Chapters

လူသားမျိုးနွယ်၏ ကောင်းကင်ဘုံ ရုံးတော် ၂

Vol. 20 Ch. 298

လူသားမျိုးနွယ်၏ ကောင်းကင်ဘုံ ရုံးတော် ၂

Vol. 20 Ch. 298

~

" ဒါ..ဒါ.."

" အုပ်ထိန်းသူ ပါလား.."

" ရီ.. ရီ ကြီးဟ.."

လူတိုင်းက စိုးရိမ်စိတ်ဖြင့် ကြည့်နေကြ၏ ။ မည်သည့်အတွက်ကြောင့် ရီကိုယ်တိုင် ထွက်ပေါ်လာပါသနည်း ။

ရီသည် ဝင်ပေါက်ရှေ့မှ အုပ်စုထံသို့ စတင်ရွေ့လျားလာသည် ။ ခြေတစ်လှမ်းဖြင့် ကီလိုမီတာ တစ်ဒါဇင်ခန့်ကို ကျော်ဖြတ်ပြီး သူ၏ ခန္ဓာကိုယ်က တစ်ဖြည်းဖြည်း သေးငယ်လာ၏ ။ အဖွဲ့နှစ်ကြားသို့ ရောက်လျှင် သာမာန် လူတစ်ယောက် အရွယ်သို့ ရောက်ရှိသွားသည် ။ သို့သော်လည်း ရီ၏ကိုယ်ပေါ်မှ ထွက်ပေါ်လာသော အော်ရာတစ်စွန်းတစ်စကြောင့် လူတိုင်း ကြောက်ဒူးတုန်နေကြ၏ ။ ဤသည်မှာ ကြောက်ရွံ့ခြင်းထက် အဆင့်ကွာခြားမှုကြောင့် ဖြစ်ပေါ်လာသော ဖိနှပ်မှုကြောင့်ပင် ။

အကုန်လုံး လှုပ်ရှားမရသလို အသံလည်း ထွက်မရပေ ။ သို့သော်လည်း အသံထွက်၍ ရလျှင်ပင် အသံထွက်ရဲမည်မဟုတ် ။ ယုန်များကြားတွင် ခြင်္သေ့ကြီးတစ်ကောင် လာရပ်နေသလို ခံစားနေကြရပေသည် ။

အားလုံး ကြောက်လန့်နေကြသည့် အချိန်တွင် ရှေးဦးစကြာဝဠာ ၏ အုပ်ထိန်းသူ ရီသည် ကြင်နာတက်သော အပြုံးဖြင့် လင်းမို့ထံသို့ လျှောက်သွားလိုက်ပြီး ဦးညွှတ်၍ အရိုအသေ ပေးလိုက်သည် ။

လူတိုင်း မျက်လုံးပြူး သွားကြသော်လည်း အအံ့သြဆုံး လူသားမှာ လင်းမို့ပင် ။ မည်သည့်အတွက်ကြောင့် ဤဂြိုလ်သားက သူ့အား အရိုအသေပေးနေပါသနည်း ။ နဂါးငွေ့တန်းအတွင်းရှိ ကျွမ်းကျင်သူများက ဤမျှ ဖော်ရွေတက်နေသည်လော ။

ရီက သူစီစဥ်ထားသည့်အတိုင်း လုပ်ဆောင်နေခြင်းပင် ။ သူသည် လင်းမို့၏ လူမဆန်သည့် အဆင့်တက်နှုန်းကြောင့် ပြန်လည်ဝင်စားလာသော နတ်ဘုရားဟု တစ်ထစ်ချ သတ်မှတ်ထားလိုက်တော့သည် ။ သို့သော်လည်း သူ မသိသည်မှာ ရွှေလက်ချောင်းပိုင်ဆိုင်သော လူလိမ်များ၏ ဖြစ်တည်မှုကိုပင် ။

ရီသည် လင်းမို့အား နတ်ဘုရားဟု ယူဆပြီးဖြစ်၍ သူ၏ ပိုင်ဆိုင်မှုလေးကို စိတ်ဝင်စားမည်ဟု မထင်​တော့ချေ ။ ထို့ကြောင့် လင်းမို့အနားသို့ နှိမ့်နှိမ့်ချချနည်းဖြင့် ကပ်ရန်ကြံစည်လိုက်တော့သည် ။

ရီက ဤသည်ကို တွေးပြီး ညွှတ်ထားသော ခေါင်းက အောက်သို့ ပိုနိမ့်ကျသွားပြီး...

" အရှင် အောင်အောင်မြင်မြင် ပြန်လည်ဝင်စားနိုင်လို့ ဝမ်းသာမိပါတယ်ဗျ.. "

ရီသည် လင်းမို့အကြောင်း ကို သေသေချာချာ စုံစမ်းပြီးဖြစ်သည် ။ လင်းမို့သည် အထက်တန်း တတိယနှစ်အရွယ်ရောက်မှ ပါရမီများ ရုတ်တရက် ထွက်ပေါ်လာသည်ဖြစ်၍ အတိတ်ဘဝမှ အမှတ်တရများကို ပြန်သတိရသွားခြင်းသာ ဖြစ်ရပေမည် ။

ရီ၏ လုပ်ရပ်ကြောင့် လူတိုင်း ထိတ်လန့်သွား၏ ။ လင်းမို့သည် ဆွံ့အသွားပြီး စကားပြန်မပြောနိုင်တော့ပေ ။

' အဆင့် ၉ သက်ရှိက ငါ့ကို လူဝင်စားထင်နေပြီ.. ငါဘာလုပ်ရမလဲ.. ငါဘာလုပ်ရမလဲ..ငါဘာလုပ်ရမလဲ.. '

လင်းမို့ အံ့သြနေသည်ကို မြင်လျှင် ရီက ဆက်ပြောလိုက်သည် ။

" အရှင့်ရဲ့ ခွန်အား ပြန်မရသေးလို့ အရှင့်အကြောင်း လူတွေသိကုန်မှာ စိုးနေတာလား..အရှင် မစိုးရိမ်ပါနဲ့ ဒီနေအဖွဲ့အစည်း တစ်ခုလုံးကို ဒီကျွန်တော်မျိုးက သေချာ ထိန်းချုပ်ထားပါတယ် ..သတင်းမပြန့်စေရပါဘူး.. "

ရီသည် ခဏစဥ်းစားလိုက်ပြီး ခြင်္သေ့ဘုရင်တို့ လူစုကို တစ်ချက်ငှဲ့ကြည့်ကာ...

" အရှင် ဒီလူတွေကို မယုံရင် ဒီကျွန်တော်မျိုး ရှင်းပစ်လိုက်မယ်လေ.. "

" အိုး..."

လင်းမို့ သူ၏ လက်ရှိ အခြေအနေကို ပို၍ နားလည်လာသည် ။ လူဝင်စား ဟူသော နာမည်ကို သူ မယူချင်လည်း ယူရတော့ပေမည် ။ သူငြင်းလိုက်လျှင် ရီ ရှက်သွားပြီး သူ့အား လက်ဝှေ့ယမ်း၍ အမှုန့်ချေပစ်လျှင် မည်သို့ လုပ်ရမည်နည်း ။ ထို့ကြောင့် ခပ်တည်တည်ဖြင့် ဆက်လိမ့်ရုံသာ ရှိတော့သည် ။

' သူတို့ကို သတ်ရမှာလား.. '

လင်းမို့က ခြင်္သေ့ဘုရင်တို့အား တစ်ချက်လှမ်းကြည့်လိုက်သည် ။

ထိုလူများက ဒူးထောက်ရန် လှုပ်၍မရသဖြင့် အသနားခံသော မျက်ဝန်းများဖြင့်သာ ကြည့်နေကြ၏ ။ သူတို့ ခုခံနိုင်သော အရာမဟုတ်၍ မျက်ရည်များပင် ဝဲလာကြသည် ။

" အဲ့လောက် ရက်စက်စရာ မလိုဘူးမှတ်လား.. "

လင်းမို့က တွေးတွေးစစ ပြောလိုက်၏ ။

ထိုအခါမှ နိုင်ငံတကာ ပူးပေါင်းတပ်ဖွဲ့မှ လူများ သက်ပြင်းရှည်ကြီး ချလိုက်မိကြသည် ။ လင်းမို့၏ စကားတစ်ခွန်းက သူတို့၏ သေရေးရှင်ရေးကို ဆုံးဖြတ်ပေးနိုင်ပေသည် ။

သို့သော်လည်း သူတို့ သက်ပြင်းချနေစဥ် လင်းမို့၏ စကားက ပြောင်းလဲသွားသည် ။

" ညင်ညင်သာသာ လုပ်ပါ မနာကျင်စေနဲ့.. "