လူသားတို့၏ အတောက်ပဆုံးအခိုက်အတန့်
Vol. 9 Ch. 128
ဌာနသည် စီတုအန်းဘက်တွင်ရှိလျှင် အဆုံးမရှိသောစုံစမ်းရေးမှူးများသည် ကောင်းမင်၏လမ်းတွင် ပိတ်ဆို့နေကြမည်ဖြစ်သည်။ ကောင်းမင်သည်ထိုအရာကိုမမြင်လိုပေ။
တင်းယွမ်နှင့်ပြန်ဆုံမည့်ကုဒ်တစ်ခု ဆုံးဖြတ်ပြီးနောက် ကောင်းမင်သည် အပိုမြေပုံတစ်ခုဖြင့် ထွက်လာခဲ့သည်။သူသာ ထွက်မလာပါက ခွေးကြီးသည် ယန်ရှီကျီးနှင့်ထာဝရနေနေလိမ့်မည်ဖြစ်သည်။
သရဲနီအားလုံး၏အပြာရောင်ဧရိယာများကို ကောင်းမင်စစ်ဆေးကြည့်ခဲ့သည်။တစ်ချို့နေရာများသည်သာမန်ဖြစ်သော်လည်း ယန်ရှီကျီး၏စတိုခန်းကဲ့သို့ပင်ဖြစ်သည်။နာကြည်းခြင်းအခန်းထဲဝင်ရောက်ရန် အထူးနည်းလမ်းတချို့ အသုံးပြုရန်လိုအပ်ပေသည်။
"မရဏဘုံကို မတူညီတဲ့ နာကြည်းခြင်းအခန်းအများအပြားနဲ့ တည်ဆောက်ထားတယ် ၊ မတူညီတဲ့ သရဲပုံပြင်အများအပြားဟာ ဝက်အူရစ်သဏ္ဍာန်ဇာတ်လမ်းတစ်ခု ဖြစ်လာစေပုံရတယ် "
ဟန်သဲ့ကိုယ်ပိုင်ကျောင်းသည် စီတုအန်းနှင့်သူ၏အမည်မသိသရဲများ ပဋိပက္ခဖြစ်နေကြသောကြောင့် အပြည့်အဝထိန်းချုပ်မှုမလွတ်သေးပေ။သူတို့သည် အပေးအယူတစ်ခုပြုလိုက်သောအချိန် သို့မဟုတ် တစ်ဖွဲ့က တစ်ဖွဲ့ကို ဝါးမြိုလိုက်သောအချိန်တွင် ကျောင်းသည် အထိန်းအကွပ်မဲ့သွားလိမ့်မည်ဖြစ်သည်။
ကျောင်းကြီးသည် လှောင်အိမ်တစ်လုံးဖြစ်သည်။လှောင်အိမ်အား ဖွင့်လိုက်ပြီးနောက်တွင် ကျောင်းသည် ဟန်ဟိုင်း၏ ကူးစက်မှုရင်းမြစ်အသစ်ဖြစ်လာပေလိမ့်မည်။
အားပျော့သောအလင်းရောင်သည် မိုးကုတ်စက်ဝိုင်းတွင် ထွက်ပေါ်လာ၏။ကောင်းမင်သည် သူ၏ပထမဆုံးညကို ကျောင်းတွင် ကုန်ဆုံးစေလိုက်သည်။သူသည် အိပ်ခန်းကို ပြန်မသွားဝံ့သောကြောင့် ကန်တင်းသို့ သွားလိုက်လေသည်။
"နေထွက်လာပြီ ၊ ငါ့စွမ်းအားက အကန့်အသတ်ရှိတယ် ၊ ဒီကကျောင်းသားတွေက ငါ့ကိုသတ်ဖို့ စည်းမျဉ်းတွေ အသုံးပြုလာနိုင်တယ် "
ခွေးကြီးက ခြိမ်းခြောက်မှုကို ခံစားနေရသည်။သူသည် ကောင်းမင်နောက်မလိုက်တော့ပဲ အဖြူအမဲဓာတ်ပုံထဲတွင် ပုန်းလိုက်တော့သည်။
"စည်းမျဉ်းတွေက နေ့ဘက်ကျ ပိုအားကောင်းတယ် ၊ ဘာလို့ဒီလိုဖြစ်တာလဲ ၊ ကျောင်းသားတွေနဲ့ ဆက်နွယ်နေလို့များလား ၊ ကျောင်းသားအများစုက ညဘက်မှာ အိပ်ကြလို့ဖြစ်မယ် "
ကောင်းမင် ထိုအကြောင်းကို တွေးလိုက်သည်။
"လူတွေက စည်းမျဉ်းတွေကို ပိုလိုက်နာလေ စည်းမျဉ်းတွေက ပိုစွမ်းအားရှိလေပဲ "
ကောင်းမင်သည် သူရွှမ်ဝမ်အတွက်ပြုလုပ်ပေးခဲ့သော ဂိမ်းကို အမှတ်ရသွားသည်။လူများက ရွှမ်ဝမ်အား ပိုအမှတ်ရလေ အရိပ်ကမ္ဘာက သူမအား သတ်ပစ်ရန် ပိုခက်ခဲလေဖြစ်သည်။
ကောင်းမင် မနက်စာမှာလိုက်ပြီး မကြာခင် အိပ်ဆောင်မှ ကျောင်းသားများ ရောက်လာကြသည်။
"နောက်ဆုံးအကြိမ်က သူတို့ ငြိမ်သက်မနေကြဘူး အခု သူတို့ထဲက ဘယ်နှစ်ယောက်များ သရဲတွေဖြစ်နေပြီလဲလို့ ငါသိချင်မိတယ် "
တစ်ညကုန်ဆုံးပြီးပြီဖြစ်၍ ကျောင်းသားများသည် စကားပြောဂရုထဲတွင် မက်ဆေ့များပို့ကြသည်။သူတို့သည် တစ်ယောက်အကြောင်းတစ်ယောက် မေးကြလေ၏။နောက်ဆုံး သူတို့သည် ကန်တင်းတွင် ဆုံတွေ့ရန် ဆုံးဖြတ်လိုက်ကြသည်။ထို့နောက် သူတို့သည် ယွမ်ဟွေ့၏အကြံပြုချက်ကို လိုက်နာ၍ အခန်း ၁၃ကို သွားကြမည်ဖြစ်သည်။
မိနစ်နှစ်ဆယ်ကြာပြီးနောက် ကျောင်းသားများတဖြည်းဖြည်းရောက်လာကြသည်။ကျောင်းသားတချို့သည် တစ်ညလုံးတစ်ရေးမှ မအိပ်ခဲ့ရပုံပေါ်သည်။အချို့သည် ဘာမှ ကွာခြားပုံမရ။
"ကောင်းမင်! "
စီဆန်းက ကောင်းမင်ကို ခပ်လှမ်းလှမ်းမှ မြင်လိုက်သည်။သူသည် ဝမ်ကျားနှင့်တုပိုင်ကို ဦးဆောင်၍ သူ့ဘေးရောက်လာကြသည်။ကုဒ်များနှိုင်းယှဉ်လိုက်ကြပြီး ကောင်းမင်ဘေးတွင် ထိုင်လိုက်ကြသည်။
"မနေ့ညက မင်းဘယ်ရောက်နေတာလဲ "
"အနီရောင်ဝတ်စုံနဲ့ မန်နေဂျာအန်တီကြီးက ရှေ့တံခါးမှာစောင့်နေတော့ ငါထွက်သွားလို့မရဘူး ၊ ငါလဲ တခြားအထပ်က အိမ်သာထဲ သွားပုန်းနေလိုက်တာ "
ကောင်းမင် အကြောဆန့်လိုက်သည်။
"မင်းတို့တွေရော "
"တုပိုင်က အပြာရောင်မန်နေဂျာအခန်းထဲ သွားလိုက်တာ ငါတို့နှစ်ယောက်လဲ အသက်ရှင်တယ်ဆိုရုံလောက်ပဲ! "
စီဆန်းသည် စိတ်လှုပ်ရှားနေ၏။သူက ဇာတ်လမ်းကို ရှင်းပြရန်ပြင်လိုက်ချိန်တွင် ချင်ကျွင်းရန်က မတ်တပ်ရပ်ပြီး လက်ခုပ်တီးလိုက်သည်။
"အားလုံးပဲ နားထောင်ကြပါ "
ချင်ကျွင်းရန်က ထိုင်ခုံတစ်လုံးပေါ် မတ်တပ်ရပ်လိုက်သည်။
"မနေ့ညပြီးသွားတော့ ဒါဟာ ဘယ်လောက်အန္တရာယ်များတယ်ဆိုတာ လူတိုင်းသိကြမှာပါ ၊ မနေ့ညက ငါလဲ အရမ်းကြောက်ရွံ့ခဲ့ရတယ် ၊ ငါဟာ တုန်လှုပ်နေခဲ့ပေမယ့် အကြောက်တရားက ငါတို့ကို မျက်လုံးပဲကန်းစေလိမ့်မယ် ၊ ဒါကြောင့်မို့ ငါတို့ ဒါကိုကျော်လွှားဖို့လိုတယ် ! ငါတို့မှာ ကိုယ်ပိုင်မိသားစုတွေရှိပြီး ချန်ထားလို့မရတဲ့အရာတွေရှိတယ် သူတို့အတွက် ငါတို့ ရှင်သန်ရမယ်! "
"အမှန်ပဲ! ပြောတာကောင်းတယ် ! "
မာထုံအား အိပ်ခန်းတံခါးဖွင့်ပေးခဲ့သော ဖက်တီးသည် လက်သီးလက်မောင်းတန်းလိုက်သည်။
"လူတစ်ယောက်ဟာ မွေးလာကတည်းက အကြောက်တရားနဲ့ တိုက်ခိုက်ရလိမ့်မယ် ! ဒါဟာ ငါတို့ဘိုးဘေးတွေ အမှောင်ထုထဲက ထွက်ခွာခဲ့တာနဲ့ အတူတူပဲ !"
ချင်ကျွင်းရန်သည် မုဒ်ဝင်နေလေ၏။
"ငါတို့ ရှင်သန်နိုင်တယ် ! သရဲတွေက ကြောက်စရာမဟုတ်ဘူး ! လူသားတွေရဲ့ ဉာဏ်ရည်နဲ့ ငါတို့ဟာ နည်းလမ်းတစ်ခု ရှာဖွေနိုင်တယ်! "
"ငါတို့ အရှုံးမပေးနိုင်ဘူး ၊ အများဆုံး ငါတို့က သရဲတွေနဲ့ တိုက်ခိုက်နိုင်တယ် ! "
ကျိုက်မေ့မေ့က သဘောတူလိုက်သည်။
"သူတို့က ငါတို့ကို ကြောက်လန့်စေမယ်လို့ သူတို့ထင်နေတာလား ၊ မဖြစ်နိုင်ဘူး !"
"သတ္တိဆိုတာ လူသားတွေရဲ့ အလှပဆုံးအရာပဲ ! "
ကျောင်းသားများက တစ်ဦးနှင့်တစ်ဦး ချီးကျူးလိုက်ကြသည်။ကောင်းမင်မှာ သူတို့၏အကောင်းမြင်စိတ်ကြောင့် ရှော့ခ်ရနေတော့သည်။မနေ့ညက အခန်းတစ်ချို့သာ ပစ်မှတ်ထားခံခဲ့ရပုံပေါ်သည်။
ကျောင်းသားများက အတူစုစည်းလာကြရာ ချင်ကျွင်းရန်သည် ယုံကြည်ချက်ရှိလာပြီး လက်သီးများတဆတ်ဆတ်တုန်လာတော့သည်။
"ငါတို့ ဗိုက်ဖြည့်ပြီးရင် ငါတို့ အတန်းသွားတက်ကြမယ်! အခန်း ၁၃ နိုင်ရမယ်ဟေ့ ! "
ဝမ်ကျားသည် ချင်ကျွင်းရန်ထံမှ အဝေးဆုံးထိုင်လိုက်သည်။
"ဒီအရူးကတော့ ၊ သူကအရမ်းတုံးလွန်းလို့ သရဲတောင် သူ့ခန္ဓာကိုယ်ကို ရချင်မှာမဟုတ်ဘူး "
လူတိုင်းသည် ပြဿနာကိုကိုင်တွယ်ရန် ကိုယ်ပိုင်နည်းလမ်းများရှိနေသောကြောင့် ကောင်းမင် ဘာမှ မပြောတော့ပေ။
မနက်စာစားပြီးနောက် ဝမ်ကျားသည် ဆက်လက်ညည်းတွားနေသော်လည်း လူတိုင်းနှင့်အတူ အတန်းသွားတက်ရန် ရွေးချယ်လိုက်သည်။ရင်းနှီးနေသော ကော်ရစ်ဒါကို ဖြတ်ကျော်လာပြီး အခန်း၁၃၏ ကျောင်းသားများသည် တူညီသော စာသင်ခန်းသို့ ပြန်ရောက်လာကြသည်။ လေးလွှာရှိ အခန်း၁၃ တံခါးကို တွန်းဖွင့်လိုက်ရင်း ကျောက်သင်ပုန်း ၊ ပရိုဂျက်တာ ၊ စားပွဲများ နှင့် ထိုင်ခုံများသည် သာမန်ဖြစ်နေပုံရသည်။သို့သော်လည်း ထိုင်ခုံတစ်ခုချင်းစီတိုင်း၏ အပေါ်တွင် ချိတ်ဆွဲထားသော ကြိုးတစ်ချောင်းရှိနေလေသည်။
အထူးဆန်းဆုံးအရာမှာ ကြိုးကွင်းများသည် မတူညီသောအလျားရှိကြသည်။သူတို့သည် သူတို့ထိုင်ခုံများတွင် ထိုင်လိုက်ကြသောအခါ ကြိုးကွင်းများသည် သူတို့လည်ပင်းများဖြင့် ကွတ်တိဖြစ်နေကြောင်း နားလည်လိုက်ကြသည်။
"ဒီကြိုးကွင်းတွေက ပြဿနာပဲ ဒီကြိုးတွေက ငါတို့လည်ပင်းကို အချိန်မရွေးပတ်လာနိုင်တယ် ၊ ဒီကြိုးတွေကို ဖြတ်ပစ်ဖို့ ငါအကြံပေးချင်တယ် ဒါပေမယ့် အရမ်းကြီး သိသာအောင်မလုပ်ကြနဲ့ "
ကျိုက်မေ့မေ့သည် သူမအိတ်ထဲမှ လက်သည်းညှပ်တစ်ခုကို ထုတ်ယူလိုက်သည်။
"ငါတို့ ပတ်ဝန်းကျင်ကို သတိထားကြ ၊ တံခါးနဲ့ပြတင်းပေါက်တွေကို အာရုံစိုက်ထား ၊ အန္တရာယ်ရှိလာပါရင် ငါတို့ရွှေ့ပြောင်းရေးအစီအစဉ်ကို လိုက်နာရမယ် "
"ငါတို့ခေါင်းပေါ်က ပန်ကာတွေကို ဂရုစိုက်ကြ ၊ စာသင်ခန်းမှာ အဲကွန်းရော ပန်ကာရော ရှိနေတယ် ၊ ဒါတွေပြုတ်ကျလာလိမ့်မယ်လို့ ငါသံသယရှိတယ် ဒါက ထောင်ချောက်တစ်ခုပဲ "
ဖက်တီးသည် သူ့ခေါင်းပေါ်ညွှန်ပြလိုက်သည်။
"မင်းက အမြင်ရှိတယ် ၊ ကြည့်စမ်း ၊ ငါတို့အတူတူနေပြီး အတူတူတွေးလိုက်ရင် ကြောက်စရာကောင်းတာတွေက ကြောက်စရာမကောင်းတော့ဘူး ! "
ချင်ကျွင်းရန်က ကျောင်းသားများကို ကြည့်လိုက်သည်။
"ဒါကို မြင်ရတော့ ငါမကူညီနိုင်ပေမယ့် ငါဖတ်ဖူးတဲ့ စာအုပ်တစ်အုပ်ကို အမှတ်ရလိုက်တယ် - လူသားတွေရဲ့ တောက်ပနေသော အခိုက်အတန့်တဲ့ "
လူတိုင်းကို စောင့်ကြည့်နေသော ကောင်းမင်သည် ထိုစကားကိုကြားသောအခါတွင် သူ့မျက်နှာကို အုပ်ထားရန် မတတ်နိုင်တော့ပေ။စာသင်ခန်းထဲရှိ အနည်းဆုံး ငါးပုံတစ်ပုံသည် သရဲများဖြစ်ကြသည်။
တိုင်ကပ်နာရီသည် တချက်ချက်မြည်နေ၏။သူတို့ အတန်းထဲရောက်သည်မှာ ဆယ့်ငါးမိနစ်သာရှိသေးသည်။ဌာနယူနီဖောင်းဖြင့် အမျိုးသမီးငယ်တစ်ယောက် အခန်းထဲဝင်လာ၏။သူမသည် သင်ကြားရေးအိုင်ဒီကတ်ကို တပ်ဆင်ထားပြီး အားလုံးကိုစစ်ဆေးလိုက်သည်။သူမသည် စတိတ်ခုံပေါ်တက်၍ ကျောင်သင်ပုန်းပေါ်တွင် (၃၁ ၊ ၁၃ )ဟူသောနံပါတ်နှစ်ခုကို ချရေးလိုက်သည်။
ကောင်းမင် မျက်လုံးများကျဉ်းမြောင်းသွားသည်။စာသင်ခန်းထဲတွင် လူ ၄၄ယောက်ရှိပေသည်။
"နံပါတ်နှစ်ခုကို ပေါင်းလိုက်ရင် စုစုပေါင်းလူဦးရေရတယ် ၊ နံပါတ်တွေက လူနဲ့သရဲတွေကို ကိုယ်စားပြုတာလား "
ကောင်းမင် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။ထိုအချိန်တွင် စာသင်ခန်းတံခါး ထပ်မံပွင့်လာ၏။
ကျောင်းယူနီဖောင်းဖြင့် ကျိုးကျွင်းသည် တံခါးဝတွင် ပေါ်လာ၏။သူက ပိုရင့်ကျက်တဲ့ပုံပေါက်ပေမယ့် တုံးအမပြီး ရိုးသားတဲ့ခံစားချက်ကို ပေးနေဆဲပင်။
"ကျိုးကျွင်း ! "
လူများစွာ မတ်တပ်ထရပ်လိုက်ကြသည်။သူတို့မျက်လုံးများက မီးဝင်းဝင်းတောက်နေလေ၏။
"ထိုင်စရာနေရာ ရှာလိုက်ပါ "
ဆရာမသည် ကျိုးကျွင်းထိုင်လိုက်သည်ကို စောင့်နေပြီး ကျောက်သင်ပုန်းပေါ်ရှိ ၃၁ ကို ၃၂ အဖြစ် ပြောင်းရေး လိုက်လေသည်။