← Chapters

လူသားမျိုးနွယ်၏ ကောင်းကင်ဘုံ ရုံးတော်

Vol. 20 Ch. 297

လူသားမျိုးနွယ်၏ ကောင်းကင်ဘုံ ရုံးတော်

Vol. 20 Ch. 297

~

စမ်းသပ်နယ်မြေတွင် တံခါး တစ်ခုသာရှိသည် ။ ယခုအချိန် ထိုတံခါးဝတွင် လူတစ်ရာကျော် ရောက်ရှိနေ၏ ။

စမ်းသပ်နယ်မြေအတွင်းသို့ ဝင်မည့် ပါရမီရှင်များမှာ ၅၀ မပြည့်ဘဲ လိုက်ပါလာသည် စစ်နတ်ဘုရား အရေအတွက်မှာ ၅၀ ကျော် နေသည် ။

သူတို့အားလုံးကို ဦးဆောင်လာသူမှာ သာလွန်စစ်နတ်ဘုရား နှစ်ယောက်ပင် ။

လင်းယုန်ဖယ်ဒရေးရှင်းနိုင်ငံမှ ခြင်္သေ့ဘုရင်နှင့် မဟာဝက်ဝံတိုင်းပြည်၏ အာဏာရှင် ။

ထိုသူနှစ်ဦးက ခန်းမသခင်တို့အဖွဲ့အား အာရုံခံမိသွားကြသည် ။

" ဟားဟားဟား.. ခန်းမသခင်ပါလား.."

ခြင်္သေ့ဘုရင်၏ အောင်မြင်ထည်ဝါသော အသံကြီးက ကီလိုမီတာ ရာချီ၍ ပျံ့နှံ့သွားပြီး ပဲ့တင်ထပ်သံများပင် ပေါ်လာ၏ ။

" မလာရဲလောက်ဘူးထင်နေတာ.. လာရဲသားပဲ.. "

ခန်းမသခင်မှ လွဲ၍ ကျန်လူများ မျက်နှာပျက်သွားကြသည် ။

တစ်မိနစ် အကြာတွင် ရှားနိုင်ငံအဖွဲ့က ဝင်ပေါက်နှင့် နှစ်ဆယ်ကီလိုမီတာ အကွာတွင် ရပ်တန့်လိုက်ကြသည် ။

' သောက်ခွေး ..စစ်နတ်ဘုရား ၅၀ ကျော်တောင်ဟ..'

လင်းမို့ လန့်ဖြန့်သွားသည် ။ တဘက်မှ စစ်နတ်ဘုရားအရေအတွက် လေးဆသာနေပြီး သာလွန်စစ်နတ်ဘုရားမှာလည်း နှစ်ဆသာနေသည် ။ ဤတိုက်ပွဲက ရေကုန်ရေခမ်း သူသေသူသေ တိုက်ရမည့် ပွဲပင် ။ သူထွက်ပြေးလျှင် ကောင်းမည်လော ။

" လင်းမို့ ​​မကြောက်နဲ့ .."

ကျောင်းအုပ်ထူက စိတ်အာရုံဖြင့် အသံလွင့်လိုက်သည် ။

" ငါ စစ်နတ်ဘုရား အဆင့်ဖြစ်နေပြီ.. ငါမသေသရွေ့ မင်းဒဏ်ရာမရစေရဘူး.. "

လင်းမို့ အနည်းငယ် ထိမိသွားသော်လည်း ကျောင်းအုပ်ထူးအား ကြောင်နေသလောဟူသည့် အကြည့်ဖြင့် ပြန်ကြည့်လိုက်သည် ။ ပြိုင်ဘက်များတွင် စစ်နတ်ဘုရား အထွတ်အထိပ် ၅၀ ကျော်ရှိနေလေရာ စစ်နတ်ဘုရား အစောပိုင်းနှင့် မဟာသခင်အထွတ်အထိပ်က မည်သို့ ကွာမည်နည်း ။

' ဒီတိုက်ပွဲကို အပြောင်းအလဲ ဖြစ်စေနိုင်တာဆိုလို့ ငါပဲ ရှိမယ်ထင်တယ်.. '

လင်းမို့ တွေးသည် ။

' စမ်းသပ်နယ်မြေဖွင့်လို့ တိုက်ပွဲစရင် စမ်းသပ်နယ်မြေထဲ ဝင်ပြေးရမယ်.. ငါ့ခွန်အားကို ဘယ်သူမှ မသိဘူးဆို​တော့ ငါ့ကို အရမ်းသတိထားနေကြမှာ မဟုတ်ဘူး.. '

စစ်နတ်ဘုရားအထွတ်အထိပ်အဆင့် ၅၀ ကျော်ကို ရင်ဆိုင်ရမည်လော ။ လင်းမို့သည် အရူးမဟုတ် ။ မည်သည့်အတွက်ကြောင့် အသက်ရင်း၍ တိုက်ခိုက်ရမည်နည်း ။ တစ်လလောက် အိပ်စရာနေရာရလျှင် ပြိုင်ဘက်ကင်း ဖြစ်နေလေပြီ ။

" လင်းမို့.."

ဇီကျင့်က စိတ်အာရုံဖြင့် အသံလွှင့်လိုက်ပြီး...

" ငါ့ဆရာကို ယုံလိုက်.. ငါ့ဆရာက မပိုင်ရင် ခြင်တောင် မရိုက်ဘူး.. "

လင်းမို့က ခေါင်းညိတ်ပြလိုက်သည် ။

ရှားနိုင်ငံ တစ်ဖွဲ့လုံးတွင် တည်ငြိမ်နိုင်သူဟူ၍ ခန်းမသခင်သာ ရှိပေသည် ။ သူက အထင်သေးဟန်ဖြင့် တစ်ဖက် အုပ်စုကို ကြည့်နေ၏ ။

' နောက်ဆုံးတော့ ငါ အားရပါးရ တိုက်ခိုက်ရတော့မယ်.. '

ဤသည်က သူစောင့်မျှော်နေသည့် အချိန်ဖြစ်သည် ။ သူ အဆင့် ၁ သက်ရှိ ဖြစ်လာကတည်းက သိုသိုသိပ်သိပ်သာ နေထိုင်ခဲ့၏ ။ သူ၏ ခွန်အား တိုးပွားလာသည်ကို သိသော်လည်း မတိုက်ခိုက်ရသဖြင့် လက်ယားနေသည်မှာ ကြာလှလေပြီ ။

ခြင်္သေ့ဘုရင်နှင့် အာဏာရှင်ကို အလေးအနက်မထားသည့်အပြင် ကျန်စစ်နတ်ဘုရားများကို ပုရွတ်ဆိတ်များဟုသာ မြင်ပေသည် ။

ခန်းမသခင်က ရှေ့သို့ ​ခြေလှမ်းအနည်းငယ်တိုးလိုက်ပြီး နောက်သို့ အမိန့်ပေးလိုက်သည် ။

" လင်းမို့ကို သေချာကာကွယ်ကြ.. "

ခန်းမသခင်သည် စစ်နတ်ဘုရား ဆယ်ယောက်ကို ခေါ်လာသည်မှာ လင်းမို့ကို ကာကွယ်ရန်သာ ဖြစ်သည် ။ ရန်သူများအား သူတစ်ယောက်ထဲ ရင်ဆိုင်ရန် ဆုံးဖြတ်ထား၏ ။ သူ၏ စိတ်နှလုံးသား တစ်ခုလုံး ကျေနပ်မှုရစေရန် အားပါးတရ တိုက်ခိုက်ပေတော့မည် ။

ခန်းမသခင်၏ တိုက်ခိုက်လိုစိတ် အော်ရာများ ထွက်ပေါ်လာသောကြောင့် ခြင်္သေ့ဘုရင်နှင့် အာဏာရှင်တို့ အနည်းငယ် လန့်သွားကြသည် ။

" ခန်းမသခင်..မင်း..မင်း..မင်း...အဆင့် ၁ သက်ရှိ အဆင့်ကို တကယ်ရောက်သွားတာပဲ.. "

အာဏာရှင်က တုန်တုန်ရီရီ ပြောလိုက်သည် ။

" ဟမ့်.. "

ခြင်္သေ့ဘုရင်က မကြောက် ။

" မင်း အဆင့်တက်သွားရင်တောင် ငါတို့နှစ်ယောက်ပေါင်းတိုက်ရင် မင်းလိုကောင်တော့ အေးဆေးနိုင်တယ်.. "

" ခနနေရင် သိမှာပေါ့.. "

ခန်းမသခင်က တည်ငြိမ်စွာ ပြောပြီး လှောင်ပြုံး ပြုံးလိုက်သည် ။

အုပ်စု နှစ်ခုအကြား လူသတ်ချင်သည့် အောရာများ တဖြည်းဖြည်း လွင့်ပျံလာသည် ။

ဂြိုလ်ပြာ၏ ထိပ်တန်းသုံးယောက် ရင်ဆိုင်ရန် ပြင်ဆင်နေချိန်တွင် ကျန်သည့် စစ်နတ်ဘုရားများက လက်သီးများ ပွတ်သပ်နေကြ၏ ။ သာလွန်နတ်ဘုရားများ၏ တိုက်ပွဲစလျှင် စစ်နတ်ဘုရားများ၏ တိုက်ပွဲလည်း စတော့မည်ဖြစ်သည် ။

" ဝုန်း...."

တိုက်ပွဲစရန် ပြင်လိုက်ကြစဥ် အချိန်များအေးခဲသွားပြီး လေထဲ မျောလွှင့်နေသော ဖုန်မှုန့်များပင် ရပ်တန့်သွားသည် ။

အဆင့် ၁ သက်ရှိ ခန်းမသခင်နှင့် သာလွန်စစ်နတ်ဘုရား နှစ်ယောက်ပင် ချွင်းချက်မရှိ ။ အကုန်လုံး ကြောက်ရွံ့တုန်လှုပ် သွားကြသည် ။

" ဘာ.ဘာ.ဘာ..ဘာဖြစ်သွားတာလဲ.. "

" လှုပ်လို့ မရတော့ဘူးဟ.. "

လှုပ်ရှားနိုင်သူက လင်းမို့ တစ်ယောက်သာ ရှိသော်လည်း တခြားသူများကို ကြည့်၍ သူ မလှုပ်ရှားဝံ့ချေ ။

' ဘာဖြစ်ကုန်ကြတာလဲ..'

အားလုံးထိတ်လန့်နေကြသည့် အချိန်တွင် ကောင်းကင်ယံ၌ စွမ်းအားကြီးမားသော ပုံရိပ်ကြီး တစ်ခု ထွက်ပေါ်လာသည် ။ အဝေးမှ တောင်တန်းကြီးကို မြင်ရသလိုပင် ကြီးမားလှချေသည် ။

All Chapters