← Chapters

လူသားမျိုးနွယ်၏ ကောင်းကင်ဘုံ ရုံးတော် ၃ ~

Vol. 20 Ch. 299

လူသားမျိုးနွယ်၏ ကောင်းကင်ဘုံ ရုံးတော် ၃ ~

Vol. 20 Ch. 299

"..."

"..."

ခြင်္သေ့ဘုရင်တို့ အဖွဲ့ ဆွံ့အသွားကြသည် ။ ရက်စက်ရန် မလိုဟု ပြောသည်လော ။ ညင်ညင်သာသာ သတ်ခိုင်းခြင်းက ရက်စက်ခြင်းမဟုတ်လျှင် မည်သည်နည်း ။ သို့သော်လည်း သူတို့ စောဒက တက်ချိန်မရလိုက် ။

" ဟုတ်ကဲ့ပါအရှင်.. "

ရီက နာခံစွာ ဦးညွတ်လိုက်ပြီး ညင်ညင်သာသာ လက်ဝှေ့ယမ်းလိုက်လျှင် ခြင်္သေ့ဘုရင်တို့၏ နိုင်ငံတကာ ပူးပေါင်းတပ်ဖွဲ့တစ်ခုလုံး ပျောက်ကွယ်သွားကြသည် ။ သူတို့ ဤနေရာ၌ တစ်ခါမှ ပေါ်မလာဘူး သကဲ့သို့ပင် ချက်ချင်းပျောက်ကွယ်သွား၏ ။ အမှုန်အမွှားလေးပင် ထွက်မလာခဲ့ချေ ။

" အရှင် ဒီလိုဆို အဆင်ပြေလား.. "

ရီက မျက်နှာချိုသွေး၍ ပြောလိုက်သည် ။

" အင်း.. "

လင်းမို့သည် နတ်ဘုရား တစ်ပါးလိုပင် ခံစားမိလိုက်၏ ။ ယခုအချိန်မှ စ၍ ဂြိုလ်ပြာကြီးပေါ်တွင် မည့်သူကိုမှ ကြောက်နေစရာ မလိုတော့ပေ ။

လင်းမို့၏ အမူအရာကိုမြင်လျှင် ရီ ပျော်ရွှင်သွား၏ ။ သူ့တွင် သက်တမ်း မကျန်တော့သည်ဖြစ်၍ လင်းမို့ ကျေနပ်စေရန် ကိစ္စများစွာ ကူညီပေးချင်သည် ။ ထိုအခါမှသာ လင်းမို့၏ အထွတ်အထိပ်ပြန်ရောက်ချိန်တွင် သူ့အား အသက်ပြန်သွင်း ပေးမည်ဖြစ်သည် ။ သူအသက်ရှင်ရန် အခွင့်အရေးရမည်ဆိုပါက လင်းမို့၏ ဘောအား ရှယ် မရပေမည် ။

" အယ်.."

ရီသည် ရုတ်တရက် အံ့အားသင့်သွားသည် ။

" ဘာလို့လဲ.. "

လင်းမို့ မေးလိုက်မိသည် ။ သူ အယောင်ဆောင်နေသည်ကို သိရှိသွားသည်လော ။ သူ့အား လက်ယမ်း၍ အမှုန့်ချေ တော့မည်လော ။

" အရှင်မို့.."

ရီက ပြုံးဖြီးဖြီးနှင့်...

" ​အရှင် ဂြိုလ်သားတွေနဲ့ ကစားချင်လား.. "

" ဘာကိုလဲ.. "

လင်းမို့၏ အမူအရာက ထူးဆန်းသည့် ဟန်ဖြစ်သွားသည် ။

**

ထိုအချိန်တွင် နေအဖွဲ့အစည်း၏ အစွန်းတဖက် အော့တိမ်တိုက်ကြီး၏ အတွင်း ရေခဲများကို ရှောင်ရှားရင်း အာကာသယာဥ် ၁၀ စင်းက အလင်းအလျင်၏ ၈၀% ဖြင့် အရှိန်မြင့် ပျံသန်းလာကြသည် ။

ထိုယာဥ်များက အိမ်နီးချင်း ကြယ်အဖွဲ့အစည်းဖြစ်သော ထရိုင်ဆိုလာရီ မှဖြစ်ပြီး နှစ်ပေါင်းများစွာ ပျံသန်းလာပြီး​နောက် နေအဖွဲ့အစည်းသို့ ရောက်ရှိရန် အော့တိမ်တိုက်ကြီးအား ဖြတ်သန်းနေလေပြီ ။

သူတို့မိခင်ဂြိုလ်မှ နေ၍ နေအဖွဲ့အစည်းအား လေ့လာထားပြီးဖြစ်သဖြင့် အခြေအနေအား လာ၍ အကဲခပ်ကြခြင်းပင် ။ အခြေအနေသင့်တော်ပါက ကြီးမားသော ရွေ့ပြောင်းမှုကြီးအား လုပ်ဆောင်ကြပေမည် ။

ရုတ်တရက် ယာဥ်တန်း၏ ရှေ့တွင် လက်ဝါးကြီး တစ်ဖက်ပေါ်လာပြီး မြောင်းထဲမှ ဖားတပိုင်းငါးတပိုင်းများကို ရေစစ်ဖြင့် စစ်ယူသကဲ့သို့ ယာဥ်၁၀ စင်းလုံးအား ဆုပ်ယူလိုက်ပြီး ချက်ချင်း နေရာမှ ပျောက်ကွယ်သွားကြသည် ။

**

ထိုယာဥ် များက တိုက်ပွဲကွင်းပြင်၏ အထက် လင်းမို့နှင့် မီတာ ငါးရာအကွာတွင် ပြန်ပေါ်လာ၏ ။

" ဒါ.. "

လင်းမို့သည် လေယာဥ်တင် သင်္ဘောထက် ကြီးမားသော အာကာသယာဥ်များကို ကြည့်၍ အံ့သြနေ၏ ။

" ဒါ မင်းပြောတဲ့ ဂြိုလ်သားတွေလား.. "

" ဟုတ်ပါတယ် အရှင်.. "

ရီက ခေါင်းညိတ်လိုက်ပြီး...

" သူတို့ရဲ့ နည်းပညာက အဆင့်နိမ့်သေးတယ်.. အမြင့်ဆုံးကလည်း အဆင့် ၂ သက်ရှိဆိုတော့ သူတို့ကို ကြယ်တာရာ အဆင့် နိမ့် ယဥ်ကျေးမှုလို့ပဲ ပြောရမယ်.. "

ဂြိုလ်ပြာသည် ကြယ်တာရာ ခရီးသွားသည့်ခေတ်သို့ မရောက်သေး၍ ကြယ်တာရာအဆင့် ယဥ်ကျေးမှု အဆင့်သို့ မရောက်သေးပေ ။

" သူတို့ကို မေးကြည့်လိုက်မယ်.. "

ရီက လက်ဝှေ့ယမ်းလိုက်လျှင် ယာဥ်ပေါ်ရှိ ဂြိုလ်သား သောင်းချီက မြေပြင်ပေါ်တွင် ပေါ်ထွက်လာသည် ။

ခန်းမသခင်၏ အမူအရာက ထိတ်လန့်သွား၏ ။ သူ့ထက် သန်မာသော အော်ရာ ရာပေါင်းများစွာကို သူခံစားမိလေသည် ။

' အဆင့် ၂ သက်ရှိတစ်ယောက်.. အဆင့် ၁ သက်ရှိ တစ်ရာကျော်.. သာလွန်စစ်နတ်ဘုရား သောင်းနဲ့ချီနေပါလား.. '

ခန်းမသခင် အံ့သြသွား၏ ။ ဂြိုလ်သားများသာ ဂြိုလ်ပြာကို တိုက်ခိုက်လျှင် ခုခံနိုင်မည် မဟုတ်ချေ ။ ထို့အပြင် ရီက အဆင့်နိမ့် ယဥ်ကျေးမှုဟု ပြောနေသည်လော ။ ထိုသို့ဆိုလျှင် ဂြိုလ်ပြာက မည်သည့်အဆင့်တွင် ရှိနေမည်နည်း ။

" မင်းတို့ ဘယ်ကလာတာလဲ.. "

ရီက မေးလိုက်ပြီး အကုန်လုံး၏ စွမ်းအားကို ချိတ်ပိတ်လိုက်သည် ။ ထရိုင်ဆိုလာရန် များက သန်မာသော်လည်း ချိတ်ပိတ်ခံလိုက်ရသည်နှင့် ဂြိုလ်ပြာရှိ သာမန်လူသားများလောက်သာ ခွန်အား ကျန်ရှိတော့သည် ။

" အဗာကလချာ ချာပါတီ ........"

အဆင့် ၂ သက်ရှိ ဂြိုလ်သားက ကြောက်လန့်တကြား ရှင်းပြလိုက်သည် ။

ရီက စိတ်အာရုံဖြင့် ဘာသာပြန်၍ ရှင်းပြ၏ ။

" သူတို့က လူသားမျိုးနွယ် ရဲ့ အစိတ်အပိုင်း တစ်ခုပဲတဲ့.. အနီးဆုံး ကြယ်အဖွဲ့အစည်းကနေ မိတ်ဆွေ ဖွဲ့ဖို့ လာတာပါတဲ့.. သူတို့ နေတဲ့ နေရာနဲ့ ဒီနေရာနဲ့ အလင်းနှစ်လေးနှစ်လောက် ဝေးတယ်တဲ့.. "

" နီးနီးလေးပဲ.. "

လင်းမို့ အံ့အားသင့်သွားသည် ။

" ဒီကောင်တွေက အဆင့်နိမ့် ယဥ်ကျေးမှုကပဲ.. ဒီလောက်ဆို နောက်ထပ် လူလွှတ်ရဲမှာ မဟုတ်​တော့ဘူး.. "

ရီက ပြောလိုက်ပြီး လင်းမို့ကို စပ်ဖြီးဖြီးကြည့်၍...

" အရှင်မို့ ကြည့်အုံး တဝက်လောက်က ဂြိုလ်သူမ ချောချောလေးတွေနော် အရှင်ကစားဖို့ ခေါ်ထားမလား.. "

All Chapters