← Chapters

ကျိုးကျွင်း

Vol. 9 Ch. 129

ကျိုးကျွင်း

Vol. 9 Ch. 129

"နံပါတ်ပြောင်းလိုက်ပြီ ကျိုးကျွင်းက အများစုရဲ့အစိတ်အပိုင်းပဲ"

ကောင်းမင်က ရူးသွပ်သွားခြင်းမရှိပေ။စာသင်ခန်းရှိ လူအားလုံးကို သူလေ့လာလိုက်သည်။ကြောက်စရာကောင်းသည့် ညတစ်ညအပြီးတွင် ကျောင်းသားများသည် သဘောတူညီမှုတစ်ခု ထားရှိခဲ့သည်။လူဖြစ်စေ သရဲဖြစ်စေ အမှန်တရားကို ရှာဖွေရန် အတူတကွလုပ်ဆောင်ကြမည်ဖြစ်သည်။

သို့သော်လည်း ဆရာမသည် သင်ပုန်းပေါ်တွင် နံပါတ်နှစ်ခုရေးခဲ့သည်။သူမသည် သူတို့ကြားတွင် သရဲတစ္ဆေများ ရောထွေးနေကြောင်း တိုက်ရိုက်သတိပေးခဲ့ခြင်းဖြစ်သည်။ယင်းသည် ချင်ကျွင်းရန်၏ စည်းရုံးရေးစကားများကို ဟာသဖြစ်စေခဲ့သည်။

အတည်ပြု အထောက်အထားရှိသည့် တစ်ဦးတည်းသောလူမှာ ကျိုးကျွင်းဖြစ်သည်။

အကယ်၍ သူသည် လူသားဟု ပြောခဲ့ပါက အများစုသည် လူသားများဖြစ်သည်။သူသည် သရဲတစ်ကောင်ဖြစ်လျှင် အခြေအနေကောင်းတော့မည်မဟုတ်ချေ။ လူသားများသည် အသက်ရှင်သန်ရန်အတွက် သရဲတစ္ဆေများအဖြစ် ဟန်ဆောင်ရပေတော့မည်။

ကျိုးကျွင်းနှင့်ပတ်သတ်၍ လူတိုင်းတွင် ထင်မြင်ချက်များ ရှိသော်လည်း ကျိုးကျွင်းသည် လူများစုထဲ ရှိနေခြင်း၏ အကျိုးကျေးဇူးများကို ဝေမျှခဲ့သည်။အတန်းခေါင်းလောင်း မြည်လာ၏။ကျိုးကျွင်းကို မေးခွန်းများမေးချင်နေသော ကျောင်းသားများသည် သူတို့ဆန္ဒများကို မြိုသိပ်ရင်း အတန်းစလိုက်ကြသည်။

"ဒါကို မင်းတို့တစ်ယောက်က အလေးအနက်မထားကြဘူးပဲ ၊ ငါသင်ခဲ့သမျှထဲမှာ မင်းတို့ အသုတ်က အဆိုးဆုံးအသုတ်ပဲ "

အမျိုးသမီးဆရာမသည် စားပွဲကို ပုတ်လိုက်သည်။

"မင်းတို့တွေက တစ်ပတ်အတွင်း ပွဲတော်အတွက် ဟန်ကျင်းကို သွားရမယ်လို့ ကြားထားတာ ငါသိတယ် ဒါပေမယ့် ငါပြောလိုက်မယ် မင်းတို့ ဒီအပတ်မှာ ကောင်းကောင်းမလုပ်ရင် မင်းတို့ပွဲတော်တက်ဖို့ ခွင့်ပြုချက်ကို ပယ်ဖျက်ပေးဖို့ ကျောင်းအုပ်ကြီးကို ငါသွားပြောလိုက်မယ် "

"ငါတို့က နောက်တစ်ပတ်ကျရင် ပွဲတက်ရမှာလား "

ကျောင်းသားများသည် သူတို့ကြားတွင် အချင်းချင်းဆွေးနွေးလိုက်ကြသည်။ကောင်းမင်သည် ၅၁ယောက်မြောက် ကျောင်းသား၏ မှတ်ဉာဏ်အပိုင်းအစထဲတွင် ထိုကဲ့သို့ဖြစ်နေသောကြောင့် အံ့အားသင့်သွားခဲ့သည်။ဒါက တိုက်ဆိုင်မှုတစ်ခုလား။

"ရှူး တိတ်ကြစမ်း! "

ဆရာမငယ်လေးသည် ပြတင်းပေါက်ဆီလျှောက်သွားလိုက်ပြီး ခန်းဆီးကို ဖယ်လိုက်သည်။သူမသည် မုန်တိုင်းထဲရှိ ဘတ်စ်ကားကို ညွှန်ပြလိုက်သည်။

"အကောင်းဆုံးအတန်းက လွန်ခဲ့တဲ့ တစ်ပတ်က အဲဒီကို ရောက်သွားပြီးပြီ ၊ ဒီတစ်ပတ်မှာ မင်းတို့ကောင်း‌ ကောင်းနေရင် ဒီဘတ်စ်ကားက မင်းတို့ကို တစ်ပတ်အတွင်းဟန်ကျင်းကို ပို့ဆောင်ပေးလိမ့်မယ် "

ကျောင်းသားများသည် ဆရာမနောက်ထပ်ပြောသည်များကို နားမထောင်တော့ပေ။သူတို့သည် ကျောင်းမှ ထွက်ခွာရဖို့အရေးကို အာရုံစိုက်လိုက်ကြသည်။သူတို့သည် တစ်ညလုံးနှိပ်စက်ခံခဲ့ရပြီး နောက်ဆုံးတွင် သတင်းကောင်းတစ်ခု ရှိလာပြီဖြစ်သည်။

"ငါထွက်သွားနိုင်သမျှ အားလုံး ငါလုပ်မယ်ကွာ "

မာထုံနှင့်အခန်းမျှဝေပေးခဲ့သော ဖက်တီးသည် ထူးထူးခြားခြားတက်ကြွနေ၏။သူ့ကိုယ်ရည်ကိုယ်သွေးသည် များစွာပြောင်းလဲသွားခဲ့သည်။မတူတာကတော့ မာထုံသည် ခေါင်းကိုငုံလျက် လုံးဝတိတ်ဆိတ်နေခြင်းဖြစ်သည်။

"နောက်တစ်ပတ်အတွက် ဒီအချိန်ဇယားကို အတိအကျ လိုက်နာရမယ် ၊ နောက်ကျပြီးမလာနဲ့ စောလည်းမထွက်နဲ့ ! "

အမျိုးသမီးဆရာမသည် သင်ပုန်းဘေးတွင် အချိန်ဇယားကို ကပ်လိုက်သည်။

"မနက်ဖြန် ငါ့အတန်းချိန်မှာ လူတိုင်းရှိနေဖို့ မျှော်လင့်တယ် ၊ ၅၁ယောက်လုံးရှိရမယ် တစ်ယောက်မှလျော့လို့မဖြစ်ဘူး ၊ တစ်ယောက်ယောက်သာ အတန်းလစ်ခဲ့လို့ကတော့ ပွဲတော်အကြောင်းမေ့လိုက်တော့ ! "

အမျိုးသမီးဆရာမသည် ထိုနည်းလမ်းကို အသုံးပြု၍ ပထမဆုံးမစ်ရှင်ကို စတင်လိုက်သည်။ မနက်ဖြန်အတန်းတက်ရန်အတွက် သူတို့သည် ၅၁ယောက်လုံးကို လူဖြစ်စေ သရဲဖြစ်စေ ရှာဖွေရတော့မည်ဖြစ်သည်။

"ကဲ စာအုပ်တွေ ပိတ်လိုက်တော့ ၊ မင်းတို့ရဲ့ ပထမဆုံးသင်ခန်းစာက အရမ်းလွယ်ပါတယ် "

ဆရာမက သင်ပုန်းကို ကြိမ်ဖြင့်ရိုက်လိုက်သည်။

"အတန်းမပြီးခင် ဒီနံပါတ်နှစ်ခုရဲ့ အဓိပ္ပါယ်ကို ငါ့ကို ပြောကြ ၊ အခုကပြီး မင်းတို့ဆွေးနွေးလို့ရပြီ "

အခြားအပိုစည်းကမ်းများ မရှိချေ။အတန်းသည် တစ်ဦးကို တစ်ဦးကြည့်လိုက်ကြသည်။ချင်ကျွင်းရန်သည်ပင် စကားမပြောဝံ့ပေ။သူသည် ဘေးကင်းသောအချိန်တွင် အလွန်ယုံကြည်မှုရှိသော်လည်း အန္တရာယ်ရှိလာသောအချိန်တွင် ထိုကဲ့သို့ သူရဲဘောကြောင်တတ်လေသည်။

"အချိန်က သွားနေတာနော် ၊ မင်းတို့အဖြေကို မရှာနိုင်ဘူးဆိုရင် လှုပ်ရှားတက်ကြွမှုတွေမှာပါဝင်ဖို့ ခွင့်ပြုချက် ဆုံးရှုံးသွားမှာနော် "

အမျိုးသမီးဆရာမသည် စိတ်မရှည်စွာတိုက်တွန်းလိုက်သည်။

အတန်းသည် တိတ်ဆိတ်သွား၏။သရဲများသည် ဖုံးကွယ်ရာတွင် အလွန်ကောင်းမွန်သည်။ စိတ်အရှုပ်ဆုံးက ကောင်းမင်ဖြစ်သည်။သရဲများသည် လူသားများထက်ပင် ပိုကြိုးစားနေကြောင်း သူသဘောပေါက်မိသည်။

"သရဲတွေက သာမန်ကျောင်းသားတွေရဲ့နေရာကို ယူပြီးရင် သူတို့က ဘတ်စ်ကားနဲ့ ကျောင်းကထွက်သွားနိုင်မှာလား ၊ အဲ့ဒါကြောင့် သူတို့က အခန်း ၁၃ ကျောင်းသားတွေအဖြစ် သရုပ်ဆောင်ဖို့ အရမ်းကြိုးစားနေကြတာလား "

ကောင်းမင်က ကြိုးကွင်းများကို မော့ကြည့်လိုက်သည်။၎င်းတို့သည် ကံကြမ္မာ၏ချိန်းကြိုးများဟု သူခံစားနေရသည်။တစ်တန်းလုံးသည် ရှုံးနိမ့်ခြင်းမှရုန်းကန်ရန်ကြိုးစားနေကြသော်လည်း အဆုံးသတ်တွင် သူတို့သည် ထိုနေရာတွင် ချိတ်ဆွဲခံရလိမ့်မည်ဖြစ်သည်။

"နံပါတ်တွေကို ပေါင်းလိုက်ရင် အတန်းထဲက ကျောင်းသားအရေအတွက်ပဲ ၊ နံပါတ်နှစ်ခုက လူသားနဲ့ မကောင်းဆိုးဝါးတွေကို ကိုယ်စားပြုတာဖြစ်မယ် "

လျိုယီက ပထမဆုံးစကားပြောလိုက်သည်။

"ဘာက ဘာလဲဆိုတာ ငါတို့အတူအဖြေရှာရလိမ့်မယ် "

"မနေ့က မာထုံနဲ့လူအနည်းငယ်ဟာ ကန်တင်းမှာ စည်းကမ်းမလိုက်နာလို့ မီးဖိုချောင်ထဲ ဆွဲခေါ်သွားခံရတယ် သူတို့က လူသားတွေ မဖြစ်နိုင်လောက်တော့ဘူး "

ဝမ်ကျားက မတ်တပ်ရပ်လိုက်ပြီး မာထုံကို စူးစူးဝါးဝါးကြည့်လိုက်၏။

"စာဖိုမှူးတွေက ငါတို့ကို ကူညီခိုင်းရုံပါပဲကွ ! "

မာထုံသည် သူပစ်မှတ်ထားခံရမည်ဟု မျှော်လင့်မထားခဲ့ချေ။သူက အလျင်အမြန်ရှင်းပြလိုက်သည်။

"စည်းကမ်းတွေကို ချိုးဖောက်တဲ့ အကျိုးဆက်က ကူညီပေးရုံပဲလား ! မင်းက ဒီကျောင်းကို သူငယ်တန်းကျောင်း ထင်နေတာလား "

ဝမ်ကျားသည် လူတိုင်းကို စစ်ဆေးလိုက်ပြီး ခဏရပ်လိုက်သည်။

"ငါထင်တာက အခြားသရဲတွေက မင်းတို့ကိစ္စတွေကို ကူညီပေးလိမ့်မယ် ဒါမှလည်း ငါတို့ကတခြားသရဲတွေကို မျှားနိုင်မှာ ဖြစ်တယ် သရဲတွေကလည်း တစ်ကိုယ်ကောင်းဆန်ပုံရတယ် "

ဝမ်ကျားသည် မာထုံ၏အထောက်အထားကို အတည်ပြုနိုင်သည်။

"မနေ့ညက အဆောင်မှာ မီးပိတ်သွားပြီးတော့ မာထုံက ကော်ရစ်ဒါမှာ လျှောက်သွားနေတယ် ၊ သူက ငါတို့အိပ်ခန်းထဲ ဝင်ချင်နေတာ ၊ သူပြောတာက သူက ကျိုးကျွင်းရဲ့အမိန့်ရခဲ့လို့တဲ့ "

ဝမ်ကျားက ကျိုးကျွင်းထံ ဖြည်းညင်းစွာလှည့်ကြည့်လိုက်သည်။

"မနေ့ညက မင်းမာထုံကို အကူအညီတောင်းခဲ့လား "

ကျိုးကျွင်းသည် သူတို့ကို အေးစက်စက်ကြည့်လိုက်ပြီး ခေါင်းခါလိုက်သည်။

"ကျိုးကျွင်းလိမ်နေတာ ! ငါတို့ကို ဒီခေါ်လာတဲ့သူက သူဆိုတာ မမေ့နဲ့ ! သူက သရဲပဲ ! "

မာထုံ၏အသံသည် ထက်ရှနေသည်။

"ကျိုးကျွင်းက သရဲဆိုရင် သရဲတွေက အများစုပဲ ဒါဆို သရဲတွေက ငါတို့အခြေအနေကို အေးဆေးလွဲယူသွားနိုင်တယ် ငါတို့အတွက် ဒါကို ဆွေးနွေးစရာမလိုဘူး "

ဝမ်ကျားအသံသည် အလွန်ယုံကြည်ချက်ရှိနေသည်။

"ငါ ကျိုးကျွင်းကို မုန်းတယ်ဆိုရင်တောင်မှ သူလူသားဖြစ်နိုင်တဲ့အခွင့်အရေးက အရမ်းမြင့်မားတယ် ထပ်ပြောရရင် ငါ့မှာ နောက်ထပ်သက်သေရှိတယ် ၊ မနေ့ညက ငါတို့က မာထုံအတွက် တံခါးဖွင့်မပေးခဲ့ဘူး ၊ ဒါပြီးတော့ မာထုံက ဖက်တီးရဲ့အခန်းထဲ ဝင်သွားခဲ့တယ် ၊ ဝင်သွားပြီးတော့ အဲ့အခန်းထဲကနေ အော်ဟစ်သံတွေ ဆက်တိုက်ထွက်နေခဲ့တယ် ဒါကြောင့်မို့ သူတစ်ယောက်ထဲ သရဲမဟုတ်ပဲ အဲ့ဒီအခန်းထဲက လူအားလုံး သရဲဖြစ်နေပြီလို့ ငါသံသယရှိတယ် ! "

ဝမ်ကျားသည် စာရွက်ပိုင်းတစ်ခုကို ထုတ်ပြီး တစ်တန်းလုံးကို ပြလိုက်သည်။

"ဒီမနက်ကတည်းက ငါသူတို့ကို လေ့လာနေတာ ၊ သူတို့ လုပ်တတ်တဲ့ အကျင့်တွေနဲ့ နိူင်းယှဉ်ရရင် ဘာမှားနေလဲဆိုတာ မင်းတို့ပြောနိုင်တယ် "

"သူတို့အိပ်ခန်းထဲမှာ လူခြောက်ယောက်ရှိတယ် ၊မင်း ကန်တင်းမှာ နေခဲ့တဲ့သူတွေကိုပါ ထည့်တွက်မယ်ဆိုရင် သရဲတွေက အရမ်းများနေပြီ မဟုတ်လား "

ချင်ကျွင်းရန်သည် ယမန်နေ့ညက မည်သည့်ကြောက်စရာကိစ္စမှ မကြုံတွေ့ခဲ့ရပေ။မာထုံသည် များစွာပြောင်းလဲသွားသည်ကို သူမတွေးတတ်ခဲ့ပေ။

"ဒါနဲ့ ပတ်သက်ပြီး ရှုပ်ထွေးနေစရာမလိုဘူး ငါတို့က ကျိုးကျွင်းကို လူသားလား သရဲလားဆိုတာပဲ အတည်ပြုဖို့လိုတယ် "

ယွမ်ဟွေ့က မတ်တပ်ရပ်လိုက်သည်။သူက ဆရာမကို လျစ်လျူရှုလိုက်ပြီး ကျိုးကျွင်းဆီသွားလိုက်သည်။ကျိူးကျွင်း၏အင်္ကျီကော်လံကို ဆွဲလိုက်သည်။

"ငါ့မိသားစုကို မင်းဘယ်မှာ ဝှက်ထားတာလဲ "

"ငါ မင်းမိသားစုကို ပြန်ပေးဆွဲခဲ့တယ်လို့ စာမပို့ခဲ့ပါဘူး "

"မင်း လိမ်နေတာ ! "

ယွမ်ဟွေ့သည် သူ့အင်္ကျီလက်ထဲမှ ဓားတစ်ချောင်းထုတ်၍ ကျိုးကျွင်း၏လည်ပင်းကို ရွယ်လိုက်သည်

သူသည် အလွန်လျင်မြန်စွာလှုပ်ရှားလိုက်သော်လည်း လူတိုင်းကို အံ့ဩသွားစေသည်က ကျိုးကျွင်းသည် သူ့အား လက်တစ်ဖက်တည်းဖြင့် ထိန်း၍ စားပွဲပေါ်ပြင်းထန်စွာ ဖိချလိုက်ခြင်းဖြစ်သည်။

သူတို့သည် အဆင့်တူမဟုတ်ပေ။ယွမ်ဟွေ့သည် ကျိုးကျွင်းရှေ့တွင် အပြည့်အဝခုခံနိုင်စွမ်းမဲ့နေ၏။

"ငါထပ်ပြောမယ် ၊ မင်းတို့ကို ငါဘာမက်ဆေ့မှ မပို့ခဲ့ဘူး "

ကျိုးကျွင်းက သူတို့အား ကြည့်လိုက်သည်။

"ဒီကျောင်းက မင်းတို့အားလုံးကို ဆင့်ခေါ်ခဲ့တာကြောင့် မင်းတို့ကိုခေါ်ခဲ့တာ ငါမဟုတ်ဘူး ၊ ငါအပါအဝင် အခန်း၁၃မှာ ရှိတဲ့လူတိုင်း သေခဲ့ကြပြီးပြီ ၊ ဒါပေမယ့် အကြောင်းပြချက်တချို့ကြောင့် ငါတို့ အခုထိ အသက်ရှင်နေသေးတာပဲ "

အမျိုးသမီးဆရာမသည် ထိုအချင်းအရာအား ခံစားမဲ့စွာ ကြည့်ရှုနေလေသည်။သူသည် သူတို့ကို မတားဆီးခဲ့ပေ။ထိုအချိန်တွင် ကော်ရစ်ဒါမှ ခြေသံများထွက်ပေါ်လာ၏။စာသင်ခန်းတံခါး ပွင့်လာခဲ့သည်။သွေးများစိုရွှဲနေသော ကျိုးဘိုသည် သူ့အိတ်နှင့်အတူ တံခါးဝတွင် ပေါ်လာလေ၏။

All Chapters