← Chapters

အဆင့် ၉ တင်မဟုတ်

Vol. 6 Ch. 85

အဆင့် ၉ တင်မဟုတ်

Vol. 6 Ch. 85

“မဖြစ်နိုင်ပါဘူး---”

လျိုချင်းရှန် သူမ၏လှပသည့်မျက်လုံးလေးတွေကို တဖြတ်ဖြတ်ခတ်လိုက်သည်၊၊

ဘယ်အမျိုးသားတပည့်က ဤနေရာသို့လာရဲမည်နည်း၊၊

အသစ်တွေဆိုရင်တောင် သူတို့ကို ရောက်ရောက်ချင်းပြောမည့်အရာက ဤနေရာဟာ အမျိုးသားတပည့်တွေအတွက် ကန့်သတ်နေရာဆိုတာပဲဖြစ်သည်၊၊

ကျူးကျော်သည့်လူတိုင်း အပြင်းအထန်အပြစ်ပေးခံရမည်ပဲဖြစ်သည်၊၊

အခြားတပည့်တွေလည်းလာရဲမည် မဟုတ်ပေ၊၊

ဤအရာက ယောက်ျားသံရှိသည့် အမျိုးသမီးတပည့်တစ်ယောက် ဖြစ်နိုင်၏၊၊

သူမက စကားပြောကြည့်လိုက်သည်၊၊

“ဂျူနီယာညီမ, ညီမက ဘယ်တောင်ထိပ်ကလဲမသိဘူး---”

ရုတ်တရက် တုံ့ပြန်မှုကြောင့် ဂျန်ဖန်း ကြောင်အသွားခဲ့သည်၊၊ သူက ခေါင်းကုတ်လိုက်ပြီး ပြောလိုက်သည်၊၊

“ငါက ခုမှအသစ်ရောက်တာပါ၊၊ ပြီးတော့ ငါက ဂျူနီယာညီမမဟုတ်ဘူး----”

“ဒါပေမယ့် စီနီယာအကို မင်းအသံက----”

ထူးဆန်းသည့်လေ့ကျင့်မှုအချို့ကြောင့် ယောက်ျားမဟုတ် မိန်းမမဟုတ် ဖြစ်သွားတာ ဖြစ်နိုင်၏၊၊

သူက မနေနိုင်ပဲ တုန်ယင်သွားခဲ့သည်၊၊

အခြားတစ်ဖက်မှာတော့ လျိုချင်းရှန် လုံးဝတုန်လှုပ်နေပြီး သူမမျက်လုံးတွေ ပြူးကျယ်နေခဲ့သည်၊၊

ယောက်ျားတစ်ယောက်လား?----

ထိုအရာက တကယ်ပဲ ယောက်ျားတစ်ယောက်ဖြစ်၏၊၊

သူမက ချက်ချင်းပဲ ကြီမားသည့် ရှက်ရွံ့မှုနှင့် ဒေါသတရားကို ခံစားလိုက်ရပြီး ကမ်းခြေမှအဝတ်အစားတွေကိုယူကာ အလျှင်အမြန်ဝတ်လိုက်သည်၊၊

ထို့နောက် မျက်လုံးတွေ မီးဝင်းဝင်းတောက်လာပြီး ဒေါသတကြီး ပြောလိုက်သည်၊၊

“နင်က အတော်သတ္တိကောင်းတာပဲ----”

အာ----

ဂျန်ဖန်း အနည်းငယ် စိတ်ရှုပ်သွားခဲ့သည်၊၊

သူက နှာခေါင်းပွတ်လိုက်ပြီး ပြောလိုက်သည်၊၊

“စီနီယာအကို, ငါဘာလုပ်လို့လဲ----”

လျိုးချင်းရှန် ပိုလို့တောင် ဒေါသထွက်သွားခဲ့သည်၊၊

“နင့်ကို ဒီနေရာ ဘယ်သူ့ကလာခွင့်ပြုလို့လဲ၊၊ ဒါက အမျိုးသမီးတွေအတွက်သီးသန့်ရေကန် ဆိုတာ နင်မသိဘူးလား----”

ဘာ?----

ဂျန်ဖန်း တုန်လှုပ်သွား၏၊၊ ထို့နောက် အလျှင်အမြန်မတ်တပ်ရပ်ကာ ကမ်းခြေကိုသွားလိုက်သည်၊၊

“စီနီယာအမ, ငါကို ဒီနေရာက အမျိုးသားတပည့်တွေအတွက်လို့ ပြောလိုက်တာ၊၊ ငါ အပြစ်လုပ်ဖို့ မရည်ရွယ်ပါဘူး----”

“ငါခုချက်ချင်းထွက်သွားလိုက်ပါ့မယ်----”

သူက ထိုအရာကို ဘယ်သောအခါမှ တွေးမထားပေ၊၊

သူ့ဘဝ၌ ဘယ်တုန်းကမှ ရေချိုးခန်း မှားမဝင်ဘူးပေ၊၊

သို့ပေမယ့် ယနေ့တော့ သူက အမျိုးသမီးရေချိုးနေသည့်ရေကန်ထဲသို့ ရောက်လာခဲ့၏၊၊

“ထွက်သွားမယ်? နင်အခုထွက်သွားနိုင်မယ်လို့ ထင်နေတာလား----”

လျိုချင်းရှန် ဒေါသကြောင့် တုန်ယင်နေပြီ ဖြစ်သည်၊၊

သူမကအခုလေးတင်အဆူခံထားရသည်ဖြစ်၍ စိတ်အခြေအနေမကောင်းပေ၊၊ ထို့ကြောင့် သူမကိုယ်သူမ စိတ်ဖြေလျော့ဖို့ ရေလာချိုးတာပဲဖြစ်သည်၊၊

သို့ပေမယ့် ယခုတော့----

အမျိုးသာတပည့်တစ်ယောက် အတင်းဝင်လာပြီး သူမနှင့် ရေအတူချိုးနေ၏၊၊

ထိုကိစ္စသာအပြင်ပေါက်ကြားသွားလျှင် သူမ ဘယ်လို ရှင်သန်ရတော့မည်နည်း၊၊

ဂျန်ဖန်း အကူအညီမဲ့စွာပြောလိုက်သည်၊၊

“ငါက ထောက်ချောက်ဆင်----”

လျိုချင်းရှန် ဒေါသထွက်နေဆဲဖြစ်ပြီး ပြောလိုက်သည်၊၊

“နင်ဒီနေရာ ဘယ်လိုရောက်လာလဲ ငါဂရုမစိုက်ဘူး----”

“နင်က ငါရေချိုးနေတာမြင်ပြီးမှတော့ နင့်မျက်လုံးတွေကို ချန်ထားဖို့ မလိုတော့ဘူး-----”

ပြောပြီသည်နှင့် စိတ်ဝိညာဥ်ရေကန်ကို လက်နှင့်ရိုက်လိုက်သည်၊၊

သူမခန္ဓာကိုယ်တစ်ခုလုံး လေပေါ်မြောက်တက်လာပြီး ငှက်တစ်ကောင်ကဲ့သို့ ဂျန်ဖန်းဆီကို ထိုးဆင်းလာခဲ့သည်၊၊

ဂျန်ဖန်း အမူအရာ အနည်းငယ်ပြောင်းလဲသွားခဲ့သည်၊၊

သူမလှုပ်ရှားသည့်အချိန်၌ သူက အားကောင်းသည့်စွမ်းအားတစ်ခုကို ခံစားလိုက်ရသည်၊၊

သူရင်ဆိုင်ဖူးသည့်လူတိုင်းထက် ပိုအားကောင်းတာပဲဖြစ်သည်၊၊

သို့ပေမယ့် စိတ်လည်းတိုနေခဲ့၏၊၊

မြူခိုးတွေကာနေ၍ သူက ဘာမှမြင်လိုက်ရပေ၊၊ ထို့ပြင် ဒီနေရာရောက်လာခြင်းက ထောက်ချောက်ဆင်ခံရတာဖြစ်သည်၊၊

ဤအမျိုးသမီးက လုံးဝကို ကျိုးကြောင်းဆီလျော်မှုမရှိပေ၊၊

သူက ငန်းရိုင်းအရိပ်ခြေလှမ်း ကို အသုံးပြုလိုက်သည်၊၊

ရေထဲမှာဖြစ်၍ လှုပ်ရှားမှုကအနည်းငယ် နှေးကွေးသွား၏၊၊ သို့ပေမယ့် မြန်နေဆဲဖြစ်ပြီး အားကောင်းသည့်ကန်ချက်ကို အလွယ်တကူရှောင်တိမ်းနိုင်လိုက်သည်၊၊

လျိုချင်းရှန် သူမကန်ချက်လွဲသွားသည့်အတွက် ပိုလို့တောင် စိတ်တိုသွားခဲ့သည်၊၊

“နင်က ရှောင်ရဲတယ်ပေါ့----”

သူမက ချက်ချင်း တစ်ဖက်လှည့်ကာ ဂျန်ဖန်းကို လက်သီးနှင့်ထိုးချလိုက်သည်၊၊

အဆက်မပြတ်တိုက်ခိုက်မှုတွေကြောင့် ဂျန်ဖန်းလည်း ဒေါသထွက်လာခဲ့သည်၊၊

“အသစ်ဆိုပြီး ငါ့ကို အနိုင်ကျင့်လို့ရမယ် ထင်နေတာလား----”

နှစ်ခါစဥ်းစားမနေပဲ သူက “ဦးတည်ချက်မဲ့ နဂါးလက်ဝါး” သိုင်း၏ ပထမကွက်ကို ထုတ်သုံးလိုက်သည်၊၊

“တုန်လှုပ်နေသောနဂါး----”

သူညာလက်သီး၌ ပြင်းထန်သည့်လေလှိုင်းတွေသယ်ဆောင်လာပြီး နဂါးဟိန်းသံထွက်ပေါ်နေခဲ့သည်၊၊

လက်သီးပတ်လည်ရှိ အားကောင်းသည့် စိတ်ဝိညာဥ်စွမ်းအင်တွေက ခမ်းနားထည်ဝါသည့် နဂါးဦးခေါင်းကဲ့သို့ ဖြစ်နေခဲ့သည်၊၊

အားနှစ်ခုက လေထဲမှာတွေ့ဆုံသွားခဲ့သည်၊၊

ဗွမ်း! ဗွမ်း! ဗွမ်း!

ဂျန်ဖန်း ရပ်တန့်မရသည့်အားတစ်ခုကို ခံစားလိုက်ရပြီး နောက်ကို ခြေလှမ်းများစွာ ဆုတ်လိုက်ရသည်၊၊

သူက စိတ်ထဲမှာ တုန်လှုပ်နေခဲ့သည်၊၊

ဒါက တိမ်စိမ်းဂိုဏ်း အတွင်းစည်းတပည့်တစ်ယောက်လား----

သူမခွန်အားက ကျောင်းချီကျန့်နှင့်ဆိုလျှင် ကမ္ဘာတစ်ခုခြားနေသလိုပဲဖြစ်သည်၊၊

လျိုချင်းရှန်လည်း တယိမ်းတယိုင်ဖြစ်သွားပြီး ရေထဲပြုတ်ကျသွားခဲ့သည်၊၊ သူမမျက်နှာ၌ အံ့အားသင့်မှုတွေရှိနေခဲ့သည်၊၊

“နင်က အသစ်ရောက်လာတဲ့လူဆိုတာ လိမ်ပြောတာမလား----"

အစောပိုင်းတိုက်ခိုက်မှုက နှစ်ပေါင်းများစွာ ကျင့်ကြံထားသည့် အတွင်းစည်းတပည့် တော်တော်များများထက်တောင် သာနေပြီပဲဖြစ်သည်၊၊

အသစ်တစ်ယောက်၌ ဘယ်လိုလုပ် ဤကဲ့သို့ခွန်အားရှိမည်နည်း၊၊

ဤကောင်က သူကို စော်ကားဖို့ကြိုးစားနေသည့် အကြီးတပည့်တစ်ယောက်ဆိုတာ သံသယရှိစရာမလိုပေ၊၊

လူမိသွားတော့ အသစ်တစ်ယောက်လို ဟန်ဆောင်ကာ ထွက်ပြေးဖို့ကြိုးစား၏၊၊

ထိုအရာကိုတွေးမိသည့်အခါ သူမ ဒေါသတွေ ပေါက်ကွဲထွက်လာပြီး စိတ်ဝိညာဥ်စွမ်းအင်တွေ ဆူနာမီလှိုင်းလုံးကဲ့သို့ တစ်ဟုန်ထိုးထွက်ပေါ်လာခဲ့သည်၊၊

စိတ်ဝိညာဥ်ရေကန်ထက်ရှိမြူခိုးတွေ သူမ၏စိတ်ဝိညာဥ်စွမ်းအားကြောင့်ပျောက်ကွယ်သွားခဲ့သည်၊၊

“အစကတော့ နင့်မျက်လုံးကိုယူရုံလောက်ပဲ၊၊ ဒါပေမယ့် အခုတော့ ငါစိတ်ပြောင်းသွားပြီ----”

“နင်သေရမယ်----”

လျိုချင်းရှန်အေးစက်စွာပြောလိုက်သည်၊၊ သူမမျက်လုံးတွေက ရေခဲတမျှအေးစက်နေခဲ့သည်၊၊

သို့ပေမယ့် သူမတိုက်ခိုက်တော့မည့် အချိန်၌-----

မြူခိုးတွေပျောက်ကွယ်သွားပြီဖြစ်၍ သူတို့ပုံရိပ်တွေက ရှင်းလင်းလာခဲ့သည်၊၊

နှစ်ယောက်သား တစ်ပြိုင်နက်တည်း အေးခဲသွား၏၊၊

“မင်းပဲ----”

ဂျန်ဖန်း ပဟေဠိဖြစ်သွားခဲ့သည်၊၊

“မင်းက မြို့သခင်အိမ်တော်မှာတုန်းက လျိုဘာရှန်ဆိုတဲ့ တစ်ယောက်ပဲ----”

ခဏတွေးပြီးနောက် သူက ခရမ်းရောင် ကျောက်စိမ်းပြားကို ထုတ်ယူလိုက်သည်၊၊

လျိုချင်းရှန်လည်း ကြောင်အသွားခဲ့သည်၊၊

သူမက ဂျန်ဖန်းကို စိုက်ကြည့်နေပြီး ဒေါသကြောင့်အမြင်မှားနေလားဟု သံသယရှိနေခဲ့သည်၊၊

အဆင့် ၉ စိတ်ဝိညာဥ်အမြစ်လား---

ထူးဆန်းလှသည့်ကျင့်ကြံရေးအရှိန်ကြောင့် သူမငိုခဲ့ရသည့် အဆင့် ၉ စိတ်ဝိညာဥ်အမြစ်----

အကြိမ်မရေတွက်နိုင်အောင် ရှာခဲ့ပေမယ့် ဘာခြေရာမှမတွေ့ခဲ့သည့် အဆင့် ၉ စိတ်ဝိညာဥ်အမြစ်----

သူမက အဆင့် ၉ စိတ်ဝိညာဥ်အမြစ်ကို ရှာတွေ့မည့်မျှော်လင့်ချက်တောင် လက်လျော့လိုက်ပြီဖြစ်သည်၊၊

ယခုတော့ သူက သူမရှေ့ကိုရောက်နေသည်တဲ့လား----

သူမမျက်လုံးတွေကို ပွတ်သပ်ကြည့်လိုက်သည့်အခါမှာလည်း ဂျန်ဖန်းနှင့် သူ့လက်ထဲက ကျောက်စိမ်းပြားကိုမြင်နေရတုန်းဖြစ်သည်၊၊

မမှားဘူး---

ဒါ သူပဲ---

ထိုအရာက အဆင့် ၉ စိတ်ဝိညာဥ်အမြစ် ဖြစ်၏၊၊

သူက ကိုယ်တိုင်ကိုယ်ကျ သူမရှေ့ကို ရောက်ချလာခဲ့သည်၊၊

သူမ၏ လှပသည့်မျက်လုံးတွေက ပြူးကျယ်နေပြီး နူးညံ့သည့်ခန္ဓာကိုယ်လေးက တသိမ့်သိမ့် တုန်ယင်နေခဲ့သည်၊၊ ဂျန်ဖန်းကို မီးပွင့်မတတ်အကြည့်တွေဖြင့် ကြည့်နေခဲ့သည်၊၊

“မင်းနဲ့ ပတ်သက်ပြီး ဘာမှားနေတာလဲ---”

ဂျန်ဖန်း သူမအကြည့်အောက်မှာ မလွယ်ကူသလို ခံစားလိုက်ရပြီး သူ့ကိုယ်သူ ဖက်လိုက်သည်၊၊

သူက လူတွေပြောတာကြားဖူး၏၊၊

အမျိုးသားငယ်လေးတွေက အပြင်ထွက်သည့်အခါ သူတို့ကိုသူတို့ ကာကွယ်ဖို့ သင်ယူရမည်ဖြစ်သည်၊၊

သူပြောပြီးတာနှင့် လျိုချင်းရှန် သူ့ဆီကို ပြေးဝင်လာခဲ့သည်၊၊

သူမလက်တွေက သူ့ပခုံးကိုဆုပ်ကိုင်ထားပြီး တောက်ပသည့်မျက်လုံးတွေက သူ့ကို ဝါးစားမတတ်စိုက်ကြည့်နေခဲ့သည်၊၊

သူမရေရွတ်နေတာတွေကြောင့် ဂျန်ဖန်း စိတ်ရှုပ်သွားခဲ့သည်၊၊

“ငါနင့်ကို ရှာတွေ့ပြီ---- နောက်ဆုံးတော့ ငါနင့်ကိုရှာတွေ့ပြီ----”

“ကောင်းကင်ကြီးရေ, နင်နောက်ဆုံးတော့ အမြင်မှန်ရသွားပြီပဲ----”

ဂျန်ဖန်း ဤအမျိုးသမီးကို အနည်းငယ်ကြောက်လာခဲ့သည်၊၊

သူတို့နောက်ဆုံးတွေ့သည့်အချိန်ကို သူမှတ်မိသေး၏၊၊ နံပါတ် ၁ အရိပ်စောင့် အထောက်အထားနှင့်ဖြစ်ပြီး သူမက ဤကဲ့သို့ ထပ်တူစိတ်လှုပ်ရှားနေခဲ့သည်၊၊

သူက အလျှင်အမြန်ပဲ သူမကို အဝေးတွန်းလွတ်ကာ ကမ်းခြေသို့ပြေးတော့၏၊၊

လျိုချင်းရှန် အသိပြန်ဝင်လာပြီး မျက်လုံးတွေ စိတ်လှုပ်ရှားမှုတွေနှင့် ပြည့်နှက်နေခဲ့သည်၊၊ သူမက ရယ်လိုက်ပြီး သူ့ကို ပြန်လည်းဖမ်းလိုက်သည်၊၊

သူမကိုအရမ်းပြဿနာပေးတဲလူ၊ သူမ ချစ်လည်းချစ် မုန်းလည်းမုန်းတဲ့လူကို ကြည့်ပြီး----

သူမအံ့ကြိတ်ကာပြောလိုက်သည်၊၊

“နင့်ကိုရှာရတာ တကယ်ခက်တာပဲ----”

“နင့်ကြောင့် ငါဘယ်လောက် ခံစားခဲ့ရလဲ နင်သိလား----"

“အခု နင်ကိုယ်တိုင်ငါ့ရှေ့ရောက်လာတာ ထွက်ပြေးနိုင်အုန်းမယ်ထင်လား----”

“ပြန်လာခဲ့စမ်း---”

သူမက ဂျန်ဖန်းကို ရေကန်အလည် ပြန်ပစ်ချလိုက်သည်၊၊

ဂျန်ဖန်း ငိုလုနီးပါးဖြစ်သွားခဲ့သည်၊၊

သူက ဤကဲ့သို့ အားကောင်းသည့်မိန်းကလေးကို ဘယ်လိုများရန်စမိသနည်း၊၊

“မမလေးလျို, မင်းကောင်းကောင်းပြောလို့မရဘူးလား၊၊ ကျွန်တော်ကြောက်နေပြီ----”

လျိုချင်းရှန် နှာမှုတ်လိုက်၏၊၊

“စကားပြောမယ်--- ဒီတစ်ချိန်လုံး နင်ဘယ်တွေသွားနေတာလဲ၊၊ ဘာလို့ ငါ နင့်ကို ရှာမတွေ့တာလဲ----”

ဂျန်ဖန်း အကူအညီမဲ့စွာပြောလိုက်သည်၊၊

“ငါက တစ်ချိန်လုံး အထီးကျန်လှေမြို့မှာပဲ ရှိနေတာပါ----”

အထီးကျန်လှေမြို့မှာ တစ်ချိန်လုံး ရှိနေတယ်----

လျိုချင်းရှန်ယိမ်းယိုင်သွားပြီး သွေးအန်လုနီးပါးဖြစ်သွားခဲ့သည်၊၊

သူမက အဆင့် ၉ စိတ်ဝိညာဥ်အမြစ် ထုတ်ပေးနိုင်သည့် အထီးကျန်လှေမြို့ ကျော်ကြားသည့်မိသားစုတွေ၊ သိုင်ပညာမိသားစုတွေ အားလုံးနီးပါးကို စစ်ဆေးခဲ့၏၊၊

သူမက မြို့တစ်ခုလုံးကိုတောင် တူးဖော်လုနီးပါးဖြစ်သည်၊၊

သို့ပေမယ့် အဆင့် ၉ စိတ်ဝိညာဥ်အမြစ်၏ ခြေရာတစ်စွန်းတစ်စမှ မတွေ့ပေ၊၊

“အထီးကျန်လှေမြို့ ဘယ်နေရာလဲ? ရှင်းရှင်းလင်းလင်းပြော၊၊”

လျိုချင်းရှန် သူမရှာဖို့ နေရာတစ်ခုခု ကျန်ခဲ့တာကို ယုံကြည့်ဖို့ ခက်ခဲနေခဲ့သည်၊၊

“ရှုမိသားစု, ရှုယင်းရင်နဲ့ ရှုရို့ရန်တို့ရဲ့ မိသားစု၊၊”

ဂျန်ဖန်း အမှန်တိုင်းပြောလိုက်သည်၊၊

ရှုမိသားစု?-----

လျိုချင်းရှန် သူမနဖူး သူမပြန်ရိုက်လိုက်သည်၊၊

“ဘယ်လိုလုပ်ပြီး ငါရှုမိသားစုကို မေ့သွားရတာပါလိမ့်----”

ရှုမိသားစု၌ ရှုရို့ရန်ရှိတာကြောင့် အဆင့် ၉ စိတ်ဝိညာဥ်အမြစ်ရှိလျှင် သူမ မသိပဲ မနေဟု ယူဆလိုက်၏၊၊

ထို့ပြင် ရှုရို့ရန်ကလည်း သူမကို ပြောမှာ အသေအချာပဲဖြစ်သည်၊၊

သို့ပေမယ့်?----

အဆင့် ၉ စိတ်ဝိညာဥ်အမြစ်က သူမကျန်ခဲ့သည့် တစ်ခုတည်းသော မိသားစုမှာရှိနေခဲ့သည်တဲ့လား----

သူမက ကိုယ့်ကိုယ်ကိုသာ ရိုက်လိုက်ချင်တော့သည်၊၊

ထိုမျှလောက်ဂရုစိုက်နေတာတောင် ပေါ့ဆနေတုန်းဖြစ်သည်၊၊

အမှန်တကယ်ပဲ စေ့စေ့စပ်စပ်မရှိခဲ့ပေ၊၊

နေပါအုန်း----

လျိုချင်းရှန် ရုတ်တရက် တစ်စုံတစ်ခုကို အမှတ်ရသွားပြီး သံသယဖြင့်မေးလိုက်သည်၊၊

“နင်--- နင်က ဂျန်ဖန်းမဟုတ်လား---”

သူမ နဂါးလမ်းကြောင်းက ပါရမီရှင်ကို စုံစမ်းသည့်အချိန်ကို အမှတ်ရလိုက်သည်၊၊

လူတစ်ယောက် သူမအာရုံထဲကို ဝင်ရောက်လာခဲ့သည်၊၊

ထိုအရာက ရှုရို့ရန် သတို့သား ဂျန်ဖန်းပဲဖြစ်သည်၊၊

သို့ပေမယ့် ရှုယင်းရင်ပြောချက်အရ သူက သာမန်လူတစ်ယောက်ဖြစ်တာကြောင့် သူမအာရုံမစိုက်ခဲ့ပေ၊၊

သူမရှေ့ကလူက ဂျန်ဖန်းဆိုလျှင်---

သူက အဆင့် ၉ စိတ်ဝိညာဥ်အမြစ်တင် မဟုတ်ပဲ သူမအသည်းအသန်လိုက်ရှာနေသည့် ပါရမီရှင်လည်း ဖြစ်နေတာလား----

All Chapters