← Chapters

ဂြိုလ်ပြာမှ လူများသာ ဓားကြီးကစားနည်းကို သိကြသည် ~

Vol. 20 Ch. 288

ဂြိုလ်ပြာမှ လူများသာ ဓားကြီးကစားနည်းကို သိကြသည် ~

Vol. 20 Ch. 288

ကျန်းဝမ်ဘို၏ စကားကြောင့် လူတိုင်း စိတ်ဝင်စား သွားကြသည် ။

မည်သည့် လူငယ်မဆို စကြာဝဠာ အကြောင်း သိချင်ကြပေသည် ။ ယခု လင်းမို့က ဂလက်ဆီခေတ်ဦးကို စတင်နိုင်မည် ပြော၍ လူတိုင်းနားစွင့်နေကြ၏ ။ ဟောင်ရန်မည်သို့ ပြန်ဖြေမည်နည်း ။

' ဂလက်ဆီခေတ်လား..'

ဟောက်ရန် မျက်လုံး ပုတ်ခပ်ပုတ်ခပ် ဖြစ်သွားသည် ။ ထိုစကားက သူ့အတွက် အလွန်ကြီးမားလှပေသည် ။ တနေကုန် ဓားကြီး ကစားနေသူသာ ဖြစ်၍ ဤအကြောင်းအား မည်သို့ သိနိုင်ပါမည်နည်း ။ သူသည် အကိုမို့အား ဆွေးနွေးဖူးသည်ဟူ၍ ဓားကြီးကစားနည်းများသာ ရှိသည် ။ သို့သော်လည်း လင်းမို့၏ နောက်လိုက်တစ်ယောက်ဖြစ်သဖြင့် မသိဟု ငြင်းလျှင် လင်းမို့ နာမည်ပျက်ပေမည် ။ ထိုသို့ ဖြေလို့မရ ။ သူ ကောင်းကောင်းဖြေနိုင်မှ ရပေမည် ။

ထိုသို့ စဥ်းစားပြီး​နောက် ဟောက်ရန်က...

" ညဏ်ကြီးရှင် ဆိုတယ့်အတိုင်းပဲ မေးခွန်းက တကယ်ကောင်းတယ် .."

ဟောက်ရန်သည် နှလုံးသားအတွင်းမှ တိတ်တဆိတ်ငိုကြွေးနေသော်လည်း အပြင်တွင် တည်ငြိမ်စွာဖြင့်...

" ဒီအကြောင်းကို ငါနဲ့ အကိုမို့ အများကြီး ဆွေးနွေးဖူးတာပေါ့.. "

ဟောက်ရန်က အကြံတစ်ခုရသွားပြီး...

" ငါနဲ့ အကိုမို့ ထင်တာကတော့ ဂလက်ဆီခေတ်ရောက်ရင် မညီမျှခြင်း အားသာချက်ကို သုံးရမယ်ထင်တယ်.. "

( မညီမျှခြင်း အားသာချက် လို့ ပြန်လိုက်တယ်ဗျ.. အဓိပ္ပါယ်က ကိုယ့်အားသာချက်ကို သုံးပြီး ကိုယ့်ထက်အင်အားကြီးတဲ့ ရန်သူရဲ့ အားနည်းချက်ကို တိုက်ခိုက်တာမျိုး ၊ ပျောက်ကြားစစ်တို့ ဘာတို့.. )

တခြားကျောင်းသားများ အံ့သြသွားကြ၏ ။ ထိုသည်ကို သူတို့ နားမလည်ပေ ။

ကျန်းဝမ်ဘိုက ချက်ချင်းနားလည်သွားသည် ။ လျောကျလာသည့် သူ၏ မျက်မှန်ကို ပြန်ပင့်တင်လိုက်ပြီး...

" စိတ်ဝင်စားစရာကောင်းသားပဲ.. ဖြစ်နိုင်မယ်လို့ထင်တယ်.. "

ကျန်းဝမ်ဘိုက ဟောက်ရန်အား ဆက်ပြော ဟူသည့် အကြည့်ဖြင့် ကြည့်လိုက်၏ ။

ဟောက်ရန်သည် ကျန်းဝမ်ဘို၏ တုန့်ပြန်မှုကို မြင်လျှင် အားတက်သွားသည် ။

" ဒါဆို.."

ဟောက်ရန်က ခဏစဥ်းစားလိုက်ပြီး စူးစူးရဲရဲ ကြည့်၍ မေးခွန်းမေးလိုက်သည် ။

" အဲ့တာဆို ဂြိုလ်ပြာရဲ့ အားသာချက်က ဘာလို့ထင်လဲ.. "

ကျောင်းသားအားလုံး စဥ်းစားသွားကြသည် ။ ဂြိုလ်ပြာ၏ အားသာချက်က မည်သည်ဖြစ်မည်နည်း ။ ဂြိုလ်သားယာဥ်ကျေးမှု များနှင့် တွေ့ဆုံလျှင် မည်သည့် အားသားချက်ကို အသုံးပြုကြမည်နည်း ။

ဟောက်ရန်က သူ့မေးခွန်းသူ ပြန်ဖြေလိုက်သည် ။

" နည်းပညာလို့ ထင်လား.. "

" သေချာပေါက် မဟုတ်ဘူး.. "

" ငါတို့ နည်းပညာအဆင့်အတန်းက နေအဖွဲ့အစည်းထဲကတောင် ထွက်နိုင်သေးတာ မဟုတ်ဘူး.. ​ဂြိုလ်သားတွေက အာကာသစစ်ပွဲတွေတောင် တိုက်နေကြပြီ.. သူတို့အမြင်မှာဆို ငါတို့က အခုမှ မီးကို စတင်တွေ့ရှိတယ့် ရှေးဦးလူသားတွေ ဖြစ်နေကြမှာ.. "

ဟောက်ရန်၏ စကားက မှန်ကန်နေ၍ ကျန်းဝမ်ဘို က ခေါင်းညိတ်လိုက်သည် ။

" မင်းမှန်တယ်.. နည်းပညာက အများကြီးတိုးတက်လာပင်မယ့် အသုံးချနည်းပညာတွေပဲ တိုးတက်လာတာ.. အခြေခံအုတ်မြစ်ဖြစ်တယ့် ရူပဗေဒ သီအိုရီသဘောတရားတွေက မတိုးတက်သလောက်ပဲ... ငါတို့ လူသားတွေရဲ့ အပြင်းထန်ဆုံးအသုံးချနိုင်တဲ့ စွမ်းအင်က နျူကလီးယား စွမ်းအင်ပဲ ရှိသေးတာ.. ဂြိုလ်သားတွေ အမြင်အရဆိုရင် ဟာသဖြစ်နေလိမ့်မယ်.. "

လူတိုင်းက ခေါင်းညိတ်ထောက်ခံလိုက်ကြသည် ။ သူတို့ နားမလည်သော်လည်း ညဏ်ကြီးရှင် ကိုယ်တိုင် ထောက်ခံနေ၍ သူတို့ ထောက်ခံကြပေမည် ။

ဟောက်ရန်သည် ထောက်ခံသူများသည်ကို မြင်လျှင် ပို၍ ယုံကြည်မှု ရှိလာ၏ ။

" ဒါဆို သိုင်းပညာက ငါတို့ ဂြိုလ်ပြာရဲ့အားသာချက်လား.. "

" ငါ​တော့ မထင်ဘူး ငါတို့ ဂြိုလ်ပြာရဲ့ သိုင်းလောက က ​နည်းပညာထက်တောင် နိမ့်နေအုံးမယ်.. "

" အဲ့တာဆို ငါတို့ ဂြိုလ်ပြာရဲ့ အားသာချက်က ဘာလဲ.. "

ညဏ်ကြီးရှင် ကျန်းဝမ်ဘိုပင် မျက်မှောင်ကြုပ်လိုက်မိ၏ ။ ဂြိုလ်ပြာ၏ အားသာချက်ကို သူစဥ်းစား၍ မရပေ ။ ဟောက်ရန်ပြောမည်ကိုသာ စောင့်နေလိုက်သည် ။

" ငါ ထင်တာ​တော့ ငါတို့ ဂြိုလ်ပြာရဲ့ အားသာချက်က လူသားတွေပဲ.."

' လူသားတွေလား.. '

ကျန်းဝမ်ဘို လေးလေးနက်နက် စဥ်းစားကြည့်လိုက်၏ ။ လူသားများ၏ အားသာချက်က မည်သည်နည်း ။ သို့သော်လည်း သူအဖြေရှာမရ ။

" အဟမ်းအဟမ်း.."

ဟောက်ရန်က ချောင်းခြောက်ဆိုးလိုက်ပြီး မေးခွန်းထုတ်လိုက်သည် ။

" ​ဂြုလ်သားတွေ ဓားကြီးကစားတာကို ကြားဖူးလား.. "

" ......."

ဟောက်ရန်၏ မေးခွန်းကြောင့် လူတိုင်း ရှုပ်​ထွေး သွားကြ၏ ။ ဂလက်ဆီခေတ်မှ ဓားကြီးလောကသို့ မည်သို့ ရောက်သွားပါသနည်း ။

" မင်းတို့ မကြားဘူးသလို ငါလဲ မကြားဖူးဘူး.. "

ဟောက်ရန်က ယုံကြည်မှု အပြည့်ဖြင့်...

" ဂြိုလ်သားတွေရဲ့ နည်းပညာနဲ့ သိုင်းပညာတွေကို ငါတို့ ကြားဖူးပင်မယ့်.. ဂြိုလ်သားတွေရဲ့ ဓားကြီး ကစားနည်းကို ငါတို့ မကြားဖူးဘူး.. ဒါကို ကြည့်ရင် သူတို့ရဲ့ ဓားကြီးလောက က ငါတို့ ဂြိုလ်ပြာရဲ့ ဓားကြီးလောကထက် အဆင့်နိမ့်နေမယ်ဆိုတာ ငါရဲရဲကြီး ပြောရဲတယ် .."

ဟောက်ရန်က စကားပြောရင်း ပို၍ စိတ်လှုပ်ရှား တက်ကြွလာပြီး...

" အဲ့တာကြောင့် ငါတို့ အားသာချက်ကို အသုံးချပြီး ဂြိုလ်သား ယဥ်ကျေးမှုတွေနဲ့ ဆက်ဆံတဲ့အခါ သူတို့ ​ဂြိုလ်တွေပေါ်မှာ ငါတို့ ဂြိုလ်ပြာရဲ့ ကလပ်တွေကို သွားဖွင့်သင့်တယ်လို့ ငါထင်တယ်.. "

" ငါ့အိမ်မက် ..ငါ့ ရည်မှန်းချက်.. ငါ့ပန်းတိုင်က.. တနေ့ နဂါးငွေ့တန်း တစ်ခုလုံးရဲ့ နေရာတိုင်းမှာ ကလပ်အိမ် ဖွင့်နိုင်ဖို့ပဲ.. "

ဟောက်ရန်သည် သူ၏ ဘဝပန်းတိုင်ကို တွေ့ရှိသွား၍ အသံပို၍ ကျယ်လာပြီး...

" ငါတို့ ဂြိုလ်ပြာရဲ့ ဓားကြီးသိုင်းဖြစ်တဲ့ နဂါးဓားကွက် ၇၂ ကွက်ကို နဂါးငွေ့တန်း တစ်ခုလုံံး ပျံ့နှံ့ သွားစေရမယ်ကွ.. "

All Chapters