ဒါကလည်း ငါ့မျှော်မှန်းချက်ထက် ကျော်သွားပြန်ပြီ
Vol. 9 Ch. 134
ကြည်လင်နေသော ရေကူးကန်သည် မကြာမီအတွင်း ရွှံ့အိုင်တစ်ခုအဖြစ်ပြောင်းလဲသွားသည်။ပလတ်စတစ်အိတ်များ ၊ သစ်ပင် သစ်ကိုင်းများ နှင့် အိမ်မွေးတိရိစ္ဆာန်များသည် ရေစီးကြောင့် နစ်မြှုပ်လျက်မျှောပါသွားကြသည်။ပိုးသတ်ဆေးနံ့နေရာတွင် အနံ့ဆိုးများ အစားထိုးဝင်လာ၏။လွတ်လပ်ရေးရလာသော ရေသရဲများသည် ကျောင်းကမ်းများကို စိတ်ကြိုက်ချိုးဖောက်ကြတော့သည်။သူတို့သည် ရေလုံးကြီးများ ရောက်နိုင်သည့်နေရာတိုင်းကို ကျူးကျော်ကြတော့သည်။
မင်လောင်လမ်း၏ အိမ်နီးချင်းများသည်အားနာနေပုံရသည်။ရေကူးကန်ထဲတွင် သေဆုံးခဲ့သော မိန်းကလေး၏အခြေအနေသည် အဆိုးဝါးဆုံးဖြစ်သည်။သူမ ဒေါသထွက်နေပြီးသားဖြစ်ပြီး ထိုအချင်းအရာက သူမရဲ့ ကျန်ရှိနေသေးသော ကျိုးကြောင်းဆီလျော်မှုကို ဖျက်ဆီးပစ်လိုက်လေသည်။
ကောင်းမင်သည် အသက်ရှူရန် ရေပေါ်တက်လိုက်သည်။ရေကြီးမှုသည် အားကစားဆောင်၏ ပထမထပ်ကို ရောက်ရှိနေပြီဖြစ်ကြောင်း သူသတိပြုမိလိုက်သည်။
"ဘုရားသခင်! "
ယင်းအား ရည်ရွယ်ချက်ရှိရှိလုပ်တာ မဟုတ်ကြောင်း သူကျိန်ပြောဝံ့သည်။သူသည် စူပါမားကတ်ဓာတ်ပုံအား အကူအညီအဖြစ် ယူလာခဲ့ခြင်းဖြစ်သည်။သူသည် ကျန်းတင်းနဲ့ပင် မဆက်သွယ်ခဲ့ရပေ။ကျန်းတင်းသည် ကောင်မလေးကို သနားနေသောကြောင့် သူ့ဘာသာ ထွက်လာခဲ့သည်။အရိုးသားဆုံးဆိုလျှင် စူပါမားကတ်ရှိ လူတိုင်းသည် ကြင်နာတတ်ကြသည်။အားလုံးက သူမကို ကူညီဖို့ ထွက်လာကြခြင်း ဖြစ်နိုင်ပေသည်။ သေချာတာကတော့ ထိုနည်းလမ်းက နည်းနည်းတော့မိုက်သည်။
"အကောင်းဘက်က ကြည့်ရင် အားကစားအဆောက်အဦးပေါ်သက်ရောက်နေတဲ့ ကျောင်းစည်းကမ်းတွေကတော့ ပျောက်ကွယ်သွားပြီ ၊ အခုတော့ ဒီနေရာမှာ ဘယ်သရဲမှ စည်းကမ်းကို မထိန်းသိမ်းနိုင်တော့ဘူး "
"အဆိုးဘက်ကကြည့်ရင်..."
ကောင်းမင်က ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။သူ့ အတန်းဖော်များနှင့် ကျောင်းရေကူးအဖွဲ့သည် ရေလွှမ်းမိုးမှုကြောင့် မျောပါသွားခဲ့သည်။ အော်ဟစ်သံများက နေရာအနှံ့ပင်။
ကြိုးများက ပြတ်တောက်သွားသည်။ကျောင်းသားများအတွက် ရေကူးကန်၏ ကန့်သတ်ချက်က လျော့ရဲသွားသည်။ လူတိုင်းသည် သူတို့နဲ့ အနီးဆုံးအရာများကို ဖမ်းဆုပ်၍ အသက်ရှင်သန်နိုင်ရန် ကြိုးစားနေကြသည်။
"လူတွေကို အရင်ကယ်ကြ! "
ကောင်းမင်ကိုင်ထားသော လူသေဓာတ်ပုံသည် လီစွေ့ဆည်ကျိုးပေါက်ခဲ့သောနေ့ကို နှောင့်နှေးစေခဲ့ပုံရသည်။ရေသရဲများများသည် လှိုင်းလုံးကြီးတစ်ခုဖြင့်တူ၏။ယင်းနေရာတွင် ရေသရဲများမည်မျှရှိကြောင်း မပြောနိုင်ပေ။ကျန်းတင်းသည် ရေလွှမ်းမိုးမှုကို ထိန်းမနိုင်ခင် ဖြစ်ရပ်ဆိုးသည် နာရီဝက်ခန့် ကြာမြင့်ခဲ့သည်။ ရေသရဲများ သုံးပုံတစ်ပုံခန့် လွတ်မြောက်သွားကြသည် ။
ကျန်းတင်းသည် ဓာတ်ပုံကို ခက်ခက်ခဲခဲ ပြန်ထားခဲ့သည်။ ပျက်စီးလုနီးပါးဖြစ်နေသော အားကစားအဆောက်အအုံကို ကြည့်၍ အားနာစိတ်ဖြင့်ပြောလိုက်သည်။
"ငါ အဲဒါကို လုပ်ဖို့ မရည်ရွယ်ပါဘူး၊ ငါတို့က ကူညီချင်ပါပဲကွာ"
"ခင်ဗျား ကျွန်တော့ကို တောင်းပန်ဖို့ မလိုပါဘူးဗျာ ၊ အခုကိစ္စက ရေကြီးမှုက ရေသရဲတွေက ကျန်တဲ့အဆောက်အဦးတွေကို ပျံ့နှံ့သွားပြီ ၊ ဒီဧရိယာတစ်ခုလုံး ညစ်ညမ်းသွားခဲ့ပြီ "
ရေကြီးမှုဓာတ်ပုံပေါ်ရှိအက်ကွဲကြောင်းက လျော့ပါးသွားသည်။ ကောင်းမင်က ၎င်းကို တစ်စုံတစ်ဦးကို မတွေ့မီ အမြန်သိမ်းဆည်းလိုက်သည်။
"ဒါဆို အခု ကျွန်တော်တို့ ဘာလုပ်ကြမလဲ "
ကျန်းတင်သည် ရေနှင့်ဆော့ကစားနေသော ကျန်းဖသော်ကို ဆွဲခေါ်၍ပြောလိုက်သည်။
"လွတ်သွားတဲ့ရေသရဲတွေအားလုံးကို ဖမ်းဆီးဖို့က တော်တော်ခက်တယ် ၊ ငါတို့တွေ အကူအညီတောင်းဖို့ အဆောက်အဦးပိုင်ရှင်ကို တောင်းပန်ရမယ် "
"သူဌေးကျန်း ခင်ဗျားက ဒီတာဝန်ကနေ ဘယ်လိုရှောင်ရှားလို့ရမှာလဲ "
ကောင်းမင်က နောက်ဆုံးတွင် ရေကန်အစွန်းသို့ ကူးသွားလိုက်သည်။
"ခင်ဗျားက ဒီလိုလုပ်ခဲ့တဲ့သူဖြစ်တာမို့ ခင်ဗျားဟာ ဒီနေရာရဲ့ ပိုင်ရှင်ဖြစ်လာပြီး အရာအားလုံးကို စီမံခန့်ခွဲသင့်တယ် "
"ဘယ်လို လော့ဂျစ်ကြီးလဲကွာ မင်းရဲ့ ရှုထောင့်က တော်တော်ထူးခြားတာပဲ "
ကျန်းတင်းက ထိုအရာကို ချင့်ချိန်နေ၏။ကောင်းမင်၏စကားများက အဓိပ္ပါယ်တချို့ရှိသည် ။
"ရေကြီးတာကို ဘယ်သူက ခင်ဗျားထက်ပိုပြီး ထိန်းချုပ်နိုင်မှာလဲ "
ကောင်းမင်သည် ရေကူးကန်အောက်ညွှန်ပြလိုက်သည်။အနီရောင်ယူနီဖောင်းဖြင့် မိန်းကလေးသည် ရေသရဲများနှင့် တိုက်ခိုက်နေ၏။သူမတွင် နက်ရှိုင်းသည့်နာကြည်းမှုနှင့်ကြီးမားသည့်စွမ်းအားရှိသော်လည်း ရေသရဲများမှာ များပြားလွန်းလှသည်။
"ဒါ့အပြင် ဒီကျောင်းရဲ့ အရင်မန်နေဂျာက ဒီကောင်မလေးအပေါ်မှာ ဖြစ်ရပ်ဆိုးဖြစ်ပွားဖို့ ခွင့်ပြုထားခဲ့တာ ၊ ကျွန်တော်တို့ ဘာမှ မလုပ်ဘူးဆိုရင် ခင်ဗျားရဲ့ အသိစိတ်က နာကျင်မသွားနိုင်ဘူးလား ၊ ဒီကောင်မလေးကို စူပါမားကတ်ကို ခေါ်သွားပြီး နွေးထွေးမှုနဲ့ ချစ်ခြင်းမေတ္တာတွေ ပြန်ခံစားနိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ ကြီးမားပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုနဲ့ လက်တွဲခိုင်းသင့်တယ် "
"မင်းပြောတာလဲ မှားတော့ မမှားပါဘူး "
ကောင်းမင်က ကျန်းတင်းကို ဖျောင်းဖြလိုက်သည်။ သူသည် ကျန်းဖသော်အား တဝုန်းဝုန်းထနေသောရေပေါ်တွင်ထားခဲ့လိုက်သည်။သူသည် ရေထဲသို့ပျော်ဝင်သွားပြီး အောက်သို့ ကူးခတ်သွားသည်။
အနီရောင်ကောင်မလေးသည် ရူးမတတ်ဖြစ်နေ၏။ကံအဆိုးဆုံးက ကာယဆရာ၏ 'နားလည်မှု'ဖြစ်သည် ။ သူသည် ကျောင်းစည်းကမ်းကို လိုက်နာပြီး စည်းကမ်းဖောက်ဖျက်သည့် ရေသရဲများကို တားဆီးချင်ခဲ့သည်။သူသည် အနီရောင် ၀တ်ထားသော ကောင်မလေးနှင့် ဦးဆုံးပဋိပက္ခ ဖြစ်ခဲ့ရသည်။ ရေကူးကန် ပျက်စီးသွားချိန်တွင် ကောင်မလေးသည်ကျန်းတင်းကို ရှာမတွေ့တော့သည့်အတွက် ကာယဆရာအပေါ် ဒေါသနဲ့ နာကြည်းမှုများ ထုတ်ဖော်လိုက်လေသည်။သူမသည် သူ့အားဖမ်းချုပ်ထားပြီး လွတ်မပေးခဲ့ချေ။ရေလွှမ်းမိုးမှုဒဏ်ကို သူမခံစားခဲ့ရသလို သူ့အား အတင်းအကျပ်ခံစားစေ၏။
"ဒါတွေအားလုံး နားလည်မှုလွှဲသွားတာပါ "
ကျန်းတင်းနှင့်အိမ်နီးချင်းများက အခြားသူများကို အရင်ကယ်တင်နေကြသည်။ကျောင်းသားအများစုသည် သူတို့ ဘာဖြစ်သွားမှန်းမသိခင် ရေကန်အပြင်ဘက် လွှင့်ပစ်ခံလိုက်ရသည်။
ရေအမြင့်သည် ဒူးကျော်လာပြီဖြစ်သည်။ကျောင်းသားများသည် သူတို့၏အဝတ်အစားများကို ဂရုမစိုက်ဘဲ ဒုတိယထပ်သို့ အမြန်ပြေးတက်လိုက်ကြသည်။ ကြောက်မက်ဖွယ်ကောင်းသော ရေလွှမ်းမိုးမှုကို ကြုံတွေ့ရချိန်တွင် လူနှင့် သရဲများက ထိုထဲ ပါမသွားချင်ကြပေ။
"ရေကူးအတန်းချိန်က အဆောက်အဦးတစ်ခုလုံးကို ရေကြီးစေခဲ့ပြီ "
ကောင်းမင်သည် အဝေးမသွားခဲ့ပေ။သူက အခြားကျောင်းသားများကို အာရုံစိုက်လိုက်ပြီး သူတတ်နိုင်သည့်လူမှန်သမျှကို ကယ်တင်နေခဲ့သည်။
"သွားကြတော့ဟေ! ကျောင်းသားကောင်စီက ကျောင်းသားတွေ ဒီရောက်နေကြပြီ! "
ရှေ့တံခါးအား အပြင်မှဆွဲဖွင့်လိုက်သည်။ထူးဆန်းသည့်အရာကား ရေလှိုင်းများသည် အပြင်ဘက်သို့ စီးထွက်မသွားခြင်းဖြစ်သည်။ယင်းသည် စွမ်းအားတစ်မျိုးမျိုးကြောင့် တားမြစ်ခံလိုက်ရခြင်း ဖြစ်ဟန်တူသည်။ရေလွှမ်းမိုးမှုသည် အားကစားအဆောက်အဦးတစ်ခုတည်းသာ သက်ရောက်၍ တစ်ကျောင်းလုံးကိုတော့ မသက်ရောက်နိုင်ပေ။
ကျောင်းသားကောင်စီတံဆိပ်ဖြင့် ကျောင်းသားများက အဆောက်အဦးထဲ ဝင်လာကြသည်။သူတို့သည် စည်းကမ်းမဖောက်ထားသော ကျောင်းသားအားလုံးကို လွှတ်ပေးလိုက်သည်။ဤရှုထောင့်မှကြည့်လျှင် ကျောင်းသားကောင်စီသည် ၎င်းတို့၏အလုပ်ကိုသာ လုပ်ဆောင်နေခြင်းဖြစ်သည်။ သူတို့သည် တရားမျှတမှုဘက်တွင် ရှိနေပုံရသည်။
"အခု ထွက်ခွာကြ ! "
ကျောင်းသားကောင်စီသည် အခန်း ၁၃မှ ကျောင်းသားများကို ကယ်တင်လိုက်ကြသည်။သူတို့သည် အခန်း၁၃ သည် အခြားအခန်းများနှင့်မတူကြောင်း အမိန့်တစ်မျိုးရထားပုံရသည်။ကျောင်းသားကောင်စီသည် အဝတ်လဲခန်းထဲတွင်ကျန်ရစ်ခဲ့သောအခန်း၁၃ကျောင်းသားများ၏ ယူနီဖောင်းနှင့်ဖုန်းများကိုပင် သယ်ပေးခဲ့ကြပေသည်။
အပြင်ဘက်မှာကား မိုးရွာသွန်းနေဆဲပင်။လူတိုင်းသည် ခိုက်ခိုက်တုန်နေပြီး ဆာလောင်နေကြသည်။သူတို့သည် မောပန်း၍ အလွန်ကြောက်ရွံ့နေကြသည်။သူတို့သည် ကံဆိုးမှုမှ ရှင်သန်နိုင်ခဲ့သည့်အတွက် ဝမ်းမသာနိုင်ကြပေ။ယခုသည် သူတို့၏ပထမဆုံးအတန်းတက်နေ့ဖြစ်ကြောင်းသိကြပြီး ကျောင်းပြီးရန် နောက်ထပ်ခြောက်ရက်ရှင်သန်နိုင်ရန် လိုအပ်ပေသည်။ကောင်းမင်ကလွှဲ၍ လူတိုင်းသည် အဆိုးကိုသာ တွေးနေမိကြသည်။
အားကစားအတန်းသည် မူလက ခက်ခဲမှု (၁)သာရှိခဲ့သော်လည်း ရေလွှမ်းမိုးမှုကို လွတ်ပေးလိုက်သောအခါတွင် ၁၀ အထိ ခုန်တက်သွားခဲ့သည်။
ကျောင်းက ကျောင်းသားကောင်စီကို ချက်ခြင်းလွှတ်လိုက်ပြီး လူတိုင်းကို သတ်ပစ်မည်ကို ကောင်းမင်စိုးရိမ်နေ၏။
စီဆန်းသည် တုပိုင်ဖက်လျက် ငိုယိုနေပြီး ရေဆိုးများကို အန်ထုတ်နေလေသည်။ဝမ်ကျား၏မျက်နှာသည် သွေးများပေကံနေသည်။သူ့မျက်လုံးများတွင် စိတ်ပျက်အားငယ်ခြင်းများ ပြည့်နေသည်။
"ငါတို့က ငါတို့အပေါ်လက်စားချေမယ် ၅၁ယောက်မြောက်ကျောင်းသားရဲ့ဆန္ဒကို အထင်လွဲမိခဲ့တယ် ထင်ပါရဲ့ "
ကောင်းမင်က သူ့ဆံပင်များကို ပွတ်သပ်၍ နူးညံ့စွာဖြင့် ခပ်တိုးတိုးပြောလိုက်သည်။
"ငါတို့က လင်းတဲ့ဘက်ခြမ်းကိုပဲ ကြည့်သင့်တယ်လေ ၊ နောက်အတန်းတွေက ခက်ခဲတော့မှာ မဟုတ်ပါဘူး "
"မင်းက အရမ်းအကောင်းမြင်လွန်းနေတာပဲ ၊ ဒီကျောင်းကြီးက ငါတို့ကို သေတဲ့အထိ နှိပ်စက်ချင်နေတာဟ! "
တုပိုင်သည် ကြွက်စုတ်ရေမွှန်းဖြစ်နေလေသည်။အစောကတည်းက ရေလှိုင်းများက သူ့ကို ဆွဲခေါ်သွားသဖြင့် သူ့ပါးစပ်သည် ရွှံ့များသဲများဖြင့် ညစ်ပတ်နေလေသည်။
"ချီးပဲ ! ဘာလို့ ငါတို့ကို သတ်ပဲ မသတ်လိုက်တာလဲ ! ဘာလို့ ဒီလိုမျိုးတွေ နှိပ်စက်နေရတာလဲ "
ကျောင်းသားကောင်စီက အားကစားအဆောက်အဦးကို ချိတ်ပိတ်လိုက်သည်။သင်ကြားရေးအိုင်ဒီဖြင့် ဆရာများက အပြေးအလွှားရောက်လာကြသည်။နှစ်ဖွဲ့လုံးသည် အခန်း ၁၃ဘေးတွင် ဝန်းရံနေကြလေသည်။
စာရင်းကောက်ယူပြီးနောက် ကျောင်းသားကောင်စီက ကျောင်းသားများကို အဝတ်အစားများ ပြန်ပေးလိုက်သည်။ ထို့နောက် သူတို့သည် ဌာနဝတ်စုံဝတ် ဆရာများနှင့် ထိပ်တိုက်တွေ့ဆုံကြတော့သည်။ အားကစားအဆောက်အအုံထဲ ဘယ်အဖွဲ့မှ မဝင်ကြပေ။
အားကစားအဆောက်အဦးကို မည်သူက ပစ်မှတ်ထားခဲ့မှန်း ကျောင်းရော စီတုအန်းရော မသိပေ။ဘယ်သူက စည်းကမ်းကို အရင်ချိုးဖောက်ခဲ့ကြောင်း မရှင်းလင်းချေ။နှစ်ဖွဲ့လုံးက အခန်း ၁၃အပေါ် အာရုံစိုက်နေကြသည်။
"ဟမ် "
တုပိုင်သည် သူ့အကျင့်အတိုင်း ဖုန်းကို ထုတ်ကြည့်လိုက်သည်။
"မင်းတို့ဖုန်းတွေကို ကြည့်လိုက်စမ်း ! အဝတ်လဲခန်းမှာ ငါတို့ဖုန်းတွေကို ထားခဲ့တုန်းက တစ်ယောက်ယောက်က ငါတို့ဖုန်းတွေသုံးပြီး မက်ဆေ့ပို့ထားတယ် ! "
လူတိုင်းသည် သူတို့မက်ဆေ့များကို စစ်ဆေးလိုက်ကြသည်။သူတို့ဖုန်းတိုင်းတွင် အမည်မသိနံပါတ်တစ်ခုဆီသို့ ပို့ထားသော မက်ဆေ့အသစ်တစ်စောင်စီ ရှိနေသည်။အကြောင်းအရာများက မတူညီကြချေ။
အချို့က အသံထွက်ဖတ်လိုက်သည်။
"ဒီကို လာခဲ့ ငါတို့ မင်းကို စောင့်နေတာ "
အခြားလူများက ရေရွက်လိုက်သည်။
"သတိထား ! သူတို့က မင်းကိုလိမ်နေတာ ! မလာခဲ့နဲ့ ! "
"ငါတို့အားလုံးဟာ နံပါတ်တစ်ခုတည်းကိုပဲ မက်ဆေ့ပို့ခဲ့ကြတာပဲ ၊ ဒီမက်ဆေ့တွေက လွန်ခဲ့တဲ့ဆယ်နှစ်က ဘတ်စ်ကားပေါ်မပါလာတဲ့ ကျောင်းသားကို ငါတို့ပို့ခဲ့တဲ့မက်ဆေ့တွေများလား "
ကောင်းမင်က သူ့မက်ဆေ့ကို ဘယ်သူမှ မမြင်စေခဲ့ပေ။ယင်းသည် သူတို့၏ရပ်တည်ချက်ကို ကိုယ်စားပြုသောကြောင့် ဖြစ်သည်။
အချို့လူများက ၅၁ယောက်မြောက်ကျောင်းသားကို ဓားစာခံဖြစ်စေရန် တိုက်တွန်းခဲ့ကြသည်။အခြားသူများက သူ့အား အက်ဆီးဒင့်ဖြစ်ရာနေရာကို လာနေခြင်းကို သတိပေးခဲ့ကြသည်။လူသားများ၏ လှပမှု ၊အရုပ်ဆိုးမှု ၊ ကြီးမြတ်မှုနှင့် ယုတ်မာမှုတို့ကို မက်ဆေ့များထဲတွင် ပြသနေ၏။
"အတန်းချိန်တွေအားလုံးမှာ ကိုယ်ပိုင်အဓိပ္ပါယ်တွေရှိတယ် ၊ ရေကူးအတန်းဟာ ငါတို့ဖုန်းတွေကို အနီးကပ်ရသွားစေမယ့် "တစ်ခုခု" အတွက်ပဲ "
"ဒီကျောင်းဟာ တခြားအစီအစဉ်တွေ ရှိနေနိုင်တယ် ဒါပေမယ့် အားကစားအဆောက်အဦးကတော့ ငါ့ကြောင့် ရေကြီးသွားရပြီ "
တချို့ ကျောင်းသရဲပုံပြင်များတွင် တချို့ကျောင်းသားများသည် ကျောင်းသို့သွားခဲ့ပြီး ပျောက်ဆုံးသွားခဲ့ကြသည်။အခြားကျောင်းသရဲပုံပြင်ထဲတွင်တော့ ကျောင်းသားက ကျောင်းသွားခဲ့ပြီး ကျောင်းကြီးပျောက်ဆုံးသွားလေသည်။