← Chapters

နံပါတ်ဝမ်း ဖန် ~

Vol. 20 Ch. 286

နံပါတ်ဝမ်း ဖန် ~

Vol. 20 Ch. 286

ဟောက်ရန်သည် ကျောင်းဂိတ်ဝဆီသို့ ပြေးရင်း သူ၏ ကျဥ်းမြောင်းသော မျက်လုံးများက တလက်လက် တောက်ပနေသည် ။

' အကိုမို့ နောက်လိုက်ဖြစ်ရတာ မိုက်လိုက်တာ ..ထပ်ကြွားခွင့်ရပြန်ပြီ.. '

ဟောက်ရန်သည် ကြွားဝါခြင်း၌ သူမတူသော ဝါသနာရှိသည် ။ အထက်တန်းကျောင်းတက်စဥ်က ကြွားဝါလိုသော်လည်း မိသားစုနောက်ခံမှ လွဲ၍ တခြားကြွားစရာမရှိခဲ့ချေ ။

သူ မမျှော်လင့်ဘဲ ကျန်းနန်တက္ကသိုလ် တက်ခွင့် ရခဲ့သဖြင့် ဆောင်းရာသီ ကျောင်းပိတ်ရက်တွင် ဟိုင်းချန်မြို့သို့ ပြန်ပြီး အတန်းဖော်ဟောင်းများကို တွေ့ဆုံပွဲ စီစဥ်၍ အတင်းအကြပ်ကြွားပြရန် စဥ်းစားခဲ့ဖူးသည် ။

သို့သော်လည်း ကျန်းနန်တက္ကသိုလ်တွင်ပင် ​ခေါင်းမော့၍ ခဏခဏ ကြွားခွင့်ရမည်ဟု တစ်ခါမှ မတွေးဘူးပေ ။

ထို့အပြင် Black Earth နှင့် ဂိမ်းအတူတွဲဆော့ပြီး နိုင်ငံ အဆင့် ၁ ရခဲ့သဖြင့် တစ်နိုင်ငံလုံးအား ကြွားခွင့်ရခဲ့ပေသည် ။

ယခု အကိုမို့သည် Black Earth ဖြစ်နေ၍ သူ၏ ကြွားဝါနိုင်ရန် အခွင့်အရေးမှာ အမြင့်ဆုံးသို့ ရောက်ခဲ့လေပြီ ။

အကိုမို့၏ နောက်လိုက်ဖြစ်သဖြင့် ကျန်းနန်တက္ကသိုလ်မှ ကျောင်းသားတိုင်း သူ့ကိုတွေ့လျှင် အကိုရန်ဟု ယဥ်ကျေးစွာနှုတ်ဆက်ကြ၏ ။

အကို့မို့တစ်ယောက်သာ သူ့အထက်ရှိ၍ သူသည် ကျောင်းသားခေါင်းဆောင် ဖြစ်လာသည်ဟုပင် ခံစားမိနေသည် ။

ဤသည်ကို တွေးရင်း ဟောက်ရန်က အရှိန်မြှင့်လိုက်သည် ။

' အကိုမို့ရဲ့ ရူးသွပ်နေတဲ့ ဖန်တွေက ဂိတ်တံခါးကို ဖျက်တော့မယ်.. ငါ ဂိတ်တံခါးကို ကာကွယ်ရမယ်ကွ..'

ထိုအခိုက် ဟောက်ရန်သည် ရှေ့တည့်တည့် မှ လျောက်လာနေသည့် စီနီယာကျောင်းသားဝတ်စုံ ဝတ်ထားသည့် ကျောင်းသူတစ်ယောက်ကိုမြင်လိုက်ရ၍ မျက်လုံးများ တောက်ပလာ၏ ။

ထိုကျောင်းသူက ရီချီဟု ခေါ်ပြီး စတုတ္ထနှစ်မှ ထိပ်တန်း ပါရမီရှင် တစ်ဦးဖြစ်သည် ။

ဟောက်ရန်က သူမနှင့် ရှေးဦးစကြာဝဠာ တွင် အကောင့်အပ်ထားပေသည် ။ သူမ၏ အကောင့်နာမည်မှာ Sleepless ဖြစ်သည် ။

ဟောက်ရန်သည် လင်းမို့၏ ​နောက်လိုက်ဖြစ်သဖြင့် သူ့အား အကောင့်လက်ခံထားမှန်းသိပေသည် ။ မဟုတ်ပါက လှည့်ပင် ကြည့်မည်မဟုတ် ။

' ဟမ့် ..ငါ့ကို ဘယ်သူမှ လျစ်လျူရှု မထားရဲဘူး..'

သူ ထင်ထားသည့် အတိုင်းပင် ရီချီက သူ့အား မြင်လျှင် အရင်စ၍ နှုတ်ဆက်လိုက်သည် ။

" ဟောက်ရန်.. နင်ဘာလို့ အဲ့လောက်မြန်အောင်ပြေးနေတာလဲ.. "

" ကျောင်းဂိတ်ကို သွားရမှာ.. "

ဟောက်ရန်က ...

" အကိုမို့ရဲ့ ပရိတ်သတ်တွေ အများကြီးရောက်နေတယ်ဆိုလို့ သွားထိန်းမလို့.. ဆရာကြီးထူက ဂိတ်တံခါး ပြိုသွားမှာ စိုးလို့ ကျွန်တော့်ကို လွှတ်လိုက်တာ.. "

" ငါလည်း အဲ့တာ လာပြောမလို့ .."

ရီချီသည် ကျောင်းကောင်စီ အဖွဲ့ဝင်ဖြစ်သဖြင့် ကျောင်းလုံခြုံရေးတွင် တာဝန်ရှိပေသည် ။ သူမလည်း ဂိတ်တံခါး အခြေအနေ မကောင်းသည်ကို မြင်၍ လင်းမို့ထံသို့ ထွက်လာခဲ့ခြင်းပင် ။

" အဲ့တာဆို ငါနင်နဲ့ ပြန်လိုက်ခဲ့မယ် .."

" သွားမယ် သွားမယ်.. "

ဟောက်ရန်က ကမန်းကတမ်း ပြော၍ ပြေးတော့သည် ။

ရီချီက ပြုံးလိုက်ပြီး နောက်မှ ပြေးလိုက်သွား၏ ။ သူမ လင်းမို့နှင့် ရင်နှီးမှု ရစေရန် နည်းလမ်းရှာနေခြင်းဖြစ်သည် ။ အနာဂတ် သာလွန်စစ်နတ်ဘုရား ဖြစ်မည့်သူနှင့် ရင်းနှီးသော ဆက်ဆံရေးရှိလျှင် အကျိုးမယုတ်ချေ ။ လင်းမို့သည် အချိန်ပြည့် လေ့ကျင့်နေ၍ သူမ၏ ပစ်မှတ်ကို ဟောက်ရန်ဆီသို့သာ ပြောင်းလိုက်ရ၏ ။

သူမက ဟောက်ရန်နှင့်အတူ ပြေးနေစဥ် ဂိတ်ဝရှိ အခြေအနေများကို ရှင်းပြလိုက်သည် ။

ဟောက်ရန်၏ မျက်လုံးများ ပြူကျယ်သွား၏ ။

" ဘာ.. လူတစ်သောင်းကျော်တောင်လား..အဲ့လောက် အားယားနေကြလား.."

" အဲ့တာ ဘာများနေလို့လဲ.. "

ရီချီက မျက်စောင်းထိုးလိုက်ပြီး...

" ကျန်းနန်တက္ကသိုလ်မြို့မှာ ကျောင်းသား တစ်သိန်းကျော် ရှိတယ်လေ.. ဒါတောင် လူနည်းနည်းပဲ လာတာလို့ ပြောရမယ်.. ဒီသတင်းကြားပြီး တစ်ညလုံး ပြေးလာတဲ့ တခြားမြို့က လူတွေလည်း ရှိတယ်.. "

" အကိုမို့ ဖန်တွေက ရှုးသွပ်ကုန်ကြပြီ.. "

ဟောက်ရန်က ထိတ်လန့်ဟန်ဖြင့် ပြောလိုက်သည် ။

" ဟုတ်ပါ့.. "

ရီချီက ထောက်ခံလိုက်ပြီး...

" လင်းမို့သာ ထွက်မလာရင် သူ့ဖန်တွေက ထွက်သွားမှာ မဟုတ်ဘူး.. "

" အကိုမို့က အလုပ်များနေတယ်.. ဒီလို ကိစ္စသေးသေးလေးတွေကို ဖြေရှင်းဖို့ အချိန်မရှိဘူးလေ.."

ဟောက်ရန်က ဂုဏ်ယူဟန်ဖြင့်...

" ဒီလို ကိစ္စတွေ ဖြေရှင်းဖို့က ကျွန်တော့တာဝန်ပဲ.. "

သူတို့ စကားပြောနေရင်း ကျောင်းဂိတ်ဝသို့ ရောက်လာကြသည် ။

ဟောက်ရန်သည် လူအုပ်ကြီးအား နဖူးတွေ့ ဒူးတွေ့ မြင်လိုက်ရ၍ ဒူးတုန်သွား၏ ။

သူက ချောင်းဟန့်လိုက်ပြီး ရီချီထံမှာ အော်လံကို ယူကာ...

" အားလုံး အားလုံး.. တိတ်တိတ်နေကြပါ.. ငါပြောတာ နားထောင်ပေးကြပါ.. "

ဟောက်ရန်၏ အသံက လူအုပ်ကြီးကို ပိုမို ဆူညံသွားစေသည် ။

" အဲ့တာ ဘယ်ကကောင်လဲ.. "

" သောက်ဖက်တီး လာအာချောင်မနေနဲ့.. "

" ငါတို့ နတ်ဘုရားမို့ကို ခေါ်ပေး.. ငါတို့ နတ်ဘုရားမို့ကို ခေါ်ပေး.."

" ဖက်တီးတွေ လစ်.. "

ဟောက်ရန်နှင့် ရီချီ ဆွံ့အ သွားသည် ။

ဟောက်ရန်သည် ပွဲထိန်းရန် လာခဲ့သော်လည်း ယခုလိုအပြောခံရမည်ဟု ထင်မထား ။ သူက ချောင်းထပ်ဟန့်လိုက်ပြီး...

" ငါ က အကိုမို့ရဲ့ နံပါတ်ဝမ်း ဖန်.. မင်းတို့ရဲ့ ခေါင်းဆောင် ကောင်းဟောက်ရန်ကွ.. "

All Chapters