ပူးပေါင်းတပ်ဖွဲ့ ~
Vol. 20 Ch. 292
အချိန်က တဖြည်းဖြည်း ကုန်ဆုံးသွားသည် ။
နဂါးငွေ့တန်း၏ ထိပ်တန်း စစ်သင်္ဘောများ စတင်စုဖွဲ့နေပြီး နေအဖွဲ့အစည်းအား တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း ဂြိုလ်ပြာရှိ မည်သူမှ မသိကြပေ ။
**
လင်းမို့သည် နေအလင်းအဆင့်သို့ ရောက်ပြီးနောက် သူ၏ တက်ကြွအညွှန်းကိန်းက ၄၀၀၀၀၀ အထိ ရောက်လာခဲ့ပြီး တစ်နေ့လျှင် လက်သီးပြင်းအား တန် ၁၀၀၀ ကျော် တိုးလာခဲ့သည် ။
နောက်သုံးရက် ကြာလျှင် နေအလင်း အလယ်ဆင့် သို့ ရောက်သွားပြီး သူ၏ လက်သီးပြင်းအားက တန် ၅၀၀၀ သို့ရောက်သွား၏ ။
နောက်ထပ် ငါးရက် ကြာလျှင် လက်သီးပြင်းအား တန် ၁၀၀၀၀ ကျော်သွားပြီး နေအလင်း အဆင့်မြင့် အဆင့်သို့ ရောက်သွားသည် ။
ထိုအခိုက် လင်းမို့သည် လူသားပုံစံ ရှိသော ဘီလူးတစ်ကောင် ဖြစ်နေလေပြီ ။ သူ၏ ခွန်အားဖြင့် တန်ချိိန်တစ်သောင်းရှိသော သင်္ဘောကိုပင် အလွယ်တကူ မြှောက်၍ ကစားနိုင်၏ ။
ဆယ့်ရှစ်ရက် အကြာတွင် လင်းမို့၏ လက်သီးပြင်းအားသည် တန်ချိန် ၂၀၀၀၀ ကျော်သွားပြီး မဟာသခင် ဖြစ်လာခဲ့သည် ။
စမ်းသပ်နယ်မြေဖွင့်ရန် လေးရက်လိုသေးသော်လည်း လင်းမို့၏ ခွန်အားက အဆမတန် တိုးလာခဲ့သည် ။ တက်ကြွအညွှန်းကိန်း ငါးဆ ထပ်တိုးလာပြီး လက်သီးပြင်းအား တစ်နေ့လျှင် တန် ၅၀၀၀ အထိ တိုးလာသည် ။
လင်းမို့သည် နောက်တစ်လသာ အချိန်ရပါက ဂြိုလ်ပြာကြီး၏ နံပါတ် ၁ ကျွမ်းကျင်သူဖြစ်လာနိုင်ပေသည် ။
' မဟာသခင်ဖြစ်ရတာ မိုက်လိုက်တာ.. '
လင်းမို့သည် တိုးလာသော ခွန်အားကို ခံစားကြည့်ရင်း ကျန်းနန် တက္ကသိုလ်ကိုပင် လက်သီးတစ်ချက်ထဲဖြင့် ဖျက်ဆီးပစ်နိုင်မည်ဟု ခံစားမိနေသည် ။
သို့သော်လည်း သူ၏ ခွန်အားကို ထုတ်ပြရန် ရည်ရွယ်ချက်မရှိ ။ တစ်ခါသေဖူး ပျဥ်ဖိုးနားလည် ဟူသော စကားအတိုင်းပင် သူသိိုသိုသိပ်သိပ်နေရန်သာ ဆုံးဖြတ်ထား၏ ။
' ငါ မဟာသခင်ဖြစ်နေတာ သိသွားရင် မရမက လာသတ်ကြလိမ့်မယ်.. '
သူ အနည်းငယ် ထုတ်ပြခဲ့သော်လည်း ချယ်ရီပန်းနိုင်ငံ၏ စစ်နတ်ဘုရားကိုယ်တိုင် ရောက်လာခဲ့၏ ။ သူ မဟာသခင်ဖြစ်ကြောင်း ထုတ်ပြလိုက်ပါက သာလွန်စစ်နတ်ဘုရားများ ရောက်လာကြပေမည် ။
ရှားနိုင်ငံ၏ ခန်းမသခင်ဖြစ်သူ ကိုယ်တိုင် ကာကွယ်ပေးနေသော်လည်း သူ လုံခြုံသည်ဟု မခံစားမိပေ ။ ဂြိုလ်ပြာကြီး၏ အသန်မာဆုံး ဖြစ်လာလျှင်ပင် သိုသိုသိပ်သိပ်သာ နေပေမည် ။
' ငါ့အဆင့်ကို ငွေလအဆင့်မှာပဲ ထုတ်ပြထားရမယ်.. '
လင်းမို့ တွေးသည် ။ သူ၏ ခွန်အားထိန်းချုပ်ထားနိုင်ရန် လေ့ကျင့်တော့၏ ။
**
ကျန်းနန်မြို့ ဆင်ခြေဖုံးရပ်ကွက် ရှိ အိမ်...
အိမ်အတွင်းရှိ လေထုသည် အခြေအနေသိပ်မကောင်းပေ ။
" သတင်းအတည်ပြုပြီးပါပြီ ဆရာ.. "
ဇီကျင့်က...
" ပြင်ပလောက တိုက်ပွဲကွင်းကို တခြားနိုင်ငံတွေ အကုန်လုံးက ပူးပေါင်းပြီး သွားကြမှာတဲ့ .. လင်းယုန်ဖြူနဲ့ မတည့်တဲ့ မဟာဝက်ဝံ တွေတောင် ပူးပေါင်းလိုက်ကြပြီ.. "
အားလုံး၏ မျက်နှာများက မသာမယာ ဖြစ်ကုန်ကြသည် ။
" ဒီကောင်တို့ ငါတို့ ရှားနိုင်ငံကို ပစ်မှတ်ထားရဲတယ် အရှက်မရှိလိုက်တာ.. "
ရွာသူကြီးက ဒေါသထွက်စွာ ပြောလိုက်သည် ။ သူတို့ အရင်လုပ်ကြံရန် ကြံစည်ခဲ့မှုကိုတော့ မေ့ထားလိုက်တော့၏ ။
နှစ်ပေါင်းများစွာ ရန်သူဖြစ်လာခဲ့ကြသော လင်းယုန်နှင့် ဝက်ဝံပင် ပူးပေါင်းသွားကြလေပြီ ။ လင်းမို့၏ ပါရမီ ကို ကြောက်ရွံ့ကြသလို ခန်းမသခင်က အဆင့် ၁ သက်ရှိ ဖြစ်နေသော သတင်းက ပေါက်ကြားသွားပုံရပေသည် ။
ခန်းမသခင်သည် ဤသို့ ဖြစ်လာမည်ဟု မမျှော်လင့်မိခဲ့ ။ သာလွန်စစ်နတ်ဘုရား အထွတ်အထိပ်အဆင့်နှစ်ယောက်က ပေါင်း၍ တိုက်ခိုက်လျှင် သူ အနိုင်ယူနိုင်ရန် အချိန်အကြာကြီး တိုက်ခိုက်ရမည်ဖြစ်သည် ။ လင်းမို့အား ကာကွယ်နိုင်ရန် မဖြစ်နိုင်တော့ချေ ။
" လင်းမို့ကို ကာကွယ်နိုင်ဖို့ပဲ ဆွေးနွေးကြတာပေါ့.. "
ခန်းမသခင်က ဒေါသကို ထိန်း၍ လေးလေးနက်နက် ပြောလိုက်သည် ။
နိုင်ငံတစ်ကာ ပူးပေါင်းတပ်ဖွဲ့ကြီး ဖြစ်၍ သာလွန် စစ်နတ်ဘုရားနှစ်ယောက်သာမက စစ်နတ်ဘုရားများလည်း များစွာ ပါဝင်နေပေမည် ။
တိုက်ပွဲကွင်းပြင်သို့ ရောက်လျှင် ရှားနိုင်ငံသည် အဘက်ဘက်မှ ဖိနှိပ်ခံရနိုင်၏ ။
" အရင် အစီအစဥ်ကို ဖျက်ပြီး လင်းမို့ကိုပဲ ကာကွယ်ရတော့မယ်.. "
ခန်းမသခင်က...
" ငါ သာလွန်စစ်နတ်ဘုရား နှစ်ယောက်ကို တားဆီးထားနိုင်ပင်မယ့် ငါတို့ တိုက်ခိုက်တဲ့အခါ ထွက်လာတဲ့ အရှိန်ဟပ်ရုံနဲ့တင် ငွေလအဆင့်က သေသွားနိုင်တယ်.. လင်းမို့ကို ငါ့အနားမှာ ထားလို့ မရဘူး.. "
" အဲ့တာကြောင့် လင်းမို့ကို ကာကွယ်ဖို့ စစ်နတ်ဘုရား တစ်ယောက်က တာဝန်ယူရမယ်.. "
ဇီကျင့်က ...
" ဒါပင်မယ့် စစ်နတ်ဘုရား အရေအတွက်မှာ ကျွမ်မတို့ဘက်က နည်းနေတော့ တိုက်ပွဲ ဖြစ်ရင် အဆင်မပြေမှာ စိုးရတယ်.. "
နောက်ဆုံးတွင် ဇီကျင့်က လင်းမို့အား ကာကွယ်မည်ဖြစ်ပြီး ကျန်စစ်နတ်ဘုရားများက ရန်သူများကို ခုခံကြရန် ဆုံးဖြတ်လိုက်သည် ။ ထို့အပြင် ရှားနိုင်ငံမှ မဟာသခင် အထွတ်အထိပ်အဆင့်များကိုလည်း တပ်ကူအဖြစ် ခေါ်ခဲ့ရန် ဆုံးဖြတ်လိုက်၏ ။
" ကျန်းနန် တက္ကသိုလ်ရဲ့ ကျောင်းအုပ် ထူပင်းချန်က စစ်နတ်ဘုရားဖြစ်ဖို့ သိပ်မလိုတော့ဘူး.. လင်းမို့ကို ကာကွယ်ဖို့ သူ့ကိုလည်း ဇီကျင့်နဲ့အတူ ထားရမယ် .."
ခန်းမသခင်က...
" ကျန်တာကိုတော့ တိုက်ပွဲကွင်းပြင်ရောက်မှပဲ ဆက်ဆုံးဖြတ်ကျတာပေါ့.. "