← Chapters

လျိုချင်းရှန်၏စိတ်ပျက်အားငယ်မှု

Vol. 6 Ch. 83

လျိုချင်းရှန်၏စိတ်ပျက်အားငယ်မှု

Vol. 6 Ch. 83

ဆယ်ကွက်မြောက်၌---

ဂျန်ဖန်း သူ့ဓားကို ကျောင်းချီကျန့် လည်မျိုကို သာမန်အတိုင်းထိုးသွင်းလိုက်သည်၊၊

ထက်ရှသည့်ဓားထိပ်ဖျားက ကျောင်းချီကျန့်အရေးပြားကို ထိုးဖောက်သွားပြီး သွေးစတစ်ခုထွက်ပေါ်လာခဲ့သည်၊၊

ဂျန်ဖန်းခေါင်းခါယမ်းလိုက်ပြီး ထူးမခြားနားစွာ နောက်ဆုံးစာကြောင်းတစ်ကြောင်းရေးလိုက်သည်၊၊

“အနှစ်ချုပ်လိုက်ရင် ဒါက အပြင်ပန်းဟန်ပြ သက်သက်ပါပဲလား၊၊ စိတ်ပျက်စရာပဲ၊၊”

သူ့အတွက် စမ်းသပ်မှုတိုက်ပွဲတစ်ခုဖြစ်မည်ဟု ထင်ထားခဲ့၏၊၊

အဆုံးမှာတော့ ဒုနန်းတော်သခင်ပေးသည့် ဖိအားလောက်တောင် မပြင်းထန်ပေ၊၊

ခန်းမတစ်ခုလုံး သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်နေခဲ့သည်၊၊

မြေပြင်ပေါ်က စာလုံး ၈လုံးကို မျက်တောင်မခတ်တမ်းစိုက်ကြည့်နေပြီး စိတ်လှုပ်ရှားစွာဖြင့် သံတွေးမျိုးချနေကြသည်၊၊

ဂျန်ဖန်း ကျောင်းချီကျန့်၏ လှုပ်ရှားမှု ၁၀ ကွက်တောင့်ခံနိုင်ရမည်ဟုပြောခဲ့၏၊၊

သို့ပေမယ့်အဆုံးမှာတော့ ကျောင်းချီကျန့်ကသာ ဂျန်ဖန်း၏ ၁၀ ကွက်ကို ခုခံခဲ့ရပြီး အရှုက်ကွဲခဲ့၏၊၊

ထို့ပြင် ဂျန်ဖန်းက ထိန်းထားလို့သာမဟုတ်လျှင် ကျောင်းချီကျန့် ၁၀ ကွက်တောင် ခုခံနိုင်မည်မဟုတ်ပေ၊၊

ရှုရို့ရန် ဝမ်းသာမျက်ရည်ကျလာပြီး ဂျန်ဖန်း ရင်ခွင်ထဲကို ပြေးဝင်လာခဲ့သည်၊၊

“ဖန်း, နင်လုပ်နိုင်ခဲ့ပြီ၊ နင်လုပ်နိုင်ခဲ့ပြီ၊၊ နင်လည်း အခု တိမ်စိမ်းဂိုဏ်းကို ဝင်လို့ရပြီ----”

ရှုယင်းရင်း မိန်မောစွာဖြင့် မတ်တပ်ထရပ်လိုက်သည်၊၊

“ဂျန်ဖန်း---- ဂျန်ဖန်းက ဒီလောက်တောင် အားကောင်းတာလား----”

သူက စီနီယာအကိုကျောင်းကို အလွယ်တကူ အနိုင်ယူနိုင်တယ်----

ကျောင်းချီကျန့်လည်း ထိုအရာကို မယုံကြည်နိုင်ဖြစ်နေပြီး သူ့လည်ပင်းမှ စီးကျလာသည့် သွေးစက်ကို မျက်စိဗလာဖြင့် စိုက်ကြည့်နေခဲ့သည်၊၊

သူရှုံးသွားပြီ?---

သူအမှိုက်ကောင်လို့ ယူဆထားသည့် တစ်စုံတစ်ယောက်ကို ရှုံးနိမ့်သွားခဲ့သည်၊၊

မဖြစ်နိုင်ဘူး----

ဒါ လုံးဝမဖြစ်နိုင်ဘူး----

သူက ဘယ်လိုလုပ်ရှုံးနိုင်မည်နည်း၊၊

ဂျန်ဖန်းကျောခိုင်းထားတာမြင်တော့ သူ့နှလုံးသားထဲမှာ ဒေါသတွေပြည့်နှက်လာပြီး အကြောက်တရားတွေဘေးဖယ်ထားလိုက်သည်၊၊

ရုတ်တရက် ရွှောင်ရောင်ဓားကိုကိုင်ကာ ဂျန်ဖန်း နောက်ကျောကို ပြင်းထန်စွာ ခုတ်ပိုင်းလိုက်၏၊၊

“မင်း တိရိစ္ဆာန်ကောင်၊ ငါမရှုံးဘူးကွ----

သို့ပေမယ့် ဂျန်ဖန်းက ထိုအရာကို မျှော်လင့်ထားပြီးသားဖြစ်သည်၊၊

ကျောင်းချီကျန့်လို ယုတ်မာသည့် လူကြောက်က အလွယ်တကူအညံ့ခံမည် မဟုတ်ပေ၊၊

သူက လှုပ်ရှားမှုနည်းလမ်းကို တိတ်တဆိတ် ပြင်ဆင်ထားပြီး ဓားသံကြားသည်နှင့် ချက်ချင်း လှုပ်ရှားလိုက်၏၊၊

ရှုရို့ရန်ကို ဖက်ထားပြီး ဓားချက်ကို အသာအယာရှောင်တိမ်းလိုက်၏၊၊

တစ်ချိန်တည်းမှာပဲ ကျောက်ချီကျန့်မျက်နှာကို တွေဝေမနေပဲ ဆောင့်ကန်လိုက်၏၊၊

ဘန်း!

ကျောင်းချီကျန့် ဓားချက်လွဲသွားသည်ဖြစ်၍ ဤကန်ချက်ကို မည်သို့ ခုခံနိုင်တော့မည်နည်း၊၊

အကန်ခံလိုက်ရပြီး နောက်ကိုလွင့်ပျံသွားကာ မြေပြင်ပေါ် ပြင်းထန်စွာပြုတ်ကျသွားခဲ့သည်၊၊

သူ့ပါးစပ်မှ သွေးတွေ ပန်းထွက်လာခဲ့သည်၊၊

ထိုမြင်ကွင်းကိုမြင်သည့်အခါ ရှုကျန်းယန် ဒေါသတကြီးပြောလိုက်သည်၊၊

“ကျောင်းချီကျန့်, မင်းက အတွင်းစည်းတပည့်တစ်ယောက်ဖြစ်တာတောင် အရှုံးကို လက်မခံနိုင်ပဲ ခိုးကြောင်ခိုးဝှက်တိုက်ခိုက်တယ်ပေါ့-----”

“မင်းမှာ အရှက်တရားမရှိတော့ဘူးလား----"

လီချင်ဖုန်းလည်း အတော်လေး စော်ကားသလို ခံစားလိုက်ရသည်၊၊

သူက ကျောင်းချီကျန့်ကို ပိတ်ကန်လိုက်ပြီး ခေါင်းမိုးပေါ်ရောက်သွားစေသည်၊၊ ထို့နောက် မြေပြင်ပေါ် အပြင်းအထန်ပြန်ကျကာ နာကျင်စွာဖြင့် တွန့်လိမ်နေခဲ့သည်၊၊

သူ့မျက်နှာက ကြောက်စရာကောင်းလောက်အောင် ခက်ထန်သွားခဲ့သည်၊၊

“မင်း သုံးစားမရတဲ့ကောင်----”

ရှုံးနိမ့်မှုကကို အလုံအလောက် ရှက်ဖို့ကောင်းနေပြီဖြစ်သည်၊၊

ရှုံးနိမ့်မှုကို လက်မခံနိုင်ပြီး ခိုးကြောင်ခိုးဝှက်တိုက်ခိုက်တာက ပိုလို့တောင် စောက်ရှက်ကွဲ၏၊၊

ပိုဆိုးတာက ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ပြီး ပြန်အရိုက်ခံလိုက်ရတာပဲ ဖြစ်သည်၊၊

ငါ ဘယ်လိုလုပ်ပြီး ဒီလိုရှက်စရာကောင်းတဲ့ တပည့်မျိုးကို သင်ပေးမိတာလဲ----

“ရှုရို့ရန်၊ ရှုယင်းရင်း မင်းတို့ပစ္စည်းတွေ ထုပ်ပိုးတော့၊ ငါတို့ အခု ထွက်ခွာကြမယ်---”

သူက ဒီနေရမှာ နောက်ထပ် မနေနိုင်တော့ပေ၊၊

ရှုရို့ရန် သူ၏မကျေမနပ်အမူအရာကို မြင်သည့်အခါ တွန့်ဆုတ်စွာဖြင့်မေးလိုက်သည်၊၊

“ဆရာ, ဖန်းအတွက်ကကော----”

လီချင်ဖုန်း ဂျန်ဖန်းကို ဒေါသတကြီး ကြည့်လိုက်သည်၊၊

သူ့ရဲ့ မူလရည်ရွယ်ချက်က ဂျန်ဖန်း အခက်အခဲကိုသိပြီး နောက်ဆုတ်သွားဖို့ သူ့တပည့်ကို ပြုလုပ်ခိုင်းချင်တာပဲ ဖြစ်သည်၊၊

သို့ပေမယ့် ထိုအစား ဆရာတစ်ယောက်အဖြစ် သူ့ကို အရှက်ကွဲမှုနှင့်သာ အဆုံးသတ်သွားစေခဲ့သည်၊၊

သူက ဂျန်ဖန်းအပေါ် ကောင်းတဲ့ခံစားချက် မည်သို့ ရှိနိုင်မည်နည်း၊၊

သို့ပေမယ့် ဂုဏ်သိက္ခာရှိသည့် အကြီးအကဲတစ်ယောက်အနေဖြင့် ကတိပေးထားသည့်ကိစ္စကို မည်သို့ ပြန်ရုတ်သိမ်းနိုင်မည်နည်း၊၊

ခဏစဥ်းစားပြီးနောက် သူက ပြန်ပြောလိုက်သည်၊၊

“သူ့ ခွန်အားက ကောင်းပေမယ့် အဆုံးမှာတော့ မသမာတဲ့နည်းလမ်းတွေနဲ့ သူ့အလားအလာကို အလွန်အကျွံ့မြှင့်တင်ထားတာပဲ၊၊”

“ငါသူ့ကို တပည့်အဖြစ်လက်မခံနိုင်ဘူး၊၊ ဒါပေမယ့် တိမိစိမ်းဂိုဏ်းကိုတော့ ခေါ်သွားပေမယ်၊၊”

“အဲ့မှာရှိတဲ့အကြီးအကဲတစ်ယောက်က သူ့ကိုသဘောကျရင် အတွင်းစည်းတပည့် တစ်ယောက်ဖြစ်လာနိုင်မယ်----”

“တစ်ယောက်ကမှ သဘောမကျဘူးဆိုရင်တော့ အပြင်စည်းတပည့်တစ်ယောက်ပဲ ဖြစ်လာလိမ့်မယ်----”

တိမ်စိမ်းဂိုဏ်းတပည့်တွေကို အကြမ်းဖျင်းအားဖြင့် သုံးမျိုးခွဲခြားထား၏၊၊

အစစ်အမှန်တပည့်၊ အတွင်းစည်းတပည့် နှင့် အပြင်းစည်းတပည့်တို့ပဲ ဖြစ်သည်၊၊

ပထမနှစ်ခုက ဂိုဏ်း၏ထိပ်တန်းတွေဖြစ်ပြီး တပည့်အစစ်တွေဖြစ်၏၊၊

နောက်ဆုံးတစ်ခုကတော့ သူတို့ကို တပည့်လို့ ခေါ်ပေမယ့် အခြေခံအားဖြင့် အလုပ်သမားတွေပဲဖြစ်သည်၊၊

ပိုက်ဆံနှင့် အဆက်အသွယ်သာရှိလျှင် အပြင်စည်းတပည့်ဖြစ်နိုင်တာပဲဖြစ်သည်၊၊

အပြင်းစည်းတပည့်တွေက ဂိုဏ်းအရင်းအမြစ်တွေမရပေ၊၊

သူတို့က တိမ်စိမ်းဂိုဏ်းအတွက် အလုပ်လုပ်ပေးရသည့် အလုပ်သမားတွေသာဖြစ်သည်၊၊

ရှုရို့ရန်မျက်နှာပြောင်းလဲသွားပေမယ့် လီချင်ဖုန်း၏ အစောပိုင်းကတိကို ပြန်သတိရလိုက်သည်၊၊ ထိုအရာက ဂျန်ဖန်းအတွက် တိမ်စိမ်းဂိုဏ်းကိုဝင်ရောက်ဖို့ တစ်ခုတည်းသောအခွင့်အရေးဆိုတာ သူမသိ၏၊၊

သူ့ကို တပည့်အဖြစ်လက်ခံမည်ဟု ကတိမပေးထားပေ၊၊

ထို့ကြောင့် သူမမှာ နောက်ထပ် ကန့်ကွက်စရာမရှိတော့ပေ၊၊

ဂျန်ဖန်းကတော့ ပျော်ရွင်နေခဲ့သည်၊၊ ဘယ်လိုပဲဖြစ်ဖြစ် တိမ်စိမ်းဂိုဏ်းဝင်ရောက်တာဟာ အရင်းအမြစ်ရဖို့ အခွင့်အရေးရှိသေး၏၊၊

မဝင်ရလျှင်တော့ လုံးဝကို အခွင့်အရေးမရှိတော့ပေ၊၊

“ကျေးဇူးတင်ပါတယ်, အကြီးအကဲလီ----”

လီချင်ဖုန်း ခေါင်းညိတ်လိုက်၏၊၊

“မင်လည်း မင်းပစ္စည်းထုပ်ပိုးချည်၊၊ ငါတို့ မကြာခင်ထွက်ခွာကြမယ်----”

ဂျန်ဖန်းမျက်လုံးတွေက ပတ်ပတ်လည်ကို ဝှေ့ဝိုက်သွားပြီး ပြောလိုက်သည်၊၊

“ကျွန်တော်ကြားတာတော့ ချန်မိသားစုသမီး ချန်းစီလင်ကလည်း အဆင့် ၆ စိတ်ဝိညာဥ်အမြစ်တဲ့----”

“အကြီးအကဲလီ, သူမကို တပည့်အဖြစ်ခေါ်ယူဖို့ စိတ်ဝင်စားလား မသိဘူး----”

အဆင့် ၆?----

လျိုချင်းရှန် အံ့အားသင့်သွားခဲ့သည်၊၊

“အထီးကျန်လှေမြို့လို မြို့ငယ်လေးမှာ ဘယ်လိုလုပ် အဆင့်မြင့်စိတ်ဝိညာဥ်အမြစ်တွေ အများကြီးရှိနေရတာလဲ----”

အထီးကျန်လှေမြို့ကဲ့သို့ ဝေးလံခေါင်တဲ့ မြို့ငယ်လေးတွေ၌----

အဆင့် ၆ စိတ်ဝိညာဥ်အမြစ်တစ်ခု ရှာတွေ့တာကကို အတော်လေး ကံကောင်းနေပြီဟု သတ်မှတ်နိုင်၏၊၊

ယခု, တစ်ပြိုင်နက် အများကြီး ပေါ်ထွက်လာခဲ့သည်၊၊

ဂျန်ဖန်းပြောလိုက်သည်၊၊

“အကြီးအကဲလီ, ဒါနဲ့ပတ်သက်ပြီး မင်းတပည့်ကျောင်းချီကျန့်ကို မေးကြည့်လို့ရပါတယ်----”

လီချင်ဖုန်း ချက်ချင်းပဲ ကျောင်းချီကျန့်ကို ကြည့်လိုက်သည်၊၊

ကျောင်းချီကျန့် မည်သည့်အရာမှ ဖုံးကွယ်မထားရဲပဲ နာကျင်စွာခေါင်းညိတ်လိုက်သည်၊၊

“ဟုတ်တယ်၊ ဟုတ်တယ်--- အဲ့ဒါ အဆင့် ၆ စိတ်ဝိညာဥ်အမြစ်ပဲ----”

“ဒါပေမယ့် ဒါက ဂျန်ဖန်းနဲ့ ဘာမှမဆိုင်ဘူး---”

ထိုအရာမှ ဂျန်ဖန်း နောက်ထပ်အကျိုးအမြတ်ရသွားမည် စိုး၍ သူက အလျှင်အမြန်ပဲ ထပ်ပေါင်းပြောလိုက်သည်၊၊

“အဓိပ္ပာယ်မရှိတာ၊ ဂျန်ဖန်းက သူမကို စိတ်ဝိညာဥ်အမြစ်ပေးနိုင်မှာတဲ့လား----”

လီချင်ဖုန်း သူ့ကို စိုက်ကြည့်လိုက်သည်၊၊ ထို့နောက် စိတ်လှုပ်ရှားစွာဖြင့် ကြိုးကြာဖြူကိုစီးကာ ချန်မိသားစုကို ပျံသန်းသွားခဲ့သည်၊၊

ဂျန်ဖန်း ကျောင်းချီကျန့်ကို အေးစက်သည့် အမူအရာဖြင့်ကြည့်လိုက်သည်၊၊

ချန်းစီလင် တိမ်စိမ်းဂိုဏ်းသွားနိုင်သည်နှင့် သူက မည်သည့် ကောင်းကျိုး ဆိုးကျိုးမှ ဂရုစိုက်နေတော့မည်မဟုတ်ပေ၊၊

လီချင်ဖုန်းထွက်သွားသည်နှင့် ကျောင်းချီကျန့်မျက်နှာ မုန်းတီးမှုကြောင့် တွန့်လိမ်နေပြီး အံကြိတ်လိုက်သည်၊၊

“ဂျန်ဖန်း---”

“ဒီနေ့စော်ကားခံရတာကို တိမ်စိမ်းဂိုဏ်းရောက်ရင် အဆတစ်ရာ ပြန်ပေးမယ်----”

“တိမ်စိမ်းဂိုဏ်းမှာ အပြင်းစည်းတပည့်အနေနဲ့ အတွင်းစည်းတပည့်ဖြစ်တဲ့ငါ့ကို အသနားခံရမှာပဲ---”

ဂျန်ဖန်း ထူးမခြားနားစွာပြန်ပြောလိုက်သည်၊၊

“ငါတို့အဲ့ဒီရောက်ရင် သိရမှာပါ----”

သူ့ ၌ စိတ်ဝိညာဥ်အမြစ်မရှိဘူးဆိုတာ လုံးဝ အယုံအကြည်မရှိပေ၊၊

တိမ်စိမ်းဂိုဏ်းအကြီးအကဲများစွာထဲ၌ သူ့တန်ဖိုးကို တစ်ယောက်မှ နားမလည်ဘူးဆိုတာကို ပို့လို့တောင် မယုံပေ၊၊

ခဏကြာပြီးနောက်----

လီချင်ဖုန်း ချန်းစီလင်နှင့်အတူ ရယ်မောကာ ပြန်လာခဲ့သည်၊၊

“ဟ-- ဟ-- ဟ-- ဒီတစ်ချိန် အဆင့် ၉ စိတ်ဝိညာဥ်အမြစ်ကို မတွေ့ပေမယ့် ရလိုက်တဲ့အကျိုးအမြတ်ကမနည်းဘူး---”

“အဆင့် ၆ စိတ်ဝိညာဥ်အမြစ်နှစ်ခုနဲ့ အဆင့် ၇ စိတ်ဝိညာဥ်အမြစ်တစ်ခု၊၊ ဂိုဏ်းကလူအိုကြီးတွေတော့ မနာလိုဖြစ်နေတာ့မှာ----”

“ဟ-- ဟ-- ဟ---”

“သွားကြစို့---”

လူတိုင်း သူ့နောက်မှလိုက်၍ ပျံသန်းသားရဲပေါ်တက်ကာ ကောင်းကင်သို့ ပျံသန်းသွားတော့သည်၊၊

ထိုစဥ်---

တိမ်စိမ်းဂိုဏ်း၊ ဂိုဏ်သခင်တောင်၊ အဓိက ခန်းမထဲ၌----

လျိုချင်းရှန် ခေါင်းငုံ့ထားပြီး သူမအဖေ ဂိုဏ်းခေါင်းဆောင် ဆူပူတာကို နားထောင်နေခဲ့သည်၊,

“ကြယ်သုံးလုံးဝိညာဥ်သခင်ကို ရှာမတွေ့ထားအုန်း၊၊ အဲ့လိုတည်ရှိမှုမျိုးက ငါတို့တိမ်စိမ်းဂိုဏ်းကိုလာမှာမဟုတ်ဘူး၊၊ ရှာတွေ့ရင်တောင် အသုံးမဝင်ဘူး---”

“ဒါပေမယ့် နင်က နဂါလမ်းကြောင်းက ပါရမီရှင်ကိုတောင် မရှာနိုင်ခဲ့ဘူး၊၊ သူက နန်းဂန်လျိုယွင်ကိုတောင် အနိုင်ရခဲ့တာ၊၊ အဲ့ဒါဘာကိုဆိုလိုလဲ နင်သိလား----”

“ထားလိုက်အုန်း၊ နင် အဲ့ဒီပါရမီရှင်ကို ရှာမတွေ့တာ အဆင်ပြေသေးတယ်၊၊ ဒါပေမယ့် နင်နဲ့ တစ်ခါဆုံဖူးတဲ့ အဆင့် ၉ စိတ်ဝိညာဥ်အမြစ်ကို ဘယ်လိုတောင် မရှာနိုင်ခဲ့ရတာလဲ----”

တိမ်စိမ်းဂိုဏ်း ခေါင်းဆောင် ဒေါသထွက်လွန်း၍ ရင်ဘတ်က နိမ့်လိုက်မြင့်လိုက်ဖြစ်နေခဲ့သည်၊၊

သူ့နဖူးကိုရိုက်လိုက်ပြီး ဝမ်းနည်းစွာ ပြောလိုက်သည်၊၊

“နင်က ငါတို့တိမ်စိမ်းဂိုဏ်းအတွက် ဒီလိုကြီးမားတဲ့အခွင့်အရေးအားလုံးကို လွဲချော်ခဲ့တယ်----"

“နင့်ကို သက်တောင့်သက်သာ ထားလို့ နေသားကြသွားပြီနဲ့တူတယ်----”

“သွား, ဂိုဏ်းရင်ပြင်က တပည့်အသစ်တွေကို ကြိုဆိုရီ၊၊ အဲ့ဒီတာဝန်ကို မင်းကိုင်တွယ်ရမယ်----”

လျိုချင်းရှန် နီရဲနေသည့် မျက်လုံးတွေဖြင့် ခန်းမထဲမှ ထွက်သွားပြီး အတော်လေးနစ်နာသည်ဟု ခံစားနေရ၏၊၊

သူမက ရှာဖွေဖို့ အကောင်းဆုံးကြိုးစားခဲ့၏၊၊ သို့ပေမယ့် အဆင့် ၉ စိတ်ဝိညာဥ်အမြစ်က ပြေတမ်းလိုက်တန်းကစားနေပုံပေါ်ပြီး လုံးဝကို ရှာမတွေ့ပေ၊၊

ထိုကိစ္စကြောင့် သူမအပြစ်ပေးခံရပြီး ဂိုဏ်းတပည့်သစ်ကြိုဆိုရသည့် ခက်ခဲတဲ့ အလုပ်ကို လုပ်နေရ၏၊၊

“သေချင်းဆိုး အဆင့် ၉ စိတ်ဝိညာဥ်အမြစ်---”

သူမက အံကြိတ်လိုက်သည်၊၊

“ဒါတွေအားလုံး နင့်အပြစ်တွေပဲ----”

“နင့်ကိုရှာဖို့သာမဟုတ်ရင် ငါ အထီးကျန်လှေမြို့ကို နောက်တစ်ကြိမ်သွားမှာ မဟုတ်ဘူး၊၊ ကြယ်သုံးပွင့် ဝိညာဥ်သခင်နဲ့ ပါရမီရှင်ကိုလည်း လွတ်သွားမှာမဟုတ်ဘူး၊၊ အခုလို အဆူခံရပြီး အပြစ်ပေးခံရမှာလည်း မဟုတ်ဘူး----”

“နင် ငါနဲ့ ဘယ်တော့မှ မတွေ့အောင် ဆုတောင်းနေ၊၊ မဟုတ်လို့ကတော့ နင် နောင်တရသွားစေရမယ်----”

ပြောပြီးနောက် သူမကိုယ်သူက အပြုံးတစ်ခုနှင့် လှောင်ပြောင်လိုက်၏၊၊

“အဲ့လိုတည်ရှိမှုမျိုးက ကောင်းကင်ဘုံစက်ယန္ဒယားခန်းမကို သွားမှာပေါ့---”

“ဘာကိစ္စနဲ့ တိမ်စိမ်းဂိုဏ်းကို လာမှာလဲ----”

“သူသာလာခဲ့ရင် ငါ သူ့ဇနီးတောင် လုပ်လိုက်အုန်းမယ်----”

All Chapters