အညွှန်းကိန်းများ ~
Vol. 20 Ch. 289
ဟောက်ရန်၏ အသံလှိုင်းက လူအုပ်ကြီးအား ရိုက်ခတ်သွားသည် ။
လူတိုင်း ဟောင်ရန်အား မျက်လုံးပြူးမျက်ဆန်ပြူးဖြင့် ကြည့်နေကြ၏ ။ ဤဖက်တီးက လူသားအယောင်ဆောင်ထားသော နတ်ဆိုး ဖြစ်နေသည်လော ။ ဤစကားအား တက္ကသိုလ်ကျောင်းသားတစ်ယောက်၏ ပါးစပ်မှ ထွက်လာနိုင်မည် မဟုတ်ချေ ။
သို့သော်လည်း သူတို့သည် ဟောက်ရန်၏ အကြောင်းကို အနည်းနှင့် အများ ကြားဖူးထားကြ၍ ဤသည်က ပုံမှန်သာ ဖြစ်ကြောင်း နားလည်သွားကြ၏ ။
အဝေးမှ ခိုးနားထောင်နေသော ကျောင်းအုပ်ထူတစ်ယောက် သွေးအန်လုနီးပါး ခံစားရလိုက်၏ ။
ဟောက်ရန်သည် လင်းမို့အား ကိုယ်စားပြု၍ ထွက်လာသည်ဆိုသော်လည်း ကျောင်းဂိတ်ဝတွင် ဖြစ်နေ၍ ကျန်းနန်တက္ကသိုလ် ကိုယ်စားပြုလည်း ဖြစ်ချေသည် ။
ယခု ဟောက်ရန်က ကျန်းနန်တက္ကသိုလ်အား အရှက်ခွဲနေချေပြီ ။
" ရှောင်ဟယ်.. "
ကျောင်းအုပ်ထူက ဟယ်ရှင်းအား အံကြိတ်ရင်း ကြည့်လိုက်သည် ။
ဟယ်ရှင်းက ပါးနပ်သူ ဖြစ်၍ သဘောပေါက်သွား၏ ။
" ဆရာ.. ကျွန်မ သူ့ကို နည်းလမ်းတစ်ခုခုရှာပြီး ကျောင်းထုတ်လိုက်ရမလား.. "
ကျောင်းအုပ်ထူက ခဏတုန့်ဆိုင်းသွားပြီး သွေးဆောင်ခံလိုက်ရသော်လည်း ကူကယ်ရာမဲ့သာ ခေါင်းခါလိုက်မိသည် ။
" ထားလိုက်ပါတော့.. သူ့ကို ခိုင်းလိုက်တာ ငါပဲလေ.. သူလဲ ကျွမ်းကျင်တာနဲ့ ဖြေရှင်းနေတာပဲ.. ငါတို့ သူ့ကို ကျောင်းထုတ်လိုက်ရင် မတရားရာ ကြသွားမှာပေါ့.. "
ကျောင်းအုပ်ထူသည် ဟောက်ရန်အား ကန်ထုတ်ချင်နေသော်လည်း သူ့ဂုဏ်သိက္ခာ အထိခိုက်မခံနိုင်ပေ ။
" ပြီးတော့ .."
ကျောင်းအုပ်ထူက...
" ကောင်းဟောက်ရန်က လင်းမို့ရဲ့ အခင်ဆုံး သူငယ်ချင်းလေ..လင်းမို့ကို ထည့်စဥ်းစားရင် ထုတ်ပစ်လို့ မဖြစ်ဘူး .. "
ခွေးကို ရိုက်ချင်လျှင် သခင်ကို ကြည့်ရသည်ဆိုသော စကားအတိုင်းပင် ။ လင်းမို့၏ မျက်နှာကို ထောက်ရပေအုံးမည် ။
" နင်ဆက်စောင့်ကြည့်နေလိုက်.. ငါသွားတော့မယ်.. "
ကျောင်းအုပ်ထူသည် ဆက်ကြည့်နေလျှင် ထွက်ရိုက်မိမည်စိုး၍ မကြည့်တော့ရန် ဆုံးဖြတ်လိုက်သည် ။ လင်းမို့ ကြိုးစားသည်ကို မြင်၍ သူလည်း ကြိုးစားရန် ဆုံးဖြတ်ထားသည် ။ သူသည် စစ်နတ်ဘုရား အဆင့်သို့ လင်းမို့ထက် အရင် ရောက်ရပေမည် ။
**
မြေဆွဲအားခန်း...
လင်းမို့သည် ဟောက်ရန်တစ်ယောက် ဘဝပန်းတိုင် ရှာတွေ့သွားသည်နှင့် ဟောက်ရန်အား ရင်နှီးမြုပ်နှံမှု လုပ်ရန် လုပ်ငန်းရှင်များက ဆက်သွယ်နေသည်ကို မသိပေ ။
ထိုလုပ်ငန်းရှင်များက ဟောက်ရန်ကို ယုံကြည်၍ မဟုတ်ဘဲ လင်းမို့၏ အနာဂတ်အဆင့်အတန်းကို လောင်းကစားလုပ်လို၍ပင် ။
သို့သော်လည်း ထိုလုပ်ငန်းရှင်များ မတုံးသလို ဟောက်ရန်သည်လည်း မတုံးပေ ။
သူ၏ လုပ်ငန်းကို ရင်းနှီးမြုပ်နှံမှု ပြုလုပ်ရန် ဆက်သွယ်လာသူများကို ချက်ချင်းငြင်းလိုက်၏ ။ နဂါးငွေ့တန်း တစ်ခုလုံးအား လွှမ်းမိုးထားနိုင်မည့် လုပ်ငန်းဖြစ်၍ အမြတ်ဝေစု ခွဲမပေးနိုင်ချေ ။
' ငါဘာလို့ အမြတ်ခွဲပေးရမှာလဲ.. ငါ့ကို ရူးနေတယ်ထင်လို့လား.. '
ဟောက်ရန်သည် သူထုတ်ပြောမိသည်ကိုပင် နောင်တရသွား၏ ။ ယခု သူ့တွင် ပြိုင်ဘက်များပင် ရှိလာနိုင်ပေသည် ။
ဟောက်ရန်၏ ကြီးမားသည့် ပရောဂျက်အား လေးလေးနက်နက် စဥ်းစားနေသူ နောက်တစ်ယောက် ရှိနေသေးသည် ။
ထိုသူက ညဏ်ကြီးရှင် ကျန်းဝမ်ဘို ပင် ။ သူသေချာ စဥ်းစားကြည့်ပြီးနောက် ဤ ပရောဂျက်က ဖြစ်နိုင်သည်ဟု ယူဆလိုက်တော့သည် ။
**
ညနေစောင်းအချိန်မှ ကျောင်းဂိတ်ဝရှိ လင်းမို့၏ ပရိတ်သတ်များ လှည့်ပြန်သွားကြသည် ။
လင်းမို့သည် အချိန် ဆယ်နာရီပြည့်၍ မြေဆွဲအားခန်းမှထွက်ပြီး အိပ်ဆောင်သို့ ပြန်လာခဲ့သည် ။
သူ ယနေ့ ခွန်အား သိသိသာသာ တိုးလာပေသည် ။ မြေဆွဲအားခန်း၏ ငါးဆ အညွှန်းကိန်းကြောင့် သူ၏ တက်ကြွအညွှန်းကိန်းမှာ ၁၀၀၀၀၀ ကျော်အထိ ရောက်ရှိသွားသည် ။ လက်သီးပြင်းအား တိုးနှုန်းမှာ တစ်နာရီလျှင် ဆယ်တန်နှုန်းဖြင့် တန် ၁၀၀ အထိ တိုးလာခဲ့၏ ။
လင်းမို့ အိပ်ဆောင်သို့ ပြန်ရောက်သောအခါ ပြင်ဆင်မှု ပြီးနေပြီဖြစ်၍ အသင့်တက်နေရုံပင် ။ ထို့နောက် လင်းမို့၏ တရားဝင် ဂူအောင်းသော ဘဝ စတင်ခဲ့သည် ။
ဒုတိယနေ့တွင် လက်သီးပြင်းအား တန် ၅၀၀ ကျော်သွားပြီး ငွေလအဆင့်မြင့် အဆင့်သို့ ရောက်ရှိခဲ့သည် ။ လွန်ခဲ့သော တစ်ပတ်က လင်းမို့သည် ကောင်းကင်အဆင့်သာ ရှိသေးသော်လည်း တစ်ပတ်အတွင်း ငွေလ အဆင့်မြင့် အဆင့်သို့ရောက်သွားခဲ့သည် ။
နောက် လေးရက် အကြာတွင် လင်းမို့၏ လက်သီးပြင်းအားက တန် ၂၀၀၀ ကျော်သွားပြီး နေအလင်းအဆင့်သို့ ရောက်သွား၏ ။ နေအလင်းအဆင့်သို့ ရောက်လျှင် သူ၏ စိတ်စွမ်းအင်အနှစ်သာရမှာ ဆက်လက် တိုးတက်လာပြီး အညွှန်းကိန်း ဧရိယာအချင်းဝက် သုံးဆ တိုးလာခဲ့သည် ။
လင်းမို့၏ အညွှန်းကိန်း ဧရိယာသည် ကျန်းနန်တက္ကသိုလ်မြို့ကို ကျော်လွန်သွားပြီး ကျန်းနန်မြို့ကိုပါ လွှမ်းခြုံ သွားသည် ။ ကျန်းနန်မြို့၏ တက်ကြွအညွှန်းကိန်းက တက္ကသိုလ်များကဲ့သို့ မမြင့်မားသော်လည်း လင်းမို့၏ အညွှန်းကိန်း ရရှိမှု ဧရိယာက အကျယ်ကြီး ဖြစ်သွား၍ တက်ကြွအညွှန်းကိန်း လေးဆ မြင့်တက်လာပြီး ၈၀၀၀၀ ကျော်အထိ ရောက်သွားသည် ။ ငါးဆ မြှောက်လိုက်လျှင် ၄၀၀၀၀၀ ကျော်နေပြီဖြစ်သည် ။
လင်းမို့သည် ခွန်အားတိုးလာတိုင်း အညွှန်းကိန်း ဧရိယာ ကျယ်လာသဖြင့် အဆင့်တက်နှုန်းက ပိုမို မြန်ဆန်လာ၏ ။
အညွှန်းကိန်း ၄၀၀၀၀၀ ကြောင့် လင်းမို့၏ လက်သီးပြင်းအားသည် တစ်နေ့လျှင် တန် ၁၀၀၀ ကျော်တိုးလာပေသည် ။
ကျန်းနန် တက္ကသိုလ်၏ ကျောင်းသားအားလုံးပေါင်း၏ တိုးတက်နှုန်းသည်ပင် လင်းမို့ထက် များစွာ သာမည်မဟုတ်ပေ ။
ဤ သို့ လျင်မြန်စွာ တိုးတက်လာသည်ကြောင့် လင်းမို့ သည် မဟာသခင် အဆင့်နှင့် လျင်မြန်စွာ နီးကပ်လာချေသည် ။