မြို့သခင်ရောက်ရှိလာခြင်း
Vol. 6 Ch. 79
ဂျန်ဖန်းတွေဝေမနေပဲ ခေါင်းခါယမ်းကာ စာရေးလိုက်သည်၊၊
“သိပ်မစဥ်းနဲ့၊ ဆေးလုံးက နှစ်လုံးပဲ ရှိတာ---”
“တစ်လုံးကိုရို့ရန်ပေးပြီး တစ်လုံးကို စီလင်ပေးလိုက်ပြီ----”
ထိုအရာကြားသည့်အခါ ယဲ့ချင်းရွယ် အကြီးအကျယ်စိတ်ပျက်သွားခဲ့သည်၊၊
အဆင့်နိမ့် စိတ်ဝိညာဥ်အမြစ်နှင့် လူနှစ်ယောက်ကို ကောင်းကင်ဂုဏ်ယူရသူအဖြစ် ပြောင်းလဲပေးလိုက်ခြင်း----
သူမသာ တစ်လုံးရခဲ့လျှင် အဆင့် ၈ စိတ်ဝိညာဥ်အမြစ်ရဖို့ အခွင့်အရေးရှိလာမည် မဟုတ်လား၊၊ ဒဏ္ဍာရီလာ အဆင့် ၉ တောင် ဖြစ်နိုင်၏၊၊
သူမ၏ အမူအရာပျက်ယွင်းမှုကို အလျှင်အမြန်ဖုံးကွယ်လိုက်ပြီး လည်ချောင်းရှင်းကာ ပြောလိုက်သည်၊၊
“နင် နားလည်မှုလွဲနေပြီ၊ ငါ-- ငါက ငါ့သူငယ်ချင်းကိုယ်စားမေးတာ----”
“ဒါနဲ့ အဲ့သူငယ်ချင်းက ရှုယင်းရင်နော်---”
“ဟုတ်တယ်, ရှုယင်းရင်---”
သူမအကြောင်းတွေးပြီး ယဲ့ချင်းရွယ် နောက်တစ်ကြိမ်စိတ်မကောင်းဖြစ်သွားခဲ့ သည်၊၊
‘ယင်းရင်း, ယင်းရင်း, နင် ဘယ်လောက်တောင် ရယ်စရာကောင်းတဲ့ ရွေးချယ်မှုကို လုပ်ခဲ့လဲဆိုတာ သိလား---”
အတိတ်ကအရာတွေကို မပြောလိုသေးပေ၊၊ ဤ ကံကြမ္မာပြောင်းလဲခြင်း နတ်ဆေးလုံးကကို မူလအတိုင်းဆို ရှုယင်းရင်းအပိုင်ဖြစ်၏၊၊
ဤအရာနှင့်ဆိုလျှင် သူမအလာအလာက တစ်ဟုန်ထိုးမြှင့်တက်လာပြီး ကမ္ဘာကြီးမှာ ပြိုင်ဘက်ကင်းတည်ရှိမှု ဖြစ်လာမည်ပဲ ဖြစ်သည်၊၊
သို့ပေမယ့် ယခုအချိန်မှာတော့ ရှုရို့ရန်နှင့် သူမသူငယ်ချင်းကို အကျိုးရှိသွားစေခဲ့သည်၊၊
ကံမကောင်းစွာနှင့် ထိုအရာက နောင်တရဖို့ နောက်ကျလွန်းသွားပြီပဲ ဖြစ်သည်၊၊
သူမက ကျောင်းချီကျန့်ကို ပြန်ကြည့်လိုက်ပြီး ပြောလိုက်သည်၊၊
“ဝမ်းကွဲ, ဒီတစ်ချက်နဲ့ကို နင် ဂျန်ဖန်းနဲ့ ဘယ်လိုယှဥ်မှာလဲ---”
“နင်က ဂျန်ဖန်းနဲ့မယှဥ်နိုင်ဘူးလို့ ငါပြောတာလည်း ကျိုးကြောင်းမဆီလျော်တာ မဟုတ်ဘူး---”
သို့ပေမယ့်---
ကျောင်းချီကျန့် ထိုအရာကို မည်သို့ လက်ခံနိုင်မည်နည်း၊၊
သူက လက်သီးဆုပ်လိုက်ပြီး အော်ပြောလိုက်သည်၊၊
“ဝမ်းကွဲ, နင်က ကန်းနေတာပဲ ဖြစ်မယ်----”
“စိတ်ဝိညာဥ်အမြစ်ကို တိုးမြှင့်ပေးနိုင်တဲ့ ဆေးလုံးလို့ မရှိဘူး--- ချန်းစီလင်မှာ နဂိုတည်းက အဆင့် ၆ စိတ်ဝိညာဥ်အမြစ် ရှိတာ သိသာတယ်----”
ကျောင်းလျန်ဖန်းလည်း အမှန်တရားကို လျစ်လျူရှုပြီး ဒေါသတကြီးပြောလိုက်သည်၊၊
“ချင်းရွယ်, မင်းက ဦးလေးကို တကယ်စိတ်ပျက်စေတာပဲ---”
“အပြင်လူကိုကူညီဖို့ , မင်းဦးလေးရဲ့ ဂုဏ်သိက္ခာကိုတောင် လျစ်လျူရှုတယ်---”
“ကံကောင်းတာက မင်းဆီက ဘာမှမမျှော်လင့်ထားတာပဲ၊ ငါ မင်းအဖေကို အသိပေးပြီးသွားပြီ---”
ဟမ်?---
ချန်းယုချိုအမူအရာပြောင်းသွားခဲ့သည်၊၊
ယဲ့ချင်းရွယ်တည်ရှိမှုက ဘာမှမဟုတ်ပေ၊၊ သူမက မြို့သခင်သမီးသာဖြစ်ပြီး မြို့သခင်ကို ကိုယ်စားမပြုပေ၊၊
ထို့ပြင် ယဲ့ချင်းရွယ်က အမြဲတမ်း သူမ၏ ဆင်ခြင်တုံးတရားနှင့် ဆုံးဖြတ်နိုင်စွမ်းကြောင့် ကျော်ကြား၏၊၊
သို့ပေမယ့် ယဲ့ဂျိဖုန်းက မတူပေ၊၊
သူက မြို့သခင်တစ်ယောက်ဖြစ်ပြီး ချန်းမိသားစုမြို့ထဲမှာ ဆက်နေဖို့ကို အဆုံးအဖြတ်ပေးနိုင်၏၊၊
ချန်းယုချိုကို ပိုအခက်တွေ့စေသည့်အရာက---
ယဲ့မိသားစုခေါင်းဆောင်အနေဖြင့် ယဲ့ဂျိဖုန်းက သေချာပေါက် အကျိုးအမြတ်ကိုပဲ ဦးစားပေးမည်ဖြစ်သည်၊၊
တရားတာတွေ မတရားတာတွေ မရှိပေ၊၊
ယဲ့ဂျိဖုန်းရောက်လာသည်နှင့် အခြေအနေ မည်သို့ဖြစ်သွားမည်ကို စိတ်ကူးကြည့်လို့ရတာပဲ ဖြစ်သည်၊၊
ယဲ့ချင်းရွယ် ဒေါသမထွက်ပဲ မနေနိုင် ဖြစ်သွားသည်၊၊
“ဦးလေးက ဒီကိစ္စအတွက် ငါ့အဖေကို ခေါ်လိုက်တယ်ပေါ့----”
သူမလည်း ချန်မိသားစုအတွက် စိုးရိမ်သွားခဲ့သည်၊၊ ဂျန်ဖန်းအတွက် ပိုလို့တောင် စိုးရိမ်သွားခဲ့သည်၊၊
နံပါတ် ၁ အရိပ်စောင့် အထောက်အထားက သူမမျက်လုံးထဲမှာ အရေးပါပေမယ့် သူမအဖေ မြို့သခင်အတွက်တော့ ဘာမှမဟုတ်ပေ၊၊
ကျောင်းလျန်ဖန်းက အပြစ်တင်လိုက်သည်၊၊
“မင်းသာအသိညာဏ်ရှိရင် ငါမင်းအဖေကို ခေါ်ဖို့လိုမှာလား---”
“ဒါ့အပြင် ချန်းမိသားစုတင်မဟုတ်ဘူး၊ မင်းအဖေက မင်းကိုပါ ဘယ်လိုပြုမူရမလဲ ဆိုတာ သင်ပေးဖို့ လိုတယ်---"
“ဒီလောက်တောင်အရွယ်ရောက်နေပြီ, ခုထိအသိဥာဏ်မဲ့နေတုန်းပဲ----”
ခွပ်! ခွပ်! ခွပ်!
သားရဲခြေသံတွေ ချည်းကပ်လာခဲ့သည်၊၊
အစောင့်များစွာဝန်းရံထားသည့် ယဲ့ဂျိဖုန်း ကြီးကျယ်ခမ်းနားသည့်အရှိန်အဝါဖြင့် ချန်မိသားစုကို ရောက်လာခဲ့သည်၊၊
ချန်းယုချို မည်သို့ လျစ်လျူရှုရဲမည်နည်း၊၊
သူက ချက်ချင်းပဲ ရှေ့တက်ကာနှုတ်ဆက်လိုက်၏၊၊
“ချန်းယုချို မြို့သခင်ကို နှုတ်ဆက်ပါတယ်----”
ယဲ့ဂျိဖုန်း ခန်းမအလယ်၌ လက်နောက်ပစ်ကာမတ်တပ်ရပ်နေပြီး ပြင်းထန်သည့် ဖိအားကို ထုတ်လွတ်နေခဲ့သည်၊၊
“ချန်မိသားစုခေါင်းဆောင်ဆီက ဒီလိုနှုတ်ဆက်မှုမျိုး ငါဘယ်လိုလုပ် လက်ခံရဲမှာလဲ----”
ချန်းယုချို ခါးသီးစွာခံစားလိုက်ရပြီး အလျှင်အမြန်ပြောလိုက်သည်၊၊
“မြို့သခင်, ကျေးဇူးပြုပြီး ငါ့ကို အကြောင်းအရာတွေပြောခွင့်ပြုပါ----”
မည်သူသိမည်နည်း၊၊
ယဲ့ဂျိဖုန်း, လုံးဝနားမထောင်ချင်ပေ၊၊ သူက လက်ဝှေ့ယမ်းလိုက်ပြီး နှာမှုတ်လိုက်၏၊၊
“ငါသိပြီးပြီ၊ မင်းထပ်ပြောဖို့ မလိုဘူး---”
သူက ကျောင်းမိသားစုကို ပွင့်ပွင့်လင်းလင်းပဲ ထောက်ခံနေခဲ့သည်၊၊
ယဲ့ချင်းရွယ် ကြည့်မနေနိုင်တော့ပဲ ပြောလိုက်သည်၊၊
“အဖေ, ကိစ္စတွေက ဦးလေးပြောသလို မဟုတ်ဘူး----”
“တကယ်တော့, ဝမ်းကွဲက အခြားလူလောက် အရည်အချင်းမရှိလို့ ရှုံးနိမ့်သွားတာ၊၊ သူက ဒါကို လက်မခံနိုင်ဖြစ်နေတာ----”
“ကျေးဇူးပြုပြီး ဝင်မပါပါနဲ့၊ ငါတို့မြို့သခင်မိသားစု အရှက်ရလိမ့်မယ်---”
ယဲ့ဂျိဖုန်း နှာမှုတ်လိုက်ပြီး အော်ပြောလိုက်သည်၊၊
“ပါးစပ်ပိတ်ပြီး ဘေးမှာရပ်နေ---”
သူက စိတ်ထဲမှာ တိတ်တဆိတ် သက်ပြင်းချလိုက်သည်၊၊
သူက ကျောင်းမိသားစုစရိုက်ကို မည်သို့ မသိပဲနေမည်နည်း၊၊
သူတို့က ပိုင်လျိုမြို့မှာ နာမည်ဆိုးနှင့်ကျော်ကြားသည့် ပြဿနာရှာသူတွေပဲဖြစ်သည်၊၊
သို့ပေမယ့် သူ့သမီးက ငယ်သေး၏၊၊
မိသားစုကြီးတစ်ခုအနေဖြင့် တရားမျှမှုကို ဦးစားပေးလို့မရပေ၊၊
မိသားစု၏ အကျိုးစီးပွားကိုပဲ ဦးစားပေးရမည် ဖြစ်သည်၊၊
ထို့ကြောင့် ချန်းမိသားစု မှန်တာသိရင်တောင် သူက ကျောင်းမိသားစုကို ထောက်ပံ့မည်ဖြစ်သည်၊၊
“ချန်းယုချို, မင်းက ကျောင်းမိသားစုကို စော်ကားခဲ့တယ်၊ အဲ့ဒီအတွက် မင်းတာဝန်ယူရမယ်---”
ယဲ့ဂျိဖုန်း ကျိုးကြောင်းမဆီလျော်ပဲ ဖိနှိပ်လိုက်သည်၊၊
“ပထမတစ်ခုအနေနဲ့ , မင်းတို့ချန်မိသားစု အထီးကျန်လှေမြို့က ထွက်သွားပါ---”
“ဒုတိယတစ်ခုကတော့, မင်းတို့သမီးချန်းစီလင်ကို ကျောင်းမိသားစုနဲ့ လက်ထပ်ပေးလိုက်ပါ---”
“တစ်ခုရွေးပါ၊ ဒီကိစ္စပြီးသွားလိမ့်မယ်--- မဟုတ်ရင်တော့ မြို့သခင်အိမ်တော်ရဲ့ နည်းလမ်းတွေကို နားလည်မှာပါ---”
ချန်းယုချို အမူအရာ အတော်လေး ကြည့်မကောင်းဖြစ်သွားခဲ့သည်၊၊
မြို့သခင်အိမ်တော်နည်းလမ်းတွေနှင့် ချန်မိသားစုကို အလွယ်တကူဖျက်ဆီးနိုင်တာပဲ ဖြစ်သည်၊၊
လျိုချီမင်မျက်နှာလည်း ဖြူဖြော့သွားခဲ့သည်၊၊
သို့ပေမယ့် လင်မယားနှစ်ယောက်က စိတ်ပျက်အားငယ်မသွားပေ၊၊
နောက်ဆုံးမှာတော့ ချန်မိသားစုက ကံကောင်း၏၊၊ သူတို့က ကြယ်သုံးလုံးဝိညာဥ်သခင်ကို ရထားတာ ဖြစ်သည်၊၊
သူတို့က ဤအခွင့်အရေးကြီးကို လက်လျော့ရမည်လား?---
ဆုတောင်းလေ---
အထီးကျန်လှေမြို့ကထွက်သွားတာ အတွက်တော့ ထွက်သွားရလည်း ကိစ္စမရှိပေ၊၊
ကြယ်သုံးလုံးဝိညာဥ်သခင်နောက်ခံနှင့် ချန်မိသားစုအနာဂတ်အဆင့်အတန်းက အထီးကျန်လှေမြို့လို မြို့ငယ်လေးမှာ ကန့်သတ်ထားလို့မရပေ၊၊
ယခုချိန်မှာ မရွေ့ပြောင်းလျှင်လည်း နောင်မှာ ဘယ်နည်းနှင့်ပဲဖြစ်ဖြစ် ပြောင်းရမှာပဲဖြစ်သည်၊၊
ထို့ကြောင့် တွေဝေနေဖို့ မလိုပေ၊၊
ချန်းယုချို ပြတ်ပြတ်သားသား ပြောလိုက်သည်၊၊
“ငါတို့ကို ခွင့်ပြုပေးလို့ မြို့သခင်ကို ကျေးဇူးတင်ပါတယ်၊၊ ငါတို့ချန်မိသားစု အထီးကျန်လှေမြို့ကနေ ညတွင်းချင်း ထွက်သွားပါ့မယ်၊၊”
“ငါ့သမီးကို ကျောင်းမိသားစုနဲ့ လက်ထပ်ပေးဖို့ကတော့----”
“ပွင့်ပွင့်လင်းလင်းပြောတာကိုတော့ ခွင့်လွတ်ပါ၊ သူတို့က မထိုက်တန်ဘူး----”
“ငါ့သမီးက ဒီဘဝမှာ ဂျန်ဖန်းကိုပဲ လက်ထပ်မှာ၊၊ သူမက ကိုယ်လုပ်တော် တစ်ယောက်ဆိုရင်တောင် ကျောင်းမိသားစုမယာကြီးဖြစ်တာထက် ကောင်းတယ်---”
ဤကဲ့သို့ ရဲရင့်ပြီးပြတ်သားသည့် သဘောထားက ကျောက်မိသားစုသားအဖကို တိုက်ရိုက် ဒေါသထွက်သွားစေ၏၊၊
သူတို့က ချန်မိသားစုကို ဖိနှိပ်ဖို့ မြို့သခင်ကို ခေါ်ခဲ့ပေမယ့် ရလဒ်က မျှော်မှန်းထားသည်နှင့် ပြောင်းပြန်ဖြစ်နေခဲ့သည်၊၊ ချန်းမိသားစု အကြောင်းပြချက်အချို့ကြောင့် ဤကဲ့သို့ မာကျောသည့်ကျောရိုးကို ပြသနေခဲ့သည်၊၊
ဦးညွှတ်မည့်အစား မိသားစုတစ်ခုလုံး ပြောင်းရွေ့မည်ပဲဖြစ်သည်၊၊
ယဲ့ဂျိဖုန်းလည်း ခက်ခဲသည့်အခြေအနေ ရောက်သွားခဲ့သည်၊၊
အထီးကျန်လှေမြို့၌ ဆေးဖော်စပ်သည့် မိသားစုနှစ်ခုရှိရာ ချင်မိသားစုက ထွက်ခွာသွားပြီဖြစ်သည်၊၊
ချန်းမိသားစုသာ ထပ်ပြီး ထွက်ခွာသွားလျှင် အနာဂတ်မှာ မည်သူက ဆေးထုတ်တော့မည်နည်း၊၊
သို့ပေမယ့် သူတို့ကို နေဖို့ တောင်းဆိုဖို့ကြတော့ အတော်လေး မျက်နှာပျက်မည်ပဲဖြစ်သည်၊၊
ထိုအခိုက်အတန့်၌ ဂျန်ဖန်း ချန်းယုချိုကို နှစ်သိပ်ဖို့ စာတစ်ကြောင်းရေးလိုက်သည်၊၊
“ပိုကြီးတဲ့မြို့ကို ပြောင်းတာက ဘာပဲဖြစ်ဖြစ်ပိုကောင်းပါတယ်၊၊ အထီးကျန်လှေမြို့က သေးလွန်းတယ်---”
ချန်းမိသားက သူနှင့် လက်ထပ်ပြီးမှတော့ အနာဂတ်မှာ သူက သဘာဝအတိုင်း ပိုထောက်ပံ့ရတော့မည်ပဲဖြစ်သည်၊၊
အဆင့်မြင့်ဆေးအမျိုးအစားအားလုံး ချန်မိသားစုရောင်းဖို့ ပေးမည်ပဲဖြစ်သည်၊၊
အထီးကျန်လှေမြို့၏ အဆင့်မြင့်ဆေးလုံး ဝယ်လိုအားက မြို့ကြီးတွေထက် သိသိသာသာ နည်းတာပဲဖြစ်သည်၊၊
ဘေးကျပ်နံကျပ်ထဲရောက်နေသည့် ယဲ့ဂျိဖုန်း ဂျန်ဖန်းစကားပြောလာတာ မြင်သည့်အခါ သူ့ဒေါသတွေ ချက်ချင်းပဲ ဂျန်ဖန်းဆီဦးတည်လိုက်သည်၊၊
“ဂျန်ဖန်းဆိုတာ မင်းလား--- ပြဿနာတွေ ဖြစ်စေတဲ့တစ်ယောက်လေ----”
“သူ့ကိုဖမ်းကြစမ်း---- မိသားစုကြီးနှစ်ခုရဲ့ မဟာမိတ်လက်ထပ်ပွဲကို ဖျက်လိုဖျက်ဆီး လုပ်တဲ့ကောင်၊၊ ဒီကောင် ဘာကြောင့် ပြဿနာရှာလဲဆိုတာ စစ်မေးရမယ်----”
ဂျန်ဖန်းကိုဖမ်းခြင်းဖြင့် သူက ကျောင်းမိသားစုဒေါသကိုဖြေသိမ့်နိုင်ပြီး ချန်မိသားစု မဆင်မခြင်ပြုမူနေတာကိုလည်း တားဆီးနိုင်၏၊၊
ခဲတစ်လုံးနှင့် ငှက်နှစ်ကောင် ပစ်နိုင်မည်ပဲ ဖြစ်သည်၊၊
သူ့ဘေးမှာရှိသည့် အစောင့်ခေါင်းဆောင် ချက်ချင်းပဲ ဓားဆွဲထုတ်ကာ ဂျန်ဖန်းဆီ ခြေလှမ်းကျဲကျဲလျှောက်သွားလိုက်သည်၊၊
သေချာတောင်ကြည့်မနေပဲ သူ့ပခုံးကို ဆုပ်ကိုင်လိုက်သည်၊၊
“ကောင်လေး, ဒူးထောက်ပြီး အညံ့ခံစမ်း----”
ဂျန်ဖန်းက အတိတ်တုန်းကလို မဟုတ်တော့ပေ၊,
အခြေခံတည်ဆောက်ခြင်းအဆင့် ၃ ဖြင့် သူက ဤကဲ့သို့အာဏာမျိုးကို လျစ်လျူရှုနိုင်၏၊၊
သူ့ခန္ဓာကိုယ်ကို အနည်းငယ်လှုပ်ရှားလိုက်သည့်အခါ စိတ်ဝိညာဥ်စွမ်းအားက အစောင့်ခေါင်းဆောင်ကို နောက်ပြန်လွင့်သွားစေခဲ့သည်၊၊
အစောင့်ခေါင်းဆောင် သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်၊၊
“မင်းက အာခံရဲ--”
သူက ဂျန်ဖန်းမျက်နှာကို သေချာကြည့်လိုက်သည့်အခါ သူ့မျက်လုံးတွေပြူးကျယ်သွားခဲ့သည်၊၊
သူဝင်လာသည့်အချိန်ကတည်းက ဂျန်ဖန်း မျက်နှာကို ရင်းနှီးသည်ဟု ခံစားမိ၏၊၊
အနီးကပ်သေချာကြည့်လိုက်သည့်အခါ ရုတ်တရက် ဂျန်ဖန်းကို မှတ်မိသွားခဲ့သည်၊၊
သွေးလင်းနို့နန်းတော်အဖွဲ့ဝင်တွေကို သတ်ပြီး မြို့သခင်စိတ်ဝိညာဥ်ရေကန်ကို နှစ်နာရီလာကျင့်ကြံသည့် အဆင့် ၉ စိတ်ဝိညာဥ်အမြစ်နှင့် တစ်ယောက် မဟုတ်လား----
လျိုချင်းရှန် သူ့ကို မြို့ထဲ၌ အကြိမ်များစွာ ရှာနေခဲ့သည်၊၊
ထွက်မသွားခင် သူမက အဆင့် ၉ စိတ်ဝိညာဥ်အမြစ်နှင့်လူ၏ လှုပ်ရှားမှုတိုင်းကို သေချာစောင့်ကြည့်ဖို့ မြို့သခင်အိမ်တော်ကို အထူးမှားကြားခဲ့၏၊၊ ရှာတွေ့လျှင် ယဲ့မိသားစုကို သတင်းပို့ပြီး ကြီးမားသည့် ဆုလဒ်ရမည်ဟု ပြောခဲ့သည်၊၊
ထိုကိစ္စကြောင့် မြို့သခင်က မြို့စောင့်တပ်သားအားလုံးကို စုစည်းပြီး နေရာတိုင်းမှာ ရှာဖွေခဲ့၏၊၊
သို့ပေမယ့် ထိုအရာက ကောက်ရိုးပုံထဲ အပ်ပျောက်ရှာသလိုဖြစ်ပြီး ဘယ်လိုမှ ရှာမတွေ့ခဲ့ကြပေ၊၊
သူတို့မသိတာ ထိုအဆင့် ၉ စိတ်ဝိညာဥ်အမြစ်က သူတို့ရှေ့မှာ ရှိနေခဲ့တာပဲဖြစ်သည်၊၊