ပန်းချီကားများ
Vol. 9 Ch. 135
"ကျိုးကျွင်း ငါ့ကို အဝတ်လေး ရှာပေးပါလား "
ကျိုးကျွင်းနောက်မှ လိုက်လာသောချင်ကျွင်းရန်သည် ရေကူးဘောင်းဘီတိုလေးနဲ့ ဖြစ်သည်။သူသည် လွန်စွာ သနားဖွယ်ရာဖြစ်နေ၏။
"ပါးစပ်ပိတ်ထား ! "
ကျိုးကျွင်းက မျက်နှာမည်းဖြင့်ပြောလိုက်သည်။သူသည် ရေကူးဘောင်းဘီအပေါ်တွင် ဌာနယူနီဖောင်းကို ဝတ်ဆင်ထားသည်။
"မင်းက ငါ့ကို သေခါနီးဖြစ်အောင်လုပ်နေတယ်ဆိုတာ မင်းသိလား "
"ဘယ်လိုလဲ "
ချင်ကျွင်းရန်က သူ့ရင်ဘတ်ကို ဖိလိုက်သည်။
"ကျောင်းဆေးခန်းက လူတွေကို ကယ်တင်တဲ့နေရာမဟုတ်လား ၊ အဲ့တာက ကြောက်စရာကောင်းလို့လား "
"မင်း တခြားနေရာတွေကို သွားရင် မင်းဘယ်လိုသေသွားလဲဆိုတာ သိရဦးမယ် ၊ ကျောင်းဆေးခန်းမှာတော့ မင်းသေချင်တောင် သေလို့မရဘူးကွ ! အဲ့မှာ ပုန်းနေတဲ့ အရမ်းထူးခြားတဲ့ သရဲနီကြီးတစ်ကောင်ရှိတယ် ! "
ကျိုးကျွင်းက ပြင်းထန်စွာပြောလိုက်သည်။သူက ချင်ကျွင်းရန်အား ကျောင်းဆေးခန်းသို့ ခေါ်မသွားခဲ့ပေ။သူသည် စီတုအန်းထိန်းချုပ်ထားသော ရုံးခန်းအဆောက်အဦးသို့သွားကာ တတိယထပ်ရှိ ပြတင်းပေါက်တွင် ပုန်းနေခဲ့သည်။
"သရဲနီဆိုတာ ဘာလဲကွ "
"မင်းဘယ်တော့မှ မတွေ့ချင်မယ့် တစ်စုံတစ်ခုလို့ပဲ မှတ်ထား ၊ ဒီနေရာက သရဲနီအများအပြားကို ဆွဲဆောင်ထားခဲ့တာ ၊ မင်း ကောင်းကောင်းနာခံသင့်တယ် "
ကျိုးကျွင်းက ချင်ကျွင်းရန်အား အေးစက်စက်တစ်ချက်ကြည့်လိုက်သည်။
"ငါတို့ပြန်သွားပြီးရင် ဘာမှ မပြောနဲ့ ! မင်းမလုပ်သင့်တာ ဘာမှ မလုပ်နဲ့ ! စုံစမ်းစစ်ဆေးရေးဌာနက ညွှန်ကြားချက်တွေအတိုင်း လိုက်နာပါ ! "
"ဒါဆို အခုငါတို့ အားကစားအဆောက်အဦးကို ပြန်သွားတော့မှာလား "
ချင်ကျွင်းရန်သည် ဘောင်းဘီတိုလေးတစ်ထည်ဖြင့် အေးစက်မှုကြောင့် ခိုက်ခိုက်တုန်နေလေသည်။
"ရေကူးအတန်းပြီးသွားဖို့လိုတယ် ၊ ကာယဆရာနဲ့ ဘာပြဿနာမှ မတက်စေနဲ့ ၊ နေ့လယ်ကျရင် ငါတို့လူတွေက အတန်းတွေကို တာဝန်ယူလိမ့်မယ် "
ကျိုးကျွင်းသည် အချိန်ဇယားကို ပြန်တွေးလိုက်သည်။
"နေ့လယ်အတန်းချိန်တွေမှာ ဘာမတော်တဆမှုမှ ဖြစ်လို့မရဘူး "
"ဒါပေမယ့်..."
ချင်ကျွင်းရန်သည် ပြတင်းပေါက်မှတဆင့်အားကစားအဆောက်အဦး၏ အတွင်းပိုင်းအခြေအနေကို မြင်လိုက်ရသည်။
"ဒါပေမယ့်ဆိုတာ မရှိဘူးကွ ! "
ကျိုးကျွင်းသည် ချင်ကျွင်းရန်ကို သတ်ချင်နေခဲ့သည်။သို့သော်လည်း သူသည် အခန်း၁၃၏ အစိတ်အပိုင်းဖြစ်ပြီး အခန်း ၁၃သည် အလွန်ထူးခြား၏။
"ဒါပေမယ့် ကြည့်လိုက်ဦး ! "
ချင်ကျွင်းရန်က ပြတင်းပေါက်အပြင်ဘက်သို့ ထုံထုံထိုင်းထိုင်းဖြင့် ညွှန်ပြလိုက်သည်။
"အားကစားအဆောက်အဦးက ရေကြီးနေသလိုပဲ !"
"ဘာ "
ကျိုးကျွင်းက ချင်ကျွင်းရန်အား လျှောက်လမ်းပေါ်တွန်းထုတ်လိုက်သည်။ကျိန်ဆဲလိုက်ပြီး အားကစားအဆောက်အဦးဆီသို့ ပြေးသွားလိုက်သည်။ ချင်ကျွင်းရန်က ရေကူးဘောင်းဘီတိုလေးဖြင့် အော်ဟစ်ပြီး နောက်မှ ပြေးလိုက်လာလေ၏။
အခန်း ၁၃ကျောင်းသားများသည် အဆောက်အဦးအပြင်ဘက်တွင် စုဝေးနေကြသည်။သူတို့သည် သူတို့ပို့ထားသော မက်ဆေ့များကို မြင်ခဲ့ရသည်။အချို့က သူတို့မက်ဆေ့များကို မတော်တဆ ဖော်ထုတ်မိခဲ့ကြသည်။အခြားလူများက သူတို့ဖုန်းများကို ဝှက်ထားကြ၏။မက်ဆေ့သည် သူတို့၏အကြီးမားဆုံးလျို့ဝှက်ချက်ဖြစ်လာတော့သည်။
အရင်က ၅၁ယောက်မြောက်ကျောင်းသားကို ပြန်လာရန် မက်ဆေ့ပို့ခဲ့သော လူများသည် လူသတ်သမားများဖြစ်ကြသည်။လူများစွာသည် ထိုရွေးချယ်မှုကို ပြုလုပ်ခဲ့သော်လည်း အများရှေ့မှာ ဝန်ခံမည်ဟုဆိုလိုခြင်း မဟုတ်ပေ။
"မက်ဆေ့ခ်ျတွေရဲ့ အသွင်အပြင် အရာတစ်ခုကို သက်သေပြတယ် ၊ ငါက လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ဘတ်စ်ကားပေါ် တက်ခဲ့တယ်၊ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က အဲဒီစက်ဝန်းထဲမှာ ငါသေခဲ့သင့်တယ် ဒါပေမယ့် ငါက ဒုတိယစက်ဝန်းထဲကို တစ်နည်းနည်းနဲ့ ဝင်သွားခဲ့တာပဲ "
ကောင်းမင်၏ အတွေးများကို သူ့အတန်းဖော်များက နားလည်နိုင်မည် မဟုတ်ပေ။
"ငါက ပထမသံသရာစက်ဝိုင်းပဲ ၊ ငါသေပြီးနောက် ငါကဥမင်ထဲရောက်သွားလိမ့်မယ် ၊ လွန်ခဲ့ဆယ်နှစ်က ဘတ်စ်ကားဟာ ဒုတိယသံသရာစက်ဝိုင်းဖြစ်လိမ့်မယ် ၊ ဒါဆို ဒုတိယသံသရာစက်ဝိုင်းကိုနိူးဆွဖို့အတွက် ဘယ်လိုအခြေအနေဖြစ်ခဲ့တာလဲ ၊ အကယ်၍ လူတစ်ယောက်သေဆုံးတာ သံသရာစက်ဝိုင်းကိုစတင်ခဲ့ရင် ဒုတိယသံသရာစက်ဝိုင်းဟာ အစောကတည်းက စခဲ့တာဖြစ်ရမယ် ဒါမှမဟုတ် ၅၁ယောက်မြောက် ကျောင်းသားအသက်ရှင်နေချိန်မှပဲ သံသရာစက်ဝိုင်းက စတင်မှာလား "
ထိုညတွင် လူ၅၀ သည် ဘတ်စ်ကားပေါ်တွင် ရှိနေခဲ့ပြီး လူတစ်ယောက်သည် ကားပေါ်တွင်မရှိပေ။တစ်ဖက်သည် စတေးခံအဖြစ် အသေခံရမည်ဖြစ်သည်။ အကယ်၍ နှစ်ဖက်လုံးရှင်သန်လိုပါက သူတို့အား ကံကြမ္မာက ရှာဖွေတွေ့ရှိပြီး သံသရာစက်ဝိုင်းကို ပြန်လည်စတင်တော့မည် ဖြစ်သည်။
"လွန်ခဲ့တဲ့ဆယ်နှစ်က ဒါကို လူတစ်ယောက်က အကွက်ချခဲ့တယ်လို့ ခံစားရတယ် ၊ သူတို့က နောက်သံသရာစက်ဝိုင်းတစ်ခုကို ဝှက်ထားဖို့ သံသရာစက်ဝိုင်းကိုသုံးခဲ့တာ "
ကောင်းမင်သည် တခဏအတွင်း လေးခုစက်ဝန်းသီအိုရီကို တွေးတောလိုက်သည်။ အလွှာများသည် တစ်ခုနှင့်တစ်ခု ထပ်နေသည်။ ယင်းသည် တရားခံက ကံကြမ္မာကို လှည့်စားရန်စီစဥ်ခဲ့ပုံနှင့်ကောင်းမင်ကဲ့သို့ မူမမှန်မှုတစ်ခု ထွက်ပေါ်လာပုံဖြစ်သည်။
ယင်းသည် ရူးနှမ်းသော အတွေးတစ်ခုဖြစ်သည်။ကောင်းမင်သည် သေခြင်းမှတ်ဉာဏ်များပြည့်နေသော သူ့နှလုံးကို ဖိထားခဲ့သည်။ထို့သို့အဆုံးမဲ့ စိတ်ပျက်အားငယ်မှုမျိုးသည် ဘယ်လိုအဆုံးသတ်မျိုးနဲ့ ကိုက်ညီမည်ကို သူမစဉ်းစားတတ်တော့ပေ။
"အဲ့ဒီမှာပဲ ရပ်မနေကြနဲ့ ! "
ကျိုးကျွင်းသည် ချင်ကျွင်းရန်နှင့်အတူ ရောက်လာခဲ့သည်။သူတို့၏အဝတ်အစားနှင့်ဖုန်းများကို ရှာဖွေလိုက်ကြသည်။ကျိုးကျွင်းက သူ့ဖုန်းကို အိတ်ကပ်ထဲ ထည့်လိုက်သည်။သူက ဌာနယူနီဖောင်းဖြင့် ဆရာများဖြင့် စကားပြောဆိုလိုက်သည်။ချင်ကျွင်းရန်သည် သူ့အဝတ်အစားများဝတ်ရန်သာ အာရုံစိုက်ထားလိုက်သည်။အတန်းဖော်အချို့၏ လှည့်စားခံရမှုကြောင့် သူသည် လူတိုင်းရှေ့တွင် သူ့မက်ဆေ့ကို ဖွင့်လိုက်မိသည်။
လူတိုင်းက ကြည့်ရှုလိုက်ကြသည်။ချင်ကျွင်းရန်၏ ဖုန်းထဲတွင် ရှည်လျားသော မက်ဆေ့တစ်စောင့် ထွက်ပေါ်လာ၏။
"မင်းလာဖို့အတွက်တော့ အဆင်မပြေဘူးကွာ... ဒါပေမယ့် မင်းမလာရင် ငါ့အတွက်တော့ ပြီးသွားပြီ ငါ့မှာ မိသားစုရှိသေးတယ်... မင်းလာသင့်တယ် လူတိုင်းက မင်းကိုလွမ်းနေကြတယ် "
ချင်ကျွင်းရန် ကျောင်းမှာကတည်းက ထိုကဲ့သို့ လူမျိုးဖြစ်သည်။သူသည် ကြားနေသူတစ်ယောက်ဖြစ်သည်။သူသည် ထိုမက်ဆေ့ကို ပို့ခဲ့သူဖြစ်ကြောင်း ထင်ရှားသော်လည်း သူသည် ယင်းအပေါ်အာရုံမထားပေ။
"ငါတို့တော့ လူသတ်သမားတစ်ယောက်ကို အတည်ပြုလိုက်ပြီ "
တုပိုင်က ချင်ကျွင်းရန်ကို ကျော်၍လျှောက်လိုက်ပြီး ညည်းတွားလိုက်သည်။
"ဘာလူသတ်သမားလဲ "
ချင်ကျွင်းရန်သည် သူ့အဝတ်အစားများကို ဝတ်ဆင်ပြီး နောက်ဆုံးတွင် သူ့အခြေအနေကို ဖမ်းဆုပ်မိလိုက်သည်။ သူ နှာချေမိသွား၏။ သူပိုသိချင်သော်လည်း သူ့အတန်းဖော်များက သူနဲ့ဝေးရာသို့ ရှဲသွားကြသည်။
မနက်ပိုင်းအတန်းသည် ထိုကဲ့သို့ ပြီးဆုံးသွားလေ၏။နေ့လည်စာစားချိန်တွင် တစ်နေ့တာ၏ပျော်ရွှင်မှုသည် အဆုံးသတ်သွားခဲ့သည်။ကျောင်းသားအများစုသည် အတူတူမထိုင်ကြတော့ပေ။
"မက်ဆေ့တွေက ငါတို့ကို လူထပ်ခွဲနေတာပဲကွ "
အခန်း ၁၃၁၄မှ လူများက အတူတူထိုင်နေကြဆဲဖြစ်သည်။ဝမ်ကျားသည် သူ့ဖုန်းကို စားပွဲပေါ်ပွင့်ပွင့်လင်းလင်းတင်လိုက်သည်။
"တကယ်တော့ ဘာမှဖုံးကွယ်ထားစရာမရှိဘူး ၊ မင်းတို့ ငါ့အကျင့်ကို သိကြတယ် ၊ လူတစ်ယောက်ကို စတေးတာက လူတိုင်းကို ကယ်တင်နိုင်မယ်ဆိုရင် ငါသူ့ကို စတေးဖို့ ရွေးချယ်မှာ အသေအချာပဲ "
ဝမ်ကျားက သူ့မက်ဆေ့ကို နှိပ်လိုက်သည်။သူက ဖုံးကွယ်မထားခဲ့ပေ။အကြောင်းအရာကား အလွန်တိုက်ရိုက်ဆန်သည်။သူသည် ၅၁ယောက်မြောက်ကျောင်းသားကို ရောက်လာရန်မျှော်လင့်ခဲ့သည်။
"မင်းလိုလူမျိုးက အနည်းစုပဲ "
စီဆန်းစကားပြောမပြီးသေးခင် တုပိုင်က သူ့မက်ဆေ့ကိုပြသလိုက်၏။သူသည်လည်း ၅၁ယောက်မြောက် ကျောင်းသားကို လိမ်ညာခဲ့သည်။
"မင်းတို့နှစ်ယောက်ကရော "
ဝမ်ကျားနဲ့အတူ ထိုင်နေသော တုပိုင်သည် မျက်နှာချင်းဆိုင်ရှိ စီဆန်းနှင့်ကောင်းမင်ကို ကြည့်လိုက်သည်။
"အဆုံးသတ်မှာတော့ ကျောင်းသားအများစုက သူ့ကို စတေးဖို့ ရွေးချယ်ခဲ့ကြတာပဲ "
"ငါ..."
စီဆန်းက ခေါင်းရမ်းလိုက်ပြီး အစားအသောက်ကိုသာ အာရုံစိုက်လိုက်လေသည်။ကောင်းမင်ကတော့ တစ်ခွန်းမှ ဝင်မပြောခဲ့ပေ။
မကြာခင်မှာပဲ နေ့လယ်စာ စားပြီးသွားကြသည်။နေ့လယ်ခင်း၏ ပထမအတန်းသည် ဘာသာစကားဖြစ်သည်။ဌာနယူနီဖောင်းဖြင့်ဆရာသည် အမျိုးမျိုးသော ဇုန်များကို ရှင်းပြနေ၏။သူသည် တားမြစ်ဇုန်များအဖြစ် အားကစားအဆောက်အဦးနှင့် ဓာတ်ခွဲခန်းအဆောက်အဦးတို့ကို စာရင်းပြုစုထားသည်။အတန်းသည် ပျင်းဖို့ကောင်းသော်လည်း ကျောင်းသားများက အတန်းကို ဘယ်တော့မှ မပြီးဆုံးစေရန် ဆုတောင်းနေကြသည်။အနည်းဆုံးတော့ သူတို့သည် အတန်းထဲတွင် သရဲတစ်ကောင်ကို ရင်ဆိုင်ရန် မလိုအပ်ပေ။ခေါင်းလောင်းသံမြည်လာသည်နှင့် ကျောင်းသားများသည် ထပ်မံ၍ နှလုံးခုန်မြန်လာကြ၏။
နောက်အတန်းချိန်သည် အနုပညာအတန်းဖြစ်သည်။အတန်းသည် ဓာတ်ခွဲခန်းအဆောက်အဦးရှိ အခန်း ၂၁၀၃ တွင်ဖြစ်သည်။အခန်း ၂၁၀၄၊ အနုပညာစာသင်ခန်းသည် တားမြစ်ဇုန်များထဲမှ တစ်ခုဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးဌာနမှ ဆရာမက ပြောကြားလိုက်သည်။ သူတို့အခန်းသည် ယင်းအခန်းဘေးတွင် ရှိနေခြင်းဖြစ်သည်။
"ငါတို့ ဒါကိုတော့ ရှောင်လွှဲလို့မရဘူး ငါတို့ စောစောသွားပြီး အနုပညာဆရာဆီက အထင်မြင်ကောင်း ရအောင်လုပ်ရမယ် "
စီဆန်းသည် သူ၏ရုန်းကန်မှုကို စွန့်လွှတ်လိုက်သည်။ သူသည် သင်္ချာအဆောက်အဦးမှ ထွက်၍ ဓာတ်ခွဲခန်းအဆောက်အဦးဆီသို့ ဦးဆောင်သွားလိုက်လေသည်။
အဆောက်အဦးနှစ်ခုသည် ကျောင်းဝင်းတစ်ခုတည်းတွင်ရှိသော်လည်း လုံးဝမတူညီသော ခံစားချက်များ ပေးစွမ်း၏။သင်္ချာအဆောက်အဦးသည် နေအတုဖြင့် ဖုံးအုပ်ထားသလို ခံစားရသည်။ ဓာတ်ခွဲခန်း အဆောက်အဦးကား မြေအောက်တွင် နစ်မြုပ်နေသလို ခံစားရခြင်းဖြစ်သည်။ နံရံများပင် အေးစိမ့်စိမ့်ဖြစ်နေ၏။
အခန်း ၂၁၀၃တံခါးကို တွန်းဖွင့်လိုက်သောအခါ အခန်းထဲတွင် ပန်းချီဒေါက်တိုင်များပြည့်နေလေသည်။ပန်းချီဒေါက်တိုင်များတွင် အဖြူရောင် ကင်းဗတ်စများ ရှိနေသည်။ကျောင်းသားများက အခန်းထဲ လှမ်းဝင်လိုက်ကြသည်။ခေါင်းလောင်းသံမြည်လာသောအခါ အခန်းတံခါးသည် သူ့ဘာသာ ပိတ်သွားတော့သည်။
စာသင်ပုန်းပေါ်ရှိအဝတ်သည် လျှောကျသွား၏။သင်ပုန်းပေါ်တွင် ရှုပ်ထွေးနေသော ပန်းချီကားငါးချပ်ချိတ်ဆွဲထားသည်။
တားမြစ်ခန်းဖြစ်သော တံခါးတစ်ဖက်"ပန်းချီကားငါးခုမှာ တစ်ခုက လူသတ်သမားဆွဲထားတာ ၊ နောက်လေးခုက သေဆုံးသူတွေ ဆွဲထားတာပဲ ၊ လူသတ်သမားရဲ့ ပန်းချီကားကို ရှာတွေ့ပြီး မင်းတို့ရဲ့ ကင်းဗတ်ပေါ်မှာ ကူးဆွဲဖို့ မိနစ်သုံးဆယ် အချိန်ရမယ် "
ရှိအနုပညာအခန်း ၂၁၀၄မှ အမျိုးသမီးတစ်ယောက်၏အသံ ထွက်ပေါ်လာ၏။