← Chapters

ပစ်မှတ် တည်နေရာ... နေအဖွဲ့အစည်း

Vol. 20 Ch. 291

ပစ်မှတ် တည်နေရာ... နေအဖွဲ့အစည်း

Vol. 20 Ch. 291

~

အာကာသယာဥ်အတွင်း ...

အဆင့် ၉ သက်ရှိ ဆယ်ဂဏန်းသည် စားပွဲခုံတစ်ခုတွင် ဝိုင်းထိုင်၍ ဆွေးနွေးနေကြသည် ။

ရှည်လျားသော မုတ်ဆိတ်များနှင့် အဘိုးအိုတစ်ဦးက ဖြေးညှင်းစွာ ပြောလိုက်သည် ။

" လွန်ခဲ့တဲ့ နှစ် ၂၀၀၀၀ ကျော်က ငါတို့နဲ့ အန်ဒရိုမီဒါဂလက်ဆီက လူတွေနဲ့ ပေါင်းပြီး ရီကို တိုက်ခိုက်ခဲ့တယ်.. "

အားလုံး၏ အတွေးက လွန်ခဲ့သော နှစ် ၂၀၀၀၀ ကျော်ဆီသို့ ပြန်ရောက်သွားကြ၏ ။

အဆင့်၉ သက်ရှိ ဆယ်ဂဏန်းများစွာ ပူးပေါင်းပြီး ရီ ကို သတ်နိုင်ရန် လုပ်ကြံတိုက်ခိုက်ခဲ့ကြလေသည် ။

" ဒါပင်မယ့် ငါတို့ မ​​မျှော်လင့်ထားတာက .."

အဘိုးအိုက...

" ရီက နတ်ဘုရားဖြစ်နိုင်မယ့် သူတစ်ယောက်ပဲ.. ငါတို့ ဝိုင်းပြီး လုပ်ကြံတိုက်ခိုက်တာ​တောင် အာကာသကို စုတ်ဖြဲပြီး ရအောင် ထွက်ပြေးနိုင်သေးတယ်.. "

" သူ့နောက် လိုက်သွားတဲ့ အဆင့် ၉ သက်ရှိ ၉ယောက်နဲ့ အဖွဲ့သားတွေရဲ့ သတင်းက ဘာမှ ပြန်မကြားရတော့ဘူး.. သူတို့ အားလုံး ကျရှုံးသွားမယ်ဆိုတာ အားလုံးသိကြမယ်ထင်တယ်.. "

ကျန်လူများ တိတ်ဆိတ်သွားကြ၏ ။ လိုက်သွားသူများအားလုံး သေဆုံးသွားမည်ကို သူတို့ ခန့်မှန်းမိပေသည် ။

အဆင့် ၉ သက်ရှိများက သက်တမ်းရှည်လျားသော်လည်း အသက်ခံရပါက သေမည်သာဖြစ်သည် ။ ယခုလို ကြောက်မယ်ဖွယ်ကောင်းသည့် ရန်သူတစ်ယောက် အမှောင်ထဲတွင် ရှိနေပါက မည်သူမှ အိပ်ကောင်းချင်း အိပ်နိုင်မည်မဟုတ်ပေ ။

" ရီက နဂါးငွေ့တန်းရဲ့ တစ်နေရာရာမှာ ပုန်းနေတာ သေချာတယ်.. "

အဘိုးအိုက...

" ရီ မသေ သေးတာက သေချာတယ် ..သူ တကယ်သေလို့ အလောင်းကို ချန်မထားခဲ့ချင်ဘူး ဆိုရင်​တောင် သူ့အလောင်းပေါက်ကွဲမှုကြောင့် ဖြစ်လာမယ့် စွမ်းအင်က စူပါနိုဗာပေါက်ကွဲမှု ဖြစ်စဥ်ထက် နိမ့်မှာ မဟုတ်ဘူး.. အဲ့တာကို ငါတို့ သတိမထားမိစရာ အကြောင်းမရှိဘူး.. "

အဆင့် ၉ သက်ရှိ တစ်ယောက် သေဆုံးသွားပါက ထွက်ပေါ်လာမည့် စွမ်းအင်များသည် ယဥ်ကျေးမှု တစ်ခု ဖြစ်ပေါ်လာနိုင်သည်ထက်ပင် ပို၍ များပြားပေသည် ။

" အဲ့တာကြောင့် ရီမသေသေးဘဲ ငါတို့ နဂါးငွေ့တန်းမှာပဲ ပုန်းနေတယ်ဆိုတာ သေချာတယ်.. "

နဂါးငွေ့တန်းများ အကြား အကွာအဝေးမှာ အလင်းနှစ် ထောင်ပေါင်းများစွာ ရှိလေသည် ။ ထို့အပြင် နဂါးငွေ့တန်း တစ်ခုနှင့် တစ်ခု အကြားတွင် မည်သည့် စွမ်းအင်မှ မရှိသည့် ဗလာနယ်က ပိုင်းခြားထား၏ ။ အဆင့် ၉ သက်ရှိ တစ်ယောက်သာ ထိုဗလာနယ်မှ ဖြတ်သွားပါက ထင်ထင်ရှားရှား မြင်နေရပေမည် ။ ထို့ကြောင့် ရီသည် နဂါးငွေ့တန်းမှ ထွက်မသွားသေးမှန်း သေချာလှသည် ။

" ရီကို ခြေရာခံနိုင်ဖို့ ငါတို့ ကြိုးစားနေတာ နဂါးငွေ့တန်း တစ်ခုလုံး နီးပါး ရှာပြီးသွားပြီ.. "

" ဒီနေ့တော့.. "

အဘိုးအိုက ကျေနပ်စွာ ပြုံးလိုက်ပြီး...

" ရီ ကို မမြင်ရသေးပင်မယ့်.. သူရှိမယ့် နေရာကို​တော့ ၁၀၀% အတည်ပြုနိုင်ခဲ့ပြီ.. အဲ့တာကြောင့် အားလုံးကို ဆွေးနွေးဖို့ အကြောင်းကြားလိုက်တာပဲ.. "

အဘိုးအိုက လက်ဝှေ့ယမ်းလိုက်လျှင် အလင်းနှစ် ၁၀၀၀၀၀ကျော် ရှိသည့်နဂါးငွေ့တန်း၏ ပုံစံတူ ပုံရိပ်ယောင် တစ်ခု ထွက်ပေါ်လာသည် ။

အဘိုးအိုက တည်နေရာ တစ်ခုကို အကျယ်ချဲ့လိုက်ပြီး...

" ဒီနေရာက နဂါးငွေ့တန်းရဲ့ အိုရီယွန် လက်တံ .."

အဘိုးအိုက ထပ်မံ လက်ဝှေ့ယမ်းလိုက်လျှင် အိုရီယွန်လက်တံ၏ မြေပုံက အသေးစိတ်ထွက်ပေါ်လာသည် ။

" ရီ ပုန်းနေတဲ့ နေရာက ဒီနေရာမှာပဲ.. "

အဘိုးအိုက တည်နေရာ တစ်ခုကို လက်ညိုးဖြင့် ညွှန်ပြလိုက်ရာ ထိုနေရာ၏ ပုံရိပ်က အသေးစိတ်ထွက်ပေါ်လာသည် ။

" ဒီနေရာက လူမသိ သူမသိ ကြယ်အဖွဲ့အစည်းလေး တစ်ခုပဲ.. တောရိုင်း ဧရိယာလို့တောင် ပြောလို့ရတယ်.. "

အဘိုးအိုက နေအဖွဲ့အစည်းကို ညွှန်ပြလိုက်ပြီး...

" ငါတို့ နေရာကနေ ဒီကြယ်အဖွဲ့အစည်းကို ရောက်ဖို့ဆိုရင် အလင်းနှစ် ၂၈၀၀၀ လောက်​တော့ သွားရမယ်.. "

" ရီက အပုန်းကောင်းသားပဲ.. ဒီလို နေရာမျိုးကိုတောင် ရှာတွေ့နိုင်တယ်.. ငါတို့ ရှာတွေ့ သွားတာက​တော့ သူကံမကောင်းတာပေါ့..ဟားဟားဟား.."

အဘိုးအိုက ကျေနပ်စွာ ရယ်လိုက်ပြီး ...

" ရီ သေလား ရှင်လား သိရအောင် အဲ့ ကြယ်အဖွဲ့အစည်းဆီကို သွားကြည့်ရမယ်.."

အားလုံး မည်သူမှ မထောက်ခံကြချေ ။ တိတ်ဆိတ်နေကြ၏ ။ ရီ မည်မျှ သန်မာမှန်း သူတို့ သိကြပေသည် ။

အဘိုး​ကြီးက ...

" ငါတို့ အားလုံး စုပေါင်းလိုက်ရင် ရီ နဲ့ တိုက်ခိုက်နိုင်ပါတယ်ကွ.. ဘာလဲ မင်းတို့ ကြောက်နေကြတာလား.."

" ဒါပင်မယ့် .."

ထိပ်ပြောင်ပြောင် အဆင့် ၉ သက်ရှိက ထပြောလိုက်သည် ။

" ရီရဲ့ ပါရမီနဲ့ဆို နတ်ဘုရား အဆင့်ကို ရောက်နိုင်တယ်နော်.. တကယ်လို့ ကျွန်တော်တို့ ရောက်သွားမှ ရီက နတ်ဘုရား ဖြစ်နေရင် ဘယ်လိုလုပ်မလဲ.. ကျွန်တော်တို့ အကုန်သေကုန်လိမ့်မယ် .."

" သူ နတ်ဘုရား မဖြစ်နိုင်သေးပါဘူးဟ.."

အဘိုးအိုက ခိုင်မာစွာဖြင့်...

" သူ နတ်ဘုရားဖြစ်ရင် ခုချိန်လောက်ဆို ငါတို့ သေနေပြီ.. သူ့စိတ်နဲ့ဆို နတ်ဘုရားဖြစ်တာနဲ့ ငါတို့ကို အရင်လာသတ်မှာ.. ငါတို့ ဒီလို ထိုင်စောင့်နေတာကမှ သူ့ကို နတ်ဘုရားဖြစ်ခွင့် ပေးလိုက်သလို ဖြစ်နေအုံးမယ် .. ငါတို့ အရင်လက်ဦးမှ ဖြစ်မယ်.. "

" အဲ့တာကြောင့် ငါ အကြံပြုချင်တာက.."

အဘိုးအိုက တိုက်ပွဲဝင်လိုစိတ် အပြည့်ဖြင့်...

" စစ် သင်္ဘါ တွေ အားလုံးကို စုစည်းပြီး အဆင့် ၇ သက်ရှိ အဆင့်အထက်တွေ အားလုံးကို အသင့်ပြင်ထားပြီး နေအဖွဲ့အစည်းဆီကို စစ်ချီကြမယ်.. "

All Chapters