အဖေ, နင်အရမ်းထူးဆန်းနေတယ်
Vol. 6 Ch. 80
အစောင့်ခေါင်းဆောင် ကြောင်အပြီး မတ်တပ်ရပ်နေသည့်အတွက် ယဲ့ဂျိဖုန်းမျက်နှာ မဲမှောင်သွားခဲ့သည်၊၊
“ဘာလဲ, မင်းကကြောက်နေတာလား?--- လူတစ်ယောက်တောင် မဖမ်းနိုင်ဘူးလား----”
အစောင့်ခေါင်းဆောင် အကြီးအကျယ် တုန်လှုပ်နေဆဲဖြစ်ပြီး ခုထိ အသိပြန်မဝင်သေးပေ၊၊
ယဲ့ဂျိဖုန်း ဒေါသထွက်သွားပြီး ရှေ့တက်လာကာ အစောင့်ခေါင်းဆောင်ကို တွန်းဖယ်လိုက်၏၊၊
“သုံးစားမရတဲ့အမှိုက်ကောင်----"
သူက ဂျန်ဖန်းကို ကိုယ်တိုင်ဖမ်းဖို့ ပြင်လိုက်၏၊၊
နောက်ဆုံးမှာတော့ အစောင့်ခေါင်းဆောင် အသိပြန်ဝင်လာခဲ့သည်၊၊ ဂျန်ဖန်း၏ မကျေမနပ်ဖြစ်နေသည့်အသွင်အပြင်ကိုမြင်သည့်အခါ သူက အလွန်ကြောက်လန့်သွားခဲ့သည်၊၊
ဤရာက လျိုချင်းရှန် အပြင်းအထန် ရှာနေသည့် အဆင့် ၉ စိတ်ဝိညာဥ်အမြစ်ပဲ ဖြစ်သည်၊၊
ဆံချည်တစ်မျှင်ထိခိုက်သွားလျှင်တောင် လျိုချင်းရှန် ယဲ့ဂျိဖုန်းနှင့် ယဲမိသားစုကို ချမ်းသာပေးမည်မဟုတ်ပေ၊၊
သူက အလျှင်အမြန်ပဲ ယဲ့ဂျိဖုန်းလက်မောင်ကို ဆုပ်ကိုင်ပြီး နောက်ပြန်ဆွဲကာ အလောတကြီး အော်ပြောလိုက်သည်၊၊
“မြို့သခင်, မလုပ်နဲ---- သူက---"
သူထုတ်ပြောဖို့အလုပ်မှာ အဆင့်၉စိတ်ဝိညာဥ်အမြစ်၏ အထောက်အထားက ထိပ်တန်းလျို့ဝှက်ချက်ဖြစ်ပြီး ပေါက်ကြားလို့မရတာကို သတိရလိုက်သည်၊၊
ယဲ့ဂျိဖုန်း ဒေါသထွက်သွားခဲ့သည်၊၊
သူက အစောင့်ခေါင်းဆောင်ကို မြေပြင်ပေါ်လွင့်ပျံသွားသည်အထိ ပြင်းထန်စွာပါးရိုက်လိုက်ပြီး အော်ပြောလိုက်သည်၊၊
“ဒီနေ့မင်းဘာဖြစ်နေတာလဲ---- ဆေးစားမှားလာတာလား---”
အစောင့်ခေါင်းဆောင် ပါးစပ်ထောင့်မှ သွေးထွက်လာခဲ့သည်၊၊
သို့ပေမယ့် သူက နာကျင်မှုကို ဂရုမစိုက်ပဲ အလျှင်အမြန်ထရပ်ကာ ယဲ့ဂျိဖုန်းဆီ အပြေးသွားပြီး တီးတိုးပြောလိုက်သည်၊၊
“မြို့သခင်, သူက အဲ့ဒီနေ့က သွေးလင်းနို့နန်းတော်ဆုလဒ်ထုတ်သွားတဲ့ ကောင်လေးပဲ----”
ယဲ့ဂျိဖုန်းမျက်မှောင်ကြုတ်သွားသည်၊၊
“ဘာကို သွေးလင်းနို့နန်းတော်ဆုလဒ်လဲ--- ခဏနေအုန်း----”
ဟစ်!
သူက ရုတ်တရက် အသက်ပြင်းပြင်း ရူလိုက်ပြီး တုန်လှုပ်နေခဲ့သည်၊၊
“မင်းပြောတာ သူက အဲ့ဒီအဆင့် ၉---”
သူက ပါးစပ်အလျှင်အမြန်ပိတ်လိုက်ပြီး အသံနိမ့်ကာ အနည်းငယ်တုန်ယင်စွာဖြင့် မေးလိုက်သည်၊၊
“မင်း အခြားတစ်ယောက်ယောက်နဲ့ မှားတာမဟုတ်ဘူးဆိုတာ သေချာလား---”
အစောင့်ခေါင်းဆောင် ပြောလိုက်သည်၊၊
“ကျွန်တော်ပြောတာမှားရင် မြို့သခင် ကျွန်တော့်မျက်လုံးဖောက်ထုတ်လိုက်လို့ ရတယ်----”
ဒါက တကယ်သူလား---
ယဲ့းဂျိဖုန်း အလွန်ပျော်ရွင်သွားခဲ့သည်၊၊
ဤအရာက လျိုချင်းရှန်ရှာနေသည့် လူပဲဖြစ်သည်၊၊
သူမထွက်မသွားခင် အဆင့် ၉ စိတ်ဝိညာဥ်အမြစ် တန်ဖိုးအားလုံးသုံးပြီး ရှာဖို့ ယဲ့ဂျိဖုန်းကို မှာကြားခဲ့၏၊၊
ရှာတွေ့လျှင် ယဲ့မိသားစုက တိမ်စိမ်းဂိုဏ်း အတွင်းစည်းတပည့်တစ်နေရာစာ ရမည်ပဲ ဖြစ်သည်၊၊
ဂျန်ဖန်းကိုနောက်တစ်ကြိမ်ကြည့်လိုက်သည့်အခါ အရင်က သူ၏ကြမ်းတမ်းသည့် အမူအရာတွေမရှိတော့ပေ၊၊
သူ့လက်တွေကိုပွတ်သပ်လိုက်ပြီး ပြုံးလိုက်သည်၊၊
“သခင်လေးဂျန်, မင်းက တကယ်ကို ပါရမီရှင်ပဲ၊၊ ငါမင်းကို အချိန်တော်ကြာကတည်းက လေးစားနေခဲ့တာ၊၊ ဒီနေ့ လူကိုယ်တိုင်မြင်ရတော့ မင်းရဲ့ ဂုဏ်သတင်းက တကယ်ထိုက်တန်တာပဲ----”
ခန်းမက ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်၊၊
အစောင့်ခေါင်းဆောင်မျက်လုံးတွေ ပြူးကျယ်နေခဲ့သည်၊၊
မျက်နှာချိုသွေးတာက သူ၏အားသာချက်ဟု သူအမြဲတွေးထားခဲ့သည်၊၊
သို့ပေမယ့် မြို့သခင်၏ မျက်နှာအပြောင်းအလဲကိုမြင်သည့်အခါသင်ယူစရာအများကြီးရှိသေးတာ နားလည်လိုက်၏၊၊
ယဲ့ချင်းရွယ်၏လှပသည့်မျက်လုံးတွေလည်း ပြူးကျယ်နေပြီး ခေါင်းထဲမှာ မေးခွန်းတွေနှင့်ပြည့်နှက်နေခဲ့သည်၊၊
သူမ၏ အမြဲလိုလိုခက်ထန်ပြီး ဂုဏ်သရေရှိသည့်အဖေက တစ်စုံတစ်ယောက်ကို မျက်နှာချိုသွေးနေသည်လား၊၊ သူမက မနေနိုင်ပဲ ရေရွတ်လိုက်သည်၊၊
“အဖေ, အဖေက သမီးအတွက် အရမ်းထူးဆန်းနေတယ်----”
ကျောင်းလျန်ဖန်းနှင့် ကျောင်းချီကျန့်တို့ သားအဖလည်း သူတို့၏လှောင်ပြောင်နေသည့်အမူအရာတွေ ရုတ်တရက် အေးခဲသွားပြီး လေထုထဲက ရုတ်တရက်ပြောင်းလဲမှုကို မျက်တောင်မခတ်တမ်းစိုက်ကြည့်နေခဲ့သည်၊၊
ချန်းယုချိုနှင့် လျိုချီမင် အကြည့်ချင်းဖလှယ်လိုက်ကြပြီး ကို့ရို့ကားယားနိုင်သည်ဟု ခံစားလိုက်ရ၏၊၊
မြို့သခင်၏ ကြမ်းကြုတ်သည့်သဘောထားက ဘာကြောင့် ရုတ်တရက် အကြီးအကျယ်ပြောင်းလဲသွားရသနည်း၊၊
ဂျန်ဖန်းတောင် သူ့နှာခေါင်းသူထိလိုက်ပြီး မြို့သခင်၌ စရိုက်နှစ်မျိုးရှိတာလားဆိုတာ သိချင်နေခဲ့သည်၊၊
“မြို့သခင်, ဒါက ဘာလဲ----”
ယဲ့ဂျိဖုန်း လုံးဝကို့ရို့ကားယား ဖြစ်မသွားပဲ လက်ချင်းယှက်ကာ ပြောလိုက်သည်၊၊
“ဒါတွေအားလုံးက နားလည်မှုလွဲနေတာ---- နားလည်မှုလွဲနေတာပါ----"
“မင်း ချန်မိသားစုသမီးကို ကိုယ်လုပ်တော် အဖြစ်လက်ထပ်တာက ဘာမှမဖြစ်ပါဘူး---”
ပြောနေရင်း သူက သူ့အိတ်ကပ်ကို စမ်းကြည့်လိုက်သည်၊၊
အတော်လေးတွန့်ဆုတ်နေပြီး နောက်ဆုံးမှာတော့ သူအမြဲဆောင်ထားသည့် ကျောက်စိမ်းဆွဲပြားတစ်ခုကို ထုတ်ယူလိုက်သည်၊၊
သူက ထိုအရာအား ချန်းစီလင်လက်ထဲ ထည့်ပေးလိုက်ပြီး အင်မတန်ယဥ်ကျေးစွာ ပြောလိုက်သည်၊၊
“စီလင်, ဦးလေးက ကမန်းကတန်းလာလိုက်ရတာဆိုတော့ ဘာကောင်းတဲ့ပစ္စည်းမှ ပါမလာဘူး----”
“ဒီကျောက်စိမ်းဆွဲပြားကိုပဲ ဦးလေးရဲ့ လက်ဆောင်အဖြစ် သတ်မှတ်ပေးပါ---”
အာ?----
ယဲ့ချင်းရွယ် ပါးစပ်အဟောင်းသား ဖြစ်သွားသည်၊၊
ထိုအရာက သာမန်ကျောက်စိမ်းဆွဲပြား မဟုတ်ပေ၊၊ မြိုသခင်၏ ကျောက်စိမ်းအဆောင်ပဲဖြစ်သည်၊၊
သာမန်လူတွေနှင့် စစ်သားတွေ ဤကျောက်စိမ်းဆွဲပြားကိုမြင်လျှင် မြို့သခင်ကိုမြင်ရသည့်အတိုင်းပင် ဖြစ်သည်၊၊
ပုံမှန်ဆိုလျှင် သူမတောင် ထိုအရာကို ကိုင်ကြည့်ချင်ရုံနှင့် သူမအဖေဆူတာခံရမှာဖြစ်၏၊၊
သူက ထိုအရာကို ချန်းစီလင်အား အမှန်တကယ်ပေးပစ်လိုက်သည်၊၊
ချန်းစီလင်လည်း ကျောက်စိမ်းပြား၏ အရေးပါမှုကိုသိတာကြောင့် ကြောက်လန့်တကြား အလျှင်အမြန် ငြင်းဆန်လိုက်၏၊၊
“မြို့သခင်, ငါဒါကိုလက်မခံနိုင်ပါဘူး၊ ငါဘယ်လိုလုပ်ပြီး ဒါကို ယူနိုင်မှာလဲ----”
ယဲ့ဂျိဖုန်းမျက်နှာ တည်သွားပြီး မကျေမနပ်ဖြစ်သွားသည်၊၊
“ငါနဲ့မင်းအဖေက ညီအကိုတွေလိုပဲ၊၊ ဒါကြောင့် မင်းကလည်း ငါ့သမီးပဲလေ၊၊ ဘာလို့မယူနိုင်ရမှာလဲ----”
“ငါကယူဆိုရင် ယူလိုက်ပါ----”
သူကပြောနေရင်း သူမလက်ထဲ ထိုးထည့်ပေးလိုက်သည်၊၊
ချန်းယုချို အတော်လေး အံ့အားသင့်နေခဲ့ သည်၊၊
ဘယ်သူက မင်းနဲ့ညီအကိုတွေလဲ?--- ငါတို့ချင်း ကောင်းကောင်းတောင် သိလို့လား?----
သို့ပေမယ့် မြို့သခင်သူ့ဘက်မှာရပ်တည်တာ မြင်သည့်အခါ သူက တွန့်ဆုတ်စွာဖြင့် လက်ခံလိုက်သည်၊၊
“စီလင်, လက်ခံလိုက်ပါ----”
“မပျောက်အောင် သေချသိမ်းထား----”
ချန်းစီလင် တွန့်ဆုတ်စွာဖြင့် လက်ခံလိုက်သည်၊၊
“ကျေးဇူးတင်ပါတယ်, မြို့သခင်----”
“ဘာကိုမြို့သခင်လဲ၊၊ ငါ့ကို မွေးစားအဖေလို့ခေါပါ၊၊ ဒီနေ့ကစပြီး မင်းကို ငါ့ရဲ့သမီးအဖြစ် မွေးစားမယ်----”
ယဲ့ဂျိဖုန်း ထပ်ပေါင်းပြောလိုက်သည်၊၊
“ဒီနေ့ကစပြီး ချန်မိသားစုကို အနိုင်ကျင့်တဲ့ ဘယ်သူမဆို ငါ့ယဲ့မိသားစုကို ဆန့်ကျင့်တာပဲ----”
မွေး-- မွေးစားအဖေ?----
ချန်းယုချိုမျက်လုံးလှန်လိုက်သည်၊၊
‘မင်းကတကယ်ပဲ အခြေအနေကို အခွင့်ကောင်းယူတတ်တာပဲ----'
ဂျန်ဖန်းက ကြယ်သုံးလုံး ဝိညာဥ်သခင်ဖြစ်၏၊၊
သူနှင့် အနည်းငယ်ပတ်သက်မှုရှိလျှင်တောင် အနာဂတ်မှာ ကြီးပွားလာမှာ အသေအချာပဲဖြစ်သည်၊၊
ဂျန်ဖန်းခုချိန်ထိ မကြီးထွားသေသည်ဖြစ်၍ အားကောင်းသည့်မဟာမိတ်ရှိတာလည်း မဆိုးပေ၊၊ ထိုအရာကို တွေးပြီး သူက ခေါင်းညိတ်လိုက်သည်၊၊
“စီလင်, မြို့သခင်က သမီးကိုမွေးစားသမီးအဖြစ် လက်ခံနေတာ၊ မြန်မြန်ကျေးဇူးမတင်သေးဘူးလား----”
အာ?---
ချန်းစီလင် စိတ်ရှုပ်ထွေးစွာဖြင့် ဒူးထောက်ကာ အရိုအသေပေးလိုက်သည်၊၊
“စီလင်, မွေးစားအဖေကို အရိုအသေပေးပါတယ်----”
ယဲ့ဂျိဖုန်းပျော်ရွင်သွားပြီး သူမကို ထဖို့ ကူညီပေးလိုက်သည်၊၊
“ကောင်းတယ်, ကောင်းတယ်--- ခုချိန်ကစပြီး ငါတို့က တစ်မိသားစုတည်းတွေပဲ----”
ယဲ့ဂျိဖုန်း ချန်းစီလင်အား ချစ်ခင်ကြင်နာနေတာမြင်သည့်အခါ---
ယဲ့ချင်းရွယ် ရုတ်တရက် ထူးဆန်းသလို ခံစားလိုက်ရပြီး သူမမိသားစု ဆုံးရှုံးသွားသလို ခံစားလိုက်ရသည်၊၊
ထိုအရာက ဘာဖြစ်သွားတာနည်း၊၊
သူမအဖေ ဂျန်ဖန်း၏ အကြီးဆုံးလျို့ဝှက်ချက်ဖြစ်သည့် နံပါတ် ၁ အရိပ်စောင့်အထောက်အထား ရှားတွေ့သွားလျှင်တောင်----
ကျောက်စိမ်းအဆောင်ပေးပြီး မွေးစားသမီးအဖြစ်လက်ခံတာက မဖြစ်သင့်ပေ၊၊
နံပါတ် ၁ အရိပ်စောင့်က ဂျန်းဖန်းလျို့ဝှက်ချက်တွေထဲက တစ်ခုလေးသာဖြစ်ပြီး သူမသိသေးသည့် လျို့ဝှက်ချက်များစွာ ရှိနေသေးသည်လား----
သူမက မနေနိုင်ပဲ ဂျန်ဖန်းကို မသင်္ကာစွာ ကြည့်လိုက်သည်၊၊
“ဂျန်ဖန်း, နင်ငါ့ဆီက တစ်ခုခု ဖုံးကွယ်ထားတာလား?----”
ထိုစကားကြောင့် ယဲ့ဂျိဖုန်းနှင့် ချန်းယုချို တို့နှစ်ယောက်လုံး ရုတ်တရက် ထိတ်လန့်သွားကြသည်၊၊
ယဲ့ဂျိဖုန်းက အဆင့် ၉ စိတ်ဝိညာဥ်အမြစ် အထောက်အထားပေါ်သွားတာလားလို့ တွေးလိုက်သည်၊၊
ချန်းယုချိုလည်း ကြယ်သုံးလုံး ဝိညာဥ်သခင် အထောက်အထားပေါ်သွားတာလားဟု တွေးလိုက်မိသည်၊၊
နှစ်ယောက်သားက ယဲ့ချင်းရွယ်ကို စိုက်ကြည့်လိုက်ပြီး တိတ်တိတ်နေဖို့ သတိပေးလိုက်သည်၊၊
ယဲ့ဂျိဖုန်း ချန်းမိသားစုနှင့် သဟဇာတဖြစ်ပြီး တစ်မိသားစုတည်းဖြစ်သွားတာ မြင်သည့်အခါ----
ကျောင်းလျန်ဖန်း သူ့မျက်လုံးသူ မယုံနိုင်ဖြစ်သွားသည်၊၊
“အကိုကြီးယဲ့, မင်းဘယ်လိုလုပ်ပြီး အပြင်လူကို ကူညီနိုင်ရတာလဲ----”
ယဲ့ဂျိဖုန်းလည်း ကျောင်းမိသားစု ရှိသေးတာကို သတိရသွားခဲ့သည်၊၊
သူက စိတ်မရှည်စွာဖြင့် လက်ဝှေ့ယမ်းပြ လိုက်သည်၊၊
“မင်းမကြားဘူးလား၊၊ အခု ချန်မိသားစုနဲ့ ငါ့ယဲ့မိသားစုက တစ်မိသားစုတည်းတွေ ဖြစ်သွားပြီ၊၊ မင်း ပိုင်းလျိုမြို့ပြန်တာ ပိုကောင်းလိမ့်မယ်-----”
“ချန်မိသားစုမှာ ပြဿနာရှာပြီး သူတို့ရဲ့ ငြိမ်းညမ်းမှုကို မဖျက်ဆီးနဲ့----”
ကျောင်းလျန်ဖန်း ဒေါသထွက်သွားခဲ့သည်၊၊
“မင်းဘာကိုဆိုလိုတာလဲ?၊၊ ချန်းမိသားစုက ငါတို့ကို အနိုင်ကျင့်တာကို မင်းက ပြဿနာဖြစ်စေတယ်လို့ ပြောတယ်ပေါ့---"
“ငါ့တို့က ဆွေမျိုးတွေဆိုတာကော မင်းအမှတ်ရသေးရဲ့လား----"
ယဲ့ဂျိဖုန်း ဂျန်ဖန်းကိုကြည့်လိုက်သည်၊၊ ထို့နောက် ကျောင်းချီကျန့်ကို ကြည့်လိုက်သည်၊၊
တစ်ယောက်က အဆင့် ၉ စိတ်ဝိညာဥ်အမြစ်ဖြစ်ပြီး ကျန်တစ်ယောက်က အဆင့် ၄ စိတ်ဝိညာဥ်အမြစ်သာဖြစ်၏၊၊
ထို့ပြင် သူတို့ပဋိပက္ခတွေက ပြန်မသင့်မြတ်နိုင်တော့ပေ၊၊
ထိုအတိုင်းဆိုလျှင် ရွေးနေစရာလိုသေးသည်လား----
“ငါတို့က ဆွေးမျိုးတွေ မဟုတ်တော့ဘူးဆိုရင်ကော---”
ယဲ့ဂျိဖုန်း တွေဝေမနေပဲ ပြောလိုက်သည်၊၊
“အခုကစပြီး ယဲ့မိသားစုနဲ့ ကျောင်းမိသားစု ပတ်သက်မှု မရှိတော့ဘူး----”
“မင်းတို့ ကြိုက်တာလုပ်ကြ----”
“ဒါပေမယ့် အထီးကျန်လှေမြို့မှာ ပြဿနာမရှာနဲ့၊၊ မဟုတ်ရင် မင်းတို့သားအဖ လွယ်လွယ်ကူကူ ထွက်သွားနိုင်မယ်မထင်နဲ့----”
ထိုအရာကြောင့် ကျောင်းချီကျန့် ဒေါသမီးတွေတောက်လောင်သွားခဲ့သည်၊၊
“ကောင်းတယ်, ကောင်းတယ်--- မင်းတို့အားလုံး ဂျန်ဖန်းကို ရတနာတစ်ခုလို မြင်နေကြတာ----”
“မနက်ဖြန်--- မနက်ဖြန်ကျရင် ငါ သူ့ကို ခွေးတစ်ကောင်လို ရိုက်နှက်ပြမယ်၊၊ တိမ်စိမ်းဂိုဏ်းဝင်ဖို့တောင် မျက်နှာမရှိစေရဘူး----”
သူက ဒေါသတကြီးပြောကာ ထွက်ခွာသွားခဲ့သည်၊၊
ကျောင်းလျန်ဖန်းလည်း အံကြိတ်ပြောလိုက်သည်၊၊
“ယဲ့ဂျိဖုန်း, မင်းရဲ့ အချစ်တော်ကြီးဂျန်ဖန်း မနက်ဖြန် ဘယ်လိုအရှက်ကွဲမလဲဆိုတာ ငါမြင်ချင်သေးတယ်----"