← Chapters

ရှုယင်းရင်းချစ်သူအဖြစ် ဟန်ဆောင်ခြင်း

Vol. 6 Ch. 81

ရှုယင်းရင်းချစ်သူအဖြစ် ဟန်ဆောင်ခြင်း

Vol. 6 Ch. 81

ယဲ့ဂျိဖုန်း မျက်မှောင်ကြုတ်သွားခဲ့သည်၊၊

အဆင့် ၉ စိတ်ဝိညာဥ်အမြစ်၏ အရည်အချင်းဖြင့် ကောင်းကင်ဘုံစက်ယန္ဒယားခန်းကို ဝင်ရောက်ဖို့တောင် လုံလောက်၏၊၊

တိမ်စိမ်းဂိုဏ်းဝင်ရောက်ဖို့က ပုံမှန်အတိုင်း ဆိုလျှင်ပြဿနာမရှိပေ၊၊

ပြဿနာက အကြီးအကဲလီချင်ဖုန်း ဖြစ်၏၊၊

သူက ဂျန်ဖန်ကိုစမ်းသပ်ဖို့ အမှန်တကယ်ပဲ အကြီးတပည့် ကျောင်းချီကျန့်ကို စေလွတ်ခဲ့၏၊၊

တစ်ယောက်က တိမ်စိမ်းဂိုဏ်းမှာ နှစ်ပေါင်းများစွာကျင့်ကြံထားသူဖြစ်ပြီး နောက်တစ်ယောက်က ခုလေးမှကျော်ကြားလားသူဖြစ်သည်၊၊

ပြိုင်ပွဲရလဒ်က ကြိုတင်ခန့်မှန်းလို့ရတာပဲ ဖြစ်သည်၊၊

သူကပြောလိုက်သည်၊၊

“သခင်လေးဂျန်, မင်းငါ့အကူအညီလိုသေးလား----”

လိုအပ်လျှင်သူက တိမ်စိမ်းဂိုဏ်းကို လူကိုယ်တိုင်သွားပြီး အဆင့် ၉ စိတ်ဝိညာဥ်အမြစ်သတင်းအား လျိုချင်းရှန်ဆီသို့သတင်းပို့မည်ပဲဖြစ်သည်၊၊

သို့ပေမယ့် အသွားအပြန်ခရီးက အချိန်အတော်ကြာမည်ပဲဖြစ်သည်၊၊

“မြို့သခင်ရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်၊၊ ဒါပေမယ့် ငါ့ဘာသာပဲ ကြိုးစားချင်တယ်---”

ဦးတည်ချက်မဲနဂါးလက်ဝါး ပထမအဆင့် အောင်မြင်ပြီးနောက် သူက ယုံကြည်မှုရှိနေပြီပဲဖြစ်သည်၊၊

လူတိုင်း တဖြည်းဖြည်းထွက်ခွာသွားကြသည်၊၊

ယဲ့ချင်းရွယ် အိမ်ပြန်လမ်း၌ သူမအဖေ အဆက်မပြတ်သက်ပြင်းချနေတာကို သတိထားမိလိုက်သည်၊၊ သူမက စိတ်ရှုပ်စွာဖြင့်မေးလိုက်သည်၊၊

“အဖေ, တစ်ခုခုဖြစ်လို့လား? အဲ့ဒါ ကျောင်းမိသားစုကိစ္စလား---”

ယဲ့ဂျိဖုန်း သူမကိုကြည့်လိုက်ပြီး နောက်တစ်ကြိမ် သက်ပြင်းချလိုက်ပြန်သည်၊၊

“နင့်ကိစ္စ----”

“သမီးကိစ္စ?---”

ယဲ့ချင်းရွယ် စိတ်ရှုပ်သွားခဲ့သည်၊၊

သူမက ငယ်ငယ်လေးထဲက အမှီအခိုကင်းကင်းနေခဲ့သူဖြစ်၏၊၊ ပါရမီက ထိပ်တန်းကြီးမဟုတ်သော်လည်း သူမ၏ လုပ်ဆောင်မှုတွေက အတော်လေး ကောင်းတာဖြစ်သည်၊၊

သူမအဖေ စိတ်ပူစရာဘာရှိသနည်း၊၊

“သမီးကဘာဖြစ်လို့လဲ----”

ယဲ့ချင်းရွယ် စိတ်ရှုပ်စွာဖြင့် မေးလိုက်သည်၊၊

ယဲ့ဂျိဖုန်း မြင်းဇက်ကြိုးကို ဆွဲလိုက်သည်၊၊ သူက ယဲ့ချင်းရွယ်၏ မျက်နှာနှင့် အသွင်အပြင်ကို ကြည့်ပြီး ပိုလို့တောင် အပြင်းအထန် သက်ပြင်းချလိုက်သည်၊၊

“မင်းမှာ ချန်းစီလင်ထက်နိမ့်ကျတာ ဘာရှိလို့လဲ----”

“ရုပ်ရည်၊ ခန္ဓာကိုယ်၊ အဆင့်အတန်း မင်းမှာ အကုန်ရှိတယ်၊၊ မင်းရဲ့စရိုက်၊ စကားပြောပုံနဲ့ အသိပညာတွေက ချန်းစီလင်ထက်မနိမ့်ဘူး----”

“ဒါပေမယ့် ဂျန်ဖန်း ကိုယ်လုပ်တော်အဖြစ် ယူလိုက်တာ ချန်းစီလင်ဖြစ်နေတယ်၊၊ မင်းမဟုတ်ဘူး----"

“မင်းသာဆိုရင် ဘယ်လောက်ကောင်းမလဲ----”

သူက ချန်းစီလင်ကို သမီးအဖြစ် မွေးစားခဲ့သော်လည်း ထိုအရာက အစစ်အမှန်ယောက္ခမနှင့် မယှဥ်နိုင်ပေ၊၊

အဆင့် ၈ စိတ်ဝိညာဥ်အမြစ်ပဲရှိသည့် ချန်းကျန်တောက်တောင် ကောင်းကင်ဘုံစက်ယန္ဒယားခန်းမ၏ လက်ထောက်ခန်းမသခင်ဖြစ်လာ၏၊၊

ဂျန်ဖန်း၏ အဆင့် ၉ စိတ်ဝိညာဥ်အမြစ်နှင့် ဆိုလျှင် အဲ့ထက်တော့ နိမ့်ကျမည်မဟုတ်ပေ၊၊

ထိုအရာက အမြင့်ကို တစ်ချက်တည်းဖြင့် ရောက်မည့်အခွင့်အရေးဖြစ်သည်၊၊

ကံမကောင်းစွာဖြင့် သူ့သမီးမှာ ဤကဲ့သို့ ကံကြမ္မာပါမလာခဲ့ပေ၊၊

ယဲ့ချင်းရွယ်၏ ဆွဲဆောင်မှုရှိသည့်မျက်လုံးတွေ ပြူးကျယ်သွားပြီး ရှက်ရွံစွာဖြင့် ဒေါသတကြီး ပြောလိုက်သည်၊၊

“အဖေ, နင် ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ၊၊ ငါက ဘယ်လိုလုပ်ပြီး ဂျန်ဖန်းမယားငယ်လုပ်နိုင်မှာလဲ----”

သူမ ဂျန်ဖန်းကို လေးစားရုံသာဖြစ်ပြီး ချစ်သူလိုခံစားချက်မျိုးမရှိပေ၊၊

ရှိခဲ့လျှင်တောင် ထိုအရာကို ဂရုတစိုက် တွေးတောရမည်ဖြစ်သည်၊၊

အဆုံးမှာတော့ မယားငယ်ဖြစ်လာဖို့က အတော်လေး သတ္တရှိဖို့လိုအပ်တာဖြစ်သည်၊၊

သူမတုံ့ပြန်မှုကိုမြင်သည့်အခါ ယဲ့ဂျိဖုန်း ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သည်၊၊ ဘယ်သူမှမရှိတာသေချာမှ အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်၊၊

“ဂျန်ဖန်းက လျိုချင်းရှန်ရှာနေတဲ့ အဆင့် ၉ စိတ်ဝိညာဥ်အမြစ်ပဲ----”

ဘာ?---

ယဲ့ချင်းရွယ်အံ့သြတုန်လှုပ်သွားပြီး မြင်းပေါ်မှပြုတ်ကျမလိုဖြစ်သွားခဲ့သည်၊၊

“အဖေ, ဒီလိုမဆင်မခြင်မပြောပါနဲ့၊၊ ဂျန်ဖန်းက ဘယ်လိုလုပ်ပြီး အဆင့် ၉ စိတ်ဝိညာဥ်အမြစ်ဖြစ်နိုင်မှာလဲ----”

ထိုအရာက ကောင်းကင်ဘုံစက်ယန္ဒယား ခန်းမ ရှာနေသည့် ပါရမီရှင်ပဲဖြစ်သည်၊၊

အစောပိုင်းက လုကျန်းနဲ့ပတ်သက်ပြီး အကြီးအကျယ်အထင်မှားပြီးပြီဖြစ်သည်၊၊

သူတို့က ထိုကဲ့သို့ဟာသမျိုး နောက်တစ်ကြိမ်လုပ်ဖို့ မတတ်နိုင်ပေ၊၊

ယဲ့ဂျိဖုန်းပြောလိုက်သည်၊၊

“ဒါ လုံးဝအမှန်တရားပဲ၊၊ အဲ့လိုမှမဟုတ်ရင် ချန်မိသားစုက အထီးကျန်လှေမြို့မှာရှိတဲ့ သူတို့ရဲ့ရာစုနှစ်များစွာအုတ်မြစ်ကို လက်လျော့မယ်ထင်လား၊၊ သူတို့သမီးကို ဂျန်ဖန်း ကိုယ်လုပ်တော်အဖြစ် လက်ထပ်ပေးမယ်လို့ မင်းထင်လား----"

“ငါကရော ငါ့ဂုဏ်သိက္ခာကို လျစ်လျူရှုပြီး ဂျန်ဖန်းကို မျက်နှာချိုသွေးမှာတဲ့လား၊၊ ချန်းစီလင်ကိုကော မွေးစားသမီးအဖြစ် လက်ခံပါ့မလား----“

ပဟေဠိဖြစ်နေသည့်ကိစ္စတွေ တစ်ခုပြီးတစ်ခု ရှင်းလင်းသွားခဲ့သည်၊၊

သူမက ပင့်သက်ရှိုက်လိုက်ပြီး နှလုံးသားထဲမှာ အံ့အားသင့်မှုတွေနှင့် ပြည့်နှက်နေခဲ့သည်၊၊

ဤကဲ့သို့လူတစ်ယောက်ကို ကိုယ်လုပ်တော်အဖြစ်လက်ထပ်တာ ချန်မိသားစုက သေချာပေါက် အမြင့်ကိုမှန်းနေတာပဲ ဖြစ်သည်၊၊

ရုတ်တရက်, သူမက ရှုယင်းရင်းအကြောင်းကို တွေးပြီး လေးပင်စွာသက်ပြင်းချလိုက်သည်၊၊

“ရှုယင်းရင်, နင်----”

သူမ ဘာပြောရမှန်းမသိတော့ပေ၊၊

အဆင့် ၉ စိတ်ဝိညာဥ်အမြစ်နှင့် ယောက်ျားကို အမဖြစ်သူအားပေးပစ်လိုက်သည်၊၊

သူမသာအမှန်တရားသိသွားလျှင် ကိုယ့်ကိုယ်ကို သတ်သေချင်သည်အထိ နောင်တရသွားမည်ပဲဖြစ်သည်၊၊

ရုတ်တရက် သူမက အမှတ်ရသွားခဲ့သည်၊၊

“အို့ ဟုတ်သားပဲ---- သမီးမေ့တော့မလို့----”

“ရှုယင်းရင်းက နံပါတ် ၁ အရိပ်စောင့်နဲ့ ဂျန်ဖန်းကို တွေ့ပေးဖို့ စီစဥ်နေတာပဲ----”

သူမက မြင်းကိုတစ်ဖက်လှည့်ကာ ရှုမိသားစုသို့ အပြေးသွားတော့သည်၊၊

ယဲ့ဂျိဖုန်း မျက်မှောင်ကြုတ်သွားခဲ့သည်၊၊

“သူတို့စောင့်ကြည့်ထား၊၊ နှစ်ယောက်လုံးက အထီးကျန်လှေမြို့ရဲ့ ပါရမီရှင်တွေပဲ၊၊ မတိုက်ခိုက်စေနဲ့၊၊ တစ်ယောက်ယောက်သာ ထိခိုက်သွားရင် အထီးကျန်လှေမြို့အတွက် ဆုံးရှုံးတာပဲ၊၊”

ယဲ့ချင်းရွယ် နှုတ်ခမ်းတွန့်သွားသည်၊၊ ဂျန်ဖန်း အထီးကျန်လှေမြို့က ထွက်သွားတော့မှာတွေးပြီး နောက်ထပ်ဖုံးကွယ်ထားစရာ မလိုတော့ပေ၊၊

နောက်လှည့်မကြည့်ပဲ သူမက ပြောလိုက်သည်၊၊

“ဂျန်ဖန်းက နံပါတ် ၁ အရိပ်စောင့်ပဲ----”

ဘာ?----

ယဲ့ဂျိဖုန်း ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သည်၊၊

နံမည်ကျော် နံပါတ် ၁ အရိပ်စောင့်က အမှန်တကယ်ပဲ ဂျန်ဖန်းဖြစ်နေသည်လား---

သို့ပေမယ့် ဂရုတစိုက်တွေးကြည့်လိုက်သည့်အခါ အဓိပ္ပာယ်ရှိတာပဲဖြစ်သည်၊၊

ဤကဲ့သို့ စွမ်းအားကြီးပုံရိပ်က ရုတ်တရက်ကြီး မည်သို့ ထွက်ပေါ်လာနိုင်မည်နည်း၊၊

ရှုမိသားစု၌----

ဂျန်ဖန်းပြန်ရောက်လာရုံရှိသေး ရှုရို့ရန် သူ့ကို နေရာတိုင်းမှာရှာနေတာ မြင်လိုက်ရသည်၊၊

“နင်ဘယ်တွေသွားနေတာလဲ၊၊ ငါ့ညီမက နင့်ကိုရှာနေတာ အတော်ကြာပြီ----”

ဂျန်ဖန်း အံ့အားသင့်စွာဖြင့် မေးလိုက်သည်၊၊

“ငါ့ကိုရှာနေတာလား----”

ရှုရို့ရန်ပြောလိုက်သည်၊၊

“ဟုတ်တယ်, သူမက ငါ့ကိုတောင် အတူသွားဖို့ခေါ်နေတာ၊၊ သူမကြည့်ရတာ အတော်လေး စိတ်လှုပ်ရှားနေပုံပဲ၊ ဘာကြောင့်လဲတော့ ငါမသိဘူး----”

အာ---

ထိုအခါမှ ဂျန်ဖန်း သတိရသွားခဲ့သည်၊၊

ဤနေ့မနက် နဂါလမ်းကြောင်း၌ ရှုယင်းရင် နံပါတ် ၁ အရိပ်စောင့်ကို ရှုမိသားစုလာဖို့ ပြောခဲ့၏၊၊

ယခု အချိန်ကျလာပြီပဲဖြစ်သည်၊၊

သူမမကြိုက်သည့်တစ်စုံတစ်ယောက်ကို သက်သေပြမည်ဟုလည်းပြောခဲ့၏၊၊

ယခု, သူမက စိတ်လှုပ်တရှား သူ့ကို လိုက်ရှာနေခဲ့သည်၊၊

ထို့အရာကြောင့် ဂျန်ဖန်းခေါင်းကိုက်သွားခဲ့သည်၊၊

“အဲ့မိန်းမနဲ့ပတ်သက်ပြီးဘာမှားနေတာလဲ၊၊ ငါ သူမကို စော်ကားမိဖူးလို့လား----”

“ဒီနှစ်တွေတစ်လျှောက်မှာ သူမကပဲ ငါ့ကို ငြင်းခဲ့တာ----”

“ငါကတောင် မကျေမနပ်မဖြစ်ရသေးဘူး၊၊ သူကအရင် မကျေမနပ်ဖြစ်နေတယ်ပေါ့---”

“လုံးဝကို နားမလည်နိုင်တော့ဘူး----”

ဂျန်ဖန်း ခေါင်းညိတ်လိုက်သည်၊၊

သူက အိမ်ထဲဝင်သွားပြီး နံပါတ် ၁ အရိပ်စောင့် အဝတ်အစားလဲကာ တိတ်တိတ်လေး အရင်ဦဆုံးထွက်လာခဲ့လိုက်သည်၊၊

သူက ရှုယင်းရင်းကို မောက်မာခွင့်ပြုမည် မဟုတ်ပေ၊၊

ရှုရို့ရန် အချိန်တော်ကြာစောင့်နေပြီး ဂျန်ဖန်းကိုမမြင်သည့်အခါ ခြေဆောင့်လိုက်ပြီး တစ်ယောက်တည်း ထွက်လာခဲ့လိုက်သည်၊၊

ရှုမိသားစု အနောက်ဘက်ခြံဝန်း၊ ရေကန်ဘေး မိုးမခပင်အောက်၌----

ယဲ့ချင်းရွယ်အချိန်မီရောက်လာပြီး ပြောလိုက်သည်၊၊

“ယင်းရင်း, ဒီကိစ္စကို ရပ်လိုက်ပါတော့၊၊ မဟုတ်ရင်----”

ရှုယင်းရင်း သူမကို ထူးဆန်းစွာကြည့်လိုက်သည်၊၊

“မဟုတ်ရင် ဘာဖြစ်လဲ၊၊ ဂျန်ဖန်း အရှက်ရသွားမှာမလား----”

“နင် ဂျန်ဖန်းအတွက်တွေးပေးလာတာ ငါသတိထားမိတယ်၊၊”

“ငါ့အမလိုပဲ နင်လည်း ဂျန်ဖန်းကို ကြိုက်သွားတာလား----”

ယဲ့ချင်းရွယ် ဆွံ့အသွားခဲ့သည်၊၊

သူမက သူ့ကို အရှက်ရတာကနေ ကာကွယ်ချင်၏၊၊

အဘယ်ကြောင့်ဆိုသော် နံပါတ် ၁ အရိပ်စောင့်က ဂျန်ဖန်းပဲဖြစ်သည်၊၊

သို့ပေမယ့် ထိုအရာက အရမ်းနောက်ကျသွားပြီဖြစ်၏၊၊

ဂျန်ဖန်း နံပါတ် ၁ အရိပ်စောင့်အဖြစ် ရောက်လာပြီပဲဖြစ်သည်၊၊

သူ့ကိုမြင်သည့်အခါ ရှုယင်းရင် စိတ်မလှုပ်ရှားပဲ မနေနိုင်ဖြစ်လာခဲ့သည်၊၊

“နင်, နင်ရောက်ပြီပဲ----”

ဂျန်ဖန်း အနည်းငယ်ခေါင်းညိတ်လိုက်ပြီး ဘေးနားမှာ ပေါ့ပေါ့ပါးပါး ရပ်နေလိုက်သည်၊၊

ခဏကြာပြီးနောက်----

ရှုရို့ရန် အမောတကောပြေးလာပြီး တောင်းပန်လိုက်သည်၊၊

“ညီမလေး, ဂျန်ဖန်းလေ---- သူခုထိ ပြန်မရောက်သေးဘူး----”

သူမက ဂျန်ဖန်းအတွက် ဆင်ခြေရှာပေးရုံသာ တတ်နိုင်၏၊၊

ရှုယင်းရင် အကြီးအကျယ် စိတ်ပျက်သွားခဲ့သည်၊၊

သူမကိုယ်သူမ စိတ်ကျေနပ်စေဖို့ ဂျန်ဖန်းရှေ့မှာ နံပါတ် ၁ အရိပ်စောင့်နှင့် သူမ၏ ဆက်ဆံရေးကို ချပြချင်၏၊၊

“ညီမလေး, သူက ဘယ်သူလဲ----”

ထူးဆန်းသည့်မျက်နှာဖုံးဖြင့် နံပါတ် ၁ အရိပ်စောင့်ကိုကြည့်ပြီး ရှုရို့ရန် အံ့အားသင့်စွာမေးလိုက်သည်၊၊

ရှုယင်းရင်း နိုးကြားလာခဲ့သည်၊၊

ဂျန်ဖန်းမလာလည်း အဆင်ပြေ၏၊၊

သူမက ရှုရို့ရန်ကို ပြောခိုင်းလို့ရတာာပဲ ဖြစ်သည်၊၊

ရှုယင်းရင် နံပါတ် ၁ အရိပ်စောင့်နားသွားလိုက်ပြီး သူ့လက်မောင်းကိုကိုင်လိုက်သည်၊၊ ထို့နောက် ပခုံးကိုမှီကာပြောလိုက်သည်၊,

“အမ, ငါ နင့်ကို မိတ်ဆက်ပေးရအုန်းမယ်----”

“ဒါက နံပါတ် ၁ အရိပ်စောင့်လေ၊၊ နင် ငါတို့ ဆက်ဆံရေးကို မြင်မှာပါ---”

ရှုရို့ရန် အံ့သြတကြီး စိတ်လှုပ်ရှားသွားခဲ့သည်၊၊

“သူက နာမည်ကြီး နံပါတ် ၁ အရိပ်စောင့်လား----”

ထို့နောက် သူမက စစ်မှန်သည့် လေးစားမှုတွေပြသလာခဲ့သည်၊၊

“ညီမလေး, ဒီလို ထူးချွန်တဲ့ ပါရမီရှင်နဲ့ ဆုံးတာ နင်တကယ်ကံကောင်းတာပဲ---”

“သူနဲ့ဆိုရင် ငါစိတ်ဆေးပါပြီ---”

ရှုယင်းရင် ဂုဏ်ယူစွာပြောလိုက်သည်၊၊

“ငါကအရမ်းထူးချွန်တယ်လေ၊၊ သဘာဝအတိုင်း ငါ့လက်တွဲဖော်ကလည်း အရည်အချင်းရှိရမှာပေါ့----”

“ဒါကြောင့် ဂျန်ဖန်းကို ဘာမကျေနပ်ချက်မှ မထားဖို့ သေချာလေးပြောပေးပါ၊၊”

“ငါသူ့ကို အထင်သေးတာ မဟုတ်ပေမယ့် သူက တကယ်ပဲ ငါနဲ့ မထိုက်တန်ဘူး----”

နံပါတ် ၁ အရိပ်စောင့် ဆွံ့အသွားခဲ့သည်၊၊

ဘယ်သူက မကျေမနပ်ဖြစ်နေလို့လဲ----

သူက လုံးဝကို ဂရုမစိုက်တာဖြစ်သည်၊၊

ယဲ့ချင်းရွယ်လည်း ဂျန်ဖန်းကို တိတ်တဆိတ်ကြည့်လိုက်ပြီး ရှုယင်းရင်အတွက် အလွန်ရှက်နေခဲ့သည်၊၊

“ဂျန်ဖန်းလက်ကိုကိုင်ထားပြီး ဂျန်ဖန်းက သူနဲ့မထိုက်တန်ဘူးလို့ပြောနေတယ်”

“အိုး,ဘုရားရေ--- အမှန်တရားသာ ထွက်ပေါ်လာရင် နင်သေချင်လောက်အောင် ရှက်သွားလိမ့်မယ်----”

ရှုယင်းရင်းက ဂျန်ဖန်းကို ကြွားချင်နေတာ ရှရို့ရန် ယခုချိန်မှာ နားလည်သွားပြီဖြစ်သည်၊၊

သူမဘာသာတွေလိုက်ပြီး ဂျန်ဖန်း မလာတာကို ကျေးဇူးတင်နေခဲ့သည်၊၊

ထိုသို့မှမဟုတ်လျှင် ဤအခြေအနေကြာင့် သူစိတ်ထိခိုက်သွားမည်ပဲဖြစ်သည်၊၊

ဂျန်းဖန်းပေါ်မလာသည့်အတွက် တွေ့ဆုံမှုက အလျှင်အမြန်ပဲ ပြီးဆုံးသွားခဲ့သည်၊၊

ရှုယင်းရင် ဝါဂွမ်းခေါင်းအုံးကိုထိုးလိုက်သကဲ့သို့ ခံစားရ၏၊၊

သူမက တစ်ညလုံး ဟိုဘက်လိမ့်လိုက် သည်ဘက်လိမ့်လိုက်နှင့် အိမ်မပျော်ခဲ့ပေ၊၊

နောက်တစ်နေ့ မနက်ခင်းမြူခိုးတွေထဲ၌ ငှက်တစ်ကောင် ရှုမိသားစုကို ပျံသန်းလာခဲ့သည်၊၊

လူတိုင်း လန့်နိုးပြီး ချက်ချင်းထလာကြသည်၊၊

သူတို့သိ၏၊၊

ဤနေ့က ဂျန်ဖန်း ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့်နေ့ပဲ ဖြစ်သည်၊၊

All Chapters