← Chapters

တိုက်ခိုက်ခြင်း

Vol. 6 Ch. 82

တိုက်ခိုက်ခြင်း

Vol. 6 Ch. 82

ဂျန်ဖန်း တစ်ညလုံးအိပ်မပျော်ခဲ့ပေ၊၊

သူက တစ်ဖက်လှည့်လိုက်ပြီး အိပ်ယာထဲမှ ထလာခဲ့သည်၊၊

မျက်နှာသစ်ပြီးနောက် သူက တည်ငြိမ်စွာပဲ အဓိကခန်းမထဲကို သွားလိုက်သည်၊၊

အဓိကမိသားစုဝင်တွေဖြစ်သည့် ရှုကျန်းယန်၊ ရှုယင်းရင် နှင့် ရှုရို့ရန်တို့ အားလုံး ရောက်နေကြပြီဖြစ်သည်၊၊

လီချင်ဖုန်းလည်း ပင်ပန်းသည့်အမူအရာဖြင့် ထိုင်နေခဲ့သည်၊၊

အဆင့် ၉ စိတ်ဝိညာဥ်အမြစ်ကို နေ့ပေါင်းများစွာရှာခဲ့ပေမယ့် မအောင်မြင်ခဲ့ပေ၊၊ သူက ရွေးချယ်စရာ မရှိတော့ပဲ ရှုရို့ရန်နှင့် ရှုယင်းရင်းကို ခေါ်ကာ တိမ်စိမ်းဂိုဏ်းသို့ ပြန်ရတော့မည်ပဲဖြစ်သည်၊၊

ဂျန်ဖန်းအား ပေးထားသည့် ကတိကိုလည်း သေချာပေါက်မေ့မည် မဟုတ်ပေ၊၊

ယနေ့ သူက ဂျန်ဖန်းကို အခွင့်အရေးတစ်ခု ပေးမည်ဖြစ်သည်၊၊

ဂျန်ဖန်း ကျောင်းချီကျန့် လှုပ်ရှားမှု ၁၀ ကွက် ခုခံနိုင်သည်နှင့် လီချင်ဖုန်း သူ့ကိုလည်း ဂိုဏ်းသို့ ခေါ်သွားမည်ပဲဖြစ်သည်၊၊

ဂျန်ဖန်း၏ တည်ငြိမ်သည့်အမူအရာကို မြင်သည့်အခါ သူက လက်ဖက်ရည် တစ်ငုံသောက်လိုက်ပြီး ပြောလိုက်သည်၊၊

“မင်းမှာ ယုံကြည်မှုရှိလား----”

“မရှိရင် အခုချိန် လက်လျော့ဖို့ အချိန်ရှိသေးတယ်----”

“လက်သီးတွေမှာ မျက်စိပါတာမဟုတ်ဘူး၊၊ တိုက်ခိုက်နေရင်း ကျောင်းချီကျန့် မင်းကို ဒဏ်ရာမရစေပါဘူးလို့ အာမခံဖို့ ခက်တယ်၊၊”

ဂျန်ဖန်း လီချင်ဖုန်းဘေးက စူးရှသည့် မျက်လုံးတွေနှင့် ကျောင်းချီကျန့်ကို တစ်ချက်ကြည့်လိုက်သည်၊၊

သူက တည်ငြိမ်စွာ စာရေးလိုက်သည်၊၊

“အကြီးအကဲလီကို တင်ပြပါတယ်၊၊ ဒီဂျူနီယာက ယုံကြည်မှုရှိပါတယ်----”

သူပြောတာကို လီချင်ဖုန်း အံ့အားမသင့်သွားပဲ ညင်သာစွာသက်ပြင်းချလိုက်သည်၊၊

ကျောင်းချီကျန့်က သူကိုယ်တိုင် လေ့ကျင့်ပေးထားသူဖြစ်၏၊၊ ထို့ကြေင့် သူက ကျောင်းချီကျန့်ခွန်အားကို လူတိုင်းထက်ပိုသိသည်၊၊

အခြေခံတည်ဆောက်ခြင်း အဆင့် ၄ ခြင်းတူရင်တောင် အတွေ့အကြုံနှင့် နည်လမ်းတွေက ယှဥ်နိုင်မည်မဟုတ်ပေ၊၊

တစ်ယောက်က ကိုယ့်သာသာကိုယ် လေ့ကျင့်ထားတာဖြစ်ပြီး ကျန်တစ်ယောက်က သူ့လို အကြီးအကဲတစ်ယောက်က လေ့ကျင့်ပေးထားတာပဲဖြစ်သည်၊၊

ထို့ပြင် ဂျန်ဖန်းက အခြေခံတည်ဆောက်ခြင်း အဆင့် ၃ သာ ရှိသေး၏၊၊

အခြေခံတည်ဆောက်ခြင်းအဆင့်၌ အဆင့် တစ်ဆင့်ကတောင် သိသာတာပဲဖြစ်သည်၊၊

ဂျန်ဖန်း မည်သို့ အနိုင်ရမလဲဆိုတာ သူမတွေးတတ်တော့ပေ၊၊

သို့ပေမယ့် ဂျန်ဖန်း လက်လျော့ဖို့ စိတ်ကူးမရှိမှတော့ ကြိုးစားခိုင်းလိုက်တာ ပိုကောင်း၏၊၊

နောက်ဆုံးမှာတော့ ထိုအရာ လှုပ်ရှားမှု ၁၀ ခုသာဖြစ်သည်၊၊

“ဒီလိုဆိုမှတော့ မင်းတို့နှစ်ယောက် ပြင်ဆင်ထားကြပါ----”

ကျောင်းချီကျန့် ဤအခိုက်အတန့်ကို စောင့်နေတာဖြစ်ပြီး ခန်းမအလယ်ကို လျှောက်သွားလိုက်သည်၊၊

သူမျက်လုံးတွေထဲ၌ လှောင်ပြောင်မှုတွေ ရှိနေခဲ့သည်၊၊

“ဒီရက်ပိုင်း မင်းမြောက်ကြွကြွဖြစ်နေတာ လေ၊၊ ဒီနေ့ကို တစ်ခါမှ မစဥ်းစားခဲ့ဘူးမလား----”

“ပြီးကျရင် ခွန်အားကုန်သုံးနော်----”

“မဟုတ်ရင် မင်း တစ်ကွက်တောင် မခံနိုင်မှာစိုးတယ်----”

ထိုစကားကြားသည့်အခါ----

ရှုရို့ရန် နှလုံးသာ ခုန်ပေါက်သွားခဲ့သည်၊၊

သူမ၏ ရင်သက်ရှုမောဖွယ်မျက်နှာလေးက အလွန်စိုးရိမ်နေပြီး နောင်တရသည့် အရိပ်အယောင်တွေရှိနေခဲ့သည်၊၊

ထိုနေ့ဆိုင်ထဲ၌ သူမက ဘာကြောင့် ကျောင်းချီကျန့်ကို ပိုကောင်းအောင် မစည်းရုံးနိုင်ခဲ့သနည်း၊၊

သူတို့၏ စီနီယာဂျူနီယာဆက်ဆံရေးကြောင့် ဂျန်ဖန်းကို မျှော်လင့်ချက်အနည်းငယ် ပေးကောင်းပေးနိုင်၏၊၊

ယခု ကျောင်းချီကျန့် ဂျန်ဖန်းကို အလျော့ပေးဖို့က မဖြစ်နိုင်တော့ပေ၊၊

မဟုတ်သေးဘူး--- စိုးရိမ်ရတာ ကျောင်းချီကျန့် ဒီအခွင့်အရေးကို သုံးပြီး ရက်ရက်စက်စက်လုပ်တော့မှာလား----

ရှုကျန်းယန်လည်း စိုးရိမ်ပူပန်မှုတွေနှင့် ပြည့်နှက်နေခဲ့သည်၊၊

ဂျန်ဖန်း ကိုယ်လုပ်တော်တစ်ယောက် ယူခဲ့တာ ရှုရို့ရန်ဆီမှ သူသိခဲ့၏၊၊

နှစ်ယောက်ကြားပဋိပက္ခက ညှိနှိုင်းမရသည့် အခြေအနေကို ရောက်နေပြီဖြစ်ပြီး ကျောင်းချီကျန့် ဂျန်ဖန်းကို အလျော့ပေးဖို့မျှော်လင့်ချက်က အချည်းနှီးပဲဖြစ်သည်၊၊

သူတို့က ဂျန်ဖန်းဘေးကင်းဖို့သာ ဆုတောင်းနိုင်တော့၏၊၊

အနိုင်အရှုံးအတွက်တော့ ကံကြမ္မာအပေါ်ပဲ မူတည်၏၊၊

ဂျန်ဖန်း တည်တည်ငြိမ်ငြိမ်ပဲ စာရေးလိုက်သည်၊၊

“မင်းကိုယ်မင်းပဲ စိုးရိမ်သင့်တယ်----”

“မင်းငါ့ကို ရှုံးသွားရင် စောက်ရှက်ကွဲမှာနော်၊၊ အကြီးအကဲလီ ဂုဏ်သတင်းလည်း ထိခိုက်လိမ့်မယ်----”

ထိုစကားလုံးတွေမြင်သည့်အခါ----

လီချင်ဖုန်းမျက်ခုံးတွေမြင့်တက်လာပြီး တည်ကြည်စွာအမိန့်ပေးလိုက်သည်၊၊

“ကျောင်းချီကျန့် ငါမင်းကို ဘယ်လိုသင်ပေးထားလဲ----”

“ရန်သူကို ဘယ်တော့မှ လျော့မတွက်နဲ့၊၊ နှိမ့်နှိမ့်ချချနဲ့ သတိထားပါလို့----”

“ပြန်ရောက်ရင် ငါသင်ပေးတဲ့နည်းလမ်း ၁၀ ကြိမ်ပြန်ကူး----"

ကျောင်းချီကျန့် တစ်ကိုယ်လုံးတုန်ယင်သွားပြီး ချက်ချင်း အရိုအသေပေးလိုက်သည်၊၊

“ဟုတ်ကဲ့, ဆရာ----”

ခေါင်းပြန်မော့လာသည့်အခါ သူက ဒေါသအပြည့်ဖြင့် ဂျန်ဖန်းကို စိုက်ကြည့်လိုက်သည်၊၊

သူက အံ့ကြိတ်လိုက်၏၊၊ ဂျန်ဖန်းကို မြေပြင်ပေါ်ရိုက်ချပြီး မျက်နှာကို နှင်းခြေချင်လာခဲ့သည်၊၊

လေထုတင်းမာလာပြီး တိုက်ခိုက်လိုစိတ်တွေကို မြင်သည့်အခါ လီချင်ဖုန်းခေါင်းညိတ်ပြီး ကြေညာလိုက်၏၊၊

“တိုက်ပွဲ--- စတင်ပြီ----”

သူ့စကားဆုံးသည်နှင့်---

ကျောင်းချီကျန့် ဦးစွာတိုက်ခိုက်လိုက်၏၊၊

အခြေခံတည်ဆောက်ခြင်းအဆင့် ၄ စွမ်းအားကို အပြည့်အဝထုတ်ဖော်ပြီး အကြီးအကဲလီသင်ကြားပေးထားသည့် အဝါရောင်အဆင့်မြင့် ဓားသိုင်းကို အသုံးပြုလိုက်သည်၊၊

“ကျားငါးကောင် ဝိညာဥ်ချိုးဖြတ်ခြင်း ဓားချက်----”

သူ၏ စိတ်ဝိညာဥ်စွမ်းအင်အကူအညီဖြင့် ရွှေရောင်ဓားမျက်နှာပြင်ပေါ်၌ မျက်စိဖြင့် မြင်နိုင်သည့််ဓားချီ ပေါ်လာခဲ့သည်၊၊

ထိုကြီးမားသည့်စွမ်းအားက ရွှေကိုတောင် ပိုင်းဖြတ်နိုင်၏၊၊

အဝေးမှတောင် ရှုကျန်းယန် ဓားချီမှ အေးစက်မှုကို ခံစားမိပြီး ရင်ထဲမှာ စိုးရိမ်မှုတွေ တရိပ်ရိပ်တိုးလာခဲ့သည်၊၊

ထိုဓားချက်ကို ဂျန်ဖန်းမခုခံနိုင်မှာ သူကြောက်နေခဲ့သည်၊၊

ရှုရို့ရန်လည်း အလွန်စိုးရိမ်နေပြီး သူမ၏ နှင်းဆီရောင်နှုတ်ခမ်းလေးကို တင်းကြပ်စွာကိုက်ထားခဲ့သည်၊၊ လက်သေးသေးတွေကိုလည်း တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတာကြောင့် လက်ဆစ်တွေအဖြူရောင် ပြောင်းနေပြီဖြစ်သည်၊၊

လီချင်ဖုန်း အနည်းငယ်ခေါင်းညိတ်လိုက်ပြီး ကျောင်းချီကျန့်၏ လှုပ်ရှားမှုကို ကျေနပ်နေခဲ့သည်၊၊

ထိုအရာက ကျောင်းချီကျန့်၏ အားအကောင်းဆုံးတိုက်ကွက်ပဲဖြစ်သည်၊၊

ကြည့်ရတာ သူက ဂျန်ဖန်းကို အခွင့်အရေးပေးဖို့ ရည်ရွယ်ချက်မရှိပေ၊၊

ဂျန်ဖန်းသာ ပထမအကွက်မှာ ရှုံးနိမ့်သွားလျှင် တိမ်စိမ်းဂိုဏ်းဝင်မဲ့အကြောင်း ပြောစရာကို မလိုတော့ပေ၊၊

ကျောင်းချီကျန့်လည်း အေးစက်စွာပြုံးလိုက်၏၊၊

“ဂျန်ဖန်း, မင်းဘာလို့ အဲ့ဒီနေရာမှာ ရပ်နေသးတာလဲ၊၊ ကြောက်နေတာလား---”

သူက ဂျန်ဖန်း ပြန်တိုက်ဖို့ ရည်ရွယ်ချက်မရှိတာ သတိထားမိ၏၊၊

ထိုအစားက ဂျန်ဖန်းက လက်နှောက်ပစ်ထားဆဲဖြစ်ပြီး တည်ငြိမ်နေခဲ့သည်၊၊

သူက စာနောက်တစ်ကြောင်းတောင် ရေးလိုက်သေး၏၊၊

“ဒါက မင်းရဲ့ အားအကောင်းဆုံး တိုက်ကွက်လား---”

“ငါမျှော်လင့်ထားတာထက် အတော်လေး အားနည်းတာပဲ----”

ဂျန်ဖန်းအမြင်၌ တိမ်စိမ်းဂိုဏ်းတပည့် တစ်ယောက်၏ ခွန်အားပြည့်တိုက်ခိုက်မှုက အလွန်အမင်း သန်မာသင့်၏၊၊

သို့ပေမယ့် ယခုဟာက နဂါလမ်းကြောင်းမှ နန်းဂုန်းလျိုယွမ်လောက်တောင် မသန်မာပေ၊၊

နန်းဂုန်းလျိုယွမ်က အခြေခံတည်ဆောက်ခြင်း အဆင့် ၃ သာ ရှိ၏၊၊

ကျောက်ချီကျန့် ဒေါသတကြီး ရယ်လိုက်၏၊၊

“အဓိပ္ပာမရှိတာတွေလျောက်ပြောမနေနဲ့၊၊ မင်းအကြီးကြီးတွေမပြောခင် ငါ့ဓားချက်ကို အရင်ခုခံလိုက်----”

ဂျန်ဖန်း ခေါင်းခါယမ်းလိုက်သည်၊၊

တွေဝေမနေပဲ ယာယီပြင်ဆင်ထားသည့် သံချေးတက်ဓားတစ်ချောင်းကို ထုတ်ယူလိုက်သည်၊၊

ကြောက်ရွံ့မနေပဲ တိုက်ခိုက်မှုကို ထိပ်တိုက်တွေ့ဆုံလိုက်၏၊၊

“မြောက်ပိုင်းကြယ်ခုနှစ်လုံး----”

ဤကဲ့သို့ခွန်အားမျိုးကို ခုခံဖို့အတွက် ဦးတည်ချက်မဲ့နဂါးလက်ဝါးသိုင်းသုံးတာဟာ ဖြုန်းတီးသည်ဟု သူ တွေးမိ၏၊၊

ထန်!

လက်နက်နှစ်ခုတွေ့ဆုံသွားသည့်အခါ ပုံရိပ်တစ်ခုက နောက်ကို ခြေလှမ်းများစွာ ဆုတ်လိုက်ရသည်၊၊

ထိုပုံရိပ်ကိုမြင်သည့်အခါ လူတိုင်း ကိုယ့်မျက်လုံးကို မယုံနိုင်ဖြစ်သွားကြသည်၊၊

အံ့သြသင့်စွာနှင့်ပဲ နောက်ကိုတယိမ်းတယိုင် ဆုတ်သွားတာဟာ ကျောင်းချီကျန့်ဖြစ်နေခဲ့သည်၊၊

ရှုကျန်ယန်နှင့် ရှုရို့ရန်တို့နှစ်ယောက်လုံး အံ့သြတုန်လှုပ်သွားကြပြီး ပျောရွင်သည့် အမူအရာတွေဖြစ်လာကြသည်၊၊

ရှုယင်းရင်တောင် အံ့သြသွားပြီး ရေရွတ်လိုက်သည်၊၊

“ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ----”

“အခြေခံတည်ဆောက်ခြင်း အဆင့် ၃ က အဆင့် ၄ ကို နောက်ဆုတ်သွားစေတယ်----”

လီချင်ဖုန်းလည်း အံ့အားသင့်သွားခဲ့သည်၊၊

သူမျက်နှက မဲမှောင်နေပြီး အော်ပြောလိုက်သည်၊၊

“ကျောင်းချီကျန့် သတိထားပြီးလုပ်----”

သူသာ ဂျန်ဖန်းကို အမှန်ကတယ်ရှုံးနိမ့်သွားလျင် ဆရာတစ်ယောက်အနေဖြင့် သူလည်း မျက်နှာပျက်မည်ဖြစ်သည်၊၊

ကျောင်းချီကျန့် တစ်ခဏကြောင်အသွား၏၊၊ ထို့နောက် သူက အံ့ကြိတ်ပြီး ဟိန်းဟောက်လိုက်၏၊၊

“ငါ ဂရုမမူမိဖြစ်သွားရုံပဲ----”

“မင်းကိုယ်မင်း သန်မာတယ်လို့ တကယ် ထင်မနေနဲ့----”

ပြောပြီးနောက် သူက ရွှေဓားကို နောက်တစ်ကြိမ်လွဲယမ်းလိုက်သည်၊၊

ဂျန်ဖန်း ဓားကို တည်ငြိမ်စွာကိုင်ထားပြီး တိုက်ခိုက်မှုကို တွေ့ဆုံလိုက်သည်၊၊ သူ၏ သိမ်မွေ့သည့်ဓားပညာက ကြယ်ခုနှစ်လုံးဓားသိုင်း၏ အားအကောင်းဆုံးပုံစံ ပြသနေခဲ့သည်၊၊

တစ်ဖက်မှာတော့ ကျောင်းချီကျန့်က ကျားငါးကောင်ဝိညာဥ်ချိုးဖြတ်ခြင်းဓားကွက်ကို အပြည့်အဝ မဖမ်းဆုပ်နိုင်သေးတာ သိသာလှ၏၊၊

ဂျန်ဖန်းအတွက်တော့ ထိုအရာက ဟာကွက်တွေနှင့် ပြည့်နှက်နေခဲ့သည်၊၊

နောက်တစ်ကွက်ဖလှယ်ပြီးနောက် သူက ကျောင်းချီကျန့်ကို ထပ်မံနောက်ဆုတ်သွားစေခဲ့၏၊၊

ကျောင်းချီကျန့် ဤမျှလောက်ထိ အားနည်းတာ မြင်သည့်အခါ ဂျန်ဖန်း လက်တစ်ဖက်တောင် အားနေပြီး စာရေးလိုက်သည်၊၊

မင်းရည်က မြေပြင်ပေါ်မှာ စာတစ်ကြောင်းဖွဲ့စည်းသွားခဲ့သည်၊၊

“ဓားနည်းလမ်းက တိကျမှုမရှိဘူး---”

ထို့နောက် နောက်ထပ် ထိုးချက်တစ်ခု ထုတ်ဖော်လိုက်ရာ ကျောင်းချီကျန့် ထိပ်ထိပ်ပျာပျာ ရှောင်တိမ်းလိုက်ရသည်၊၊

တစ်ချိန်တည်းမှာပဲ ဂျန်ဖန်း နောက်တစ်ကြိမ် စာရေးလိုက်၏၊၊

“လှုပ်ရှားမှုကလည်း နှေးလွန်းတယ်----”

“စွမ်းအားမလုံလောက်ဘူး----”

“အုတ်မြတ် မခိုင်မာဘူး----”

-----

တိုက်ခိုက်မှုတစ်ခုထွက်ပေါ်လာတိုင်း လူတိုင်း အံ့အားသင့်နေခဲ့ရသည်၊၊

ဂျန်ဖန်းက ဓားကို အေးအေးဆေးဆေး ကိုင်ထားပြီး ကျောင်းချီကျန့်အား နောက်ကို ဆက်တိုက်ဆုတ်သွားစေခဲ့သည်၊၊

ထိုစဥ်, သူ၏အခြားလက်တစ်ဖက်က ရံဖန်ရံခါ ဝေဖန်မှုတွေ ပြုလုပ်နေခဲ့သည်၊၊

ဆရာတစ်ယောက်က တပည့်တစ်ယောက်ကို ညွှန်ပြနေသည့် အတိုင်းပင်ဖြစ်သည်၊၊

ဘယ်သူက ဘယ်သူ့ကို အကဲဖြတ်နေသည်နည်း၊၊

လူတိုင်း ထူးဆန်းသည့် ရယ်စရာကောင်းမှုကို ခံစားလိုက်ရသည်၊၊

All Chapters