← Chapters

ကျောင်းမိသားစု၏ရန်စခြင်း

Vol. 6 Ch. 77

ကျောင်းမိသားစု၏ရန်စခြင်း

Vol. 6 Ch. 77

သို့ပေမယ့် ရှုယင်းရင်၏ မျက်ရည်တွေနှင့် မျက်လုံးတွေကိုကြည့်လိုက်သည့်အခါ….

သူ သူမအခွင့်အရေးကို ယူလိုက်တာပြန်တွေးမိပြီး ခေါင်းကုတ်ကာ တွန့်ဆုတ်စွာလက်ခံလိုက်၏။

“ကောင်းပြီလေ, ဟန်ဆောင်ရုံပဲနော်….. မင်းအဆင့်ကျော်လို့တော့မရဘူး…..”

ရှုယင်းရင်း မျက်နှာ ပျောက်ရွင်မှုကြောင့် တောက်ပသွားပြီး ထပ်ခါထပ်ခါ ခေါင်းညိတ်လိုက်၏။

သူမက တိတ်တဆိတ်လက်သီးဆုပ်ကာ အံကြိတ်လိုက်သည်။

“ဂျန်ဖန်း…..”

“နင်က အခုထူးချွန်လာလို့ ငါနောင်တရနေမယ် မထင်နဲ့….”

“ငါနင့်ကိုပြောလိုက်မယ်….. ဘယ်တော့မှပဲ….”

“ငါ့ကံကြမ္မာရှင်က နံပါတ် ၁ အရိပ်စောင့်လိုလူပဲ…. နင့်တစ်သက်လုံး မော့ကြည့်နေရမယ့်လူပေါ့…..”

ထို့နောက် နှစ်ယောက် သဘောတူညီချက် ရသွားပြီး လမ်းခွဲလိုက်ကြသည်။

ဂျန်ဖန်း ချန်မိသားစုကို ဖြတ်လာသည့်အခါ အဝင်ဝ၌ တန်ဖိုးကြီး လှည်းများစွာ ရပ်ထားတာကို တွေ့လိုက်ရသည်။

ကန့်လန့်ကာပေါ်၌ ပိုင်လျိုမြို့ပုံစံတွေ ရှိနေပြီး “ကျောင်း” ဆိုသည့် စကားလုံးကိုလည်း ရေးထွင်းထားခဲ့သည်။

မနေ့က ကျောင်းချီကျန့်ထွက်မသွားခင် ပြောသွားသည့်ကြမ်းတမ်းတဲ့စကားတွေကို အမှတ်ရလိုက်သည်။

ဂျန်ဖန်း မျက်မှောင်ကြုတ်သွားပြီး ချန်းမိသားစုထဲကို ဝင်သွားလိုက်၏။

ချန်မိသားစု ဧည့်ခန်းမဆောင်၌….

“မင်းတို့ချန်မိသားစုက အတော်လေး အနိုင်ကျင့်တာပဲ။ ငါ့သားက ဒီလောက် ပါရမီရှိတာတောင် အမှိုက်ကောင်လောက် တောင် ကောင်းကောင်းမဆက်ဆံဘူး….”

ခန်းညားမှုအပြည့်နှင့် လေးထောင့်မျက်နှာရှိသည့် သက်လတ်ပိုင်းယောက်ျားတစ်ဦးက စားပွဲကိုရိုက်ပြီး အော်ပြောလိုက်သည်။

စားပွဲပေါ်က လက်ဖက်ရည်ခွက်တွေ မှောက်ကုန်ပြီး မြေပြင်ပေါ် ကျကွဲကုန်တော့သည်။

လျိုချီမင် လည်ပင်းကျုံ့သွားပြီး ချန်းယုချိုနောက်ကို ဝင်ပုန်းလိုက်သည်။ သူမက စကားတစ်ခွန်းတောင် မပြောရဲတော့ပေ။

သူမရှေ့ကလူက ကျောင်းမိသားစုခေါင်းဆောင် ကျောင်းလျန်ဖန်းပဲ ဖြစ်သည်။

သူက ပိုင်လျိုမြို့ထိပ်သီးမိသားစုတွေထဲက တစ်ခု၏ ခေါင်းဆောင်ပဲဖြစ်သည်။

ညတွင်းချင်း ချန်းမိသားစုကို အပြေးလာပြီး သူ့သားအတွက် တရားမျှတမှု လာရှာတာပဲဖြစ်သည်။

“ဟမ့်….”

ချန်းယုချို မျက်နှာတည်တည်နှင့် ပြန်ပြောလိုက်သည်။

“ဇနီးပဲဖြစ်ဖြစ်၊ မယားငယ်ပဲဖြစ်ဖြစ် ငါ့သမီးရဲ့ လက်ထပ်ပွဲက ငါ့တို့ချန်းမိသားစု ကိစ္စပါ….”

“မင်းသားစိတ်ဓာတ်က အောက်တန်းကျလို့ ငါတို့က လက်ထပ်ပွဲ သဘောမတူတာလေ။ ဒါကိုမင်းက အတင်းလုပ်ချင်နေတုန်းလား…..”

“ငါ့ချန်မိသားစုလာပြီး စာပွဲရိုက်သလား…. လက်ဖက်ရည်ခွက်ခွဲသလားနဲ့…. ရိုင်းရိုင်းစိုင်းစိုင်းပြုမူနေတာ ဘယ်သူလဲ….”

သူလည်း မာန်ပါပါပြောလိုက်သည်။

ထို့အရာကြောင့် ကျောင်းလျန်ဖန်း သူ့ကိုယ်သူအနည်းငယ်ပြန်ထိန်းလိုက်ပြီး အံ့ကြိတ်ကာပြောလိုက်သည်။

“ငါဂရုမစိုက်ဘူး…..”

“ငါသိတာ မင်းတို့ချန်မိသားစုက မင်းတို့သမီးကို ငါတို့ကျောင်းမိသားစုသခင်လေးနဲ့ လက်ထပ်ပေးမဲ့အစား အမှိုက်ကောင်ရဲ့ မယားငယ်လုပ်ခိုင်းလိုက်တာပဲ…..”

“ဒါ ငါ့ကျောင်းမိသားစုကို စော်ကားလိုက်တာပဲ….”

ထိုအရာကိုကြားသည့်အခါ….

ချန်းယုချို အေးစက်စွာနှာမှုတ်လိုက်ပြီး အထင်သေးစွာပြောလိုက်သည်။

“သူကိုအမြဲအမှိုက်လို့ခေါ်နေတယ်….”

“ငါ့အမြင်တော့ မင်းသားက ဂျန်ဖန်းခြေချောင်းလေးတစ်ခုနဲ့တောင် မယှဥ်နိုင်ဘူး….”

“ဂျန်ဖန်းနဲ့ မိန်းမပြိုင်လုရအောင် မင်းသားက တန်လို့လား…..”

ထိုကဲ့သို့တဲ့တိုးပြောဆိုမှုက ရှိနေသည့် ကျောင်းချီကျန့်ကို ဒေါသမီးတွေ တောက်လောင်သွားစေခဲ့သည်။

သူက ဟိန်းဟောက်လိုက်၏။

“ငါက အမှိုက်ကောင်လောက်တောင် မတော်ဘူးလို့ မင်းပြောလိုက်တာလား….”

“ငါ့ကျောင်းမိသားစုက ပိုင်လျိုမြို့ရဲ့ ဂုဏ်သိက္ခာရှိမိသားစုပဲ…. ဂျန်ဖန်းကကော….”

“ငါက တိမ်စိမ်းဂိုဏ်းရဲ့ အတွင်းစည်းတပည့်တစ်ယောက်…. ဂျန်ဖန်းကကော….”

“ငါက အရမ်းအားကောင်းတယ်…. ဂျန်ဖန်းကကော…..”

“သူ့နဲ့နှိုင်းယှဥ်တာ ငါ့ကို စော်ကားလိုက်တာပဲ။ ငါ့ကို သူ့ထက်နိမ့်ကျတယ်လို့ပြောလိုက်တာ ငါ့ကျောင်းမိသားစုကို စော်ကားလိုက်တာပဲ….”

ချန်းယုချို တစ်စုံတစ်ခုပြောတော့မည့် အချိန်၌….

သူက ဂျန်ဖန်းလက်နှောက်ပစ်ပြီး ပေါ့ပေါ့ပါးပါးချည်းကပ်လာတာ သတိထားမိလိုက်သည်။

သူ့မျက်လုံးတွေတောက်ပသွားပြီး ကျယ်ပြန်သည့်အပြုံးတစ်ခု ချက်ချင်းပဲ မျက်နှာပေါ်မှာ ပေါ်လာခဲ့သည်။

“သခင်လေးဂျန်.... မဟုတ်ဘူးမှားလို့…. သားမက်လေး မင်းဒီကို ဘာလာလုပ်တာလဲ….”

လျိုချီမင်မျက်နှာလည်း ချက်ချင်း အပြုံးပန်းတွေဝေဆာသွားသည်။ သူမက သူ့လက်ကိုကိုင်ပြီး နှုတ်ဆက်လိုက်သည်။

“သားလာမှာကို ဘာလို့ အစေခံတွေ အကြာင်းမကြားခိုင်းတာလဲ….”

“လာ… ထိုင်ပါအုန်း…. ထိုင်ပါအုန်း….”

“သွားကြစမ်း, မိသားစုခေါင်းဆောင် စာကြည့်ခန်းထဲက အကောင်းဆုံး လက်ဖက်ရည်မြန်မြန်သွားယူကြ….”

သူမက ဂျန်ဖန်းကို ထိုင်ခိုင်းလိုက်၏။

အကြည့်တွေက သူမသားအရင်ထက်တောင် ချစ်ခင်ကြင်နာနေခဲ့သည်။

ချန်းစီလင်၏ညိုးငယ်နေသည့်အမူအယာလည်း ဂျန်ဖန်းရောက်လာသည့်အခါ ပန်ရောင်သန်းလာပြီး ရှုက်ရွံ့စွာဖြင့် သူ့ဘေးမှာထိုင်လိုက်သည်။

သူမမျက်နှာကနီရဲနေပြီး စိတ်ဝိညာဥ်သစ်သီးတစ်လုံးကောက်ကာ ဂျန်ဖန်းကို ပေးလိုက်သည်။

“နင့်ဖို့….”

ကျောင်းချီကျန့်နှင့် သူ့အဖေ ရောက်လာချိန်က ချန်မိသားစုဝင်သုံးယောက်က မည်သည့်မျက်နှာမှမပေးပေ။

သို့ပေမယ့် ဂျန်ဖန်းရောက်လာသည့်နှင့် တစ်ပြိုင်နက် သူတို့သုံးယောက်က အလွန်ဖော်ရွေသည့်အမူအရာတွေ ပြသလာကြသည်။

သိသာလှသည့်ခြားနားမှုကြေင့် ကျောင်းချီကျန့် ထိုအရာကို လက်မခံနိုင်ဖြစ်နေခဲ့သည်။ သူက ဒေါသကြောင့် တုန်ယင်နေခဲ့သည်။

“ဂျန်ဖန်း…. ဂျန်ဖန်းက မင်းတို့ကို တကယ်ပဲ ဘာတွေပေးထားတာလဲ….”

သူနားမလည်နိုင်ပေ။ သူတကယ်ကို နားမလည်နိုင်တော့ပေ….

တိမ်စိမ်းဂိုဏ်းဝင်ရမည့်ကံကြမ္မာတောင် သူ့လက်ထဲမှာရှိသည့်အမှိုက်ကောင်တစ်ကောင်….

ဘာကြောင့်သူ့ကို ချန်မိသားစုက အလွန် တန်ဖိုးထားဆက်ဆံနေရသနည်း။

ကျောင်းလျန်ဖန်းလည်း သိသာသည့်ကွဲပြားမှုကြောင့် ဒေါသတကြီး ရယ်လိုက်သည်။

“အစတုန်းကတော့ ငါတို့မိသားစုနှစ်ခုကြား မဟာမိတ်လက်ထပ်ပွဲလုပ်မယ်။ အဲ့နောက် မင်းတို့သမီး ကောင်းကောင်းပြုမူလို့ရှိရင် တစ်နှစ်အကြာမှာ ငါ့အဆက်အသွယ်တွေသုံးပြီး သူမကို တိမ်စိမ်းဂိုဏ်းအပြင်စည်းတပည့်ဖြစ်အောင် လုပ်ပေးဖို့ စဥ်းစားထားတာ….”

“မင်းတို့အဲ့အဓိပ္ပာယ်ကိုကော နားလည်ကြလား…. အဓိပ္ပာယ်က မင်းတို့သမီး နဂါးဂိတ်ကိုကျော်ပြီး ကျော်ကြားလာတော့မယ်လို့ ဆိုလိုတာပဲ။ ပြီးတော့ မင်းတို့ချန်မိသားစုလည်း ဂုဏ်သတင်းကျော်ဇောလာလိမ့်မယ်….”

“ဒါပေမယ့် ဒါတွေအားလုံးကို မင်းတို့ရဲ့ အသိပညာမဲ့မှုတွေက ဖျက်ဆီးပစ်လိုက်ပြီ….”

အဖေနှင့်သားကြောင့် ဂျန်ဖန်း နားမခံသာ ဖြစ်လာခဲ့သည်။

သူနားကိုပွတ်လိုက်ပြီး စာရွက်ပေါ်မှာ စာရေးလိုက်သည်။

“ချန်မိသားစုကို ငါဘာပေးလဲဆိုတာပြလိုက်ရင် မင်းတို့ ပါးစပ်ပိတ်သွားမှာပါ….”

ကျောင်းချီကျန့် လက်ပိုက်ကာ လှောင်ပြောင်လိုက်၏။

“ကျောရိုးမရှိတဲ့အမှိုက်ကောင် သားမက်, မင်းက ဘာပေးနိုင်မှာမိုလို့လဲ….”

“အသုံးမဝင်တဲ့အမှိုက်တွေကလွဲပြီး ဘာမှ ပေးနိုင်မှာမဟုတ်ပါဘူး….”

ဂျန်ဖန်း ဘာမှမပြောပေ.

သူက ခဲတံတစ်ချောင်းကိုင်ပြီး ချန်းစီလင်ကို ပြောလိုက်သည်။

“ချန်းမိသားစုမှာ စိတ်ဝိညာဥ်အမြစ် စမ်းသပ်တဲ့ မှော်ရတနာရှိလား…. ကျောင်းသားအဖ ပါးစပ်ပိတ်သွားအောင် ပြပေးလိုက်ပါ…..”

ချန်းစီလင်တွေဝေနေခဲ့သည်။

“အဲ့လိုမှော်ရတနာမျိုး ချန်မိသားစုမှာ ရှိပါတယ်။ ဒါပေမယ့် ငါ့စိတ်ဝိညာဥ်အမြစ် စမ်းသပ်တာက….”

သူမ၌ ထူးခြားသည့်စိတ်ဝိညာဥ်အမြစ် လုံးဝမရှိပေ။

ပွင့်ပွင့်လင်းလင်းပြောရလျှင် ထိုအရာက အဆင့် ၁ စိတ်ဝိညာဥ်အမြစ်သာဖြစ်ပြီး ရှုရို့ရန်လောက်တောင်မကောင်းပေ။

ထိုသို့မှမဟုတ်လျှင် သူမက စီးပွားရေးလုပ်ငန်းတွေကို အာရုံစိုက်နေမည် မဟုတ်ပေ။

သိုင်းပညာလမ်းကြောင်း၌ သူမပါရမီက အမှန်တကယ် ဆိုးဝါးလှ၏။

သူမ၏စိတ်ဝိညာဥ်အမြစ်စမ်းသပ်တာက အရှက်ကွဲရုံပဲရှိမည်မဟုတ်လား….

ချန်းယုချို အသိပေးလိုက်သည်။

“သားမက်လေး, စီလင်ရဲ့ စိတ်ဝိညာဥ်အမြစ်က တကယ်မကောင်းဘူး….”

ထိုအရာကို ကျောင်းသားအဖရှေ့မှာစမ်းသပ်တာက အစော်ကားခံရရုံပဲရှိမည်ဖြစ်သည်။

ဂျန်ဖန်း တည်ငြိမ်စွာပြောလိုက်သည်။

“ကိစ္စမရှိပါဘူး, စမ်းသပ်လိုက်ပါ….”

ဒါက….

ချန်းယုချိုနှင့် ချန်းစီလင်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

သူတို့က ဂျန်ဖန်းရည်ရွယ်ချက်အား လုံးဝကို စိတ်ရှုပ်ထွေးနေကြ၏။

သို့ပေမယ့် ဂျန်ဖန်းတောင်းဆိုမှုကို မလွန်ဆန်နိုင်ပေ။ ချန်စီလင် သူမကိုယ်သူမ အားတင်းလိုက်ပြီး စမ်းသပ်ဖို့ မှော်ရတနာတစ်ခုကို ကောက်ယူလိုက်သည်

ထို့နောက် ရှက်ရွံ့စွာဖြင့် သူမ၏ သနားစရာကောင်းပြီး အားနည်းသည့် စိတ်ဝိညာဥ်စွမ်းအင်ကို ထိုထဲသို့ ထည့်သွင်းလိုက်၏။

မကြာမီ, မှော်ရတနာအလယ်၌ အလင်းတန်းတစ်ခု မြှင့်တက်လာပြီး စာတစ်ကြောင်းအဖြစ် သိပ်သည်းသွားခဲ့သည်။

ကျောင်းချီကျန့် လှောင်ပြောင်လိုက်၏။

“ဒီအမှိုက်ကောင် ဘာပြချင်နေတာလဲ မသိဘူး….”

“ချန်းစီလင် စိတ်ဝိညာဥ်အမြစ် ဘယ်လောက်အဆင့်နိမ့်လဲကြည့်ကြ…..”

နောက်ဆုံး “ကြည့်ကြ” ဆိုသည့် စကားကို သူကျယ်ကျယ်မပြောနိုင်တော့ပေ။

သူမျက်လုံးတွေက တုန်လှုပ်မှုကြောင့် တဖြည်းဖြည်းပြူးကျယ်လာပြီး မျက်နှာက သစ္ဆေသရဲ မြင်နေရသကဲ့သို့ ကြောက်လန့်နေခဲ့သည်။

ကျောင်းလျန်ဖန်းလည်း အကြီးအကျယ် တုန်လှုပ်သွားခဲ့သည်။

“အဆင့် ၆ စိတ်ဝိညာဥ်အမြစ်?.... ဘယ်လို…. ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…..”

ချန်းစီလင်မှာရှိတာ အဆင့် ၁ စိတ်ဝိညာဥ်အမြစ်ဆိုတာ အသိသာကြီးပဲ ဖြစ်သည်။

ရုတ်တရက်ကြီး ဘယ်လိုလုပ် အဆင့် ၆ ဖြစ်သွားရသနည်း။

ချန်းယုချို၊ လျိုချီမင်၊ ချန်းစီလင်တို့အားလုံး နေရာမှာပဲ အံ့သြတုန်လှုပ်နေကြသည်။

ချန်းစီလင်ထိုအရာကို မယုံနိုင်ဖြစ်နေပြီး နောက်တစ်ကြိမ်စမ်းသပ်လိုက်သည်။

ရလဒ်က အဆင့် ၆ ပဲဖြစ်သည်။

“အဖေ, ငါ့… ငါ့မှာ အဆင့် ၆ စိတ်ဝိညာဥ် အမြစ်ရှိတာလား?။ ရှုယင်းရင်လိုပဲ အထီးကျန်လှေမြို့ထိပ်တန်းပါရမီရှင်ပေါ့…”

ချန်းယုချို မုတ်ဆိတ်မွေးတွေ စိတ်လှုပ်ရှားမှုကြောင့် တုန်ခါနေခဲ့သည်။

“ဒါ ဘိုးဘေးတွေရဲ့ စိတ်ဝိညာဥ်ပြသတာလား….”

လျိုချီမင်လည်း အလွန်ပျော်ရွင်နေပြီး မျက်ရည်တွေစီးကျလာခဲ့သည်။

“ကောင်းကင်ကြီးက မျက်စိမကန်းသေးဘူးပဲ။ ကောင်းကင်ကြီးက မျက်စိမကန်းသေးဘူးပဲ။ နောက်ဆုံးတော့ ငါတို့ချန်မိသားစုမှာ သိုင်းပညာပါရမီရှင် တစ်ယောက်ရှိလာပြီ….”

သူတို့တုန်လှုပ်မှုတွေမြင်သည့်အခါ…..

ဂျန်ဖန်း ပြုံးရုံသာပြုံးလိုက်ပြီး ခဲတံကိုင်လိုက်သည်။

“အခု, ငါ ချန်းစီလင်ကို ဘာပေးလဲ မင်းတို့သိပြီလား…..”

ထိုစာမြင်သည့်အခါ….

လူတိုင်း ဂျန်ဖန်းကို အံ့အားသင့်စွာနှင့် ကြည့်လိုက်ကြသည်။

ကျောင်းချီကျန့် ထိုအရာကိုလက်ခံဖို့ ငြင်းဆန်လိုက်၏။

“ချန်းစီလင် ပါရမီပြောင်းလဲသွားတာ မင်းကြောင့်လို့ပြောတယ်။ မင်းသာ ဒီလောက် အစွမ်းထက်နေရင် မင်းကိုယ်တိုင်ကျ ဘာလို့ စိတ်ဝိညာဥ်အမြစ် မရှိရတာလဲ….”

သို့ပေမယ့် ချန်မိသားစုဝင်သုံးယောက်က ချက်ချင်း တုံ့ပြန်လိုက်ကြသည်။

ဘာကို သူတို့ဘိုးဘေးတွေ စိတ်ဝိညာဥ်ပြသသနည်း။ ဘာကို ကောင်းကင်က မျက်လုံးမကန်းဘူးနည်း။

ထိုအရာက ဂျန်ဖန်းအကူအညီဆိုတာ သိသာလှ၏။

ချန်းစီလင် ရုတ်တရက် မနေ့က ဂျန်းဖန်းပေးသည့် ကျောက်စိမ်းသေတ္တာထဲက ဆေးလုံးကို အမှတ်ရလိုက်သည်။ သူက ထိုအရာသောက်ဖို့ သူမကို အထူးပြောခဲ့သည်။

“ဒါ မနေ့က ဆေးလုံးကြောင့်လား…..”

All Chapters