နင် နေအလင်းအဆင့်ကို ရောက်နေတာလား ~
Vol. 20 Ch. 295
ဇီကျင့်သည် လင်းမို့ကို ဆွဲခေါ်၍ အသံထက် မြန်သည့် အရှိန်ဖြင့် ပျံသန်းလာခဲ့သည် ။
' တော်တော်မြန်သားပဲ.. '
လင်းမို့သည် အမြန်နှုန်းကို ခံစားရင် ကျန်းနန်မြို့၏ ရှုခင်းကို ကြည့်လိုက်သည် ။
' ဒါပင်မယ့် ငါ့ဟာငါ ပျံရင် ပိုမြန်မယ်ထင်တယ်.. '
သူ ကိုယ်တိုင်မပျံသန်းဘူးသော်လည်း ယခု အမြန်နှုန်းကို အနည်းငယ်နှေးနေသည်ဟု ခံစားမိနေ၏ ။ သူ သာပျံသန်းရမည်ဆိုပါက ပိုမြန်နိုင်သည်ဟု ခံစားနေရသည် ။
သို့သော်လည်း ဤသည်က ဇီကျင့် ၏ အမြန်သွားနေသည့်နှုန်း မဟုတ်မှန်း သူသိပေသည် ။ ပြေးနေသည်မဟုတ်ဘဲ လမ်းလျောက်သည့် အမြန်နှုန်းပင် ။ ထို့အပြင် ဇီကျင့်သည် လင်းမို့အား သယ်ဆောင်လာရ၏ ။ သိုင်းပညာရှင်များ အဆင့်မြင့်လာလျှင် ကိုယ်အလေးချိန်ပိုတိုးလာကြသည် ။ နေအလင်းအဆင့် တစ်ယောက်၏ အလေးချိန်မှာ တန် ဆယ်ဂဏန်းရှိပေသည် ။
" နင်က လေးလိုက်တာ.. "
ဇီကျင့်က ပြောလိုက်ပြီး အံသြဟန်ဖြင့်...
" နင် နေအလင်းအဆင့်ကို ရောက်နေပြီလား.. "
တစ်လအတွင် ငွေလအစောပိုင်းမှ နေအလင်းအဆင့်သို့ ရောက်သွားသည့် အမြန် နှုန်းမှာ ထူးကဲလှပေ၏ ။
လင်းမို့အား စကားပြောခွင့်မပေးဘဲ ဇီကျင့်က ဆက်ပြောလိုက်သည် ။
" ငါ့လာ လိမ်မနေနဲ့ ဒီကိုယ်အလေးချိန်နဲ့ဆို နင် နေအလင်းအဆင့်ဆိုတာ သေချာနေပြီ.. ငါ့လက်က ချိန်ကွင်ထက် ပိုတိကျတယ်.. "
လင်းမို့ ဆွံ့အ သွားသည် ။ ယခုထက်ပို၍ မျှော်လင့်ချက်ကြီးကြီး ထားပြီး ခန့်မှန်း၍ မရဘူးလော ။ သူသည် စစ်နတ်ဘုရားအထွတ်အထိပ်ဖြင့် ယှဥ်ချနိုင်သည့် မဟာသခင် အလယ်ဆင့်ဖြစ်နေလေပြီ ။ သို့သော်လည်း လင်းမို့သည် ဘာမှ ပြန်မပြောဘဲ ငြိမ်သာနေလိုက်၏ ။ သိုသိုသိပ်သိပ်နေသည်က ပိုကောင်းပေသည် ။
ဇီကျင့်က...
" နင့် တိုးတက်နှုန်းက အရမ်းမြန်လိုက်တာ.. ဒါပင်မဲ့ အဲ့တာ ပိုကောင်းတယ်.. တိုက်ပွဲကွင်းပြင်မှာ အန္တရာယ် အရမ်းများတာ.. နင့်ခွန်အားနဲ့ နာနိုဝတ်စုံပေါင်းရင် အန္တရာယ်နည်းသွားတာပေါ့.. "
လင်းမို့ ပြုံးလိုက်၏ ။ တိုက်ပွဲကွင်းပြင်တွင် အန္တရာယ်များမှန်း သူသိပေသည် ။ သူ၏ ခွန်အားသည် ရွာသူကြီးနှင့် တူညီသော်လည်း ပိုသန်မာသည့် သာလွန်စစ်နတ်ဘုရား သုံးယောက် ရှိနေ၏ ။
သို့သော်လည်း တိုက်ပွဲကွင်းသို့ သူမသွား၍ မဖြစ်ပေ ။ အုပ်ထိန်းသူ၏ အမွေကို တခြားတစ်ယောက်ရသွားပါက သူ၏ အသက်အန္တရာယ်အား စိုးရိမ်နေရပေမည် ။ ထိုအမွေဆက်ခံသူက သူ့အား အန္တရာယ်ဟု မြင်ပြီး သတ်ရန်ကြိုးပမ်းပါက ဒုက္ခရောက်ရပေမည် ။
ယခု တိုက်ပွဲကွင်းသို့ သွားသည်က အန္တရာယ်များသော်လည်း ခန်းသခင်အပါအဝင် စစ်နတ်ဘုရားများက ကာကွယ်ပေးမည်ဖြစ်၍ အန္တရာယ်အရမ်းများမည်ဟု သူ မထင်ချေ ။
ထို့အပြင် စမ်းသပ်နယ်မြေ အတွင်းသို့ အသက် ၃၀ အောက်သာ ဝင်ရမည်ဖြစ်၍ စမ်းသပ်နယ်မြေအတွင်းသို့ ရောက်လျှင် သူ့အား အန္တရာယ်ပေးနိုင်မည့်သူ ရှိတော့မည်မဟုတ် ။ သူ လုပ်ချင်ရာ လုပ်၍ ရပေပြီ ။
ခန်းမသခင် စောင့်နေသည့်နေရာနှင့် ကျန်းနန်တက္ကသိုလ်က သိပ်မဝေး၍ ချက်ချင်း ရောက်သွားသည် ။
**
ခန်းမသခင် နေထိုင်သော အိမ်လေးအတွင်း စစ်နတ်ဘုရားအထွတ်အထိပ် ဆယ်ယောက် စုရုံးရောက်ရှိနေလေပြီ ။ အားလုံးက နာနိုဝတ်စုံများ ဝတ်ဆင်ထားသည်ဖြစ်၍ တိုက်ပွဲဝင် စွမ်းအား မြင့်မားလှသည် ။
ခန်းမသခင်နှင့် ဤစစ်နတ်ဘုရား ဆယ်ယောက်က လင်းမို့အား ကာကွယ်ကြမည်ဖြစ်ပြီး ကျန်စစ်နတ်ဘုရားများစွာက ကိုယ်ရောက်ဖျောက်နေကြသည် ။ အရေးကြုံမှ ထွက်လာကြပေမည် ။
" ခန်းမသခင် ..ဆရာကြီးက ညဏ်အကောင်းဆုံးပဲ.. "
ကျန်းဟီ က မြှောက်ပင့်လိုက်ပြီး...
" ကျွန်တော်တို့ ညဘက် ထွက်ရင် တခြားနိုင်ငံတွေထက် အရင်စောရောက်မှာ သေချာတယ်.. ဒီကောင်တွေ ကျွန်တော်တို့ ပျောက်သွားလို့ ခေါင်းခြောက်နေလောက်တယ်.. ဟီးဟီးဟီး.."
" ဟားဟားဟား... "
ခန်းမသခင်က ရယ်လိုက်ပြီး...
" ခေါင်းသုံးလို့ ရနေရင် ဘာလို့ အပင်ပန်းခံပြီး တိုက်ခိုက်နေတော့မလဲ.. "
" ဒီအစီအစဥ်ကို သိတာ မင်းတို့ ဆယ်ယောက်ပဲ ရှိတယ် သတင်းပေါက်ကြားမှာလည်း ကြောက်စရာမလိုတော့ဘူး .. ငါတို့က တခြားနိုင်ငံတွေထက် ကြိုရောက်နေမှာ သေချာတယ်.. "
စစ်နတ်ဘုရားများ၏ အမြင့်ဆုံး အမြန်နှုန်းဖြင့် သွားလျှင် တိုက်ပွဲကွင်းသို့ ရောက်ရန် ဆယ်မိနစ်ကျော်သာ ပြေးရပေမည် ။
ခန်းမသခင်က လင်းမို့ တစ်ယောက်ထဲ ကို သယ်ပြီး ပြေးလျှင် ပိုမြန်နိုင်သော်လည်း သာလွန်စစ်နတ်ဘုရား နှစ်ယောက်၏ ချုံခိုတိုက်ခိုက်ခြင်း ခံရလျှင် မကာကွယ်နိုင်မည်စိုး၍ အုပ်စုလိုက်သာ ခရီးထွက်ရန် ဆုံးဖြတ်လိုက်၏ ။
" စစ်နတ်ဘုရားအထွတ်အထိပ် ဆယ်ယောက်က ကလေးတစ်ယောက်ကို ကာကွယ်ပေးရမှာလား.. "
ထိပ်ပြောင်ပြောင် အကြီးအကဲ အိုက်ကျန့်ချီက မကျေမနပ်ဖြင့်...
" ဒါ ဂြိုလ်ပြာပေါ်မှာတောင် ပထမဆုံး အကြိမ်ဖြစ်မယ်ထင်တယ်.. "
" အကြီးအကဲအိုက်.. အဲ့လို ပြောလို့ မရဘူးလေ.. "
ခန်းမသခင်က ပြုံးလိုက်ပြီး...
" လင်းမို့က ခု ငွေလအဆင့် ဆိုပင်မယ့် နောင်တချိန်ကျရင် ရှားနိုင်ငံအတွက် ထောက်တိုင်ကြီး တစ်ခု ဖြစ်လာမှာပဲလေ.. "
" သူကလား.. "
အိုက်ကျန့်ချီက ရယ်လိုက်ပြီး...
" ဆရာကြီးပြောတော့ အုပ်ထိန်းသူက စိတ်တိုင်းကျ ရွေးထားတယ့် ပါရမီရှင် ရှိနေပြီးသားဆို ..လင်းမို့ကို ဘာလို့ ဒီလို ကာကွယ်ပေးနေရအုံးမှာလဲ.. လိုသေးလို့လား.. "
" လိုတာပေါ့ဟ.."
ခန်းမသခင်က...
" လင်းမို့က အုပ်ထိန်းသူရဲ့ အမွေကို မရရင်တောင် အနာဂတ်မှာ ငါ့ထက် အများကြီး သာနိုင်တယ့် ပါရမီရှိတယ်.. "
ထိုအခိုက် ခန်းမသခင်က စကားပြောနေသည်ကို ခဏရပ်လိုက်ပြီး အပြင်သို့ ကြည့်လိုက်ကာ...
" သူတို့ ရောက်လာပြီ.."