← Chapters

ရေကူးကန်ထဲက မကောင်းဆိုးဝါးများ

Vol. 9 Ch. 133

ရေကူးကန်ထဲက မကောင်းဆိုးဝါးများ

Vol. 9 Ch. 133

နာမည်ခေါ်မခံရသော ကျောင်းသားများက စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်ကြသည်။နာမည်ခေါ်ခံရသော လူငါး‌‌ေယာက်ကို ကြည့်ရှုလိုက်ကြသည်။ရေကူးကန်ဘေးတွင် ရပ်နေသော ချင်ကျွင်းရန်သည် ဒုက္ခများနေတော့သည်။သူ့မျက်လုံးများက နာကျင်မှုများပြည့်နေ၏။

"ဆရာ ကျွန်တော် သိပ်နေမကောင်းဘူး "

ချင်ကျွင်းရန်က လှည့်ပြီး လက်မြောက်ကာပြောလိုက်သည်။

"ကျွန်တော့် အစာအိမ်နာနေလို့ပါ ၊ ကျွန်တော် ရေကူးကန်ထဲ ဆင်းနိုင်မယ် မထင်ဘူးဗျ "

"မင်း နေမကောင်းဘူးလား "

ကာယဆရာသည် အကျိုးအကြောင်းသင့်သူဖြစ်ပြီး ချင်ကျွင်းရန်အား အတင်းအကျပ်ဖိအားမပေးခဲ့ပေ။

"ဟိုအရပ်ရှည်ရှည်နဲ့တစ်ယောက် ရှေ့ထွက်လာခဲ့ ! မင်း သူ့ကို ကျောင်းဆေးခန်းလိုက်ပို့လိုက် "

အရပ်ရှည်ရှည်လူသည် ကျိုးကျွင်းဖြစ်သည်။သူ ကျောင်းဆေးခန်းသို့ သွားရမည်ကို ကြားလိုက်သောအခါ သူ့မျက်နှာက မဲမှောင်သွားသည်။သူသည် မသွားချင်ဘူးဟုပြောချင်သော်လည်း ကာယဆရာ၏သန္ဓေပြောင်း ကြွက်သားများကို ကြည့်၍ စကားများကို မျိုချလိုက်သည်။

"နေမကောင်းဖြစ်တဲ့ ဘယ်သူမဆို သူတို့နဲ့လိုက်သွားလို့ရတယ် "

ကာယဆရာပြုံးလိုက်သောအခါ ကြောက်မက်ဖွယ်ကောင်းသွားသည်။

"ကျောင်းဆေးခန်းမှာ ပစ္စည်းကိရိယာတွေ အစုံလိုက်ရှိတယ် ၊ အဲ့နေရာကို သွားခဲ့တဲ့ နောက်ဆုံးကျောင်းသားဟာ ဂျင် ၁၇၀နဲ့သွားခဲ့တာ ပြန်ထွက်လာတော့ ဂျင်၇၀ပဲ ရှိတော့တယ်လေ "

အခြားကျောင်းသားများက ဖျားဟန်ဆောင်ချင်နေကြသော်လည်း ကျိုးကျွင်၏မဲမှောင်နေသောအမူအရာနှင့် ကာယဆရာ၏ ညွှန်းဆိုချက်အား ကြားလိုက်ရသောအခါ သူတို့စိတ်ကို ပြန်ပြောင်းလိုက်ကြသည်။

"ဆရာ ကျွန်တော် ရုတ်တရက် ပိုနေလို့ကောင်းလာတယ်ဗျ "

ချင်ကျွင်းရန်က သူ့ခန္ဓာကိုယ်ကို မတ်မတ်ထားလိုက်ပြီး "ကျွန်တော် ဒါကိုလုပ်နိုင်မယ်လို့ ယုံကြည်တယ် "

"မရဘူး ၊ မင်းကျန်းမာရေးအတွက် ငါ့မှာ တာဝန်ရှိတယ် ၊ အရှည်ရှည်နဲ့တစ်ယောက် သူ့ကို အခုခေါ်သွားလိုက်! "

ကာယဆရာသည် ချင်ကျွင်းရန်အား ဆွဲခေါ်လိုက်ပြီး ကျိုးကျွင်းဆီတွန်းပို့လိုက်သည်။သူ၏ကြီးမားလှသော ခန္ဓာကိုယ်ကြီးသည် တောင်ငယ်လေးတစ်လုံးဖြင့်တူ၏။

"ကောင်းပါပြီ "

ကျိုးကျွင်းနှင့်ချင်ကျွင်းရန်တို့ ထွက်ခွာသွားကြသည်။ကာယဆရာသည် ‌မိန်းကလေးနှစ်ယောက်ကို ရွေးချယ်လိုက်ပြီး သူတို့နေရာတွင် အစားထိုးလိုက်သည်။တိုက်ဆိုင်စွာပင် ကျိုးစီစီသည် ကောင်းမင်ဘေးတွင် ရပ်နေရလေသည်။ကျိုးစီစီသည် ကြောက်ရွံ့နေပြီးသားဖြစ်သော်လည်း သူမသည် မြူးဇစ်ဘောက် လူသတ်သမားဘေးတွင် ရပ်နေရင် စီစဉ်ပေးခြင်းခံရသည်။သူမသည် ကောင်းမင်နှင့်ဆုံရန် သတ္တိမရှိပေ။သူမသည် သူမမျက်လုံးထဲရှိ အကြောက်တရားကို ဖုံးကွယ်ရန် ခေါင်းကိုသာတွင်တွင်ငုံ့ထား၏။

"နှစ်ပေါင်းများစွာကြာပြီးတော့ ကျိုးစီစီက ရှက်တတ်လာတာပဲ "

ကောင်းမင်သည် သူမအား တချက်ကြည့်လိုက်ပြီး ရေထဲသို့ ဦးဆုံးခုန်ဆင်းလိုက်သည်။ရေကူးကန်သည် အပူပေးထားသော်လည်း သူ့ခန္ဓာကိုယ်သည် အေးစက်ခြင်းကို ခံစားနေရသည်။ရေကူးကန်ထဲမှ သူ့ကိုစောင့်ကြည့်နေသော တစ်စုံတစ်ခုရှိနေသည်ဟု ခံစားနေရသည်။

"အချိန်မဖြုန်းကြနဲ့၊ အုပ်စု၂ ရေကန်ထဲဆင်းဖို့ အဆင်သင့်ပြင်ထား ! "

ကျောင်းသားများက ရေကန်အစွန်းပတ်လည်တွင် နေရာယူလိုက်ကြသည်။မည်သူမှ အစွန်းနဲ့ဝေးဝေးတွင် မနေရဲကြပေ။

"ရေကို မကြောက်နဲ့ ၊ ရေနဲ့တစ်သားတည်းဖြစ်အောင်လုပ် ၊ လှေကားကို ကိုင်ထားပြီး မင်းတို့ခေါင်းတွေကို ရေထဲငုတ်လိုက်ကြ "

ကာယဆရာက အသံနိမ့်လိုက်သည်။

"စက္ကန့်သုံးဆယ်ကြာအောင် ရေထဲငုတ်ဖို့ကြိုးစားပြီး ရေကိုခံစားနိုင်အောင် မင်းတို့နှလုံးသားကို သုံး "

ကြည်လင်နေသောရေမျက်နှာပြင်ကို စိုက်ကြည့်ရင်း ကျိုးစီစီသည် အသက်ဝဝရှူလိုက်ပြီး ရေထဲ ငုတ်လိုက်သည်။နွေးထွေးသော ရေက သူမ၏ပါးနှင့်နားများကို ဖုံးအုပ်သွားသည်။သူမသည် မတူညီသော ကမ္ဘာတစ်ခုဆီရောက်သွားသကဲ့သို့ အသံများက မှိန်ဖျော့သွားကြသည်။ကျိုးစီစီသည် အဆုတ်ကျန်းမာရေးကောင်းမွန်သူဖြစ်သည်။သူမသည် အလုပ်ပြီးတိုင်း ဂျင်မ်ကစားလေ့ရှိသည်။စက္ကန့်သုံးဆယ်မျှ အသက်အောင့်ရခြင်းသည် သူမအတွက် အေးဆေးပင်ဖြစ်သည်။ကျိုးစီစီသည် ရေအောက်တွင် မျက်လုံးများကိုဖွင့်လိုက်သည်။သူမနှလုံးသားမှ အကြောက်တရားက လျော့ပါးသွားသည်။သူမသည် နွေးထွေးသော တစ်စုံတစ်ရာ၏ထွေးပွေ့ခြင်းကိုခံစားနေရသည်။သူမမျက်လုံးများက ဘေးပတ်ဝန်းကို ကြည့်လိုက်သည်။သူမ ဘေးပတ်လည်တွင် သူမ၏အတန်းဖော်များကို မြင်ရပေသည်။ရေကန်အစွန်းနားတွင် ခြေထောက်တစ်စုံ မတ်တပ်လျက်ရှိနေသည်ကို မြင်လိုက်ရသည်။

"ဒါက ဘာလဲ "

သာမန်လူသားများကြားတွင် ကျိုးစီစီသည် ရုတ်တရက် ဖြူရော်နေသော ခြေထောက်တစ်စုံကို မြင်လိုက်ရသည်။ခြေထောက်နှစ်ချောင်းသည် သွေးလုံးဝမရှိပဲ ဖြူဖွေးနေ၏။ထိုခြေထောက်တစ်စုံသည် ကောင်းမင်အနီးတွင် ရပ်နေခြင်းဖြစ်သည်။

"ဒါက ငါ့အခန်းထဲက မဟုတ်ဘူး! "

ကျိုးစီစီသည် ယင်းကို ချက်ချင်းတွေးမိလိုက်သည်။ထိုခြေထောက်တစ်စုံသည် ရွေ့လျားနေကြောင်း သူမသတိပြုမိလိုက်သည်။ထိုလူကား သူမထဲ လာနေခြင်ူပင်! ။

ခြေထောက်များသည် မည်သည့်တင့်တယ်သည့်အဆင်းသဏ္ဍာန်မရှိချေ။အရေပြားသည် ရေထဲနစ်မြှုပ်နေခြင်းကြောင့် ကျွတ်ကျလုနီးပါးဖြစ်နေလေသည်။၎င်းသည် ရေခုခံမှုကို လျစ်လျူရှူထားနိုင်ဟန်တူသည်။

"အဲ့တာကြီးက ဘာလို့ငါကို ပစ်မှတ်ထားနေပုံပေါက်နေတာလဲ "

ဖြူဆွတ်နေသော ခြေထောက်များသည် ကျိုးစီစီနှင့် နီးကပ်လာ၏။သူမပတ်ဝန်းကျင်ရှိ ကျောင်းသားများသည် သေဆုံးနေသကဲ့သို့ ခံစားနေရသည်။မည်သူမှ တုန့်ပြန်ကြခြင်း မရှိပေ။

"အဲ့တာကြီး လာနေပြီ !"

ကျိုးစီစီက ရေမျက်နှာပြင်ပေါ်သို့ ခေါင်းဖော်လိုက်သည်။ခြေထောက်များရှိနေသည့်နေရာကို ကြည့်လိုက်သော်လည်း ထိုနေရာတွင် မည်သူမှ ရှိမနေချေ။

"ငါ စိတ်ကူးယဉ်ပြီး မြင်နေရတာလား "

ကျိုးစီစီက ရေထဲတဖန်ပြန်ငုတ်လိုက်သည်။သူမမျက်လုံးကို ဖွင့်လိုက်ရာ ဘာကိုမှ မမြင်တွေ့ရပေ။သူမနောက်ဆုတ်လိုက်သည်နှင့် သူမသည် လူတစ်ယောက်ကို ဝင်တိုက်မိသွားသည်။သူမနောက်လှည့်ကြည့်လိုက်ရာ ဖြူဆွတ်နေသော ခြေထောက်တစ်စုံသည် သူမဘေးတွင်ရပ်နေကြောင်းမြင်လိုက်ရလေသည်!။

သူမသည် အလွန်ကြောက်လန့်သွားပြီး ပြန်လှည့်ပြေးရန် ကြိုးစားလိုက်သည်။သို့သော် သူမရေပြင်ပေါ်တက်ရန်ကြိုးစားလိုက်သည်နှင့် လက်တစ်စုံက သူမပုခုံးများကို ဖိချလိုက်သည်။ဖူးယောင်နေသောမက်ေနှာကြီးတစ်ခုသည် သူ့မရှေ့တွင် ရှိနေချေသည်။ထိတ်လန့်မှုကြောင့် သူမသည် လှေကားကို လက်လွတ်မိသွားသည်။သူမသည် ပါးစပ်အပြည်‌့ရေများမျိုချမိသွားသည်။ဖြူဆွတ်နေသော လူသည်သူမအား ရေနက်ပိုင်းဇုန်သို့ ဆွဲခေါ်သွားချိန်တွင် သူမသည် အကူညီခေါ်ရန်ပင် အချိန်မရှိခဲ့ချေ။

"ကယ် ..ကယ်ကြပါဦး ! "

တစ်ယောက်ထက်ပိုသော ကျောင်းသားများ အတိုက်ခိုက်ခံနေရသည်။လူတိုင်းသည် လျင်မြန်စွာ ခေါင်းဖော်လိုက်ကြသည်။

"ကျောင်းသားအားလုံး စည်းကမ်းတွေကို လိုက်နာဖို့လိုတယ်ကွ ! "

ကာယဆရာသည် ဒေါသထွက်နေခဲ့သည်။သူသည် သူ့၏အနီရောင်ဂျာကင်ကို ချွတ်လိုက်ပြီး တော်ပီဒိုတစ်စင်းကဲ့သို့ ရေကန်ထိုးဆင်းလိုက်သည်။သူသည် ရေထဲတွင် လျင်မြန်စွာကူးခတ်လိုက်ပြီး ဆွဲခေါ်ခံသွားရသော ကျောင်းသားများအားလုံးကို ကယ်တင်ရန်ကြိုးစားလိုက်သည်။

ရေကူးကန်သည် အလွန်ခြောက်ခြားဖွယ်ကောင်းနေလေသည်။ရေကန်ထဲမှာ ကျောင်းသားတွေ ဘယ်လောက်များများသေခဲ့တယ်ဆိုတာ ဘယ်သူသိနိုင်မှာလဲ ။

ကျောင်းစည်းကမ်းများအရ ညစ်ပတ်သောအရာများသည် ရေနက်ပိုင်းထဲတွင်သာ လှုပ်ရှားနိုင်ကြသည်။သို့သော်လည်း သူတို့သည် စည်းကမ်းများကို ချိုးဖောက်ခဲ့ကြသည်။သူတို့သည် ကျောင်းသားများကို လှေကားမှလက်လွတ်စေရန် လှည့်စားခဲ့ပြီး သူတို့အားရေနက်ပိုင်းဇုန်အတွင်းသို့ ဆွဲခေါ်ရန်ကြိုးစားနေကြသည်။ကာယဆရာသည် ရက်စက်ပုံပေါ်သော်လည်း သူသည် စည်းကမ်းထိန်းသိမ်းသူတစ်ယောက်ဖြစ်သည်။သူသည် ကျောင်းသားများကို ရည်ရွယ်ချက်ရှိရှိထိခိုက်စေခဲ့ခြင်းမရှိပေ။စည်းကမ်းမလိုက်နာသူများကိုသာ အပြစ်ပေးခြင်းဖြစ်သည်။ကာယဆရာ၏ စွမ်းအားသည် ရေကူးကန်ထဲရှိချိန်တွင် ကန့်သတ်ချက်ရှိပုံရသည်။သူသည် သရဲနီတစ်ကောင်ဖြစ်သော်လည်း ကျောင်းသားနှစ်ယောက်ကိုသာ ကယ်တင်နိုင်ခဲ့သည်။

"စည်းကမ်းဖောက်တဲ့သူတွေကိုပဲ မင်းယူလို့ရမယ်ကွ ! "

ကာယဆရာသည် အကူအညီအတွက် အော်ဟစ်နေသော ကျိုးစီစီထံ ကူးခတ်သွားလိုက်သည်။သူ့ဘေးရှိရေထုသည် အရောင်ရင့်လာခဲ့သည်။သတိပေးချက်မရှိဘဲ သူ့ခြေထောက်များသည် ရေကန်အောက်ခြေကို ခံစားနိုင်ခြင်းမရှိတော့ပေ။သူသည် သရဲခြောက်သော ရေနင်ပိုင်းဇုန်ထဲသို့ ဝင်ရောက်သွားခဲ့ချေပြီ။

ရေကူးကန်သည် ကျောင်းအုပ်ယန်၏စတိုခန်းကဲ့သို့ဖြစ်သည်။ရေအောက်တွင် နာကြည်းခြင်းအခန်းတစ်ခုရှိနေခြင်းဖြစ်သည်။ရေဘယ်လောက်နက်မှန်း ဘယ်သူမှ မသိနိုင်ချေ။

ကျောင်းသားသည် ဘာဖြစ်သွားမှန်း မသိကြပေ။သူတို့သည် ကာယဆရာ၏ညွှန်ကြားချက်အတိုင်းလိုက်နာ၍ လက်များကိုတဖန်မြောက်လိုက်ကြသည်။ထို့နောက် ကာယဆရာသည် ရေနက်ဇုန်ထဲသို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ကျောင်းသားများက ကြောက်ရွံ့သွားကြသည်။ကာယဆရာ ရေနစ်နေကတည်းက ဝမ်ကျားသည် ရေကူးကန်ထဲက ထွက်သွားချင်နေပြီဖြစ်သည်။သူ့လက်များကို အစွန်းပေါ်တင်ထားလိုက်‌သော်လည်း သူ့ခြေထောက်များကို ရေထဲကဆွဲထုတ်၍ မရပေ။ ရေကူးကန်ထဲတွင် ဘာမှမရှိသော်လည်း တစ်စုံတစ်ခုက သူ့ခြေထောက်များကို တင်းကျပ်စွာ ဆုပ်ကိုင်ထားခြင်းဖြစ်သည်။

"ငါ့ကို ကယ်ပါဦး ! "

ဝမ်ကျားတစ်ယောက်တည်း ထိုပြဿနာကို ကြုံရခြင်းမဟုတ်ပေ။လူတစ်ယောက်က အော်ဟစ်လိုက်သည်။

"ရေထဲမှာ သရဲတွေ ရှိနေတယ်! "

အစွန်းနားတွင်ရှိသော ကျောင်းသားများက အတိုက်ခိုက်ခံနေရသည်။ကျောင်းရေကူးအသင်းသည် သူတို့လေ့ကျင့်ရေးကို ရပ်တန့်လိုက်ကြသည်။သူတို့သည် သူတို့အား လက်ညိုးထိုး၍ ရယ်မောနေကြလေသည်။

"အတန်းထဲက ကျောင်းသားတွေက ထူးခြားတယ် ! သူတို့ကို စည်းကမ်းနဲ့ ဆက်ဆံရမယ်ကွ ! "

ကာယဆရာသည် နောက်ဆုံးတွင် ကျိုးစီစီအား ဆွဲခေါ်နိုင်ခဲ့သော်လည်း သူသည်လည်း ပိတ်မိသွားခဲ့သည်။

ကျောင်းသားများသည် တုန်လှုပ်ခြောက်ခြားနေကြသည်။သူ့ပတ်ဝန်းကျင်ရှိကျောင်းသားများက ရုတ်တရက်ပျောက်ကွယ်သွားကြပြီး သူတို့အလှည့်ဖြစ်လာပေလိမ့်မည်။

"မင်းတို့ ရေအောက်မှာပဲ အဲ့ဒီသရဲတွေကို မြင်ရတာ "

ကောင်းမင်၏ နှလုံးက ခုန်ပေါက်နေသည်။သူသည် ပြင်းထန်စွာပစ်မှတ်ထားရခံပြီဖြစ်ကြောင်း သိလိုက်သည်။

"ဒါကအမှန်လား "

စီဆန်းသည် ရေကန်ထဲမှ မထွက်ရသေးချေ။သူသည် ကောင်းမင်စကားကို ကြားလိုက်ရသောအခါ စပ်စုချင်စိတ်ဖြင့် ဒူးထောက်ပြီး ရေထဲငုတ်ကြည့်လိုက်သည်။ချက်ချင်းပင် စီဆန်း၏ခေါင်းသည် ဖူးယောင်နေသောဦးခေါင်းတစ်ခုဖြင့် ဝင်တိုက်မိသွားသည်။သူ့ပတ်လည်တွင် သရဲများရှိနေခြင်းပင်။သူတို့၏ဆံပင်များသည် ရေထဲတွင် လွှင့်မြောနေကြ၏။ယင်းသည် ရေကန်အောက်ခြေတွင် ရေမှော်ပင်များပေါက်ရောက်နေသည်ဟု ခံစားနေရသည်။

"ချီးပဲ! တကယ်ကြီးဟ ! ဒီကောင်တွေက နေရာအနှံ့ပဲ ! "

စီဆန်းသည် သူခေါင်းကိုအုပ်လိုက်ပြီး မတ်တပ်ရပ်လိုက်သည်။သူသည် သူ့ပါးစပ်ထဲမှ ရေများကို ထွေးပင်မထုတ်ရသေးချေ။သူသည် ဆွဲခေါ်ခံလိုက်ရသည်။

ထိုအချိန်တွင် သူ၏ ရှင်သန်လိုမှု ဗီဇက ဝင်လာပြီး သူ့ပတ်ဝန်းကျင်ရှိ အရာရာတိုင်းကို ဖမ်းဆုပ်လိုက်သည်။ သူ့အနီးတွင် ရပ်နေသော ကောင်းမင်နှင့် ဝမ်ကျားတို့ကို ဖမ်းဆွဲမိလိုက်သည်။

"မေယိုး လွတ်စမ်း ! "

ဝမ်ကျားက သူ့ကို မတားနိုင်‌ခဲ့ပေ။

ရေကူးကန်ထဲရှိရေသည် နက်ရှိုင်းလာခဲ့သည်။ရေတိမ်ပိုင်းဇုန်သည် ပျောက်ကွယ်လုနီးပါးဖြစ်နေသည်။ကောင်းမင်သည် ရေနစ်နေသောကျောင်းသားအချို့ ဝန်းရံခံနေရသည်။ ကောင်းမင် ရေထဲသို့ နစ်သွားသည်ကို သူမမြင်သောအခါ လျိုယီသည် ချက်ချင်းပင် သူ့ကို ကယ်တင်ချင်ခဲ့သည်။ကောင်းမင်သည် သူမအား အရူးအမူး လက်ဟန်ပြလိုက်သော်လည်း နောက်ကျသွားပြီဖြစ်သည်။

ရေကူးကန်အား ထိုကဲ့သို့အနက်ဖြင့်တည်ဆောက်ထားခြင်းမရှိသော်လည်း ကောင်းမင်သည် ဆက်လက်နစ်မြှုပ်နေခဲ့သည်။အသက်ရှူရန် ခက်ခဲလာ၏။သူသည် အခြားလူများကို ကယ်တင်ရန်မဆိုထားဘိ သူ့ကိုယ်သူပင် ကယ်တင်နိုင်ရုံသာရှိသည်။

"ရေကန်ထဲက သရဲနီက ဘာများလဲ ကျောင်းစည်းမျဉ်းတွေတောင်မှ သူ့အတွက် စည်းမျဉ်းတစ်ခုသတ်မှတ်ပေးထားတယ် ..."

ရေကန်အောက်ခြေသည် နက်မှောင်နေပြီး ချောက်နက်ကြီးတစ်ခုဖြင့် တူနေတော့သည်။

ကောင်းမင်သည် အောက်ခြေတွင် ကြီးမားသော အက်ကွဲကြောင်းကြီးတစ်ခု တွေ့လိုက်ရသည်။အက်ကွဲကြောင်းနက်ထဲတွင် များစွာသော လူကြီးရေကူးသမားများ ပိတ်မိနေကြသည်။သူတို့သည် ထိုနေရာတွင် ကြိုးများဖြင့်ချည်နှောင်ခံထားရသည်။ကြိုးများ၏အလယ်တွင် ငါးတစ်ကောင်နှင့်တူသော မိန်းကလေးတစ်ယောက် ရှိနေလေသည်။သူမသည် အနီရောင်ကျောင်းယူနီဖောင်းတစ်စုံဝတ်ဆင်ထားသည်။သူမမျက်နှာသည် ညို့ယူဖမ်းစားနိုင်စွာ လှပနေ၏။သို့သော်လည်း သူမ၏လက်များနှင့် သူမ၏ခန္ဓာကိုယ်အစွန်းများသည် တုတ်ခိုင်သော ကြိုးများအဖြစ်ကြီးထွားနေကြသည်။

မိန်းကလေးသည် ကြီးမားသော နာကြည်းမုန်းတီးမှုကို သယ်ဆောင်ထားပြီး ကောင်းမင်ကြုံတွေ့ဖူးသောမည်သည့်သရဲထက်မဆို ကြီးမားသည်။

"သူမက အနိုင်ကျင့်ခံခဲ့ရပြီး ဒီမှာရေနစ်ခံခဲ့ရတာလား "

ရေကန်က အက်ကွဲသွားသည်။မိန်းက‌လေးသည် ရေကူးကန်ကြမ်းပြင်၏အင်္ဂ‌တေထဲတွင် မြှုပ်နှံထားခံရဟန်တူသည်။မိန်းကလေးသည် လူတိုင်းကို ကြိုးများဖြင့် ချည်နှောင်၍ သူတို့အားနေရောင်ကင်းမဲ့သည့် ရေထဲတွင် ဝှက်ထားချင်နေခြင်းဖြစ်သည်။။မိန်းက‌လေးသည် ရေကူးကန်ကြမ်းပြင်၏အင်္ဂ‌တေထဲတွင် မြှုပ်နှံထားခံရဟန်တူသည်။မိန်းကလေးသည် လူတိုင်းကို ကြိုးများဖြင့် ချည်နှောင်၍ သူတို့အားနေရောင်ကင်းမဲ့သည့် ရေထဲတွင် ဝှက်ထားချင်နေခြင်းဖြစ်သည်။

"သူလာနေပြီ ! "

နာကြည်းမုန်းတီးမှုများသည် ရေလှိုင်းများကဲ့သို့ ထိုးတက်လာသည်။မိန်းကလေးအနီးရောက်လာသောအခါ ကောင်းမင်သည် ကျောင်းယူနီဖောင်းအောက်တွင် များစွာသောဒဏ်ရာများကို မြင်လိုက်ရသည်။သို့သော်လည်း ထိုဒဏ်ရာများပေါ်တွင် မာကျောသောကြေးခွံများ ကြီးထွားနေလေသည်။

ထိုအချိန်တွင် ကောင်းမင်သည် သားစားကြူးနတ်ကို ဆင့်ခေါ်လိုက်သည်။သွေးများစီးဆင်းလာသည်နှင့်လူသေဓာတ်ပုံကို ကိုင်ထားသော သူ့လက်ချောင်းများကို ဖွင့်ဟလိုက်သည်။ရူးသွပ်နေသောရေလှိုင်းလုံးကြီးသည် ရေကူးထဲရှိ ရေများကို ညစ်ပတ်သွားစေ၏။သူဌေးကျန်းတင်း တုန့်ပြန်လာချေပြီ။

ရေကူးကန်၏ကြည်လင်နေသောရေနှင့်မတူညီစွာ ကျန်းတင်း၏ရေလှိုင်းလုံးကြီးသည် ပိုမိုအင်အားကြီးပြီး ပရမ်းပတာဆန်သည်။ယင်းသည် ကမ္ဘာပေါ်ရှိအရာအားလုံးကို နစ်မြှုပ်ချင်နေခြင်းဖြစ်သည်။

မိန်းကလေး၏မျက်နှာသည် ရှုံ့မဲ့သွား၏။သူမသည် သူမရှေ့မှ သရဲများနှင့် လူသားအားလုံးကိုသတ်ပစ်ရန် ကြိုးများအားလုံးကို ဆွဲရင်း စူးစူးဝါးဝါးအော်ဟစ်လိုက်သည်။ကျန်းတင်းသည် လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။ ရေလုံးကြီးများ ပျံ့နှံ့သွားသည်။သူသည် မိန်းကလေးအား လွှမ်းခြုံချင်ရုံသာမက သူမတွင်ရှိသော အနှောင်အဖွဲ့များကို ပြန်ဖျက်ကာ သူမကို ကုသ‌ပေးရန် ကူညီချင်ခဲ့သည်။

တိုက်ခိုက်မှုသည် ချောက်နက်ထဲတွင် ဖြစ်ပွားနေ၏။ကျန်းတင်းသည် မိန်းကလေး၏နှလုံးသားထဲရှိ မုန်းတီးမှုကို အထင်လွှဲနေခဲ့သည်။အချို့သောအရာများသည် ကုသ၍မရပေ။မိန်းကလေးသည် သတ်ဖြတ်ချင်နေပြီး ကျန်းတင်းက ကုသချင်နေခဲ့သည်။ယင်းက ကျန်းတင်းကို အရေးမသာဖြစ်သွားစေခဲ့သည်။

ထိုအချင်းအရာကို အာရုံခံမိသဖြင့် ဓာတ်ပုံထဲမှ လီရှူသည် သူ့အရက်ပုလင်းကိုချ၍ ပြေးထွက်လာ၏။အခြားစူပါမားကတ်ဝန်ထမ်းများကလည်း နောက်မှ‌ထွက်လာကြသည်။ညစ်ပတ်နေသော ရေများသည် ရေကူးကန်ကို ညစ်ညမ်းသွားစေသည်။အနီရောင်မိန်းကလေးက အော်ဟစ်လိုက်သည်။သူမ၏ သန့်ရှင်းနေသောအိမ်သည် အပြင်လူများကြောင့် ညစ်ပတ်သွားဟန်ရသည်။ထိုသည်ကို မြင်လိုက်သောအခါ ကျန်းတင်းက သူ့အကူအညီအတွက် သူက သူတို့အား ရေကြီးမှုထဲတွင်သေဆုံးခဲ့သော ရေသရဲများကိုတည်ငြိမ်စေရန် ပြန်လာဖို့ အချက်ပြလိုက်သည်။

နောက်ဆုံးအကြိမ်က သူသည် ကောင်းမင်နှင့်ပိုင်ရှောင်တို့ လက်တွေ့ကမ္ဘာကို ပြန်သွားရန် တံခါးဖွင့်ပေးခဲ့ချိန်တွင် စူပါမားကတ်ကြမ်းပြင်သည် အားပျော့သွားခဲ့သည်။လူတိုင်းထွက်လာပါက အကျိုးဆက်သည် စိတ်ကူးမယဉ်နိုင်လောက်အောင် ဖြစ်သွားလိမ့်မည်ပင်။

အိမ်နီးချင်းများနှင့်ဝန်ထမ်းများက ဂရုမစိုက်ကြပေ။သူတို့သည် အကူအညီတောင်းနေသောကောင်းမင်နှင့် ချောက်နက်ထဲဆွဲချ‌ခံနေရသော သူတို့သူဌေးကိုသာ မြင်ပေသည်။လူတိုင်းထွက်လာကြသောအခါ ကောင်းမင်သည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း အာရုံရလိုက်သည်။သူ့လက်ဖဝါးထဲရှိ ဓာတ်ပုံသည် စတင်အက်ကွဲလာလေ၏။ဓာတ်ပုံထဲရှိ စူပါမားကတ်ကြမ်းပြင်သည် စတင်ပွင့်ဟ‌လာချေပြီ!။

ဝေတယိုနှင့်အခြားလူများသည် စူပါမားကတ်ထဲရှိနေသေးသည်။စူပါမားကတ်ရှိရေသရဲများ ထွက်လာပါက မင်လောင်လမ်းသည် မရဏဘုံတစ်ခု ဖြစ်သွားလိမ့်မည်ဖြစ်သည်။

ကောင်းမင်သာ် ကျန်းတင်းထံ ချက်ချင်းကူးခတ်သွားလိုက်သည်။သူဌေးက ကောင်မလေးကို လှုပ်နှိုးချင် နေသည်။ သူတို့အစွမ်းကုန်ကြိုးစားသော်လည်း စူပါမားကတ်ကြမ်းပြင်သည် ပြိုကျလာပြီး ရေသရဲအချို့ လွတ်မြောက်သွားကြသည်။

"ငါကို ရေကြီးတဲ့ဓာတ်ပုံပေး ! "

ကျန်းတင်းသည် နောက်ဆုံးအခိုက်အတန့်တွင် ဓာတ်ပုံထဲပြန်ဝင်သွား၏။သူသည် အလွန်များပြားလှသောရေသရဲများကို တစ်ယောက်တည်း မတားဆီးနိုင်ပေ။ကောင်းမင်နှင့် ဆက်သွယ်ပြောဆိုလိုက်ပြီးနောက် သူတို့သည် ရေသရဲများကို ကျောင်းရေကူးကန်ထဲပို့လွှတ်ရန် ဆုံးဖြတ်လိုက်ကြသည်။

‌ကောင်မလေး၏နီရဲနေသော မျက်နှာသည် မယုံနိုင်စွာ ရှုံ့မဲ့သွားခဲ့သည်။ထိုလူများသည် သူမ၏ နာကြည်းခြင်းအခန်းကို ဖျက်ဆီးလိုက်ရုံသာမက သူမ၏အခန်းကို သိမ်းပိုက်ချင်နေပြီး သူမအား နှင်ထုတ်ချင်နေကြသည်။

ပုံရိပ်ယောင်တစ်ခုဖြစ်ကောင်းဖြစ်နိုင်သော်လည်း ကောင်းမင်က ကောင်မလေးသည် အလွန်စိတ်ဆိုးလှသဖြင့် စကားပြောလုနီးပါးဖြစ်သွားသည်ကို ခံစားမိလိုက်သည်။သူ့တွင် သေခြင်းပုံတူကို ရေလွှမ်းမိုးမှု၏ဗဟိုအဖြစ် အသုံးပြုရန်မှတပါး ရွေးချယ်စရာမရှိပေ။

ပိတ်လှောင်ခံထားရသော ရေသရဲများသည် နောက်ဆုံးတွင် လွတ်လပ်ရေးရသွားကြသည်။သူတို့သည် သေမင်းလှိုင်းလုံးများကို ဖန်တီးလိုက်ကြသည်။‌ရွှံ့ရေနှင့်သဲရေများသည် ရေကူးကန်နံရံအား ပြင်းထန်စွာဝင်ဆောင့်နေကြ၏။

ရေကူးကန်ထဲရှိ ရေအမြင့်ကား တရိပ်ရိပ်မြင့်တက်လျက်ရှိသည်။မကြာခင်အတွင်း ရေများလျှံထွက်လာပြီး အားကစားအဆောက်အဦရှိ တခြားအခန်းများဆီ စီးဆင်းသွားတော့သည်။

All Chapters