ချန်းဖုန်း
Vol. 9 Ch. 127
တင်းယွမ်က သူနားကြားမှားသည်ဟု ထင်လိုက်သည်။သူက ကောင်းမင်ကို တိတ်တဆိတ်ကြည့်လိုက်ပြီး
"သရဲနီတွေတောင် စည်းမျဉ်းတွေကို စိန်မခေါ်ဝံ့ဘူး ၊ လူသားတစ်ယောက်အနေနဲ့ မင်းက စည်းမျဉ်းအသစ်တွေ ချချင်နေတာလား ၊ မင်းရူးသွားပြီလား "
"စည်းမျဉ်းတိုင်းဟာ စည်းကမ်းထိန်းသိမ်းသူလိုတယ် ၊ ကျွန်တော်တို့ စည်းကမ်းထိန်းသိမ်းသူအကုန်လုံးကို သတ်လိုက်ရင် စည်းမျဉ်းတွေက ပျောက်ကွယ်သွားမှာပဲ ဟုတ်တယ်မလား "
ကောင်းမင်၏ အတွေးသည် ရိုးရှင်းပေသည်။သို့သော် ထိုအကြံကို သူပြောလိုက်သောအခါ လေသံကို နှိမ့်လိုက်သည်။ယန်ရှီကျီး၏ မျက်လုံးထဲတွင် သူ့ပုံရိပ်ပျက်စီးသွားမည်စိုးသောကြောင့် ဖြစ်သည်။
"ဒါက သီအိုရီအရတော့ မှန်ပါတယ် "
တင်းယွမ်က ကောင်းမင်၏လက်ကို ဆွဲလိုက်သည်။သူက လက်တွင် သွေးခုန်နူန်းနှင့် နွေးထွေးမှုကို ခံစားနေရသေးသည်။ကောင်းမင်၏လက်ကို ဆွဲလိုက်သည်။သူက လက်တွင် သွေးခုန်နူန်းနှင့် နွေးထွေးမှုကို ခံစားနေရသေးသည်။
"မင်း အသက်ရှိနေသေးတာပဲ"
"သဘာဝအားဖြင့် အစားထိုးခံထားရတဲ့ ကျောင်းသားတွေဟာ အရိပ်ထဲမှာပဲ ရှင်သန်နိူင်ကြတယ် ၊ သူတို့က စည်းမျဉ်းတွေကို မချိုးဖောက်ရဲဘူး "
ကောင်းမင်က သူ့မျက်လုံးများကို ကစားလိုက်သည်။
"ကျွန်တော်တို့ အပြာရောင်အခန်းတွေကနေ စမယ် ၊ ခင်ဗျားအတွက် အဆင်မပြေဘူးဆိုရင် ကျွန်တော်လုပ်မယ် "
တင်းယွမ်သည် ကောင်းမင်၏လက်ကောက်ဝက်ကို လွတ်လိုက်ပြီး သူ့နဖူးကြောများ နူးညံ့သွားသည်။သူသည် ကောင်းမင်ထံတွင် မျှော်လင့်ချက်ကို မြင်လိုက်ရပုံပေါ်သည်။မူမမှန်မှုများတွင် တင်းယွမ်ကဲ့သို့စီနီယာများအပါအဝင် လူသားများသည် အမြဲတစေ ပြုသမျှနုခံရလေ့ရှိသည်။လူတိုင်းသည် ရလာဒ်များပိုမိုရရှိရန် ပျက်စီးဆုံးရှုံးမှုကို မည်ကဲ့သို့ လျှော့ချရမည်ကိုသာ အာရုံစူးစိုက်ထားကြသည်။အလွန်နည်းပါးသော တက်ကြွသည့်လူတချို့သာ မူမမှန်ဖြစ်ရပ်များကို တိုက်ခိုက်ရန်ကြိုးစားကြသည်။
"လီစန်းလို ရှုပ်ထွေးတဲ့ ခရိုင်တစ်ခုမှာ အမြစ်တွယ်နိုင်ဖို့ မင်းတို့ဌာနရဲ့ လေ့ကျင့်ရေးနည်းလမ်းတွေက အထင်ကြီးစရာပဲကွာ "
တင်းယွမ်သည် တစ်ခုခုကို အထင်လွဲသွားပုံရသည်။ကောင်းမင်က ရှင်းပြရန်အလွန်ပျင်းရိနေခဲ့သည်။တစ်ခုခုကို အထင်လွဲသွားပုံရသည်။ကောင်းမင်က ရှင်းပြရန်အလွန်ပျင်းရိနေခဲ့သည်။
ယန်ရှီကျီးသည် လေ့ကျင့်ရေးဟူသော စကားလုံးများကို ကြားသွားသဖြင့် ခေါင်းမော့ပြီး ပြောလိုက်သည်။
"ဆရာတင်း ရှင်တို့နှစ်ယောက် ပညာရေးနည်းလမ်းတွေ ဖလှယ်နေကြတာလား "
"စီတုအန်းက အချိန်မရွေးရောက်လာနိုင်တယ် ၊ ကျုပ်တို့က ကျောင်းကို ဘယ်လိုကာကွယ်ရမလဲ ဆွေးနွေးနေကြတာပါ "
တင်းယွမ်သည် ယန်ရှီကျီးအား အနည်းငယ်ကြောက်ရွံ့နေသေးသည်။သူက အဘွားအိုအား လွန်စွာလေးစားသမှုထားသည်။
"ကျောင်းကို ကာကွယ်တာက ငါ့တာဝန်ပဲ ၊ ရှင်တို့က ကျောင်းသားတွေအပေါ် အာရုံထားသင့်တယ် ၊ ပတ်ဝန်းကျင်အပြောင်းအလဲကြောင့် သူတို့ကို လွှမ်းမိုးမခံရစေနဲ့ "
ကျောင်းအုပ်ယန်က တစ်စုံတစ်ခုကို တွေးမိလိုက်သည်။သူမသည် စင်များအကြား တစ်ခုခုကို ရှာဖွေလိုက်သည်။မိနစ်အနည်းငယ်ကြာသောအခါ သူမသည် သစ်သားသေတ္တာလေးတစ်လုံးဖြင့် လျှောက်လာခဲ့သည်။
"ဒါတွေအားလုံးက ငါ့အတွက် တန်ဖိုးအရှိဆုံးအရာတွေပဲ ၊ ဒါတွေကို တခြားဆရာတွေစိတ်တည်ငြိမ်အောင် ဝေမျှပေးလိုက်ပါ "
"ကျေးဇူးတင်ပါတယ် ကျောင်းအုပ်ယန် "
ယင်းသည် တင်းယွမ်အတွက် ယန်ရှီကျီးထံမှ ပထမဆုံးပစ္စည်းရဖူးသောအကြိမ်မဟုတ်ပေ။သူက ကောင်းမင်ကို မျက်စပစ်ပြလိုက်ပြီး သစ်သားသေတ္တာအား စင်နောက်သို့ သယ်သွားလိုက်သည်။
"ဟန်သဲ့ရှုရှန်းအကယ်ဒမီမှာ အကျပ်အတည်းဖြစ်ခဲ့တုန်းက ယန်ရှီကျီးက ကျောင်းကိုကယ်တင်ဖို့ သူ့ရဲ့လက်ဝတ်ရတနာတွေအစုံလိုက် ရောင်းချပစ်ခဲ့တယ် ၊ သူသရဲဖြစ်ပြီးတော့ ဒါမျိုးထပ်ဖြစ်လာမယ်လို့ ဘယ်သူသိမှာလဲ "
တင်းယွမ်က သေတ္တာကိုဖွင့်လိုက်သည်။သေတ္တာထဲတွင် အဘွားအိုကြီး၏ ရတနာများပြည့်နေလေသည်။
သူတို့ပထမဆုံးမြင်လိုက်သော အရာများသည် ကျောင်းသားများထံမှ ပေးစားများဖြစ်သည်။ပေးစာများထဲရှိ အဘွားယန်သည် ယန်ရှီကျီး၏အသိစိတ်ပုံစံ စုစည်းနေ၏။ကလေးများက သူမကို မမေ့သလို သူမကလည်း ကလေးများကို မမေ့ခဲ့ပေ။
ပေးစာများအောက်တွင် ကလေးများ၏ လက်မှုပစ္စည်းများရှိသည်။ဈေးထဲတွင် တန်ကြေးမရှိသော ရွှံ့ရုပ်များသည် အဘွားအိုကြီးအတွက် ရတနာများဖြစ်ပေသည်။
"ဘာမှ အသုံးဝင်တဲ့ပုံ မပေါ်ပါဘူးကွာ "
တင်းယွမ်က ဆက်လက်ရှာဖွေလိုက်ရာ ဈေးပေါသည့်မိတ်ကပ်ဘူးလေးတစ်ခုကို တွေ့လိုက်ရသည်။သူက ဘူးလေးကို တဖြည်းဖြည်းဖွင့်လိုက်သည်။ကြေးမုံသေးသေးလေးထဲတွင် တင်းယွမ်၏ပုံရိပ်ပေါ်လာပုံရသည်။ဘာမှ မဖြစ်ခဲ့ပေ။တင်းယွမ် တော်တော်လေး စိတ်ပျက်သွားသည်။
"ငါ ဒီမိတ်ကပ်ဘူးလေးကိုဆယ်စုနှစ်တစ်ခုလောက်အထိ သုံးခဲ့တာ ၊ ငါ ဒါကိုလွမ်းနေတော့မှာပဲ ၊ ငါ ပွဲကြီးတွေမတက်ခင် ငါ့ကိုယ်ငါ ဒီမှန်လေးနဲ့ ပြန်ကြည့်ဖြစ်တယ် "
ယန်ရှီကျီးက တင်းယွမ်နောက်တွင် တိတ်တဆိတ်ထွက်ပေါ်လာသည်။မှန်သည် အဘွားအို၏ပုံရိပ်ကို ပြသလိုက်သည့်အချိန်တွင် မှန်မျက်နှာပြင်သည် အနီရောင်ပြောင်းသွားသည်။ကျောင်းသားများစွာအတွက် သေးငယ်သောသွေးကြောမျှင်များ စီစဉ်ထားသည်။
"ဒါလေးက ရှင့်ကိုယ်ရှင်နဲ့ အခြားလူတွေကို ရှင်းရှင်းလင်းလင်းမြင်ရအောင် ကူညီပေးနိုင်တယ် "
"ကျေးဇူးပါ ကျောင်းအုပ် "
"ဆရာတင်း ကလေးတွေ လုံခြုံနေသမျှ ငါတို့ ဘယ်လောက်ပေးဆပ်ရပေးဆပ်ရ ကိစ္စမရှိဘူး "
ထိုသို့ပြောလိုက်ပြီးနောက် ယန်ရှီကျီးသည် သူမစားပွဲသို့ ပြန်သွားလိုက်သည်။သူမကား ပျက်စီးနေသောဖုန်းဖြင့် ဆက်လက်ဖုန်းခေါ်နေလေသည်။
"မိတ်ကပ်ဘူးထဲမှာ ရှိတဲ့မှန်က အန္တရာယ်နူန်းကို ပြသပေးနိုင်တယ် ၊ ကျောင်းအုပ်ယန်က အဆင့်၃ မူမမှန်ဖြစ်ရပ်တစ်ခုပဲ ၊ ဒီစတိုခန်းက နာကြည်းခြင်းအခန်းပဲ ၊ ငါတို့ ဒါကို စံအဖြစ်အသုံးပြုလို့ရတယ် "
တင်းယွင်က မှန်ကို ကောင်းမင်ထံ လက်လွှဲပေးလိုက်သည်။
ကောင်းမင်သည် မှန်ကိုလက်ခံလိုက်ပြီး တစ်ချက်ကြည့်လိုက်သည်။မှန်သည် သွေးစွန်းနေ၏။သူ့ပုံပင် မပေါ်ခဲ့ချေ။၎င်းသည် သားစားကြူးနတ်ကိုသာ ပြသခဲ့သည်။လက်များတွင် အလောင်းများချိတ်ဆွဲထားလေသည်။
ကောင်းမင်သည် မှန်ကိုပိတ်လိုက်ပြီး သူအိပ်ကပ်ထဲ ထည့်ထားလိုက်သည်။
"သေတ္တာထဲမှာ ရှိတဲ့ပစ္စည်းတွေကို ငါတို့ခွဲယူသင့်တယ် ၊ မင်းက အခြားသရဲတွေကို အမဲလိုက်ရင် အန္တရာယ်တောထဲ ဝင်ရမှာပဲ ဒါကြောင့် မင်းအရင်ရွေးလိုက်ပါ "
တင်းယွမ်သည် သေတ္တာထဲတွင် လက်နက်များ ရှိမည်ဟု ထင်ခဲ့သော်လည်း ၎င်းတို့အားလုံးသည် အမှတ်တရပစ္စည်းများသာ ဖြစ်သည်။
"ပေးစာတစ်စောင်ချင်းစီတိုင်းက ကောင်းချီးတစ်ခုပဲ ၊ အရိပ်ကမ္ဘာထဲမှာ ဒီလိုသန့်စင်တဲ့ အိုင်တမ်တွေက ရှားပါးတယ် ၊ အဲ့ဒါတွေက အရမ်းအသုံးဝင်တယ် "
ကောင်းမင်သည် အားလုံးကို စစ်ဆေးကြည့်လိုက်ပြီး အုပ်စုဓာတ်ပုံတစ်ပုံ ရှာတွေ့ခဲ့သည်။ယန်ရှီကျီးဦးဆောင်သော နောက်ဆုံးကျောင်းသားအသုတ် ဘွဲ့ရခဲ့ခြင်းဖြစ်သည်။သူမသည် ကလေးများနှင့်အတူ ဓာတ်ပုံရိုက်ထားခဲ့သည်။ယင်းသည် သူမအသက်ရှင်စဉ်က နောက်ဆုံးဓာတ်ပုံဖြစ်နိုင်ပေသည်။
ဓာတ်ပုံထဲတွင် အရိပ်များလှုပ်ရှားနေကြသည်။ဓာတ်ပုံသည် ကာလာစုံဖြစ်သည်။အဘွားအိုတစ်ယောက်သာ အဖြူအမည်းနှင့်ဖြစ်သည်။သူမသည် ရှိသမျှအရောင်အားလုံးကို သူမ၏ကလေးများအား ပေးခဲ့သည်ဟု ခံစားရပေသည်။
"ကျွန်တော် ဒါကိုယူလိုက်မယ် "
ကောင်းမင်နှင့်တင်းယွမ်တို့သည် မနက် သုံးနာရီအထိ စတိုခန်းထဲနေခဲ့ကြသည်။ဟွမ်မင်ဌာနမှ လူငါးယောက်ကျော် သူတို့နှင့်လာပူးပေါင်းကြသည်။မြို့တော်အရှေ့ပိုင်းဌာနတစ်ခုလုံးတွင် ထိုလူများသာလျှင် စီတုအန်းလက်မှ လွတ်မြောက်ရန်စွမ်းဆောင်နိုင်ခဲ့ကြလေသည်။
"ကပ္ပတိန် လီပြောင်က ကျုပ်တို့ကို အခြားလူတွေနဲ့ အမဲလိုက်နေတာ ! မြို့တော်အရှေ့ပိုင်းက လူတိုင်းက စီတုအန်းရဲ့အမိန့်ကို နာခံနေကြတယ် ၊ ကျုပ်တို့ကို သစ္စာဖောက်တွေဖြစ်အောင် လုပ်ထားတယ် "
ချန်းဖုန်းသည် ဟွမ်မင်ဌာန အဖွဲ့တစ် ခေါင်းဆောင်ဖြစ်သည်။
"အဖွဲ့နှစ်က လီပြောင်သတ်တာခံလိုက်ရပြီ ရှောင်ဖေးလည်း အဖမ်းခံထားရတယ် ၊ အဖွဲ့တစ်မှာ ကျုပ်တို့ပဲ ကျန်တော့တယ် "
"မင်းတို့ ကျောင်းအုပ်ယန်ကို မဖော်ထုတ်မိခဲ့ပါဘူးနော် ဟုတ်လား "
"မလုပ်ခဲ့ဘူး "
ချန်းဖုန်းက ခေါင်းခါလိုက်သည်။
"ယန်ရှီကျီးက ကျုပ်တို့ရဲ့ စုံစမ်းစစ်ဆေးချက်ပဲ ၊ အဖွဲ့တစ်ကလွှဲပြီး ဘယ်သူမှ သူ့အကြောင်းမသိဘူး "
"ကောင်းတယ် "
တင်းယွမ်က သင်ကြားရေးအိုင်ဒီကတ်ကို ဖြုတ်လိုက်သည်။
"ငါတို့က စီတုအန်းနဲ့ ပွင့်ပွင့်လင်းလင်းဆန့်ကျင်နေကြပြီ ၊ ငါတို့ အိုင်ဒီတွေ မသုံးသင့်တော့ဘူး ၊ နောက်ကျရင် ငါတို့ သရဲနီတွေရဲ့ ပိုင်နက်မှာ လှုပ်ရှားကြမယ် "
"ဒါပေမယ့် သရဲနီအားလုံးက ကျောင်းအုပ်ယန်လိုမျိုး ကြင်နာတတ်တဲ့သူ မဟုတ်ဘူးလေ ၊ တချို့သရဲနီတွေက အရမ်း ရက်စက်တယ် ၊ သူတို့က စည်းမျဉ်းတွေကို ပွင့်ပွင့်လင်းလင်း ချိုးဖောက်နေကြတာ "
ချန်းဖုန်းမှာ ကပ္ပတိန်တင်း၏ ယုံကြည်နေမှုကို နားမလည်ခဲ့ပေ။
"မင်းဒါကို စိုးရိမ်စရာမလိုဘူး "
တင်းယွမ်က ကောင်းမင်၏အစီအစဉ်အား ချန်းဖုန်းထဲ ဝေမျှလိုက်သည်။ချန်းဖုန်းသည် ကောင်းမင်အပေါ်လုံးဝယုံကြည်ချက် မရှိပေ။
"ကျွန်တော်က တစ်ယောက်တည်းဖြစ်ရတာ နေသားကျနေပြီ "
တင်းယွမ်အား ကောင်းမင်က တိုက်ရိုက်ပင်ငြင်းပယ်လိုက်သည်။
"ဌာနချုပ်က စုံစမ်းရေးမှူးတွေ ပိုပို့လိမ့်မယ် ၊ ခင်ဗျားတို့ အဓိကတာဝန်က သူတို့ကို အမှန်တရားပြောပြပြီး စီတုအန်းကို ဖော်ထုတ်ဖို့ပဲ "