအိုသည် ကောင်းမင်၏ပုခုံးကို ပုတ်လိုက်ပြီး သူ့ဘေးရှိ အမှောင်ထုထဲကို ကြည့်လိုက်သည်။
"ဒါ မင်းရဲ့အိမ်မွေးကောင်လေးလား "
"မဟုတ်ပါဘူး ၊ သူက ကျွန်တော့်သူငယ်ချင်းကောင်းပါ "
ကောင်းမင်သည် သူလိမ်မရကြောင်း သိသည်။
"သူက သူမွေးလာကတည်းက အမြင်အာရုံနဲ့အကြားအာရုံဆုံးရှုံးခဲ့ရတယ် ၊ သူ့မိဘအရင်းတွေဆီက စွန့်ပစ်ခံခဲ့ရပြီးတော့ သူ့ကို လူကုန်ကူးသူတစ်ယောက်က ဝယ်သွားခဲ့ပြီး လမ်းတွေပေါ်မှာ တောင်းရမ်းဖို့ အတင်းအကျပ်ခိုင်းခံခဲ့ရတယ် ၊ သူ့မှ မကောင်းဆိုးဝါးအသွင်အပြင်ရှိပေမယ့် ကြင်နာတတ်တဲ့ နှလုံးသားတစ်ခုရှိပါတယ် "
ကောင်းမင်သည် ခွေးကြီးကို ပွေ့ဖက်ရန် ဒူးထောက်လိုက်သည်။
ခွေးကြီးသည် ပြောစရာစကားမဲ့နေသော်လည်း ယန်ရှီကျီးအား တိုက်ခိုက်၍ မနိုင်နိုင်သည်ကိုသိသဖြင့် မြေကြီးပေါ်တွင်သာ လဲနေလိုက်သည်။သူသည် အကောင်ကြီးသော်လည်း အလွန်အားနည်းနေပုံရသည်။
"ဒီလို အန္တရာယ်များတဲ့ အခွံတစ်ခုရှိလာဖို့အတွက် မင်းမှာ နာကျင်မှုတွေ ဘယ်လောက်များဖြတ်သန်းခဲ့ရမလဲ "
ယန်ရှီကျီး၏နှလုံးသားသည် ဆွဲဆောင်ခံလိုက်ရသည်။သူမသည် ခွေးကြီးကို ပွတ်သပ်ရန် လက်ဆန့်ထုတ်လိုက်သည်။
"အိုး ကလေးရယ်..."
ခွေးကြီးသည် အစပိုင်းတွင် သရုပ်ဆောင်နေခဲ့သော်လည်း ယန်ရှီကျီးက သူ့ကို ထိတွေ့လိုက်သောအခါ စွမ်းအားများ ထိုးသွင်းခံလိုက်ရသကဲ့သို့ အလွန်အပင်သက်တောင့်သက်သာ ခံစားခဲ့ရသည်။ထိုအခိုက်အတန့်တွင် သူသည် သူ့ဝါးမိခင်ကို မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရလေသည်။
"မင်းအမေကို လွမ်းနေတာလား "
ယန်ရှီကျီးက ခွေးကြီးကို ပွေ့ဖက်လိုက်သည်။သူမသည် ဖုန်းပြောစဉ်ကနဲ့ မတူညီတော့ပေ။
"မင်း ဒီမှာနေသင့်တယ် ၊ ဒီကျောင်းကြီးက မင်းရဲ့အိမ်အသစ်ပါပဲ ၊ ဒီနေရာကို ငါကာကွယ်မယ် ၊ ဒီကျောင်းကို သိမ်းပိုက်နိုင်ဖို့ သူတို့တွေ ငါ့အလောင်းကို ကျော်သွားနိုင်မှပဲရမယ် ! "
"ကျောင်းအုပ်ကြီး ခင်ဗျားလည်း ဂရုစိုက်မှရမယ်နော် ၊ စီတုအန်းက အနိမ့်ဆုံးအဆင့်အထိ အောက်တန်းကျလိမ့်မယ် "
တင်းယွမ်က သူမကို သတိပေးလိုက်သည်။
"မနက်ကျရင် ဟန်ဟိုင်းပရဟိတဌာနချုပ်ကို ငါသွားမယ် ၊ ငါ့ဘဝမှာ ဘယ်သူ့ကိုမှ မတောင်းပန်ဖူးဘူး ၊ ဒါပေမယ့် ဒီကျောင်းအတွက် ငါဘာမဆိုလုပ်ဖို့ ဆန္ဒရှိတယ် "
ယန်ရှီကျီး၏ မှတ်ဉာဏ်များသည် သူမမသေဆုံးခင် ကာလတွင် ချိတ်ပိတ်ခံထားရသည်။သူမသည် သူမသေဆုံးနေပြီဖြစ်ကြောင်း မသိသေးပေ။သူမသည် ပျက်စီးနေသောဖုန်းကိုင်၍ သူမကို ဘယ်တော့မှ ပြန်ဖြေမည်မဟုတ်သော လူများကို ဆက်တိုက်ဖုန်းခေါ်နေပေသည်။
"ကောင်းပါပြီ "
တင်းယွမ်က ဝမ်းနည်းစွာပြုံးလိုက်သည်။
"ဆရာတချို့က စီတုအန်းကို ကျောင်းအုပ်ဖြစ်လာစေချင်ကြတယ် ၊ တချို့တွေကိုတော့ ရုံးခန်းအဆောက်အဦးထဲကနေ စီတုအန်းက မောင်းထုတ်လိုက်ပြီ ၊ ဒီကျောင်းကြီး ဆက်လက်လည်ပတ်နိုင်ဖို့ ဒီမှာ ကျုပ်တို့ ခင်ဗျားနဲ့အတူ အလုပ်လုပ်ချင်တယ် ၊ စိတ်မရှိဘူးမလား "
"သေချာတာပေါ့ ငါစိတ်ထဲမထားပါဘူး! "
ယန်ရှီကျီးသည် ကော်ရစ်ဒါပေါ် လျှောက်သွားလိုက်သည်။ခွေးကြီးသည် အရိပ်ထဲမှ ခုန်ထွက်လိုက်ပြီး အဘွားအိုနောက် နီးနီးကပ်ကပ်လိုက်သွား၏။
"ဟေး "
ကောင်းမင်က သူ့အမွေးများကို ပြေးဆွဲလိုက်သည်။
"ကျေးဇူးပြုပြီး မင်းအထောက်အထားကို သတိရပါ "
"အိမ်မွေးကောင်လေးတွေက ပိုသန်မာတဲ့ပိုင်ရှင်နောက်လိုက်တာ ပုံမှန်ပဲလေ "
တင်းယွမ်က ယန်ရှီကျီး၏စွမ်းအားကို သိသောကြောင့် ပြောလိုက်သည်။
"ဒီလို အိမ်မွေးကောင်မျိုး ခင်ဗျားမြင်ဖူးလို့လား "
ကောင်းမင်သည် လွတ်ပေးရန် ဆန္ဒမရှိချေ။ဤသို့ဖြင့် သူတို့သည် လေးလွှာရှိ စတိုခန်းသို့သွားနေသော ယန်ရှီကျီးနောက် လိုက်ပါသွားကြလေသည်။
ကော်ရစ်ဒါအဆုံးတွင်ရှိနေသော စတိုခန်းသည် သေးငယ်ပုံရသည်။ယင်းအခန်းတွင် စမ်းသပ်ကိရိယာများဖြင့် ပြည့်နေ၏။ကျောင်းသားများအတွက် သိပ္ပံ၏မှော်ဆန်မှုကို လေ့လာနိုင်ရန် ယန်ရှီကျီးက ထိုပစ္စည်းအားလုံးကို ဝယ်ယူထားခဲ့ခြင်းဖြစ်သည်။
သူတို့သည် စင်များတစ်လျှောက် လမ်းလျှောက်လာရာ ကောင်းမင်သည် တစ်စုံတစ်ရာမှားနေကြောင်း သတိပြုမိသည်။အခန်းသည် သေးငယ်စွာတည်ဆောက်ထားသော်လည်း သူတို့သည် အဆုံးသတ်ကို ရောင်သွားခြင်းမရှိပေ။
"ငါဒီနေရာကို ပထမဆုံးရောက်တုန်းကလည်း ဒီလိုပဲခံစားခဲ့ရတယ် ၊ စတိုခန်းဟာ စီတုအန်းရော ကျောင်းစည်းကမ်းတွေရော မသက်ရောက်ဘူး ၊ ဒီနေရာကို သရဲနီ၏အမျက်ဒေါသတွေနဲ့ အပြည့်အဝဖုံးကွယ်ထားတာ "
တင်းယွမ်က တိုးတိုးပြောလိုက်သည်။
"ငါတို့ရဲ့ နောက်ဆုံးစစ်ဆေးချက်အရ ဒီစတိုခန်းက ယန်ရှီကျီးအသတ်ခံခဲ့ရတဲ့နေရာနဲ့ တူတယ် "
ယန်ရှီကျီးသည် သူမ၏ကိုယ်ပိုင်ကျောင်းတွင် သေဆုံးခဲ့ရသည်။သူမသည် ကလေးများကို စိုးရိမ်သောကြောင့် သူမသေဆုံးပြီးနောက်တွင် ကျောင်းကို ကာကွယ်နေခဲ့သည်။သူမသည် သူမ၏ဂုဏ်သိက္ခာကို အောက်ချ၍ အကူအညီအတွက် ပျက်စီးနေသည့်ဖုန်းလေးဖြင့် ခေါ်ဆိုနေခဲ့သည်။
"ဒီနေရာက ကြီးမားတယ် ၊ ရှင် တခြားဆရာတွေကို ဒီခေါ်လာလို့ရတယ် "
ကျောင်းအတွက် ယန်ရှီကျီး ပြင်ဆင်ထားသည့်ပစ္စည်းများနှင့် သူမအတွက် ကျောင်းသားများ ရေးထားသည့် စာများကို စင်ပေါ်တွင် သိမ်းဆည်းထားသည်။ကလေးများသည် သူမကို အမှန်တကယ်ချစ်ကြပေသည်။ယင်းက သူမအတွက် ထိုနေရာတွင် နေထိုင်ရန် အကြောင်းပြချက်ဖြစ်စေခဲ့သည်။သူမသည် ကျောင်းအပေါ်များစွာပေးဆပ်ခဲ့သည်။စင်များပေါ်ရှိသော အရာအားလုံးသည် သက်သေများဖြစ်သည်။စီတုအန်းနှင့်ကျောင်းက ထိုနေရာအပေါ် သက်ရောက်ခြင်းမရှိသည်ကား အံ့ဩစရာမရှိပေ။
စင်မည်မျှရှိသည်ကို သူသိပြီးနောက် ကောင်းမင် သည် ရိုးရိုးသစ်သားစားပွဲနှင့် သစ်သားကုလားထိုင်များစွာကို တွေ့လိုက်သည်။ အဘွားအို ကွယ်လွန်ပြီးနောက် ဒီနေရာတွင် အလုပ်လုပ်ခဲ့ခြင်းဖြစ်သည်။
အလင်းရောင်သည် နွေးထွေးနေပြီး စားပွဲပေါ်ရှိ များစွာသော ပြဌာန်းစားအုပ်များနှင့် အိမ်စာစာအုပ်များအပေါ်ထွန်းလင်းနေသည်။သူမသည် ကလေးများကို ကူညီရန်အတွက် သင်ခန်းစာအသစ်များကို ဆက်လုပ်နေခဲ့ခြင်းဖြစ်သည်။
"ကျေးဇူးတင်ပါတယ် ကျောင်းအုပ်ယန် ၊ ကျုပ်တို့ စီတုအန်းကို တားဆီးပြီး ကျောင်းကိုကာကွယ်ဖို့ ကူညီပေးမှာပါ ! "
တင်းယွမ်သည် သူ့အိတ်ကို ဖွင့်လိုက်ပြီး စုံစမ်းစစ်ဆေးရေးအစီရင်ခံစာများကို ထုတ်ယူလိုက်သည်။
" ငါ့ကို ကူညီဖို့ ဒါတွေလုပ်စရာမလိုပါဘူး ဒါပေမယ့် ကျောင်းသားတွေကိုတော့ ကူညီပေးပါ ပညာရေးဆိုတာ စီးပွားရေးလုပ်ဖို့ မဖြစ်သင့်ဘူး၊ ဒါက ကျောင်းသားတွေကို ကူညီဖို့ပဲ ဖြစ်သင့်တယ် "
ယန်ရှီကျီးက စားပွဲပေါ် ထိုင်လိုက်သည်။သူမသည် ပျက်စီးနေသော ဖုန်းကို စိုက်ကြည့်နေပြီး တစ်ချိန်က သူမကူညီခဲ့ဖူးသည့်လူများ ဖုန်းပြန်ခေါ်လာရန် စောင့်ဆိုင်းနေပေသည်။
တင်းယွမ်က သူမကို များများစားစားရှင်းမပြခဲ့ပေ။သူက နံရံပေါ်တွင် မြေပုံကို ကပ်လိုက်ပြီး ကောင်းမင်ကို ဆွဲခေါ်လိုက်သည်။
"ငါတို့ အခု ဒီမှာပုန်းလို့ရတယ် "
တင်းယွမ်သည် မြေပုံပေါ်ရှိ စတိုခန်းအား အပြာရောင်ခြယ်ထားသည်။
"အပြာရောင်ဧရိယာတွေက သရဲနီတွေရဲ့ လှုပ်ရှားမှု ဧရိယာနဲ့ ငါတို့ တိုက်ခိုက်နိုင်တဲ့ နေရာတွေကို ကိုယ်စားပြုတယ် ၊ အဖြူရောင်ဧရိယာတွေက ကျောင်းစည်းကမ်းတွေ ထိန်းချုပ်ထားတဲ့နေရာတွေ ၊ အနက်ရောင်ဧရိယာတွေက စီတုအန်းရဲ့စည်းကမ်း တွေ ထိန်းချုပ်ထားတဲ့ နေရာတွေပဲ "
တင်းယွမ်သည် အပြာရောင်ဘောပင်ဖြင့် မြေပုံတွင် လမ်းကြောင်းတစ်ခုဆွဲလိုက်သည်။
"စီတုအန်းရဲ့စည်းကမ်းတွေနဲ့ ကျောင်းစည်းကမ်းတွေကို ငါတို့တိုက်ခိုက်လို့မရဘူး ၊ အခု ငါတို့ဘာလုပ်နိုင်မလဲဆိုတော့ ရှင်သန်သူအားလုံးကို အပြာရောင်ဧရိယာကိုခေါ်လာပြီး ကာကွယ်ထားဖို့ပဲ ၊ ဒါပေမယ့် ဘယ်သရဲကျောင်းသားကိုမှ ခေါ်မလာနဲ့ ! သူတို့က ကျောင်းစည်းကမ်းကို လိုက်နာတဲ့ သူတွေပဲ သူတို့က ကျောင်းသားကောင်စီကို ငါတို့ဆီ ဦးဆောင်ခေါ်လာနိုင်တယ် ! "
"ကျောင်းသားတွေကို အထောက်အထားခွဲခြားဖို့ဆိုတာ အရမ်းခက်ခဲတယ် ၊ တချို့ သရဲကျောင်းသားတွေက ပုန်းတာ အရမ်းတော်တယ် "
ကောင်းမင်က အနီရောင်ဘောပင်ကို ထုတ်လိုက်သည်။
"စည်းမျဉ်းမလိုက်နာတဲ့ လူသားနဲ့သရဲနှစ်မျိုးလုံးကို ဖယ်ရှားဖို့ ကျွန်တော်တို့က ဘာလို့စည်းမျဉ်းအသစ်တွေ မလုပ်ရမှာလဲ "