← Chapters

ရူးသွပ်မှု

Vol. 9 Ch. 130

ရူးသွပ်မှု

Vol. 9 Ch. 130

"လူသတ်သမား ဒီကိုရောက်နေတယ်ဟေ့ ! "

နောက်တန်းတွင် ရှိနေသော ချောင်စုန့်က အော်ဟစ်လိုက်သည်။မနေ့က သူဘတ်စ်ကတ်ဘော ကစားနေစဉ် ကျိုးဘိုက နောက်ကျိုးဘိုတစ်ယောက်ကို သတ်ခဲ့သည်ကို သူမြင်ခဲ့သည်။

သူ့အဝတ်အစားများတွင် သွေးများခြောက်သွေ့နေခဲ့သည်။ကျိုးဘိုသည် တည်ငြိမ်နေပုံမရချေ။သူသည် အဖြူရောင်ကုတ်အင်္ကျီအောက်တွင် လူနာအင်္ကျီကို ဝတ်ဆင်ထားသည်။သူသည် ဆရာဝန်ရော လူ‌နာရောဖြစ်နေသည်။သူသည် သူ့ခုံသို့ ခပ်တည်တည်လျှောက်လာပြီး ထိုင်ချလိုက်သည်။ကျိုးဘိုက သူ့အိတ်ကို ခုံဘေးချထားလိုက်သည်။သူသည် စာအုပ်များကို မထုတ်ခဲ့သော်လည်း သွေးစွန်းနေသောဓားကို စားပွဲပေါ်တွင် တင်လိုက်သည်။ကျောင်းသားများက သူ့နား မကပ်ရဲကြပေ။သူ့ခုံဘေးဖြစ်သော ရှုန်းတိပင်လျှင် အလွန်ကြောက်ရွံ့နေ၏။

ကျိုးဘိုသည် ဓားကို ကိုင်ထားပြီး သူ့ကိုယ်သူ ရေရွက်နေလေသည်။

"ဒါကြီးက ကြီးမားတဲ့ အကူအညီမဲ့ စမ်းသပ်မှုတစ်ခုပဲ ၊ စိတ်ပျက်အားငယ်တာနဲ့ နာကျင်တာတွေကို ထိန်းချုပ်လို့မရဘူး ၊ဒါ‌ပေမယ့် ငါတို့က ခုခံမှုကို စွန့်လွှတ်လိုက်ရင် အနာဂတ်မှာ ငါတို့လွတ်မြောက်ဖို့ အခွင့်အရေးရှိရင်တောင်မှ ဒီအလေ့အထကြောင့် ငါတို့ ဒါကိုလွတ်သွားလိမ့်မယ် ! "

"ကျိုးဘို..."

ချင်ကျွင်းရန်၏မျက်လုံးများက လှုပ်ရှားသွားသည်။ကျိုးဘိုထံမှ သွေးညှီနံ့ရသောအခါ သူက နှာခေါင်းကို ပိတ်လိုက်သည်။

"မင်းအဆင်ပြေရဲ့လား "

ကျိုးဘိုက သူ့ခေါင်းကိုဖြည်းညင်းစွာလှည့်လိုက်သည်။သူသည် ချင်ကျွင်းရန်ကို တစ်ချက်ကြည့်လိုက်ပြီး သင်ပုန်းပေါ်ရှိနံပါတ်များကို ကြည့်လိုက်သည်။

"မကြောက်နဲ့ ဒါက မှားယွင်းတဲ့ ဘက်လိုက်မှုပဲ ဒီမကောင်းဆိုးဝါးတွေနဲ့ သရဲတွေဆိုတာ မရှိဘူး ၊ မင်းတို့နှလုံးသားတွေထဲမှာ မကောင်းဆိုးဝါးတွေရှိနေလို့ မင်းပတ်ဝန်းကျင်မှာ မကောင်းဆိုးဝါးတွေရှိနေတယ်လို့ မင်းထင်နေတာ "

မည်သူမှ သူ့စကားကိုနားမလည်ကြသောကြောင့် ကျိုးဘိုရူးနေသည်ဟု တွေးလိုက်ကြသည်။ဝမ်ကျားက ကောင်းမင်ကို တံတောင်ဖြင့်တွက်လိုက်ပြီး တိုးတိုးပြောလိုက်သည်။

"သူဘာပြောတာလဲဆိုတာ မင်းနားလည်လား "

"ကျိုးဘိုက ကျောင်းသားအများစုထက် ပိုသိတယ်လို့ ငါခံစားရတယ် ၊ သူ့မှာ အဓိကအချက်တစ်ခုရှိတယ် "

ဝမ်ကျား မျက်မှောင်ကြုံ့လိုက်သည်။အတန်းထဲတွင် ဆရာဝန်နှစ်ယောက်ရှိသည်။တစ်ယောက်က ရူးနေပြီး နောက်တစ်ယောက်က သူနှင့်ပင် သဘောတူနေပြန်၏။

စတိတ်ခုံပေါ်ရှိ ဆရာမသည် ကျိုးဘိုကို စိုက်ကြည့်နေလေ၏။ထို့နောက် သူမက မတ်တပ်ထရပ်လိုက်ပြီး နံပါတ် ၃၂ကို ၃၃ဟု ပြောင်းလဲလိုက်သည်။

ကျောင်းသားများထိတ်လန့်သွားကြသည်။သူတို့၏ ခန့်မှန်းချက်များအရ အတန်းထဲရှိအများစုသည် လူသားများဖြစ်သည်။သူတို့သည် ကျိုးကျွင်း၏ဖြစ်တည်မှုအပေါ်အခြေခံ၍ ကျိုးကျွင်းသည် အသက်ရှင်နေသေးကြောင်း မထင်ခဲ့ကြပေ။

"ကျိုးဘို .မင်းက ...လူလား သရဲလား "

ချင်ကျွင်းရန်က တိုက်ရိုက်ပင်မေးလိုက်သည်။

"ငါက လူသားတစ်ယောက်ပဲ ....ပြီးတော့ သရဲတစ်ကောင် "

ကျိုးဘိုက သွားဖြဲပြလိုက်သည်။သူသည် ဓားဖြင့်ကစားနေလေ၏။

"အတန်းထဲမှာ လူသားအစစ်က တစ်ယောက်ပဲရှိတာလား မဟုတ်ဘူး..."

သူက သူ့ခေါင်းကိုဖြည်းညင်းစွာ လှည့်လိုက်ပြီး ကောင်းမင်ကိုကြည့်လိုက်သည်။

"သူက လူသားတစ်ဝက်ပဲရှိတယ် "

ကျိုးကျွင်းသည် ကျိုးဘိုအား ဆက်မ‌ပြောစေချင်သောကြောင့် ယွမ်ဟွေ့ကို တွန်းထုတ်လိုက်သည်။

"ကျိုးဘို သေနေလား ရှင်နေလားဆိုတာ ငါမသိဘူး ဒါပေမယ့် ငါပြောနိုင်တာကတော့ ငါက လူသားတစ်ယောက်ပဲ ၊ ဒါကြောင့် သင်ပုန်းပေါ်က နံပါတ်နှစ်ခုမှာ လူသားက ၃၃ယောက် သရဲက ၁၃ယောက်ပဲ "

"ငါ သဘောတူတယ် "

လျိုယီက လက်ထောင်လိုက်သည်။

"ငါတို့ လက်ထောင်ပြလို့ ရမလား "

ကျောင်းသားများက တဖြည်းဖြည်းလက်ထောင်လိုက်ကြသည်။အမျိုးသမီးဆရာမက ပြုံးလိုက်သည်။

"မင်းတို့ အဖြေရလာကြပြီ ထင်တယ် ဒါဆို မင်းအဖြေကို စောစော ပေးပို့နိုင်တယ် မင်းတို့ရဲ့အဖြေကို ချရေးလိုက်ပါ၊ အဲဒါကိုခေါက်ပြီး ဒီပုံးထဲမှာ ထည့်ပေးကြပါ "

ဆရာမသည် စတိတ်ခုံပေါ်မှဆင်းလာပြီး အဖြူရောင်သေတ္တာလေးတစ်ခု ထုတ်လိုက်သည်။သေတ္တာတွင် စာလုံးများရှိပြီး မဲသေတ္တာဟု ရေးသားထားသည်။

ကျိုးကျွင်းက ပထမဆုံးသူ့အဖြေကို ထည့်လိုက်သည်။မည်သည့်မတော်တဆမှုများ မဖြစ်ပွားခဲ့သောကြောင့် ကျန်လူများ နောက်မှလိုက်လာကြသည်။သေတ္တာထဲ အဖြေများပိုထည့်လာကြရာ သစ်သားသေတ္တာသည် ဖြည်းဖြည်းစွာ သွေးစွန်းလာပေသည်။ကြည့်ရသည်မှာ ကျောင်းသားများက အဖြေထည့်‌နေသည်နှင့်မတူဘဲ သတ်ပစ်ဖို့ တစ်စုံတစ်ယောက်ကို ရွေးနေပုံပေါက်သည်။ဝမ်ကျားသည် သူ့နောက်ဆုံးအဖြေကို ထည့်လိုက်သောအခါ မူလက အဖြူရောင်သေတ္တာသည် သွေးနီရောင်အဖြစ် အပြည့်အဝပြောင်းလဲသွားတော့သည်။

"ဘယ်သူမှ မမှားပါဘူး ၊ မင်းတို့က ငါထင်ထားတာထက် ပိုတော်တာပဲ "

အမျိုးသမီးဆရာမသည် သွေးသေတ္တာအား သူ့ချစ်သူကဲ့သို့ ဂရုတစိုက်ပွေ့ဖက်လိုက်သည်။

"ဘတ်စ်ကားပေါ်နဲ့ ကျောင်းကထွက်မချင်း မင်းတို့ဆုံးဖြတ်ချက်အတွက် အထောက်အကူဖြစ်စေဖို့ ဒီမဲပုံးဟာ မင်းတို့နောက်ကို လိုက်ပါနေလိမ့်မယ် "

"ဒီမဲပုံးထဲမှာ ဘာပါလဲဆိုတာတော့ မင်းတို့သိဖို့ မလိုပါဘူး ၊ ဆုံးဖြတ်ချက်အားလုံးကို မင်းတို့အားလုံးစုပေါင်း လုပ်ခဲ့တယ်ဆိုတာပဲ မင်းတို့ သိထားရမယ် ၊ မင်းတို့တစ်ယောက်မှ အပြစ်မကင်းဘူး "

ဆရာမက သူတို့ကို ကြည့်လိုက်သည်။ထို့နောက်သူမသည် သေတ္တာကို သယ်၍ မစစ်ဆေးတော့ပဲ ထွက်ခွာသွားလေ၏။

ဆရာမထွက်သွားပြီးနောက် ကျောင်းသားများက ကျိုးကျွင်းဘက်လှည့်လိုက်သည်။

ကျိုးကျွင်းသည်သူတို့အား တွေ့ဆုံပွဲတက်ရောက်ရင် တိုက်တွန်းခဲ့သူဖြစ်သည်။ယခုတွင် တစ်စုံတစ်ခုဖြစ်ပွားခဲ့သဖြင့် သူသည် အပြည့်အဝတာဝန်ခံသင့်ပေသည်။သူတို့သည် ကျိူးကျွင်းကို မရိုက်နှက်ရပါက ပို၍ ဒေါသထွက်လာနိုင်ပေသည်။

"ဒါကို မင်းတို့ ငါ့ကို အကြိမ်ဘယ်လောက်များများ ပြောစေချင်တာလဲ ၊ ငါတို့ ဘာပဲလုပ်လုပ်ကိစ္စမရှိဘူး အကြောင်းအမျိုးမျိုးကြောင့် ငါတို့ ဒီရောက်လာကြမှာပဲ ၊ ဒါက တစ်စုံတစ်ခုကိုရင်ဆိုင်ရမယ့် ငါတို့ကံကြမ္မာပဲ "

ကျိုးကျွင်း၏ကြီးမားလှသော ခန္ဓာကိုယ်သည် ပြင်းထန်သောဖိအားကိုပေးစွမ်းနေသည်။

"မင်းရဲ့ ကံကြမ္မာအကြောင်းကို ငါဂရုမစိုက်ဘူး ၊ ငါ့တိတ်ခွေကိုပဲ ငါဂရုစိုက်တယ် -

ဝမ်ကျားသည် လုံးဝမကြောက်ရွံ့ပေ။

"ငါကို တိတ်ခွေပေး ၊ ငါမင်းကို ကူညီမယ် "

"ဘာတိတ်ခွေလဲ ၊ အိမ်ခြေရာမဲ့လူတစ်ယောက်ကို မင်းအပိုင်းပိုင်းဖြတ်ပစ်တဲ့ဟာလား ဒါမှမဟုတ် အဘွားအိုတစ်ယောက်ကို မြစ်ထဲ တွန်းချခဲ့တဲ့ဟာလား "

ထို့နောက် ကျိုးကျွင်းက သူ့လက်ဆစ်များကို တဖျောက်ဖျောက်ချိုးလိုက်သည်။

"ငါသိပြီ မင်းရည်းစား‌ကို မြေမြှုပ်ပစ်ခဲ့တဲ့ဟာပဲ ဖြစ်ရမယ် !"

"မင်းက ငါနဲ့ ငါတို့အတန်းကြား အလိမ်အညာတွေနဲ့ ငါ့ကို ခွဲထုတ်နိုင်မယ်လို့ ထင်နေတာလား "

အံဆွဲထဲမှ ဝမ်ကျား၏လက်သည် တင်းကျပ်စွာ ဆုပ်လိုက်သည်။သို့သော်လည်း သူ့မျက်နှာတွင် စိတ်လှုပ်ရှားနေခြင်းများ မရှိပေ။

"ငါလိုချင်တဲ့ တိပ်ခွေက မင်းရှာတွေ့သလို ဟန်ဆောင်ထားတဲ့ ငါ့ရဲ့လေ့လာမှုကို ခိုးယူသွားတဲ့ တိတ်ခွေပဲ ဒီလိုလူတွေက သရဲတွေထက် ပိုကြောက်ဖို့ကောင်းတယ် "

"မင်းတုန့်ပြန်တာ အရမ်းမြန်တာပဲနော် "

ကျိုးကျွင်းသည် စတိတ်ခုံပေါ်တက်လိုက်ပြီး နံပါတ်များကို ဖျက်ပစ်လိုက်သည်။သူက ဌာန၏အနက်ရောင်ဆက်သွယ်ရေးစက်ကို ထုတ်ပြီး စားပွဲပေါ်တင်လိုက်သည်။

"မင်းတို့တစ်ယောက်ချင်းစီတိုင်း ဘာလုပ်ခဲ့ကြတယ်ဆိုတာ ငါအားလုံးသိတယ် ဘာလို့လဲဆိုတော့က ငါက စုံစမ်း‌စစ်ဆေးရေးဌာနကမို့လို့ပဲ "

ကျိုးကျွင်းက သူ့လက်များကိုပြသလိုက်သည်။သူသည် ကွင်းစ်စုံစမ်းစစ်ဆေးရေးဌာန၏ခေါင်းဆောင်အဖြစ် သူ့အထောက်အထားကို အားလုံးကို ပြောပြခဲ့သည်။လူတိုင်းက ကွဲပြားခြားနားစွာတုန့်ပြန်ကြသည်။ကောင်းမင်မှာလည်း တွေးတောနေလေ၏။ကျိုးကျွင်းက ဘာလို့ သူ့လက်ကို မကြာခဏပြနေရတာလဲ။ ကျောင်းကို ထိန်းချုပ်တဲ့ ပြိုင်ပွဲမှာ စီတုအန်း ရှုံးသွားလို့လား။မူလတွင် ကွင်းစ်စုံစမ်းစစ်ဆေးရေးဌာနတွင် အကောင်းဆုံးစုံစမ်းရေးမှူးများရှိသည်။စီတုအန်းတွင် ချင်ဂီနှင့်ဒေါက်တာလုတို့ပင်ရှိသည်။သို့သော်လည်း သူတို့သည် ကောင်းမင်၏သုတ်သင်ခြင်းခံခဲ့ရသည်။

ဟွမ်မင်ဌာနသည် နှစ်ပိုင်းခွဲခံခဲ့ရသည်။စီတုအန်းသည် ပိုပိုနည်းသောလူများကို အသုံးပြုခဲ့သည်။သူသည် သူ့အစီအစဉ်အား အတင်းအကျပ်ပြောင်းလဲခဲ့ရပြီး ကျိုးကျွင်းကို ကျောင်းသားများဖြင့်တွေ့ဆုံစေခဲ့သည်။

"ဒီကျောင်းကြီးက အဆင့်၄ မူမမှန်ဖြစ်ရပ်ပဲ ၊ အဲ့ဒီဖြစ်တည်မှုအတွက် အကြောင်းပြချက်က ငါတို့ထဲမှာပဲ ရှိတယ် "

ကျိုးကျွင်းသည် အနက်ရောင်ဆက်သွယ်ရေးစက်ကို အသုံးပြု၍ ပရိုဂျက်တာဖြင့် သင်ပုန်းပေါ်တွင် အချက်အလက်များပြသလိုက်သည်။

"လွန်ခဲ့တဲ့ ဆယ်နှစ်က ဟန်ဟိုင်း ၊ ရှင်းလုနဲ့ ဟန်ကျင်းတို့ကြား ဖြတ်သွားတဲ့နေရာမှာ ကားအက်ဆီးဒင့်တစ်ခု ဖြစ်ပွားခဲ့တယ် ၊ ကားဟာ ဥမင်ထဲမှာ ပြောင်းပြန်လှန်သွားခဲ့တယ်၊ ခရီးသည်တွေအားလုံး ပျောက်ဆုံးသွားကြတယ် ဒါပေမယ့် ထူးဆန်းတာက မလုံလောက်သေးဘူး ဘယ်သူကမှ ရဲစခန်းကို လာရောက်တိုင်ကြားတာ မရှိခဲ့ဘူး "

ကျိုးကျွင်းက ဓာတ်ပုံအား လူတိုင်းကို ပြလိုက်သည်။

"ရဲတပ်ဖွဲ့က မှုခင်းဖြစ်ပွားရာနေရာကို စကင်န်ဖတ်ပြီး အခင်းဖြစ်ပွားရာနေရာမှာ တွေ့ရတတ်တဲ့ ငါတို့ရဲ့ ဆံပင်တွေကို တွေ့ရှိခဲ့တယ် "

ကျိုးကျွင်းက အရှိန်လျှော့လိုက်သည်။

"ဒါက ယုံကြည်ဖို့ခက်ခဲမယ်ဆိုတာ ငါသိပါတယ် ဒါပေမယ့် နိူင်းယှဉ်ချက်တွေအရ ဘတ်စ်ကားပေါ်မှာ တွေ့ရတဲ့ ဆံပင်တွေက ငါတို့ဆံပင်တွေပဲ ၊ အက်ဆီးဒင့်ဖြစ်ပွားခဲ့တဲ့အချိန်မှာ ငါတို့အားလုံး ဘတ်စ်ကားပေါ်ရှိနေခဲ့ကြပေမယ့် ငါတို့ဘယ်သူကမှ ဒါကို မမှတ်မိခဲ့ကြဘူး "

ပရိုဂျက်တာ အလင်းရောင်က ပြောင်းလဲသွားသည်။ကျောင်းသားတိုင်းထံမှ မြှားတစ်စင်း ဆင်းလာပြီး မြှားများသည် အဖြူအမည်းပုံတူဓာတ်ပုံတစ်ပုံအား ညွှန်ပြခဲ့သည်။

"ရဲတွေ ရှာတွေ့ခဲ့တဲ့ အဓိကသော့ချက်က အခန်း၁၃ ဟာ အဲ့ဒီညက အရာအားလုံးကို မေ့သွားရုံမကဘူး ကားပေါ်တက်မစီးခဲ့တဲ့ တစ်ဦးတည်းသော ကျောင်းသားကိုလည်း မေ့သွားခဲ့တယ် "

ကျိုးကျွင်းသည် ပုံတူဆီသို့ လျှောက်သွားလိုက်ပြီး မှုန်ဝါးနေသော မျက်နှာအား ညွှန်ပြလိုက်သည်။

"၅၁ယောက်မြောက်ကျောင်းသားရှိတယ်ဆိုတာ မင်းဘယ်လိုသိလဲ ၊ လူတိုင်း သူကိုအမှတ်မရဘူးဆိုရင် သူက မတည်ရှိတာလည်း ဖြစ်နိုင်တယ်လေ "

တုပိုင်က အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။

"ဘာကြောင့်လဲဆိုတော့ ရဲတွေက ကားပေါ်မှာ ကျောင်းလွယ်အိတ်တစ်လုံးတွေ့ခဲ့လို့ပဲ ၊ အိတ်ထဲမှာ ၅၁မြောက်ကျောင်းသားရဲ့ အိမ်စာတွေ ၊ စာအုပ်တွေနဲ့ သူ့ဖုန်းပါတယ် "

ကျိုးကျွင်း၏စကားများသည် ကောင်းမင်၏အာရုံကို ဆွဲယူလိုက်သည်။

"ဘတ်စ်ကားပေါ်က ငါတို့အားလုံးဟာ အသက်ရှင်ခဲ့တယ် ၊ ကားပေါ်မှာ မရှိသင့်တဲ့ ၅၁ယောက်မြောက်ကျောင်းသားက သူ့ပစ္စည်းတွေကို ကားပေါ်မှာ ကျန်ခဲ့တာလား "

လျိုယီ၏မျက်လုံးများက ထက်မြနေသည်။

"အဲ့ကလေးရဲ့ဖုန်းထဲမှာ ဘာပါလဲ "

ကျိုးကျွင်းသည် ဖုန်းထဲရှိအကြောင်းအရာများကို ထုတ်ပြောလိုက်သည်။

"အက်ဆီးဒင့်ဖြစ်တဲ့ညမှာ ငါတို့အားလုံးက အဲ့ကလေးကို ဖုန်းခေါ်တာ မက်ဆေ့ပို့တာတွေ လုပ်ခဲ့ကြတယ် ၊ တချို့က သူ့ကို ဥမင်ဆီလာဖို့ မျှော်လင့်ချက်နဲ့ပေါ့ ၊ အခြားလူတွေက သူ့ကို ဥမင်နားမလာဖို့ သတိပေးခဲ့ကြတယ် ၊ လူတိုင်းမှာ မတူညီတဲ့အမြင်တွေရှိပေမယ့် ရလာဒ်အရ သူက အများသဘောကို လိုက်နာခဲ့တဲ့ ပုံပါပဲ "

"အဲ့ဒါသာ မှန်မယ်ဆိုရင် ငါတို့အားလုံးသရဲတွေဖြစ်ခဲ့ကြလိမ့်မယ် ၊ ဒါတောင်မှ ငါတို့ဟာ သူ့ကို လှည့်စားခဲ့ကြတုန်းပဲ ၊ ဒါက အရမ်းဆိုးဝါးတာပဲ "

ကျိုးစီစီသည် ယင်းကို စိတ်မကူးရဲခဲ့ပေ။သူမသည် သူမ၏မူလရွေးချယ်မှုကို မေ့လျော့သွားခဲ့သည်။သူမသည် သူမကျောင်းကို မလာခင်က သူမအိပ်ရာ‌ပေါ်တွင်မြင်ခဲ့ရသော သွေးလူသားကိုသာ အမှတ်ရမိလေသည်။

"ငါတို့လူအယောက် ၅၀က ၅၁ ယောက်မြောက် ကျောင်းသားကို သူဟာ ငါတို့ရဲ့ဓားစာခံဖြစ်ဖို့ ဥမင်ထဲရောက်လာအောင် လှည့်စားခဲ့တာ‌ပေါ့ အသက်၅၀အတွက် အသက်တစ်သက်တဲ့လား "

ချင်ကျွင်းရန်က ခေါင်းငြိမ့်လိုက်သည်။

"ဒါက အပေးအယူကောင်းတစ်ခုပဲ "

"ဒါမှမဟုတ်သူက လူ ၅၀ ရဲ့ နာကျင်မှုနဲ့ စိတ်ပျက်အားငယ်မှုတွေကို သူ့ဘာသာသူတစ်ယောက်တည်း ခံစားခဲ့ရတယ် "

ကောင်းမင်၏ ရုတ်တရက် စကားများကြောင့် ချင်ကျွင်းရန်လန့်သွားသည်။

"ကောင်းမင်က အမှန်တရားနဲ့နီးစပ်တယ် ၊ ၅၁ယောက်မြောက်ကျောင်းသားဟာ သေခြင်းစက်ဝန်းထဲမှာ ပိတ်မိနေခဲ့တယ် ၊ ငါတို့အသက်ရှင်နေသမျှကာလပတ်လုံး သူဟာ ဆက်ပြီး သေဆုံးနေလိမ့်မယ် "

ကျိုးကျွင်းသည် ဌာန၏နောက်ဆုံးစုံစမ်းစစ်ဆေးချက်ရလာဒ်များကို ထုတ်ပြလိုက်သည်။

"ဒါပေမယ့်လည်း လွန်ခဲ့တဲ့ ရက်အနည်းငယ်က သေခြင်းစက်ဝန်းထဲမှာ ပိတ်မိနေခဲ့တဲ့ကျောင်းသားဟာ လွတ်မြောက်လာလောက်ပြီ ၊ ဒါပေမယ့် သူက သေဆုံးတဲ့အခြေအနေမှာ ရှိနေတုန်းပဲ ၊ သူ့ကို ဟန်ဟိုင်းပရဟိတအဖွဲ့က လူတွေက ရှာတွေ့ခဲ့ပြီး သူ့ကို ဆေးရုံကနေတဆင့် ဟန်သဲ့ကိုယ်ပိုင်ကျောင်းကို ပို့လိုက်တယ် ၊ ဒါပြီးတော့ မြို့တော်အရှေ့ပိုင်းဌာနယာယီအကြီးအကဲ စီတုအန်းကသူ့ကို ကိုယ်တိုင်ကိုယ်ကျ စောင့်ရှောက်ထားခဲ့တယ် ၊ အဲ့ဒါပြီးတော့ မူမမှန်ဖြစ်ရပ်က ဖြစ်ပွားခဲ့တာပဲ "

"ဒီနေရာကမူမမှန်ဖြစ်ရပ်ဟာ ၅၁ယောက်မြောက် ကျောင်းသားကြောင့်ဖြစ်ပွားခဲ့တယ် ၊ ဆိုလိုတာက ငါတို့လူငါးဆယ်လုံးသေမှသာ သူက သေခြင်းစက်ဝန်းထဲက လွတ်မြောက်နိုင်မယ်လို့ ပြောချင်တာလား ၊ သူ့အတွက် ဘဝအသစ်တစ်ခုရဖို့ ငါတို့က ငါတို့ကံကြမ္မာကိုလက်ခံပြီး ပြန်သွားရမှာလား "

ကျိုးစီစီက သူမဦးခေါင်းကို ခါရမ်းလိုက်သည်။

"အမှန်ပဲ ငါတို့ရဲ့တစ်ကိုယ်ကောင်းဆန်မှုတွေကြောင့် ၅၁ယောက်မြောက်ကျောင်းသားဟာ ပြင်းထန်တဲ့နာကျင်မှုတွေအောက် ရှိနေခဲ့ရတယ် ၊ ကံကြမ္မာက ဒီအမှားကို ဖယ်ရှားဖို့ကြိုးစားနေခဲ့တယ် ၊ ဒါကြောင့် ငါတို့ ဒီမှာစုစည်းလာကြတာပဲ "

ကျိုးကျွင်းက ဆက်သွယ်ရေးစက်ကို ပြန်သိမ်းလိုက်ပြီး

"လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ငါတို့ဟာ သွေးထွက်သံယိုဖြစ်‌စေမယ့် မဲတွေပေးခဲ့ပြီး အပြစ်မဲ့ကလေးကို ချောက်ထဲတွန်းချခဲ့တဲ့ပုံပါပဲ "

ကျိုးကျွင်း၏ စကားများကို လူတိုင်းက တွေးတောနေရင်း အတန်းထဲတွင် တိတ်ဆိတ်နေခဲ့သည်။ သို့သော် ခြွင်းချက်တော့ရှိသည်။ ကျိုးကျွင်း ဘာပြောသည်ဖြစ်စေ ကောင်းမင်သည် စီတုအန်းဘယ်လိုလူစားလဲဆိုသည်ကို သိသောကြောင့် လှုပ်လှုပ်ရှားရှားဖြစ်မသွားခဲ့ပေ။

စီတုအန်းတွင် ဘယ်သူမှမသိသော ဝှက်ဖဲတစ်ချပ်ရှိသည်။ သူသည်၅၁ယောက်မြောက်ကျောင်းသားကို ထိန်းချုပ်ရန်အတွက် ၎င်းကိုအသုံးပြုလိုသော်လည်း မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပြီး ကျောင်းတွင် စည်းမျဉ်းနှစ်ခုရှိလာခဲ့သည်။

ကောင်းမင်၏ စီတုအန်းအပေါ် နားလည်မှုအရ ကျိုးကျွင်းအား လူတိုင်းကို ကျောင်းတွင်စုဝေးစေရခြင်းသည် ၅၁ယောက်မြောက်ကျောင်းသားနှင့်အပေးအယူတွင် ကျောင်းသားများကို အသုံးပြုလိုသောကြောင့်ဖြစ်ပေသည်။

All Chapters