← Chapters

ရှုယင်းရင်၏ တောင်းဆိုမှု

Vol. 6 Ch. 76

ရှုယင်းရင်၏ တောင်းဆိုမှု

Vol. 6 Ch. 76

သူ ဘယ်သောအခါမှ အိပ်မက်မမက်ဖူးပေ။

ကြယ်လေးလုံးဝိညာဥ်သခင်ကိုရှောင်ဖို့ အထီးကျန်လှေမြို့မှ အဝေးတစ်နေရာကို မိသားစုတစ်ခုလုံး ရွေ့ပြောင်းဖို့ဆုံးဖြတ်ခဲ့၏။

မထွက်ခွာခင် သူ့ကလန်ဂုဏ်သိက္ခာအချို့ ပြန်ရဖို့ ဂျန်ဖန်းဆီက တန်းဖိုးတစ်ခု လာတောင်းတာပဲဖြစ်သည်။

မည်သူထင်ထားမည်နည်း။

သူပြဿနာလာရှာသည့်ဂျန်ဖန်းက ကြယ်လေးလုံးဝိညာဥ်သခင်ဖြစ်နေခဲ့သည်။

အောက်ခြေမရှိသည့်ချောက်နက်ထဲကျသွားသကဲ့သို့ ခံစားလိုက်ရပြီး သူ့နှလုံးသားက အကန့်အသတ်မရှိသည့် ကြေက်ရွံ့မှုတွေနှင့် ဖုံးလွမ်းသွားကာ နေရာမှာပဲ အေးခဲသွားခဲ့သည်။

ချင်ချန်ရှန် လူအိုကြီး၏ပုံမှန်မဟုတ်သည့် အခြေအနေကို သတိမထားမိပေ။

သူက မောက်မာစွာလှောင်ပြောင်လိုက်၏။

“ဂျန်ဖန်း, မင်းခုထိ ဒူးမထောက်မသေးဘူးလား….”

“ဒီနည်းနဲ့ဆိုရင် ခေါင်းဆောင်ဟောင်းက မင်းကို သက်ညှာကောင်းသက်ညှာပေးလိမ့်မယ်….”

ရှုကျန်ယန်လည်း အလွန်မတန်ရှက်သွားခဲ့သည်။

သူက အနည်းငယ်အံကြိတ်လိုက်ပြီး ချင်းဝမ်ယွမ်ရှေ့၌ ဒူးထောက်လိုက်၏။

“အကြီးအကဲချင်….”

“ငါ ဂျန်ဖန်းကိုယ်စားဒူးထောက်ပါ့မယ်။ မင်းသူ့ကို ဘာပဲလုပ်ချင်ချင် ငါခံယူပါ့မယ်….”

ဘာပဲဖြစ်ဖြစ် ဂျန်ဖန်းက ရှုမိသားစုအတွက်ပြဿနာတက်ရတာ ဖြစ်၏။

သူက ဂျန်ဖန်းကို ဘယ်လိုလုပ် တစ်ယောက်တည်း ရင်ဆိုင်းခိုင်းနိုင်မည်နည်း။

ချင်းချန်ရှန် ဒေါသထွက်သွားပြီး ရှုကျန်းယန်ကို ပိတ်ကန်လိုက်သည်။

“ရှုကျန်းယန်, မင်းကိုယ်မင်း ဘယ်သူထင်နေတာလဲ….”

“ဂျန်ဖန်းအတွက်အပြစ်ဒဏ်ခံဖို့ မင်းကို ဘယ်သူက မျက်နှာသာပေးလို့လဲ…..”

“ထွက်သွား…. ဒီနေ့ ဒီခွေးမသားလေးကို ဘယ်သူမှ မကယ်နိုင်ဘူး…..”

ထိုမြင်ကွင်းကိုကြည့်ပြီး ဂျန်ဖန်း မျက်လုံးတွေအေးစက်လာခဲ့သည်။

သူက ရှုကျန်းယန်ကို မတ်တပ်ရပ်ဖို့ ကူညီပေးလိုက်ပြီး ချင်းချန်ရှန်ဆီ စူးစူးဝါးဝါးအကြည့်တွေဖြင့် လျှောက်သွားလိုက်သည်။

ချင်မိသားစုက တကယ်လွန်လွန်းနေပြီပဲ ဖြစ်သည်။

ချင်ချန်ရှန် ဒေါသဖြစ်မသွားပဲ ရယ်လိုက်သည်။

“လူအိုကြီး, ဒီကောင့်ကိုကြည့်ပါအုန်း။ ဒီခွေးမသားလေး ဘယ်လောက်တောင် မာနကြီးပြီး ရမ်းကားနေလဲဆိုတာ….”

“မင်းရှေ့မှာတောင် သူက ရိုင်းရိုင်းစိုင်းစိုင်း ပြုမူနေတုန်းပဲ…..”

“သူ့ကို အလွတ်မပေးနဲ့၊ ဘယ်တော့မှလွတ်…..”

ဖြန်း!

ရုတ်တရက်…..

အနက်ရောင်အရိပ်တစ်ခုဖျတ်ကနဲ လှုပ်ရှားသွားပြီး ချင်းချန်ရှန်မျက်နှာ လက်ဝါးတစ်ချက်လက်ခံရရှိလိုက်၏။

သူက လက်ပိုင်ရှင်ကိုကြည့်လိုက်သည့်အခါ စိတ်ရှုပ်ထွေးသွားခဲ့သည်။

“လူအိုကြီး, ဘာလို့ငါ့ကိုရိုက်တာလဲ…..”

ရိုက်လိုက်သည့်တစ်ယောက်က ဂျန်ဖန်း မဟုတ်ဘူးလား……

သို့ပေမယ့် သူက လူအိုကြီး၏မျက်နှာကို မြင်သည့်အခါ ခက်ခက်ခဲခဲ သံတွေးမျိုးချ လိုက်ရသည်။

ထိုအခိုက်အတန့်၌ လူအိုကြီးမျက်ခုံးတွေ ထောင်နေပြီး အသွင်အပြင်က ဒေါသကြောင့် တွန့်လိမ်နေခဲ့သည်။

မျက်လုံးတွေလည်း ဒေါသမီးတွေပြည့်နှက်နေပြီး မကြုံစဖူး ဒေါသတကြီး ဟိန်းဟောက်လိုက်၏။

“အသုံးမကျတဲ့ကောင်… မင်းလို သားမျိုးပျိုးထောင်ပေးမိတာ ငါ ချင်ဝမ်ယွမ် ဘဝ ၈ ခုလောက်ကံဆိုးတာပဲ……”

သူ့တစ်ကိုယ်လုံး ဒေါသကြောင့်တုန်ယင်နေပြီး အရှင်လတ်လတ်စားချင်သလို ကြည့်နေခဲ့သည်။

ချင်ချန်ရှန် နီရဲနေသည့်သူ့ပါးကိုကိုင်ပြီး ပြောလိုက်သည်။

“လူအိုကြီး, မင်းနဲ့ပတ်သက်ပြီး ဘာမှားနေတာလဲ….”

စိတ်ရှုပ်ထွေးသွားတာ သူတစ်ယောက်တည်းမဟုတ်ပေ။

ရှုကျန်းယန်နှင့် ရှုမိသားစုဝင်များစွာလည်း ကြောင်အနေကြသည်။

လီချင်ဖုန်းလည်း အလားတူ စိတ်ရှုပ်ပြီး ဝေကွဲမရဖြစ်နေခဲ့သည်။

ချင်ဝမ်ယွမ် သူ့ကလန်ဂုဏ်သိက္ခာပြန်ရဖို့ ဂျန်ဖန်းကို အပြင်းအထန်အပြစ်ပေးမှာ မဟုတ်ဘူးလား….

ဘာကြောင့် ချင်းချန်ရှန်ကို ပါးရိုက်လိုက်ရသနည်း။

ချင်းချန်ရှန်၏ ရန်လိုသည့်မျက်နှာကို မြင်သည့်အခါ ချင်းဝမ်ယွမ်ပိုလို့တောင် ဒေါသထွက်သွားပြီး မြေပြင်ပေါ်လဲကျသည်ထိ ပါးထပ်ရိုက်လိုက်၏။

“တိရစ္ဆာန်ကောင်, မင်းက ခုထိ နစ်နာတယ်လို့ ခံစားနေတုန်းလား။ ငါမင်းကိုမေးပါအုန်းမယ်, မင်း ရှုမိသားစုကိုကျူးကျော်ပြီး ပစ္စည်းတွေ ဘာလို့ဖျက်ဆီးရတာလဲ….”

ရှုကျန်းယန် နှလုံးသား တသိမ့်သိမ့်တုန်သွားပြီး ချက်ချင်းပဲ အကျိုးအကြောင်းရှင်းပြလိုက်သည်။

နားထောင်ပြီးနောက် ချင်းဝမ်ယွမ် ပိုလို့တောင် ဒေါသထွက်လာခဲ့သည်။

အံ့သြစရာမရှိပါဘူး…..

ဂျန်ဖန်း ချင်မိသားစုကို ဖြုတ်ချဖို့ ချန်မိသားစုကို ကူညီတာ အံ့သြစရာမရှိတော့ပါဘူး…..

မင်းက သူ့ဇနီးခိုးဖို့ လုကျန်းကို သွားကူတာကိုး၊ ဒါက ပြန်မသင့်မြတ်နိုင်တော့တဲ့ ရန်ငြိုးတစ်ခုပဲ…..

ထို့ပြင် ဘယ်သူ့ကိုမှ မစော်ကားခဲ့ပါဘူးဟု ပြောရဲသေး၏။

“ငါမင်းကိုသတ်မယ်။ မင်း ကျေးဇူးကန်းတဲ့သား…..”

ချင်ဝမ်ယွမ် ဟိန်းဟောက်လိုက်၏။ သူက ဂျန်ဖန်းကို ရှင်းပြချက်တစ်ခုပေးရန် ရိုက်သတ်ဖို့ လက်မြောက်လိုက်၏။

ရှုကျန်းယန် ရုတ်တရက် ထိတ်လန့်သွားပြီး ပြောလိုက်သည်။

“အကြီးအကဲချင်, ကျေးဇူးပြုပြီး ညှာတာပေးပါ…..”

ချင်းဝမ်ယွမ် ရုတ်တရက် စိတ်ပြောင်းသွားတာ သူနားမလည်ပေ။ သို့ပေမယ့် ချင်ချန်ရှန်သာ ရှုမိသားစု၌ သေသွားလျှင် လူထု၏ ဝေဖန်မှု ခံရမည်ဖြစ်၏။

ရှုမိသားစုက အနာဂတ်၌ အထီးကျန်လှေမြို့မှာ ရှင်သန်ရအုံးမည်ဖြစ်သည်။

ချင်ဝမ်ယွမ် သူ့ဒေါသကို အားတင်းထိန်းချုပ်လိုက်ပြီး လက်ပြန်ရုတ်လိုက်ပေမယ့် ဂျန်ဖန်းကို ကြည့်လိုက်သည်။

“သခင်လေးဂျန်, ငါစည်းကမ်းပေါ့လျော့မိတာပါ…. ငါ့သားကို ဒီလိုဆိုးဝါးတဲ့ပြစ်မှုမျိုး ကျူးလွန်စေမိပြီ….”

“သူ့ကိုဘယ်လို ကိုင်တွယ်ချင်လဲဆိုတာ သခင်လေး အပေါ်မှာပဲ မူတည်ပါတယ်….”

ဟမ်?....

ခန်းမထဲရှိလူတိုင်း အံ့အားသင့်သွားကြသည်။

ချင်းဝမ်ယွမ် အမှန်တကယ်ပဲ ဂျန်ဖန်း ထင်မြင်ချက်ကို မေးမြန်းနေသည်လား…..

ဂျန်ဖန်းမျက်လုံးထဲမှာ အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့သည်။ ချင်ဝမ်ယွမ် သဘောထားပြောင်းလဲမှုကိုမြင်သည့်အခါ ဝိညာဥ်သခင်ဆိုသည့်သူ့အထောက်အထားကို ထိုလူအိုကြီးသိသွားပြီဆိုတာ နားလည်လိုက်သည်။

သူက ချင်းချန်ရှန်ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ရှုကျန်းယန်၏ သွေးထွက်နေသည့် ပါးစပ်နှင့် ရင်ဘတ်ပေါ်က ခြေထောက်ရာကို ကြည့်ပြီး ထူးမခြားနားစွာပြောလိုက်သည်။

“ဒါက ငါ့ကိုစော်ကားဒါဆိုရင် ခွင့်လွတ်ပေးလို့ရတယ်…..”

“ဒါပေမယ့် ငါ့ဦးလေးရှုကို နောက်တစ်ကြိတ်လက်ရွယ်တာကိုတော့ ငါခွင့်မလွတ်နိုင်ဘူး…..”

“သူ ဦးလေးရှုကို ဘယ်နေရာတွေရိုက်ခဲ့လဲ…. သူ့ရဲ့ အဲ့ဒီအစိတ်အပိုင်းတွေကို ရိုက်ချိုးလိုက်ပါ…..”

ချင်းချန်ရှန် အလွန်ကြောက်လန့်သွားပြီး ဖြူဖြော့သွားခဲ့သည်။ သူက ချင်းဝမ်ယွမ်ကို အသနားခံလိုက်သည်။

“လူအိုကြီး, ကျေးဇူးပြုပြီး သူပြောတာနားမထောင်ပါနဲ့….”

လီချင်ဖုန်း အနည်းငယ်မျက်မှောင်ကြုတ် သွားခဲ့သည်။

ဤကောင်လေးက ငယ်ရွယ်ပေမယ့် သူ့စိတ်က အလွန်ရက်စက်ပြတ်သား၏။ သိုင်းပညာလမ်းကြောင်းအတွက် အတော်လေး သင့်တော်တာပဲဖြစ်သည်။

စိတ်ဝိညာဥ်အမြစ်မရှိတာတော့ စိတ်မကောင်းစရာပဲဖြစ်သည်။

သို့ပေမယ့်…..

ချင်းဝမ်ယွမ်မျက်လုံးထဲ၌ ထိုအရာက ကောင်းကင်နှင့်မြေကြီး၏ စေတနာပဲဖြစ်သည်။

သူက လွတ်ငြိမ်းချမ်းသာခွင့်ရလိုက်သလို ခံစားလိုက်ရပြီး ရှုကျန်းယန်မျက်နှာကို ရိုက်သည့်လက်ကို တွေဝေမနေပဲ ရိုက်ချိုးပစ်လိုက်သည်။ ထို့နောက် ရှုကျန်းယန်ရင်ဘတ်ကို ကန်သည့် ခြေထောက်ကိုလည်း ရိုက်ချိုးပစ်လိုက်သည်။

နာကျင်မှုကြောင့် ချင်ချန်ရှန် အချိန်အနည်းငယ်အော်ဟစ်နေပြီး နေရာမှာတင် သတိလစ်သွားခဲ့သည်။

ချင်ဝမ်ယွမ် ဂျန်ဖန်းကို သတိထားပြီး ကြည့်လိုက်သည်။

အမူအရာမပြောင်းလဲတာမြင်သည့်အခါ သူက နောက်ဆုံးမှာ စိတ်သက်သာယာရစွာ သက်ပြင်းချလိုက်သည်။ ထို့နောက် လျှင်မြန်စွာပဲ လက်ချင်းယှက်ပြောလိုက်သည်။

“ဒါဆိုရင် ကျွန်တော်တို့ ပြန်လိုက်ပါအုန်းမယ်…..”

“ဒီနေ့ကစပြီး ကျွန်တော်တို့ ချင်းမိသားစု အထီးကျန်လှေမြို့က ထွက်သွားပါ့မယ်….”

“နှုတ်ဆက်ပါတယ်…..”

ချင်မိသားစု အထီးကျန်လှေမြို့က ထွက်သွားမည်ဟု သူက ဂျန်ဖန်းကို ပြောပြီး အသနားခံနေခဲ့သည်။

ဂျန်ဖန်း အနည်းငယ်ခေါင်းညိတ်လိုက်သည်။

ချင်းဝမ်ယွမ်လုံးဝစိတ်အေးသွားပြီး ချင်းမိသားစုဝင်တွေကို ခေါ်ဆောင်သွားခဲ့သည်။

ခန်းမထဲ၌ ပဟေဠိဖြစ်နေသည့် လူတွေသာ ကျန်ရှိနေခဲ့၏။

သူတို့က ချင်းမိသားစု ရုတ်တရက် သဘောထားပြောင်းသွားတာ နားမလည်နိုင်ကြသေးပေ။

တံခါးအပြင်ဘက်ကနေ ရှုယင်းရင် ဖြစ်စဥ်တစ်ခုလုံးကိုမြင်ပြီး နှုတ်ခမ်းကိုက်လိုက်သည်။

အပြင်လူတစ်ယောက်က အခြေအနေကို ရှင်းရှင်းလင်းလင်းမြင်ရ၏။

ချင်းဝမ်ယွမ် ဂျန်ဖန်းကိုမြင်မှ သဘောထားပြောင်းသွားတာ သူမ ကောင်းကောင်း သတိထားမိ၏။

“ညီမလေး, ချင်းဝမ်ယွမ် ဖန်းကို ကြောက်နေတယ်လို့ ငါဘာလို့ခံစားနေရတာလဲ…..”

ရှုရို့ရန် အံ့အားသင့်စွာဖြင့်ပြောလိုက်သည်။ သူမက ထိုအရာကို မယုံနိုင်ဖြစ်နေခဲ့သည်။

ရှုယင်းရင်း ရှင်းပြလို့မရသည့် ကသိကအောက်ဖြစ်မှုကို ခံစားလိုက်ရသည်။

“နင်ငါ့ကို သတိပေးစရာ မလိုပါဘူး…..”

ထို့နောက် သူမဓားကိုကိုင်ကာ အလျှင်အမြန်ထွက်ခွာသွားခဲ့သည်။

ဤနေရာမှကိစ္စတွေဖြေရှင်းပြီးသွားပြီ ဖြစ်၍ လီချင်ဖုန်းလည်း ထွက်သွားဖို့ ပြင်လိုက်၏။

ထွက်မသွားခင် သူက ပြောလိုက်သည်။

“ဂျန်ဖန်း, သန်ဖက်ခါ ငါ ဒီနေရာကနေ ထွက်သွားတော့မယ်။ မင်းမှာပြင်ဆင်ဖို့ တစ်ရက်ပဲကျန်တော့တယ်…..”

သူက အဆင့် ၉ စိတ်ဝိညာဥ်အမြစ်ကို ပတ်ပတ်လည်၌ ရှာဖွေပြီးပြီဖြစ်သည်။

သို့ပေမယ့် ထိုအရာက ကောက်ရိုးပုံထဲ အပ်ပျောက်ရှာရသကဲ့သို့ဖြစ်ပြီး ရှာမတွေ့ခဲ့ပေ။

သူက ဂိုဏ်းပြန်ပြီး လျိုချင်းရှန်ကို သတင်းပို့ဖို့သာ တတ်နိုင်၏။

ဂျန်ဖန်း နှလုံးသားထဲမှာ တင်းကြပ်မှုတစ်ခုကို ခံစားလိုက်ရသည်။

နောက်တစ်နေ့၌…..

အာရုံမတက်ခင် သူက နဂါးလမ်းကြောင်းကို အပြေးရောက်လာခဲ့သည်။

၁၂ လွာကို တန်းတန်းမတ်မတ် တက်သွားပြီး နန်းဂုန်လျိုယွင်နှင့် ပြင်းထန်သည့်တိုက်ပွဲတစ်ခု စတင်လိုက်၏။

အကွက်ရေတစ်ရာလောက် ဖလှယ်ပြီးနောက် ဂျန်ဖန်း အော်ပြောလိုက်၏။

“တုန်လှုပ်ခြင်းနဂါးလက်ဝါး….”

သူက လက်ဝါးချက်ထုတ်ဖော်လိုက်၏။ အားကောင်းသည့်စိတ်ဝိညာဥ်စွမ်းအား ထွက်ပေါ်လာပြီး နဂါးဟိန်းသံကဲ့သို အသံတစ်သံထွက်ပေါ်လာခဲ့သည်။

စိတ်ဝိညာဥ်စွမ်းအင်က နဂါးတစ်ကောင် အသွင်ပြောင်းသွားပီး နန်းဂုန်းလျိုယွင်၏ စမ်းသပ်မှုကို ကြမ်းတမ်းစွာ ထိုးဖောက်သွားခဲ့သည်။

“ငါရှုံးပြီ…..”

စမ်းသပ်မှုက လက်ချင်းယှက်ပြောလိုက်ပြီး နှေးကွေးစွာပျောက်ကွယ်သွားခဲ့သည်။

ထို့နောက် နေရာမှာ အစိမ်းရောင်သော့တစ်ချောင်း ပေါ်လာခဲ့သည်။

“တိမ်စိမ်းဂိုဏ်း ဆေးဥယျာဥ်သော့….”

ဂျန်ဖန်း သော့ပေါ်က စာကိုဖတ်ပြီး မျက်လုံးတွေ အရောင်တောက်လာခဲ့သည်။

ဆိုလိုတာက ဤသော့ကိုသုံးပြီး ဆေးဥယျာဥ်သို့ဝင်ရောက်ကာ ဆေးမြစ်တွေ စုဆောင်းနိုင်မည်မလား….

တိမ်စိမ်းဂိုဏ်းမှာ စိုက်ပျိုးထားသည့် ဆေးမြစ်တွေက မည်သို့ သာမန်ဖြစ်နိုင်မည်နည်း။

သူက ဂရုတစိုက် သော့ကို သိမ်းလိုက်၏။ ၁၃ လွာမြောက်ကိုတော့ စိန်ခေါ်ဖို့ စိတ်ကူးမရှိပေ။

ထို့နောက် ရှုယင်းရင်ကိုရှာဖို့ ၉ လွာကို ဆင်းလာခဲ့သည်။

သူမမျက်နှာ၌ မျက်ရည်တွေစီးကျနေပြီး သူမကိုယ်သူမ တိုက်ခိုက်ရာမှာ နစ်မြုပ်ထားခဲ့သည်။

ကျရှုံးပြီးလွင့်ထွက်လာသည့်အခါ နံပါတ် ၁ အရိပ်စောင့်ကို သတိထားမိပြီး ရှက်ရွံ့စွာနှင့် မျက်ရည်တွေကို အလျှင်အမြန် သုတ်လိုက်သည်။

“အခုကောဘာဖြစ်ရပြန်ပြီလဲ….”

ဒေါင်းထက်တောင်မာနကြီးသည့်လူက အမှန်တကယ်ငိုနေသည်လား…..

ရှုယင်းရင် ပြန်မဖြေပေ။ ဂျန်ဖန်းလည်း နောက်ထပ်မမေးတော့ပဲ သူမနှင့်အတူ စမ်းသပ်မှုထဲဝင်ရောက်သွားခဲ့သည်။ ထို့နောက် သူမကို လှုပ်ရှားမှုနည်းလမ်း ပထမအဆင့်ကို သင်ပြပေးလိုက်သည်။

သို့ပေမယ့် သူမနားလည်မှုက ဂျန်ဖန်းထက် အနည်းငယ် နိမ့်ကျ၏။

ထို့ကြောင့် သူမ လှုပ်ရှားမှုနည်းလမ်း အသုံးပြုသည့်အခါ ဂျန်ဖန်းထက် တစ်ဝက်တောင် အကျိုးသက်ရောက်မှု မရှိပေ။

သို့ပေမယ့် ထိုအရာနှင့်တင် ရှုယင်းရင်း အလွန်ပျော်ရွင်နေပြီပဲဖြစ်သည်။

“ကောင်းပြီ, ငါတို့ပတ်သက်မှုဒီမှာတင် အဆုံးသတ်ပြီ….”

ထိုအရာကိုသင်ပေးပြီးနောက် ဂျန်ဖန်း စိုးရိမ်စရာကိစ္စတစ်ခု အဆုံးသတ်သွားပြီဟု တွေးလိုက်သည်။

အနာဂတ်မှာ ရှုယင်းရင်နှင့် မပတ်သက်သင့်တော့ပေ။

“ခဏလေး နေပါအုန်း…..”

ရှုယင်းရင် သူကိုတားလိုက်၏။ အချိန်တော်ကြာတွေဝေနေပြီးနောက် နီရဲသည့်မျက်နှာဖြင့်ပြောလိုက်သည်။

“ငါ့ကို တစ်ခုလောက်ကူညီလို့ရမလား….”

“နင့်ကို ငါ့ချစ်သူအဖြစ် ဟန်ဆောင်ပေးစေချင်တယ်…..”

ဂျန်ဖန်း ပြတ်ပြတ်သားသား ငြင်းဆိုလိုက်၏။

“အဓိပ္ပာယ်မရှိတာ…..”

ရှုယင်းရင် အံ့သြမသွားပေ။ သူမက ခေါင်းငုံးထားပြီး ပြောလိုက်သည်။

“တစ်ခါတည်းပါ…..”

“ငါမုန်းတဲ လူတစ်ယောက်ရှိတယ်။ သူက ငါ့နတ်ဆိုးနှလုံးသားဖြစ်လုနီးပါးဖြစ်နေပြီ…..”

“ငါ့ရဲ့ဆုံးဖြတ်ချက်မမှားဘူးဆိုတာ သူ့ရှေ့မှာ သက်သေပြချင်တယ်…..”

ဂျန်ဖန်း မလှုပ်ရှားသေးတာ မြင်သည့်အခါ သူမက ဒူးထောက်တောင်းပန်လိုက်၏။

“ငါ နင့်ကို တောင်းဆိုပါတယ်…..”

ဂျန်ဖန်း အလျှင်အမြန်ပဲ သူမကို ကူညီလိုက်၏။

အဲ့ဒီစိတ်ပျက်စရာကောင်းတဲ့လူက ငါပဲ မဟုတ်ဘူးလား…..

All Chapters