အဆင့် ၉ စိတ်ဝိညာဥ်အမြစ်နှင့် လျိုချင်းရှန်
Vol. 6 Ch. 84
နှစ်ရက်ကြာပြီးနောက်----
ခမ်းနားကြီးကျယ်လှသည့်မြို့ကြီးတစ်မြို့က ဧရာမသားရဲကြီးတစ်ကောင်ကဲ့သို့ မိုးကုတ်စက်ဝိုင်းပေါ်မှာ တည်ရှိနေခဲ့သည်၊၊
၎င်း၏အရွယ်အစားက အထီးကျန်လှေမြို့ ထက် အဆတစ်ရာလောက်ကြီး၏၊၊
မြို့တွင်း၌ မိုထိမြင့်သည့်တောင်ကြီး ၁၀လုံးက ထက်ရှသည့်ဓားတွေကဲ့သို့ တိမ်တွေထဲမှာ မားမားမတ်မတ် ရှိနေခဲ့သည်၊၊
ထိုအရာက တိမ်စိမ်းဂိုဏ်းပဲဖြစ်သည်၊၊
တောင်ခြေရှိ ကြီးကျယ်ခမ်းနားသည့်မြို့ကြီးကတော့ တိမ်းစိမ်းဂိုဏ်းအပေါ်မှီခိုရှင်သန်နေရတာဖြစ်သည်၊၊
တိမ်စိမ်းဂိုဏ်းပတ်ဝန်းကျင်၌ စိတ်ဝိညာဥ်စွမ်းအင်တိမ်တိုက်တွေ ရစ်ဝဲနေပြီး ငှက်ဖြူတွေပျံသန်းနေကာ ကောင်းကင်ဘုံတမျှပင်၊၊
လီချင်ဖုန်း ပျံသန်းငှက်သားရဲကိုစီးနှင်းကာ သူတို့ကို တောင်ထိပ်ကိုးခု ခြေရင်းကို ခေါ်လာခဲ့သည်၊၊
ထိုနေရာက ကြီးမားသည့်ရင်ပြင်တစ်ခုဖြစ်ပြီး သွားလာနေသည့် တပည့်တွေဖြင့် သက်ဝင်လှုပ်ရှားနေခဲ့သည်၊၊
ငှက်ကြီးမြေပြင်ဆင်းသက်ပြီးနောက်----
အပြင်စည်းတပည့်တစ်ယောက် ငှက်ကိုင်ဖို့ ပြေးလာပြီး လေးလေးစားစားဦးညွှတ်လိုက်၏၊၊
“ပြန်ရောက်လာတာ ကြိုဆိုပါတယ်, အကြီးအကဲလီ----”
လီချင်ဖုန်း ငှက်ပေါ်က ဆင်းဖို့ ရည်ရွယ်ချက်မရှိပေ၊၊
သူက ဂျန်ဖန်းကိုသာ လက်ဝှေ့ယမ်းပြလိုက်သည်၊၊
“ငါမင်းကို ဂိုဏ်းခေါ်လာပေးပြီးပြီ၊၊ ကျန်တာတော့ မင်းပေါ်မှာပဲ မူတည်တယ်၊၊”
“သွားတော့---”
ရှုရို့ရန်တွန့်ဆုတ်သည့်အမူအရာဖြင့် ဂျန်ဖန်း အင်္ကျီလက်ကိုကိုင်ထားပြီး လွတ်မပေးချင်ဖြစ်နေခဲ့သည်၊၊
လီချင်ဖုန်း အကူအညီမဲ့စွာဖြင့် သူမကို နှစ်သိမ့်လိုက်သည်၊၊
“ရို့ရန်, မနက်ဖြန်ကျရင် တောင်ထိပ်အသီးသီးက အကြီးအကဲတွေ တပည့်အသစ်တွေကို အတွင်းစည်းတပည့်အဖြစ် ရွေးချယ်မှာ-----”
“သူမှာ အတွင်းစည်းတပည့်ဖြစ်ဖို့ အခွင့်အရေးရှိပါသေးတယ်----”
လမ်း၌ ဂျန်ဖန်းက လီချင်ဖုန်းဆီမှ ဂိုဏ်အကြောင်းအတော်များများကို သိပြီးပြီပဲဖြစ်သည်၊၊
သူက သူမလက်ကိုပုတ်ပြီး စာရေးလိုက်သည်၊၊
“ရို့ရန်, မစိုးရိမ်ပါနဲ့၊၊ ငါ အတွင်းစည်းတပည့်တစ်ယောက်ဖြစ်လာမှာပါ----”
သူ့ဘေးက ကျောင်းချီကျန့် လှောင်ပြောင်လိုက်၏၊၊
“စိတ်ဝိညာဥ်အမြစ်မရှိတဲ့အမှိုက်ကောင်ကို ဘယ်အကြီးအကဲက လိုချင်မှာလဲ----”
“နေ့ခင်ကြောင်တောင် အိပ်မက်မက်နေတယ်----”
ဂျန်ဖန်း သူ့ကို တစ်ချက်ကြည့်လိုက်ပြီး စာရေးလိုက်သည်၊၊
“ဒါဆိုမင်းက အမှိုက်ထက်တောင် ပိုဆိုးတဲ့သူလား----”
ဤစကားတွေကြားတော့ ကျောင်းချီကျန့် ဒေါသတကြီးဖြစ်သွားခဲ့သည်၊၊
သူက ဂျန်ဖန်းကို မုန်းတီးစွာစိုက်ကြည့်နေပြီး အပိုင်းပိုင်းဆုတ်ဖြဲချင်နေခဲ့သည်၊၊
ထိုအခိုက်အတန့်၌----
ငှက်ကြိုးကိုင်ထားသည့် အပြင်စည်းတပည့်ကို သတိထားမိလိုက်သည်၊၊ သူက လုဂျန်ရှန်းကဲ့သို့ပဲ သူ့ကို လက်ဆောင်တွေအမြဲပေးနေသည့် လူပဲဖြစ်သည်၊၊
သူက တိတ်တဆိတ်ပြုံးလိုက်ပြီး ထိုတပည့်ကိုကြည့်လိုက်သည်၊၊
အပြင်စည်းတပည့်က သူတို့စကားပြောနေတာကို နားထောင်နေသည့်အတွက် ချက်ချင်း ကျောင်းချီကျန့် ရည်ရွယ်ချက်ကို နားလည်လိုက်သည်၊၊ သူက အမူအရာမပြောင်းပဲ အနည်းငယ်ခေါင်းညိတ်ပြလိုက်သည်၊၊
ဂျန်ဖန်း ငှက်ပေါ်က ခုန်ဆင်းလိုက်သည့်အခါ အကြီးအကဲလီနှင့် အခြားလူတွေ အဝေးကို ထွက်ခွာသွားကြသည်၊၊
အပြင်စည်းတပည့် ချက်ချင်း အနားကပ်လာကြပြီး လက်ချင်းယှက်ကာ ပြောလိုက်သည်၊၊
“ဂျူနီယာညီလေး, ငါက လျိုယောင်ပါ၊၊ ဒီရင်ပြင်က အပြင်စည်းတပည့်တစ်ယောက်လေ---"
“စီနီယာအမလျိုရဲ့ အမိန့်အရ ငါက ဒီမှာ တပည့်အသစ်တွေကို ကြိုဆိုနေတာ---”
လျိုချင်းရှန်က တပည့်အသစ်ကြိုဆိုသည့်အလုပ်ကို ကိုယ်တိုင်မလုပ်ပေ၊၊
သူမက အပြင်စည်းတပည့်အနည်းငယ်ကို ကျပန်း တာဝန်ပေးလိုက်တာဖြစ်သည်၊၊
ဂျန်ဖန်း နာလည်သည့်အနေဖြင့် စာရေးလိုက်သည်၊,
“ကျေးဇူးတင်ပါတယ်, စီနီယာအကို---”
လျိုယောင် ပြောလိုက်သည်၊၊
“လာ, ငါမင်းကို တိမ်းစိမ်းဂိုဏ်းပတ်လည် လိုက်ပြမယ်----”
သူက အရေးကြီးသည့်အချက်အားလုံးကို ရှင်းပြခဲ့သည်၊၊ ထို့ကြောင့် ဂျန်ဖန်း တိမ်စိမ်းဂိုဏ်းအကြောင်း ပိုပြီး ရှင်းရှင်းလင်းလင်း နားလည်လာခဲ့သည်၊၊
တိမ်စိမ်းဂိုဏ်း၌ တောင်ထိပ် ၁၀ ခုရှိ၏၊၊
အဓိကတောင်ထိပ်က ဂိုဏ်းသခင်တောင်ထိပ်ဖြစ်ပြီး တိမ်စိမ်းဂိုဏ်း ခေါင်းဆောင် ထိန်းချုပ်ထားတာဖြစ်သည်၊၊
အခြားတောင်ထိပ်ကိုးခုကို အကြီးအကဲ ကိုးယောက်က ထိန်းချုပ်ထား၏၊၊
အကြီးအကဲလီက ကောင်းကင်ဓားတောင်ထိပ်ကို ထိန်းချုပ်ထားပြီး ထိုနေရာရှိတပည့်တွေ ခွန်အားက ဂိုဏ်းမှာ အဆင့်၅ ဖြစ်သည်၊၊ ထိပ်ဆုံးလည်းမဟုတ်သလို အောက်ဆုံးလည်း မဟုတ်ပေ၊၊
အကြီးအကဲကိုးယောက်ထဲ၌ စွမ်းအားအကြီးဆုံးမှာ မဟာအကြီးအကဲပဲ ဖြစ်သည်၊၊
သူ့ ခွန်အားက ဂိုဏ်းခေါင်းဆောင်လောက် ရှိတာဖြစ်ပြီး သူလေ့ကျင့်ပေးသည့် တပည့်တွေက အလွန်ထူးချွန်သည့် ပါရမီရှင်တွေပဲဖြစ်သည်၊၊ အများစုက ဂိုဏ်သခင်၏ တပည့်တွေထက် သာလွန်နေခဲ့သည်၊၊
ထို့ကြောင့် ဂိုဏ်ခေါင်းဆောင်က ဂိုဏ်းသခင်တောင်ထိပ်၏ဂုဏ်သတင်းကို ပြန်လည်အဖတ်ဆယ်ဖို့ ပါရမီရှိသည့်တပည့်တွေကို အမြဲရှာဖွေနေခဲ့သည်၊၊
စကားပြောနေရင်းဖြင့် သူတို့က တောင်အနောက်ဘက် ဝေးလံတဲ့ ထောင့်တစ်နေရာကို ရောက်လာခဲ့သည်၊၊
လူအနည်ငယ်သာ ထိုနေရာကို လာကြတာဖြစ်သည်၊၊
“ဂျူနီယာညီလေး, ဒါက တပည့်အသစ်တွေရေချိုးတဲ့ စိတ်ဝိညာဥ်ရေကန်ပဲ----”
“မင်းပင်ပန်းနေရင် ရေချိုးလို့ရတယ်၊၊ ပြီးရင် နေရာတစ်ခုရှာပြီး တစ်ညလုံးလေ့ကျင့်လို့ရတယ်----”
“မနက်ဖြန်အကြီးအကဲတွေ တပည့်အသစ်လာရွေးမှာကို စောင့်နေရုံပဲ----”
တကယ်လား?----
ဂျန်ဖန်း သူ့ကိုယ်သူ အနံ့ခံကြည့်လိုက်သည်၊၊
ရေမချိုး အဝတ်မလဲပဲ ငှက်ပေါ်မှာ နှစ်ရက်တိတိထိုင်လာပြီးနောက် သူက အမှန်တကယ် နည်းနည်းအနံ့ထွက်နေပြီ ဖြစ်သည်၊၊
“မင်းအကူအညီအတွက် ကျေးဇူးတင်ပါတယ်, စီနီယာအကို----”
လျိုယောင်ပြုံးလိုက်သည်၊၊
“ဒါ ငါ့တာဝန်ပါ---”
ပြောပြီးနောက် သူက ထွက်ခွာသွားခဲ့သည်၊၊
မဝေးသည့်တစ်နေရာ၌----
သူက ချည်းကပ်လာသည့် ကျောင်းချီကျန့် ကို တွေ့လိုက်သည်၊၊
“သူ ဘယ်မှာလဲ----”
ကျောင်းချီကျန့် ကောင်းကင်ဓားတောင်ထိပ်ကို ပြန်ရောက်ပြီးနောက် အလျှင်အမြန်ပဲ တောင်အောက်ပြန်ဆင်းလာခဲ့သည်၊၊
သူက ဂျန်ဖန်းကို အပြင်းအထန် ပညာပေးချင်နေ၏၊၊
ထိုအရာအတွက် သူနှင့်အတူ အပြင်စည်းတပည့်များစွာကိုလည်း ခေါ်လာခဲ့သည်၊၊
ဂျန်ဖန်း ဘယ်လောက်ပဲသန်မာပါစေ လက်သီးနှစ်လုံးက လက်လေးဖက်ကို နိုင်မည်လား----
လျိုယောင် အထဲကိုညွှန်ပြလိုက်ပြီး ရက်စက်စွာပြောလိုက်သည်၊၊
“စီနီယာအကိုကျောင်း, မင်းသူ့ကို သင်ခန်းစာပေးဖို့ လူတွေခေါ်လာတာလား----”
“အကိုက ကျွန်တော့်ကိုလျော့တွက်တာပဲ၊၊ ဒီလို တပည့်အသစ်လေးကို ကိုင်တွယ်တာ ကျွန်တော့်အတွက် ကိတ်မုန့်စားရသလိုပါပဲ---”
“မစိုးရိမ်ပါနဲ့၊၊ ကျွန်တော်သူ့ကို ပြန်ပြင်လို့မရတဲ့ အခြေရောက်အောင် လုပ်ပေးလိုက်ပါပြီ----”
ကျောင်းချီကျန့် စိတ်ရှုပ်ထွေးစွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်၊၊
လျိုယောင်ကြိတ်ရယ်လိုက်ပြီး အသံနှိမ့်ကာပြောလိုက်သည်၊၊
“ဒါက တပည့်အသစ်တွေရေချိုးတဲ့ကန်လို့ ကျွန်တော် သူ့ကို ဂျင်းထည့်လိုက်တယ်၊၊ ဒီကောင်ယုံသွားတယ်လေ----”
“တကယ်တော့ ဒါက အမျိုးသမီးတပည့်တွေအတွက် သီးသန့်စိတ်ဝိညာဥ်ကန်လေ၊၊ အမျိုးသား တပည့်တွေမလာဖို့ တားမြစ်ထားတယ်၊၊”
ကျောင်းချီကျန့်လှောင်ပြောင်လိုက်၏၊၊
“အဲ့ဒီတော့ဘာဖြစ်လဲ? အများဆုံးမှ သူအရိုက်ခံရရုံပဲလေ၊၊ ဒါက ငါ့ဒေါသကို ပြေပျောက်စေမှာမဟုတ်ဘူး-----”
လျိုယောင် တစ်ခစ်ခစ်ရယ်လိုက်၏၊၊
“ကျွန်တော်ပြောလို့ မပြီးသေးဘူးလေ----”
“အခု အထဲမှဘယ်သူရှိလဲ အကိုသိလား----”
ကျောင်းချီကျန့် သူ့ကို ပိတ်ကန်လိုက်၏၊၊
“ငါမသိချင်ဘူး၊၊ ဒါက ဒီကောင့်ကို ညှာတာပေးရာကျလွန်းတယ်၊၊ လာသွားစို့----”
လျိုယောင် အလျှင်အမြန် သူ့ကိုတားလိုက်သည်၊,
“ရပ်လိုက်---- အကိုသွားလို့မဖြစ်ဘူး၊၊ အထဲမှာ လျိုချင်းရှန် ရေချိုးနေတယ်----"
ဘယ်သူ?---
ကျောင်းချီကျန့် တုန်ယင်သွားပြီး လေအေးတွေရူသွင်းလိုက်သည်၊၊
“ဂိုဏ်းခေါင်းဆောင်ရဲ့ သမီးလား----”
ဤကဲ့သို့လူမျိုးကို သူမစော်ကားရဲပေ၊၊
သူမရေချိုးနေစဥ် မတော်တဆအပြစ်လုပ်မိသွားလျှင် သူက ဂိုဏ်းက ချက်ချင်း ထုတ်ပယ်ခံရမည်ပဲ ဖြစ်သည်၊၊
သူ၏တစ်သက်တာ ကျင့်ကြံရေးတောင် ဖျက်ဆီးခံရနိုင်၏၊၊
သူက အလျှင်အမြန်ပဲ နားလည်သွားခဲ့သည်၊၊
ဂျန်ဖန်းသာ သူမကို အပြစ်လုပ်မိလျှင် နေရာမှာပဲ အသားပုံဖြစ်သည်အထိ အရိုက်ခံရမည်ဖြစ်သည်၊၊
မမြင်သင့်သည့်အရာတစ်ချို့မြင်လိုက်လျှင်-----
လျိုချင်းရှန်သနားညှာမှုပြလျှင်တောင် ဂိုဏ်းခေါင်းဆောင်က သူ့သမီးဂုဏ်သိက္ခာကိုကာကွယ်ဖို့ သူ့အသက်ကိုချမ်းသာပေးမည်မဟုတ်ပေ၊၊
ဂျန်ဖန်းက အမှန်တကယ်ပဲ ကယ်လို့မရတော့ပေ၊၊
ကျောင်းချီကျန့် လျိုယောင်၏မျက်နှာကို ဆုပ်ကိုင်လိုက်သည်၊၊
“တော်လိုက်တဲ့ကောင်လေး, မင်းက ငါ့ထက် ပိုရက်စက်တာပဲ----”
“ကောင်းပြီလေ၊ အပြင်မှာစောင့်ပြီး ဂျန်ဖန်း အပြင်ဘယ်လိုပြန်ထွက်လာမလဲ ကြည့်ကြတာပေါ့-----”
“သူသာ အပြင်တွားသွားပြီးထွက်လာရင် ငါမင်းကို အခြေခံတည်ဆောက်ခြင်းဆေးလုံးတစ်လုံး ဆုချမယ်----”
အခြေခံတည်ဆောက်ခြင်းဆေးလုံးက တိမ်စိမ်းဂိုဏ်းမှထုတ်လုပ်သည့်ဆေးလုံး ဖြစ်ပြီး အပြင်မှာမရပေ၊၊
ဆေးတစ်လုံးကကို သလင်းကျောက် တစ်ရာတန်၏၊၊
ထိုအရာက ကြီးမားသည့်ကံကောင်းမှုပဲ ဖြစ်သည်၊၊
လျိုယောင် ပျော်ရွင်သွားခဲ့သည်၊၊
“ကျေးဇူးတင်ပါတယ် စီနီယာအကို၊ ကျေးဇူးတင်ပါတယ်----”
လူအုပ်က ချက်ချင်းပဲ လမ်းဘေးမှာပုန်းပြီး တိတ်တဆိတ်စောင့်နေခဲ့ကြသည်၊၊
ဂျန်ဖန်းအကြောင်းပြောရလျှင်----
လျိုယောင်၏လမ်းညွှန်မှုအတိုင်း သူက လမ်းအဆုံးဘက်ကို လျှောက်သွားလိုက်သည်၊၊
ထို့နောက် သူက တစ်ဧကလောက်ရှိသည့် စိတ်ဝိညာဥ်ရေကန်တစ်ခုကို တွေ့လိုက်ရသည်၊,
ကန်ထဲမှနေ၍ ရေနွေးငွေ့တွေထွက်နေပြီး ပတ်ပတ်လည်မှာ မြူခိုးတွေဝန်းရံနေခဲ့သည်၊၊
“များလိုက်တဲ့ စိတ်ဝိညာဥ်စွမ်းအင်တွေ----”
ဂျန်ဖန်း စိတ်ထဲမှာ အံ့အားသင့်သွားခဲ့သည်၊၊
ဤနေရာမှာရှိသည့် စိတ်ဝိညာဥ်စွမ်းအင်က မြို့သခင်အိမ်တော်မှာရှိသည့် စိတ်ဝိညာဥ်ရေကန်နှင့် တူညီလုနီးပါးပဲဖြစ်သည်၊၊
ထိုအရာက အပြင်စည်းတပည့်တွေရေးချိုးသည့် သာမန်ရေကန်တစ်ခုဆိုတာ ယုံဖို့ ခက်ခဲလှ၏၊၊
နောက်ထပ်တွေဝေမနေတော့ပဲ----
သူက အဝတ်တွေချွတ်ကာ ရေထဲသို့ ဖြည်းဖြည်းချင်းဆင်းသွားခဲ့သည်၊၊
ခန္ဓာကိုယ်ကိုသန့်စင်နေစဥ် သူက စိတ်ဝိညာဥ်စွမ်းအင်ကိုလည်းစုပ်ယူနေပြီး တိတ်တဆိတ်ကျင့်ကြံနေခဲ့သည်၊၊
ရုတ်တရက်----
သူက ရေကန်အလယ်မြူထဲ၌ ပုံရိပ်တစ်ခုကို သတိထားမိလိုက်သည်၊၊
ထိုပုံရိပ်က ရေထဲမှာ ခြေချိတ်ထိုင်နေတာ ဖြစ်ပြီး သူလို နောက်ထပ် တပည့််တစ်ယောက်ဖြစ်နိုင်၏၊၊
ဂျန်ဖန်း တွေးလိုက်သည်၊၊
ထိုအခိုက်အတန့်၌ ပုံရိပ်သူ့ကိုလှည့်ကြည့်လာတာ သတိထားမိလိုက်သည်၊၊ ထို့ကြောင့် သူက စကားပြောလိုက်သည်၊၊
“မင်းကျင့်ကြံနေတာကို နှောင့်ယှက်မိလို့ တောင်းပန်ပါတယ်----”
ဤအချိန် လျိုချင်းရှန်စိတ်ထဲ၌ မေးခွန်းတွေနှင့်ပြည့်နှက်နေခဲ့သည်၊၊
သူမနားကြားမှာတယ်လို့တောင် သံသယဝင်မိ၏၊၊
ယောက်ျားသံလား?----
သူမရေချိုးပြီးကျင့်ကြံနေစဥ် အမျိုးသမီးတပည့် ရေချိုးကန်ထဲမှာလေ---