ဆေးဥယျာဥ်ကမိန်းခလေး
Vol. 6 Ch. 86
ဂျန်ဖန်း မျက်တောင်ခတ်လိုက်သည်၊၊
“ဟမ်, မင်း ငါ့နာမည် ဘယ်လိုသိတာလဲ----”
သူတို့နှစ်ယောက် တစ်ကြိမ်ပဲဆုံးဖူးတာ သူမှတ်မိ၏၊၊
သူက သူ့နာမည်ကို မပြောခဲ့ပေ၊၊
လျိုချင်းရှန်လှပသည့်မျက်လုံးတွေ နောက်တစ်ကြိမ် ပြူးကျယ်သွားခဲ့သည်၊၊
သူမက ဂျန်ဖန်းဆီအပြေးသွားကာ ပခုံးကို ဆုပ်ကိုင်လိုက်ပြီး မျက်လုံးတွေက အရောင်တောက်နေခဲ့သည်၊၊
“ဒီတော့ နင်က နဂါးလမ်းကြောင်းမှာ နန်းဂုန်းလျိုယွင်ကို အနိုင်ရခဲ့တဲ့ ပါရမီရှင်ပေါ့----”
သူမက ဒါကို ဘယ်လိုလုပ်သိသနည်း၊၊
ဂျန်ဖန်း မျက်လုံးတွေလှုပ်ရှားသွားပြီး ဘာမှပြန်မပြောခဲ့ပေ၊၊
သို့ပေမယ့် ဤကဲ့သို့တိတ်ဆိတ်နေခြင်းက ဝန်ခံခြင်းဖြစ်ပြီး လျိုချင်ရှန်ကို အတည်ပြုပေးလိုက်သည်၊၊
သူမရှာနေသည့်ပြိုင်ဘက်ကင်းပါရမီရှင်က အဆင့် ၉ စိတ်ဝိညာဥ်အမြစ်ဖြစ်နေခဲ့သည်၊၊
ဂျန်ဖန်းခုလေးတင်ပြသခဲ့သည့် အံ့မခန်းခွန်အားကို ပြန်သတိရလိုက်၏၊၊ ထို့ကြောင့် ဂျန်ဖန်းက နန်းဂုန်လျိုယွင်ကို အနိုင်ရခဲ့သည့်လူဆိုတာ သူမ ပိုလို့တောင် ယုံကြည်သွားခဲ့သည်၊၊
“ဒါ တကယ်နင်ပဲ၊ ဒါ တကယ်ကိုနင်ပဲ----”
မြို့သခင်အိမ်တော်၌ ဂျန်ဖန်း၏ အဆင့် ၉ စိတ်ဝိညာဥ်အမြစ်က သူမ၏ အဆင့် ၇ စိတ်ဝိညာဥ်အမြစ်ထက် များစွာပိုအားကောင်းနေရသည်ကို ရုတ်တရက် နားလည်သွားခဲ့သည်၊၊
အကြောင်းပြချက်က----
ဂျန်ဖန်း စိတ်ဝိညာဥ်အမြစ်က အဆင့် ၉ တင်မကလို့ပဲဖြစ်သည်၊၊
ထို့ကြောင့် သူမနှင့် ချန်းကျန်တောက်နှစ်ယောက်လုံး နားလည်မှုလွဲပြီး အဆင့် ၉ စိတ်ဝိညာဥ်အမြစ်နှင့် ပြိုင်ဘက်ကင်းပါရမီရှင်ကို လူနှစ်ယောက်ဟုထင်ခဲ့ကြတာဖြစ်သည်၊၊
ယခု အမှန်တရားက ထွက်ပေါ်လာပြီပဲ ဖြစ်သည်၊၊
သူမ ပျော်ရွင်နေတာကို ဖော်ပြလို့တောင် မရပေ၊၊ ဤတန်ဖိုးရှိသည့်ရတနာကို သူ့မရင်ခွင်ထဲ ပွေ့ဖက်လိုက်ပြီး သူထွက်ပြေးသွားမှာ စိုးရိမ်နေခဲ့သည်၊၊
“ကောင်းတယ်၊၊ ငါတို့ ဂိုဏ်းသခင်တောင်ထိပ် မျှော်လင့်ချက်ရှိလာပြီ၊၊ အဖေ နောက်ထပ်စိုးရိမ်ဖို့ မလိုတော့ဘူး----”
ဂျန်ဖန်း သူမရင်ဘတ်ထဲမှာ နှစ်မြုပ်သွားခဲ့သည်၊၊
သူ့မျက်လုံးတွေပြူးကျယ်သွားပြီး သူမကို အလျှင်အမြန်အဝေးတွန်းဖယ်လိုက်သည်၊၊
“မင်း ဘာလုပ်တာလဲ----”
“ယောက်ျားနဲ့ မိန်းမ မထိတွေ့သင့်ပါဘူး၊၊ စီနီယာအမလျို ကျေးဇူးပြုပြီး လေးစားမှုရှိပါ----”
အာ----
လျိုချင်ရှန် သူမရှိနေသည့်အခြေအနေကို နားလည်သွားပြီး အပြစ်အနာရှာကင်းသန့်စင်သည့်မျက်နှာလေးက ရုတ်တရက် နီရဲသွားခဲ့သည်၊၊
ငါ ဘာလုပ်လိုက်တာလဲ----
ဂျန်ဖန်း၏ နစ်နာသွားသကဲ့သို့ပုံစံကို မြင်သည့်အခါ သူမ ဒေါသထွက်သွားခဲ့သည်၊၊
“အခွင့်ရေးရတာကို နစ်နာသလိုလာလုပ်နေသေးတယ်----”
လျိုချင်းရှန်ဆိုသည့် သူမက ဂိုဏ်း ၉ ဂိုဏ်း မှာ ထိပ်တန်းအလှဆုံးတွေထဲက တစ်ယောက်ဖြစ်၏၊၊
ဂိုဏ်းသခင်လေးတွေနှင့် အမွေခံ ဘယ်လောက်များများ သူမကို အနမ်းချွေဖို့ တောင်တနေခဲ့ကြသနည်း၊၊
ဂျန်ဖန်းကို အခွင့်အရေးပေးတာ သူက တကယ်မကြိုက်ဘူးတဲ့လား----
ဂျန်ဖန်း သူမနှင့် နောက်ထပ်ငြင်းခုန်မနေချင်တော့ပေ၊၊
“ငါအခုသွားလို့ရပြီလား----”
“ငါမသွားလို့ အခြားအမျိုးသမီးတပည့်တွေဝင်လာရင် ငါတို့အခြေအနေကို ရှင်းပြဖို့ လွယ်မှာမဟုတ်တော့ဘူး----”
လျိုချင်းရှန်လည်း ထပ်တူတွေးမိ၏၊၊
သူမကပြောလိုက်သည်၊၊
“သွားပါ--- ဒါပေမယ့် မနက်ဖြန်ကျရင် ဘယ်အကြီးအကဲကပဲ နင့်ကိုရွေးရွေး လက်မခံရဘူးနော်----”
“နင့်ကိုခေါ်ဖို့ ငါ့အဖေကိုပြောထားလိုက်မယ်----”
ဂျန်ဖန်း ရယ်လိုက်၏၊၊
“မင်းငါ့ကို ထိန်းချုပ်လို့ရမယ် ထင်နေတာလား----”
လျိုချင်းရှန် ဆိုးဆိုးဝါးဝါး ပြုံးလိုက်သည်၊၊
“ဘာလဲ၊ အမျိုးသမီးတပည့်ရေချိုးကန်ထဲ ခိုးဝင်တာ တစ်ဂိုဏ်းလုံးသိသွားစေချင်လို့လား----”
ဂျန်ဖန်းမျက်နှာဖြူဖြော့သွားပြီး အံကြိတ်လိုက်သည်၊၊
“မင်းနိုင်တယ်---”
“ဟိုဘက်လှည့်----”
လျိုချင်းရှန် လှောင်ပြောင်လိုက်သည်၊၊
“နင်ငါ့ကို ထိန်းချုပ်လို့ရမယ် ထင်နေတာလား----”
စကားတစ်ခွန်းမှမပြောတော့ပဲ ဂျန်ဖန်း မတ်တပ်ရပ်ကာ သူ၏ကိုယ်လုံးတီးခန္ဓာကို သူမရှေ့မှာ ပြသလိုက်သည်၊၊
“အား--- လူယုတ်မာ----”
လျိုချင်းရှန်အော်လိုက်ပြီး အလျှင်အမြန် သူမမျက်နှာကိုကာကာ ရေထဲငုံ့လိုက်သည်၊၊
ဂျန်ဖန်း ပြုံးလိုက်၏၊၊
နင်အားကောင်းတော့ကောဘာဖြစ်လဲ---
အလွယ်တကူကိုင်တွယ်လို့ရနေတုန်းပဲမလား---
သူက ကမ်းခြေတက်ကာ အလျှင်အမြန် အဝတ်ဝတ်လိုက်သည်၊၊
ပတ်ဝန်းကျင်၌မည်သူမှမရှိတာကို အခွင့်အကောင်းယူပြီး အလျှင်အမြန် ထွက်ခွာသွားတော့သည်၊၊
အချိန်တော်ကြာပြီးမှ လျိုချင်းရှန် ထရဲတော့၏၊၊ သူမ၏ ပြိုင်ဘက်ကင်း မျက်နှာလှလှလေးက ညနေကင်းဆည်းဆာကဲ့သို့ နီရဲနေဆဲဖြစ်သည်၊၊
သူမက နှင်းဆီပွင့်ဖတ်ကဲ့သို့ အနီရောင်နှုတ်ခမ်းလေးကို ဖိကိုက်လိုက်ပြီး ဒေါသတစ်ဝက် ရယ်ချင်စိတ်တစ်ဝက်ဖြင့် ပြောလိုက်သည်၊၊
“ငါ့ဘဝမှာ ဘယ်သူကမှ ဒီလောက်ဒေါသထွက်အောင်မလုပ်ဖူးဘူး----”
“နင့် ငါ့အဖေတောင်ထိပ်ရောက်တဲ့အခါ ကျရင် နင့်က ငါ့ရဲ့ ဂျူနီယာမောင်လေး ဖြစ်လာလိမ့်မယ်----”
“အနာဂတ်မှာ နင့်ကို ငါဘယ်လိုဆက်ဆံမလဲဆိုတာ ကြည့်နေလိုက်ပါ----”
ထိုစဥ် ဂျန်ဖန်း ပေါ့ပေါ့ပါးပါးဖြင့် တောင်အနောက်ဘက်လမ်းအတိုင်း လျှောက်လာခဲ့သည်၊၊
အမှောင်ထဲမှာပုန်းပြီး ဂျန်ဖန်း တွားသွားထွက်လာမှာကို စောင့်နေကြသည့် ကျောင်းချီကျန့်နှင့် အခြားလူတွေ သူတို့မျက်လုံးသူတို့ မယုံနိုင်ဖြစ်နေခဲ့သည်၊၊
ဂျန်ဖန်းက အပြစ်ပေးခံပုံမပေါ်ပဲ တက်ကြွပျော်ရွင်နေခဲ့၏၊၊
ကျောင်းချီကျန့် လျိုယောင်၏ရင်ဘတ်ကို ဒေါသတကြီးထိုးလိုက်ပြီး အော်ပြောလိုက်သည်၊၊
“ဒါ မင်းပြောတဲ့ပြစ်ဒဏ်ခံရတာလား----”
လျိုယောင်လည်း မေးခွန်းတွေနှင့် ပြည့်နှက်နေခဲ့သည်၊၊
“ဒီလိုမဖြစ်သင့်ဘူး၊၊ အထဲမှာ လျိုချင်းရှန် ရေချိုးနေတာ အသိသာကြီးပါ----”
“စီနီယာအကိုကျောင်း, ငါ့ကို အထဲသွားပြီး အခြေအနေ စစ်ဆေးခွင့်ပြုပါ----”
သူက ထိုအရာကို မယုံနိုင်ပေ၊၊
လျိုချင်းရှန်ပဲ ရေချိုးလို့ပြီးသွားသည်လား----
ဒါမှမဟုတ် ဒီကလေးကံကောင်းပြီး လျိုချင်းရှန်နှင့် မတွေ့ခဲ့ဘူးလား----
သူက အထဲကို လျှောက်ဝင်သွားခဲ့သည်၊၊
ခဏကြာပြီးနောက်----
စိတ်ဝိညာဥ်ရေကန်အနားကိုရောက်လာပြီး အထဲကို ချောင်းကြည့်လိုက်သည့်အခါ မှင်တက်သွားခဲ့သည်၊၊
လျိုချင်းရှန်ကမ်းစပ်၌ သူမ၏ရေစိုနေသည့်ဆံပင်တွေကို ဖြီးသင်နေခဲ့သည်၊၊
ဤအရာဟာ လျိုချင်းရွယ် အထဲ၌ တစ်ချိန်လုံးရှိနေတာကို သက်သေပြနေတာပဲဖြစ်သည်၊၊
သူတို့နှစ်ယောက်က ရေအတူတူချိုးခဲ့ကြတာပဲဖြစ်သည်၊၊
လျိုယောင် ကြောက်လန့်သွားခဲ့သည်၊၊
သူမသိသင့်တစ်စုံတစ်ခုကို ရှာတွေ့သွားပြီဆိုတာ နားလည်လိုက်သည်၊၊
ကြောက်လန့်တကြားဖြင့် သူက လေးဖက်ထောက်ထွက်ပြေးတော့၏၊၊
မမျှော်လင့်စွာနှငင့် လျိုချင်းရှန် တစ်ဖက်လှည့်လာပြီး ရေခဲတမျှအေးစက်နေခဲ့သည်၊၊
“ဂျန်ဖန်း ဒီထဲရောက်လာအောင် ထောင်ချောင်ဆင်လိုက်တဲ့ တစ်ယောက်က နင်မလား----”
သူမက သူ့ကို အေးစက်စွာကြည့်လိုက်သည်၊၊
လျိုယောင် ချွေးအေးတွေစီးကျလာပြီး ကောင်းကင်ကြီးပြိုကျလာသလို ခံစားလိုက်ရသည်၊၊ သူက ချက်ချင်းပဲ ဒူးထောက်ကာ အဆက်မပြတ် ဦးညွှတ်တော့၏၊၊
“နတ်သမီး ကျွန်တော်မှားသွားပါတယ်၊ ကျွန်တော်မှားသွားပါတယ်၊၊ ကျေးဇူးပြုပြီ ချမ်းသာပေးပါ----”
လျိုချင်းရှန်မျက်လုံးတွေ ပိုလို့တောင် အေးစက်လာခဲ့သည်၊၊
“နင့်ကြောင့် ဘယ်လောက်ကြီးတဲ့ ပြဿနာဖြစ်သွားတော့မလဲ သိလား---”
လျိုယောင် သေမတတ်ကြောက်ရွံ့သွားခဲ့သည်၊၊
“ကျွန်တော်ကြောင့် နတ်သမီးရဲ့ သန့်စင်မှု ပျက်ဆီးမလိုဖြစ်ခဲ့ပါတယ်၊၊ ကျွန်တော်မှာ အပြစ်ရှိပါတယ်၊၊ ကျွန်တော် ကြီးမားတဲ့ ရာဇဝတ်မှုကြီး ကျူးလွန်မိခဲ့ပါတယ်---”
ဘန်း!
လျိုးချင်းရှန် ပျံသန်းလာပြီး သူ့ရှေ့က အစိမ်းရောင်ကျောက်တုံးကို နင်းခြေပစ်လိုက်သည်၊၊
“ငါ့သန့်စင်မှုပျက်စီးတာ ဒုတိယကိစ္စပဲ၊၊ နင့်ကြောင့် ငါ ပြိုင်ဘက်ကင်း ပါရမီရှင်ကို သတ်လုနီးပါးပဲ----”
“နင့်ရဲ့ အပြစ်က ခွင့်လွတ်ပေးလို့မရဘူး---”
ပြောပြီးနောက် သူမက သူ့ဒန်တန်ကို လက်ဝါးတစ်ချက်တည်းဖြင့် ခြေမွကာ ကျင့်ကြံရေးကို ဖျက်ဆီးပစ်လိုက်သည်၊၊
“အခုချက်ချင်း တိမ်စိမ်းဂိုဏ်းက ထွက်သွားပါ၊၊ ဘယ်တော့မှ ပြန်မလာခဲ့နဲ့----”
“ဒါ့ပြင် ဒီနေရာမှာဖြစ်ပျက်တာတွေကို တစ်လုံးဟရဲရင် နင်သေဖို့ပြင်ထား----”
လျိုယောင် သူ့ဝမ်းဗိုက်ကို နာကျင်စွာ ဆုပ်ကိုင်ထားပြီး ထိပ်ထိပ်ပျာပျာဖြင့် ထွက်ပြေးသွားခဲ့သည်၊၊
သူအပြင်ရောက်သည့်အခါ----
ကျောင်းချီကျန့် သူ့ကို အံ့အားသင့်စွာဖြင့် ကြည့်နေခဲ့သည်၊၊
“ဘာဖြစ်တာလဲ? မင်းဘာဖြစ်နေတာလဲ---”
လျိုယောင် ပါးစပ်ဖွင့်ဖို့ကြိုးစားလိုက်ပေမယ့် ချက်ချင်းပြန်ပိတ်လိုက်သည်၊၊
သူ့မျက်နှာက ခါးသီးမှုတွေနှင့် ပြည့်နှက်နေပြီး သတိပေးလိုက်သည်၊၊
“စီနီယာအကိုကျောင်း, ဒီနှစ်တွေအတွင်း အကိုကျွန်တော့်ကို စောင့်ရှောက်ခဲ့တာတွေးပြီး သတိပေးပါရစေ----"
“ဂျန်ဖန်းကို မဆန့်ကျင်ပါနဲ့----”
ပြောပြီးနောက် သူက တောင်တံခါးဆီသို့ နာကျင်နှောင်တရစွာဖြင့် လျှောက်သွားလိုက်သည်၊၊
ကျောင်းချီကျန့် အချိန်တော်ကြာ ကြောင်အနေခဲ့သည်၊၊
ထို့နောက် သူက လက်သီးတင်းကြပ်စွာ ဆုပ်လိုက်သည်၊၊
“မင်း ငါ့ကို ဂျန်ဖန်းနဲ့ မဆန့်ကျင်စေချင်ဘူးပေါ့---”
“သူက ငါ့အမျိုးသမီးကိုယူသွားပြီး ငါ့ကို အရှက်ရစေခဲ့တာ၊၊ ငါ ဘယ်လိုလုပ် သည်းခံနိုင်မှာလဲ----”
“တိမ်စိမ်းဂိုဏ်းမှာ သူနဲ့ငါ တစ်ယောက်ပဲ ရှိရမယ်----”
ဂျန်ဖန်းကတော့ ထိုအရာတွေ တစ်ခုမှ မသိပေ၊၊
နဂါးလမ်းကြောင်းမှရခဲ့သည့်သော့ကိုကိုင်ပြီး တိမ်စိမ်းဂိုဏ်း ဆေးဥယျာဥ်ကို ရောက်လာခဲ့သည်၊၊
ဆေးဥယျာဥ်ပတ်ပတ်လည်၌ ကြီးမားသည့် အစီအရင်ကြီးတစ်ခုရှိနေပြီး ၎င်းကို သီးသန့်ခွဲခြားခဲ့သည်၊၊
တစ်ခုတည်းသောဝင်ပေါက်ကို အစောင့်ခေါင်းဆာင်တစ်ယောက်နှင့် များစွာသော အပြင်စည်းတပည့်တွေ စောင့်ကြပ်နေခဲ့သည်၊၊
“သော့က အစစ်အမှန်ပဲ---”
အစောင့်ခေါင်းဆောင်က ဂျန်ဖန်းကို ထူးဆန်းစွာကြည့်လိုက်သည်၊၊
ဆေးဥယျာဥ်ကို ဝင်ထွက်ခွင့်က အတော်လေး ရှားပါး၏၊၊
ဂိုဏ်ကို ကြီးမားသည့်အကျိုးပြုမှု လုပ်ထားသည့် အစစ်အမှန်တပည့် အနည်းငယ်သာ တစ်ခါတစ်ခါ ဝင်ခွင့် ရတတ်တာဖြစ်၏၊၊
သို့ပေမယ့် ဘယ်အချိန်က တိမ်းစိမ်းဂိုဏ်း၌ ဤလောက်ငယ်ရွယ်ပြီး မရင်းနှီးသည့် အစစ်အမှန်တပည့်ရှိသွားသနည်း၊၊
သို့သော်ငြားလည်း သော့ကအစစ်ဖြစ်နေသည့်အတွက်ကြောင့် သူ့မှာ တားပိုင်ခွင့်မရှိပေ၊၊
“အဆင့်နိမ့်သော့က ဆေးဥယျာဥ်အနိမ့်ပိုင်းက ဆေးပင်တွေပဲ ခူးလို့ရမယ်၊၊ စုစုပေါင်း ၁၀ ပေါင်ထက် ကျော်လို့မရဘူး----”
ကျားရိုင်းဆေးလုံး ပါဝင်ပစ္စည်းတွေက အရမ်းကြီးမရှားပါးပေ၊၊
အဆင့်နိမ့် ဆေးဥယျာဥ်၌ ရှိနိုင်၏၊၊
“နာလည်ပါပြီ, စီနီယာ---”
သော့ကိုင်ပြီး သူက အထဲကို ဝင်သွားခဲ့သည်၊၊
ချက်ချင်းပဲ မရေမတွက်နိုင်သည့် ဆေးရနံ့တွေက သူ့နှာခေါင်းထဲကို ဝင်ရောက်လာခဲ့သည်၊၊
ဧကရာချီကျယ်ဝန်းသည့် ကြီးမားသည့် ဆေးဥယျာဥ်ကြီးက မြင်ကွင်းထဲပေါ်လာပြီး မရေမတွက်နိုင်သည့် ဆေးပင်တွေနှင့် ပြည့်နှက်နေခဲ့သည်၊၊
ထို့နောက်----
သူက လိုအပ်သည့်အဓိကပါဝင်ပစ္စည်း အဖြူရောင်ကျားနှင်းဆီပင်ကို ရှာတွေ့သွားခဲ့သည်၊၊
သို့ပေမယ့် အဖြူရောင်ကျားနှင်းဆီပင် ရှေ့၌ လှပသည့်မျက်နှင့် အမျိုးသမီးတပည့်တစ်ယောက် ထိုအရာကို ခူးဖို့ပြင်နေခဲ့၏၊၊
သူမ လက်ဗလာဖြင့်ခူးတော့မှာကို မြင်သည့်အခါ ဂျန်ဖန်းမျက်နှာ ပြောင်းလဲသွားပြီး အလျှင်အမြန်အော်လိုက်သည်၊၊
“ရပ်လိုက်----”