← Chapters

အဆင့်တက်သွားခြင်း ~

Vol. 20 Ch. 293

အဆင့်တက်သွားခြင်း ~

Vol. 20 Ch. 293

ကျန်းနန် တက္ကသိုလ်.. ထူပင်းချန်၏ အိမ်တွင်...

ကျောင်းအုပ်ထူသည် လောကကြီးနှင့် တစ်သားတည်း ဖြစ်နေသည်ဟု ခံစားနေရ​လေသည် ။ များစွာသော ညဏ်အလင်းပွင့်မှု များကြောင့် သူ၏ မျက်နှာထက်တွင် ကျေနပ်နေဟန်က အတိုင်းသား ပေါ်လွင်နေ၏ ။

' တာအိုဆိုတာ.. ဒါလား..'

ကျောင်းအုပ်ထူ၏ အတွေးများ ရှုပ်ထွေးသွားသည် ။ သူ အရင်က စစ်နတ်ဘုရားအဆင့်ကို ရောက်ရန် ခြေတစ်လှမ်းသာ လိုနေခြင်းဖြစ်၏ ။ လက်သီးပြင်းအား တန် တစ်သိန်းတွင် တစ်ဆို့နေပြီး တိုက်ခိုက်ရေးစွမ်းရည် အဆင့်၇ အထွတ်အထိပ်သို့ ရောက်ရှိနေသည် ။ စစ်နတ်ဘုရား ဖြစ်ရန် တိုက်ခိုက်ရေးစွမ်းရည် အဆင့် ၈ သို့ ရောက်ရှိရန် လိုအပ်ပေသည် ။ ထိုအဆင့်အား တာအို အဆင့်ဟုလည်း ခေါ်ကြ၏ ။

တာအိုအဆင့်သို့ မတက်နိုင်၍ မဟာသခင် အထွတ်အထိပ်တွင် ပိတ်မိနေသူ များစွာရှိကြသည် ။

ကျောင်းအုပ်ထူသည် တရားထိုင်ရင်း ကံကောင်းထောက်မစွာဖြင့် တာအိုဥပဒေသအား ဖမ်းဆုပ်မိပြီး ညဏ်အလင်းရရှိခဲ့သည် ။ သူ ညဏ်အလင်းပွင့်ပြီး​နောက် တိုက်ခိုက်ရေးစွမ်းရည် အဆင့် ၈ သို့ရောက်သွားသဖြင့် တစ်ဆိုနေသော လက်သီးပြင်းအားမှာ တိုးတက်သွားပြီး စစ်နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည် ။

" ဟားဟားဟားဟားဟား..."

ကျောင်းအုပ်ထူသည် ကျေနပ်သွားပြီး အားရပါးရ ရယ်လိုက်သည် ။ လင်းမို့၏ ဖိအားကြောင့် သူနေရခက်နေခဲ့သော်လည်း ယခု စစ်နတ်ဘုရားအဆင့်သို့ ရောက်သွား၍ အလွန်ပျော်ရွှင်သွား၏ ။ လင်းမို့သည် သူ့အရင် စစ်နတ်ဘုရား မဖြစ်နိုင်တော့ချေ ။

သို့သော်လည်း ကျောင်းအုပ်ထူသည် စစ်နတ်ဘုရားအဆင့်က သူ၏ အကန့်အသတ်ဖြစ်မှန်း သိပေသည် ။ သူ သာလွန်စစ်နတ်ဘုရား မဖြစ်နိုင်သည်မှာ သေချာ၏ ။

' ငါ စစ်နတ်ဘုရား ဖြစ်သွားမှန်း လင်းမို့သိရင် အံ့သြသွားလောက်မယ်.. '

ကျောင်းအုပ်ထူ တွေးသည် ။ သို့သော်လည်း သူထုတ်ပြောရန် အစီအစဥ် မရှိသေးပေ ။ ကျောင်းအုပ်ထူသည် ထုတ်ကြွားရာ၌ ကျွမ်းကျင်ပေသည် ။ ယခုအတိုင်း သွားပြောလျှင် လင်းမို့အရမ်း အံသြမည်မဟုတ် ။ ထို့ကြောင့် ထုတ်ဖော်ပြသရန် အချိန်ကောင်းကို စောင့်ရမည်ဖြစ်သည် ။

' ငါ ဘယ်လိုလုပ်ရင် ကောင်းမလဲ.. '

" တီ..တီ..တီ..တီ.. "

ကျောင်းအုပ်ထူ စဥ်းစားနေသည့်အခိုက် ဖုန်းဝင်လာသည် ။

" ဟမ်.."

ကျောင်းအုပ်ထူသည် ဖုန်းခေါ်သူကို ကြည့်၍ အံ့သြသွားသည် ။

" အကြီးအကဲဇီကျင့်က ဘာလို့ ဖုန်းဆက်တာလည်း.. "

အကြီးအကဲ ဇီကျင့်က သူ့အား ဖုန်းမဆက်ဘူးပေ ။

' ငါ အဆင့်တက်သွားတာကို သိသွားတာလား.. အဲ့တာလည်း မဖြစ်နိုင်ပါဘူး သူနဲ့ငါ အဝေးကြီးကို.. '

ကျောင်းအုပ်ထူ စိတ်ရှုပ်သွားသော်လည်း ဖုန်းကိုင်လိုက်သည် ။

" အကြီးအကဲ ဇီကျင့်လားဗျ.."

" အင်း ကျွန်မပါ.. "

ဇီကျင့်က ဆွေးနွေးပွဲမှ အကြောင်းအရာများကို ကျောင်းအုပ်ထူအား ရှင်းပြလိုက်သည် ။ ကျောင်းအုပ်ထူသည် တခြားနိုင်ငံများ ပူးပေါင်းသွားသော အကြောင်းကို ကြားပြီးနောက် အလွန်ဒေါသထွက်သွား၏ ။ လင်းမို့အား ကာကွယ်ရန် တာဝန်ကို လက်ခံလိုက်သည် ။

ကျောင်းအုပ်ထူသည် သူစစ်နတ်ဘုရား ဖြစ်နေပြီဖြစ်ကြောင်း မပြောလိုက်ချေ ။ အကုန်လုံးအား အံ့အားသင့်သွားစေရန် သင်တော်သည့်အချိန်မှ ထုတ်ပြပေမည် ။

' ဟီးဟီးဟီး..ငါစစ်နတ်ဘုရားဖြစ်နေတာ သူတို့သိရင် အောက်မေးရိုးတွေ ပြုတ်ကျသွားလောက်တယ်.. "

' ပြင်ပလောက တိုက်ပွဲကွင်းပြင်.. '

ကျောင်းအုပ်ထူသည် ထိုအချိန်အား မျှော်လင့်တကြီး စောင့်မျှော်နေတော့သည် ။

**

လင်းမို့သည် မဟာသခင် ဖြစ်လာပြီးနောက် အဆင့်တက်နှုန်း ငါးဆ ပိုမြန်လာခဲ့သည် ။ တနေ့လျှင် လက်သီးပြင်းအား တန် ၅၀၀၀ တိုးလာသဖြင့် စစ်နတ်ဘုရား အဆင့်သို့ ရောက်ရန် ရက်နှစ်ဆယ်ပင် မလိုတော့ချေ ။

ထို့အပြင် လင်းမို့၏ အားအနည်းဆုံးမှာ လက်သီးပြင်းအားသာဖြစ်သည် ။ သူ စစ်နတ်ဘုရား ဖြစ်လာသည်နှင့် ဂြိုလ်ပြာကြီးတွင် သူ့အား အန္တရာယ်ပေးနိုင်သူမှာ လက်တစ်ဖက်ပင် ပြည့်တော့မည် မဟုတ်ချေ ။ သို့သော်လည်း သူ့တွင် အချိန်မရှိတော့ ။ စမ်းသပ်နယ်မြေဖွင့်ရန် လေးရက်သာ လို​တော့သည် ။ လေးရက်အတွင်း လင်းမို့၏ ခွန်အားက နှစ်ဆကျော်သာ တိုးလာနိုင်တော့သည် ။

' ငါ့အဆင့်တက်နှုန်းက လုံလောက်အောင် မမြန်သေးဘူး..'

လင်းမို့ သက်ပြင်းချလိုက်သည် ။ သူသာ အချိန်နှစ်လရပါက ဂြိုလ်ပြာရှိ မည်သူ့ကို မဆို အနိုင်ယူနိုင်ပေသည် ။

' ကံကောင်းတာက ငါ့စိတ်စွမ်းအားနဲ့ တိုက်ခိုက်​ရေးစွမ်းရည်က လက်သီးပြင်းအားထက် မြန်နေတာ..'

လင်းမို့၏ တိုက်ခိုက်ရေးစွမ်းရည်နှင့် စိတ်စွမ်းအင်အနှစ်သာရက အဆင့် ၈ သို့ ရောက်နေသည်မှာ ရက်အနည်းငယ် ရှိနေပြီဖြစ်သည် ။ ကျောင်းအုပ်ထူ အဆင့် ၈ သို့ ရောက်သည့် အချိန်တွင် လင်းမို့သည် အဆင့် ၈ အလယ်ဆင့်သို့ ရောက်နေလေပြီ ။ ထို့အပြင် ကျောင်းအုပ်ထူ၏ စိတ်စွမ်းအင်အနှစ်သာရ က အဆင့် ၇ သာရှိပြီး လင်းမို့ ထက်နိမ့်ကျပေသည် ။

လင်းမို့သည် စစ်နတ်ဘုရား အဆင့်သို့ မရောက်သေးသော်လည်း စိတ်စွမ်းအားရှင် နှင့် စိတ်ထိန်းချုပ်သူ အဆင့်မှာ အဆင့် ၈ အစောပိုင်းသို့ ရောက်နေသဖြင့် ကျောင်းအုပ်ထူအား လွယ်လွယ်ကူကူ အနိုင်ရနိုင်ပေသည် ။

ထို့အပြင် စမ်းသပ်နယ်မြေဖွင့်ရန် လေးရက် လိုသေးသဖြင့် သူ၏ ခွန်အားက နှစ်ဆ မြင့်တက်လာပေအုံးမည် ။ လင်းမို့၏ လက်ရှိခွန်အားဖြင့်ပင် ကျောင်းအုပ်ထူအား အနိုင်ရနိုင်၍ ​နောက်လေးရက် ကြာလျှင် ကျောင်းအုပ်ထူ ဆယ်ယောက်ပင်လျှင် လင်းမို့အား အနိုင်ယူနိုင်​တော့မည် မဟုတ်ချေ ။

ကျောင်းအုပ်ထူသည် ဤသည်ကို မသိဘဲ သူ၏ အောင်မြင်မှုတွင်သာ နစ်မျောနေဆဲပင် ။

လင်းမို့လည်း ကျောင်းအုပ်ထူတစ်ယောက် စစ်နတ်ဘုရား အဆင့်သို့ ရောက်သွားသည်ကို မသိ ။

All Chapters