← Chapters

ကျောင်းမိသားစု၏အကူ

Vol. 6 Ch. 78

ကျောင်းမိသားစု၏အကူ

Vol. 6 Ch. 78

ဂျန်ဖန်း အနည်းငယ်ခေါင်းညိတ်လိုက်၏၊၊

မဟုတ်လျှင် စိတ်ဝိညာဥ်အမြစ်က ကန်စွန်းဥကဲ့သို့ သူ့ဘာသာ ကြီးထွားလာမည်လား၊၊

ထိုအရာက ဂျန်ဖန်းပေးသည့်ဆေးလုံးကြောင့်ဆိုတာ အတည်ပြုပေးလိုက်သည်၊၊

ချန်းစီလင် မျက်လုံးတွေနီရဲလာခဲ့သည်၊၊

“နင်ဘာလို့ ငါ့အပေါ်ဒီလောက်ကောင်းရတာလဲ---”

စိတ်ဝိညာဥ်အမြစ်ကို ပြောင်းလဲပေးနိုင်သည့် ဆေးလုံးဆိုတာ ကောင်းကင်ကိုဆန့်ကျင်ပြီး ကံကြမ္မာကို ပြောင်းပေးနိုင်သည့်အရာဆိုတာ သိသာလှ၏၊၊

ထိုအရာက အဖိုးမဖြတ်နိုင်လောက်အောင် တန်ဖိုးကြီး၏၊၊

ပိုက်ဆံဘယ်လောက်ပေးပေး ဝယ်လို့ရမည်မဟုတ်ပေ၊၊

သူမနှင့် ဂျန်ဖန်းက ရင်းနှီးသည့်ဆက်ဆံရေး တစ်ခုတောင်မရှိသေးပေမယ့် သူက ထိုအရာကို သူမအားပေးလိုက်သည်၊၊

ဂျန်ဖန်း ခဲတံကိုင်လိုက်ပြီး စာရေးလိုက်သည်၊၊

“မင်းနဲ့ ငါက တရားဝင်စေ့စပ်ပြီးပြီဆိုတော့ ဒါပေးတာ ဖြစ်သင့်ပါတယ်----”

ဒါပေမယ့် ငါက မယားငယ်တစ်ယောက်လေ----

ဂျန်ဖန်း သူမကို အရမ်းလေးထားတာကို ခံစားမိပြီး ချန်းစီလင်ပိုလို့တောင်ရင်ထဲ ထိသွားခဲ့သည်၊၊ သူမက ဂျန်ဖန်းရင်ခွင်ထဲ ပစ်ဝင်လိုက်ပြီး ပြောလိုက်သည်၊၊

“ကျေးဇူးတင်ပါတယ်, ဂျန်ဖန်း----”

“ဒီဘဝမှာ စီလင် နင့်ရဲ့ကြင်နာမှုကို ဘယ်တော့မှမမေ့ပါဘူး၊၊ နင်တစ်ယောက်ထဲကိုပဲ သစ္စာရှိရှိချစ်မှာပါ----”

သူမကံကြမ္မာကို ပြောင်းလဲပေးနိုင်သည့် ယောက်ျားတစ်ယောက်----

သူမဘယ်လောက်ပဲ ပြန်ပေးဆပ်ဆပ် ကျေမည်မဟုတ်ပေ၊၊

သူ့ရင်ခွင်ထဲက နူးညံ့နွေးထွေးမှုကို ခံစားမိပြီး ဂျန်ဖန်းမျက်နှာ နီရဲသွား၏၊၊ သူက ဘာလုပ်ရမှန်းမသိတော့ပေ၊၊

ချန်းယုချို အလွန်ပျော်ရွင်သွားပြီး ကျောင်းလျန်ဖန်းတို့သားအဖ၏ အရုပ်ဆိုးသည့်မျက်နှာကို တစ်ချက်ကြည့်လိုက်သည်၊၊

“အခုကော ဘယ်လိုလဲ၊၊ မင်းတို့ယုံပြီလား----”

“တစ်နှစ်ကျော်ကောင်းကောင်း ပြုမှုရင် ငါ့သမီးကို တိမ်စိမ်းဂိုဏ်းအပြင်စည်းတပည့်ဖြစ်အောင်လုပ်ပေးမယ်, ဟုတ်လား----”

“စိတ်မကောင်းပါဘူး--- မင်းတို့ကျောင်းမိသားစု အဲ့ဒီအခွင့်အရေးကို ကိုယ့်ဘာသာ ထိန်းသိမ်းထားသင့်တယ်----”

“ဂျန်ဖန်းရှိနေမှတော့ ငါ့သမီးက တိမ်စိမ်းဂိုဏ်းအတွင်းစည်းကို တိုက်ရိုက်ဝင်နိုင်တယ်---”

ထိုစကားတွေပြောပြီးနောက်၌ ချန်းယုချို ရင်ထဲက မွန်ကျပ်မှုတွေ နောက်ဆုံးမှာတော့ ပျောက်ကွယ်သွားခဲ့သည်၊၊

သို့ပေမယ့် ကျောင်းလျန်ဖန်းကတော့ အတိုင်းထက်အလွန်စော်ကားခံလိုက်ရသည်ဟုခံစားလိုက်ရသည်၊၊

သူက လက်သီးတင်းကြပ်စွာဆုပ်လိုက်ပြီး မျက်လုံးထဲမှာ ဒေါသမီးတွေတောက်လောင်နေခဲ့သည်၊၊

“ချန်းယုချို, မင်း ငါ့ကျောင်းမိသားစုကို ထပ်ခါထပ်ခါ စော်ကားတယ်၊၊ ငါမင်းကို ဘာမှမလုပ်နိုင်ဘူးလို့ တကယ်ထင်နေတာလား----”

ထိုအခိုက်အတန့်မှာပဲ---

မြင်ဒုန်းစိုင်းပြေးသံတစ်ခုက ခန်းမထဲကို တိုက်ရိုက်ပဲဝင်ရောက်လာခဲ့သည်၊၊

ထို့နောက် ကျော့ရှင်းသည့်ပုံရိပ်တစ်ခု အလျှင်အမြန်ပဲ ဆင်းသက်လာခဲ့သည်၊၊

ထိုအရာက ယဲ့ချင်းရွယ်ဖြစ်သည်၊၊ ခန်းမထဲ၌ တိုက်ခိုက်ထားသည့် လက္ခဏာ မမြင်သည့်အခါ သူမက စိတ်သက်သာယာရစွာ သက်ပြင်းချလိုက်သည်၊၊

“ကံကောင်းပြီး ငါအချိန်မီရောက်လာသားပဲ---”

ယဲ့ချင်းရွယ်ပြောလိုက်သည်၊၊

ကျောင်းလျန်ဖန်းပြောလိုက်သည်၊၊

“တူမလေး, မင်းက အချိန်မီ ရောက်လာတာပဲ---"

“ဒီချန်မိသားစုက အရမ်းရိုင်းတယ်၊ မင်းဦးလေးရဲ့မိသားစုကို လုံးဝမျက်စိထဲ မထည့်ဘူး---”

ဘာ?---

မြို့သခင်မိသားစုနှင့် ကျောင်းမိသားစုက လျို့ဝှက်ဆက်ဆံရေးရှိသည်လား----

ကျောင်းချီကျန့်လှောင်ပြောင်လိုက်၏၊၊

“ငါတို့မိသားစုနဲ့ ယဲ့မိသားစုက မွေးချင်တွေလို့ မင်းမတွေးမိဘူးလား----”

“မဟုတ်ရင် ဘာလို့ ငါ့ဆရာက အခြားတပည့်အစား ငါ့ကို အထီးကျန်လှေမြို့ခေါ်လာမှာလဲ---"

“ဒါပေါ့ ဒါက ငါ့အထောက်ထားကြောင့်လေ--- ငါ့အထောက်အထားနဲ့ဆိုရင် အထီးကျန်လှေမြို့မှာ လှုပ်ရှားဖို့ ပိုလွယ်တယ်လေ----”

ယဲ့ချင်းရွယ် မျက်မှောင်အနည်းငယ်ကြုတ်လိုက်ပြီး ပြောလိုက်သည်၊၊

“ဦးလေး, နင်နဲ့ ချန်မိသားစုခေါင်းဆောင် ကြားမှာ တစ်ခုခုနားလည်မှုလွဲနေတာများလား----”

သူမက ငယ်သော်လည်း စည်းမျဥ်းတွေကို ကောင်းကောင်းသိ၏၊၊

သူမဦးလေးစကားတွေကြာင့် တစ်ဖက်သတ်ဆုံးဖြတ်မည်မဟုတ်ပေ၊၊

ကျောင်းလျန်ဖန်း ပြောလိုက်သည်၊၊

“နားလည်မှုလွဲတယ်? အဲ့ဒီလူအိုကြီး ချန်းယုချိုက သူ့သမီးကိုငါ့သားနဲ့ လက်ထပ်ပေးမယ့်အစား အမှိုက်ကောင်ရဲ့ မယားငယ်လုပ်ခိုင်းလိုက်တယ်လေ၊၊ ဒါစော်ကားတာမဟုတ်ဘူးလား---”

“ငါက ဖြေရှင်းချက်တစ်ခုတောင်းဖို့ လာခဲ့တာ၊၊ ဒါပေမယ့် သူက အဲ့ဒီအမှိုက်ကောင်နဲ့ပေါင်းပြီး စော်ကားနေတုန်းလေ---”

အမှိုက်ကောင်?----

ယဲ့ချင်းရွယ် ပဟေဠိဖြစ်သွားခဲ့သည်၊၊

ချန်းမိသားစုက ကျော်ကြားသည့်မိသားစုတစ်ခုဖြစ်ခဲ့တာ မျိုးဆက်ပေါင်းများစွာရှိနေပြီဖြစ်သည်၊၊ ဒါတောင် သူတို့၏တစ်ဦးတည်းသောသမီးကို တစ်စုံတစ်ဦး၏ မယားငယ်တစ်ယောက်အဖြစ် ဘာကြောင့် လက်ထပ်ပေးရသနည်း၊၊

မျက်လုံးပင့်ကြည့်လိုက်သည့်အခါ---

သူမက ချန်းစီလင်တစ်စုံတစ်ယောက်ရင်ခွင်ထဲမှာ ထိုင်နေတာကို မြင်လိုက်ရသည်၊၊ ထိုလူ၏ မျက်နှာကတော့ သူမနှင့် ကာနေသည့်အတွက် မမြင်ရပေ၊၊

သူမ မနေနိုင်ပဲ ရေရွတ်လိုက်သည်၊၊

“နေ့ခင်ကြောင်တောင် လူအများရှေ့တောင် မရှောင်ဘူး---”

သူမက ချန်းယုချိုကိုကြည့်ပြီး လက်ချင်းယှက်ကာပြောလိုက်သည်၊၊

“ဦးလေးချန်း, ဦးလေးဘာပြောမလဲ---”

ချန်းမိသားစု ဘယ်လောက် ထင်ရှားကျော်ကြားသည်က ကိစ္စမရှိပေ၊၊

သူတို့က အထီးကျန်လှေမြို့၏ ထိပ်တန်းမိသားစုတွေထဲက တစ်ခုဖြစ်၏၊၊

ထို့ပြင် မကြားသေးခင်ကစ၍ သူတို့ အကြီးအကျယ်တိုးတက်လာခဲ့ကြသည်၊၊

မြို့သခင်အိမ်တော်တောင် လေးစားမှုပြရမည်ပဲဖြစ်သည်၊၊

ချန်းယုချို လှောင်ပြောင်လိုက်၏၊၊

“ငါ့မှာ ထပ်ပြောစရာဘာမှမရှိဘူး၊ တစ်ခုပဲ ---”

“ချန်မိသားစုရဲ့သမီးကို ဘယ်သူ့နဲ့ပဲလက်ထပ်ပေးပေး မင်းတို့ အလုပ်မဟုတ်ဘူး----"

ဒါက--- အမှန်ပဲဖြစ်၏၊၊

ချန်မိသားစု သူတို့သမီးကို ဘယ်သူနဲ့ လက်ထပ်ပေးပေး သူတို့နှင့် ဘာဆိုင်နည်း၊၊

သူမက လမ်းဘေးက သူတောင်းစားနှင့် လက်ထပ်လျှင်တောင် ထိုအရာက ချန်မိသားစု၏ လွတ်လပ်မှုပဲဖြစ်သည်၊၊

သူမ ကျောင်းမိသားစုကို လက်မထပ်လျှင် ဒါက ကျောင်းမိသားစုကို စော်ကားသည်တဲ့လား---

သူမဦးလေး ထိုကိစ္စအတွက် ဖြေရှင်းချက် လာတောင်းတာဟာ ဗိုလ်ကျလွန်းတာပဲ ဖြစ်သည်၊၊

ထိုအရာက ကျောင်းချီကျန့် ဒေါသကို ဖြေဖျောက်ဖို့ဆို ပိုဖြစ်နိုင်၏၊၊

ယဲ့ချင်းရွယ် ကျောင်းချီကျန့်ကို စက်ဆုပ်ရွံ့ရှာသည့်အကြည့်ဖြင့် ကြည့်လိုက်သည်၊၊

အမျိုးသမီးတစ်ယောက်၏နှလုံးသားကို မရသည်နှင့် လူကြီးတွေဝင်ပါခိုင်း၏၊၊ ထိုအရာက တကယ့်ကိုရဲတင်းလွန်းလှ၏၊၊

သို့ပေမယ့် သူမက သူမဦးလေး၏ ဂုဏ်သိက္ခာကိုလည်း လျစ်လျူရှုလို့မရပေ၊၊

သူမက ညင်သာစွာ အပြစ်တင်လိုက်၏၊၊

“ချန်မိသားစုခေါင်းဆောင်, ကျွန်မဦးလေးမိသားစုက မျိုးဆက်ပေါင်းများစွာ ထင်ရှားကျော်ကြားလာတဲ့မိသားစုတစ်ခုပါ၊၊ ဂုဏ်သိက္ခာက အရာရာထက်ပို အရေးကြီးပါတယ်----”

“ဦးလေးသမီးရဲ့ လက်ထပ်ပွဲကိုစီစဥ်တဲ့အခါ ကျောင်းမိသားစုရဲ့ ခံစားချက်ကိုလည်း စဥ်းစားပေးစေချင်တယ်----”

“ဦးလေးသမီးလက်ထပ်တဲ့လူက အမှန်တကယ်အရမ်းနိမ့်ကျနေတယ် ဆိုရင် ကျောင်းမိသားစုကို နေရာအချို့တော့ ပေးသင့်ပါတယ်---”

ထိုညင်သာစွာအပြစ်တင်မှုက သူမဦးလေးကို မျက်နှာသာအချို့ပေးတာပဲ ဖြစ်သည်၊၊

ထိုသို့ဆိုလျှင် နှစ်ဖက်လုံး အဆင်ပြေသွားမည်ပဲဖြစ်သည်၊၊

ထိုအရာက ဤကိစ္စကို ကိုင်တွယ်ဖို့ အကောင်းဆုံးနည်းလမ်းပဲ ဖြစ်သည်၊၊

ချန်းယုချို နှာမှုတ်လိုက်ပြီး နောက်ထပ် ဘာမှ မပြောပေ၊၊

သူလည်း ယဲ့ချင်းရွယ်ရည်ရွယ်ချက်ကို သတိထားမိ၏၊၊

ကိစ္စတွေသာပြီးသွားလျှင် ယဲ့ချင်းရွယ် သူ့ကို အပြစ်တင်လျှင်လည်း ကိစ္စမရှိပေ၊၊

သို့ပေမယ့်----

ဂျန်ဖန်းကတော့ ထိုအရာကို မကျေနပ်ပေ၊၊

သူက ချန်းစီလင်ပခုံးကို ညင်သာစွာပုတ်လိုက်သည့်အခါ သူမက နီရဲနေသည့်မျက်နှာဖြင့် ရှက်ရွံ့စွာမတ်တပ်ရပ်လိုက်သည်၊၊

ဂျန်ဖန်း မျက်နှာထွက်ပေါ်လာခဲ့သည်၊၊

သူက ခဲတံကိုင်ပြီး စာရေးလိုက်သည်၊၊

“သခင်မလေးယဲ့, စီလင် ငါ့ကို လက်ထပ်တာ တကယ်ပဲ ဒီလောက် နစ်နာတာလား----”

ယဲ့ချင်းရွယ် ဂျန်ဖန်းမျက်နှာမြင်သည့်အခါ အံ့သြတုန်လှုပ်သွားခဲ့သည်၊၊

သူမက အံ့သြတကြီးပြောလိုက်သည်၊၊

“ဂျန်ဖန်း?-- နင်လား၊ နင်-- နင်က ချန်းစီလင်ကို ကိုယ်လုပ်တော်အဖြစ် ယူလိုက်တယ်ပေါ့----”

သူမက သူမမျက်လုံးသူမ မယုံနိုင်ဖြစ်သွားသည်၊၊

“ရှုရို့ရန်ကော ဒါကိုသိလား----”

ဂျန်ဖန်းပါးစပ်အနည်းငယ်တွန့်လိမ်သွားပြီး စာရေးလိုက်သည်၊၊

“ဒါ သူမဆုံးဖြတ်ချက်ပဲ---”

ဒါက----

ယဲ့ချင်းရွယ်ကြောင်အသွားပြီး တစ်ခဏ မကားမပြောနိုင်ဖြစ်သွားသည်၊၊

သူမက သက်ပြင်းသာ ချလိုက်နိုင်၏၊၊ ရှုရို့ရန်က တကယ်ကို ညဏ်ကြီးရှင်ဖြစ်၏၊၊

သူတို့ တရားဝင်လက်မထပ်ရသေးတာတောင် ဂျန်ဖန်းအတွက် ကိုယ်လုပ်တော်တစ်ယောက် ရှာထားပေးပြီးပြီပဲဖြစ်သည်၊၊

ထို့နောက် သူမ မသင့်လျော်သည့် တစ်စုံတစ်ခုပြောမိတာကို သတိရသွားပြီး ပြောလိုက်သည်၊၊

“ဒီတော့ နင်က ချန်မိသားစု သားမက်ပေါ့----”

“ကောင်းပြီလေ၊ ဒါဆိုလည်း ဒီကိစ္စ ဒီမှာတင် ပြီးပြီ----”

ဂျန်ဖန်းက ကျော်ကြားသည့်နံပါတ် ၁ ရိပ်စောင့်ဖြစ်၏၊၊ သူ့အရည်အချင်းက မြင့်မားရုံသာမက အဆင့်အတန်းလည်း မြင့်မားတာဖြစ်သည်၊၊

ထိုကိစ္စနှင့်ပတ်သက်လျှင် ကျောင်းချီကျန့် ဘယ်တော့မှ ယှဥ်နိုင်မည်မဟုတ်ပေ၊၊

သူမက မချိပြုံးပြုံးကာ ပြောလိုက်သည်၊၊

“ဦးလေး, ချန်းမိသားစု သူတို့သမီးကို ဂျန်ဖန်းကိုယ်လုပ်တော်အဖြစ်လက်ထပ်ပေးတာ နင်တို့ကို စော်ကားရာမရောက်ပါဘူး----"

“အမှန်တိုင်းပြောရရင် ဝမ်းကွဲရဲ့ ပါရမီက ဂျန်ဖန်းထက်တကယ်နိမ့်ကျပါတယ်၊၊ သူ့ ရှုံးနိမ့်မှုက အကြောင်းမဲ့မဟုတ်ပါဘူး---”

ဘာ?----

ကျောင်းချီကျန့် ဒေါသထွက်သွားပြီး မျက်ခုံးတွေ ထောင်လာခဲ့သည်၊၊

“ဝမ်းကွဲ, နင့်မျက်လုံးတွေ ကန်းသွားပြီလား၊ ဘယ်လိုလုပ်ပြီး ငါက ဂျန်ဖန်းထက် နိမ့်ကျမှာလဲ----”

ယဲ့ချင်းရွယ် ခေါင်းညိတ်လိုက်သည်၊၊

“ဝမ်းကွဲ, ငါ့ရဲ့ လူတွေအပေါ် အကဲဖြတ်မှုက ခုချိန်ထိ အမှားဖူးသေးဘူး----”

ကျောင်းလျန်ဖန်း ဒေါသတကြီး ပြောလိုက်သည်၊၊

“နင်က ဘာလို့ အပြင်လူအတွက် ပြောပေးနေရတာလဲ----”

“နင်လည်း ဒီကောင့်ဆီက စိတ်ဝိညာဥ်အမြစ် အဆင့်မြှင့်ပေးတဲ့ ဆေးလုံး ရထားတာလား----”

သူက ယဲ့ချင်းရွယ်ကို သူနှင့် သူ့သားကို ကူညီဖို့ ခေါ်ခဲ့တာဖြစ်သည်၊၊

သို့ပေမယ့် သူမက ဘက်ပြောင်းပြီး သူ့သားကို ဂျန်ဖန်းထက် နိမ့်ကျသည်ဟု အခိုင်အမာပြောနေ၏၊၊

“စိတ်ဝိညာဥ်အမြစ် အဆင့်မြှင့်တင်တဲ့ ဆေးလုံး?----”

ယဲ့ချင်းရွယ် စိတ်ရှုပ်သွားခဲ့သည်၊၊

ကမ္ဘာကြီး၌ ထိုကဲ့သို့ ကောင်းကင်ကို ဆန့်ကျင်သည့်ဆေးလုံး မည်သို့ရှိမည်နည်း၊၊

ချန်းစီလင် ဂျန်ဖန်းကို ကာကွယ်ဖို့ စမ်းသပ်ရေးမှော်ရတနာတစ်ခုကို အပြုံးတစ်ခုနှင့် ကောက်ယူလိုက်၏၊၊

“မမလေးယဲ့, ကြည့်ပါ---”

အလင်းတန်းတစ်ခု လေထဲမှာပေါ်လာသည့်အခါ ယဲ့ချင်းရွယ်၏ လှပသည့်မျက်လုံးတွေ အံ့သြမှုကြောင့် ပြူးကျယ်သွားခဲ့သည်၊၊

“အဆင့် ၆ စိတ်ဝိညာဥ်အမြစ်----”

အရင်က အထီးကျန်လှေမြို့၌ အဆင့် ၆ စိတ်ဝိညာဥ်အမြစ်ဆိုတာ ရှုယင်းရင်းမှာသာရှိတာဖြစ်ပြီး မြို့ထဲမှာ အမြင့်ဆုံးအဆင့်ဖြစ်သည်၊၊

ယခုတော့ ချန်းစီလင်လည်း အဆင့် ၆ စိတ်ဝိညာဥ်အမြစ်တဲ့လား----

မဟုတ်ဘူး--- သူမသာ ဒီလိုစိတ်ဝိညာဥ်အမြစ်မျိုးရှိရင် အချိန်တော်ကြာကတည်းက လူတိုင်း သိကုန်ပြီ----

ခဏနေအုန်း----

စိတ်ဝိညာဥ်အမြစ်ကို အဆင့်မြှင့်တင်ပေးသည့် ဆေးလုံး?---

သူမက ဂျန်ဖန်းကို ကြည့်လိုက်သည်၊၊ သူမအကြည့်တွေက လိုအင်ဆန္ဒတွေနှင့် ပြည့်နှက်နေပြီး သံတွေးမျိုချလိုက်သည်၊၊

All Chapters