နင်က ဘယ်အကြီးအကဲရဲ့တပည့်လဲ
Vol. 6 Ch. 87
ရုတ်တရက်အော်သံကြောင့် အမျိုးသမီးတပည့် ထိတ်လန့်သွားခဲ့သည်၊၊
သူမဟန်ချက်ပျက်သွားပြီး ဆွံ့ထဲဖင်ထိုင်ကျသွား၏၊၊
အလျှင်အမြန်မတ်တပ်ရပ်လိုက်ပြီး သူမဖင်က ရွံ့တွေကိုကြည့်လိုက်သည်၊၊ ထို့နောက် စိတ်တိုစွာဖြင့် ဂျန်ဖန်းကိုကြည့်ကာ ပြောလိုက်သည်၊၊
“နင်ဘာလို့ အော်လိုက်တာလဲ----”
ဂျန်ဖန်း သက်ပြင်းဖွဖွချလိုက်၏၊၊ သူက အန္တရာယ်ရှိသည့် နှင်းဆီပင်ကို ညွှန်ပြလိုက်သည်၊၊
“မင်း ဤလိုနှင်းဆီပန်းမျိုးတွေ့ဖူးတာ ပထမဦးဆုံးမဟုတ်လား----”
အမျိုးသမီးတပည့်၏ နူးညံ့သည့်မျက်နှာ၌ စိုးရိမ်သည့်အရိပ်အယောင်ပေါ်လာပေမယ့် ခေါင်းမာစွာပြောလိုက်သည်၊၊
“ဘယ်သူပြောလဲ? ဒါမျိုးတွေ ငါ့ခြံနောက်မှာ ပေါလို့---”
ဂျန်ဖန်း ပြုံးလိုက်ပေမယ့် ဘာမှမပြောပေ၊၊
သူက သစ်ကိုင်းချောက်တစ်ခုကို ကောက်ကာ နှင်းဆီပန်းကို ဂရုတစိုက် ထိလိုက်သည်၊၊
ရလဒ်ကတော့----
အဖြူရောင်အစင်းရှိပြီး အလွန်လှပသည့် ပန်းရောင်နှင်းဆီပွင့်က ရုတ်တရက် ၎င်း၏ပွင့်ဖတ်တွေကို ကျုံ့ကာ သစ်ကိုင်းထိပ်ဖျားကို ရစ်ပတ်လိုက်သည်၊၊
ထိုအရာက ကြမ်းကြုတ်သည့် ကျားတစ်ကောင် ၎င်း၏သားကောင်ကို ရုတ်တရက် အပြင်းအထန် ကိုက်လိုက်သကဲ့သို့ဖြစ်သည်၊၊
ဖျက်ခဲမြည်သံနှင့်အတူ သစ်ကိုင်းထိပ်ဖျား ကျိုးသွားခဲ့သည်၊၊
ထိုအရာကို မြင်သည့်အခါ အမျိုးသမီးတပည့် အံ့အားသင့်စွာဖြင့် ပါစပ်ကို လက်နှင့်ကာလိုက်သည်၊၊
သူမသာ လက်ဖြင့် ထိုအရာကိုထိလိုက်လျှင် ရလဒ်ကို တွေးကြည့်လို့ရတာပဲဖြစ်သည်၊၊ ကိုက်ဖြတ်မခံရလျှင်တောင် ပြဲထွက်သွားမည်ဖြစ်သည်၊၊
ရှက်ရွံ့သွားပြီး အနည်းငယ် ခေါင်းငုံ့ကာပြောလိုက်သည်၊၊
“နင့်ကို နားလည်မှုလွဲသွားတာ တောင်းပန်ပါတယ်၊၊ ကျေးဇူးတင်ပါတယ်----”
ဂျန်ဖန်း စိတ်ထဲမထားပေ၊၊
“ဒါ အဆင်ပြေပါတယ်----”
ထို့နောက် သူက ပြင်ဆင်ထားသည့် ကျောက်စိမ်းသေတ္တာတစ်ခုနှင့် ကျောက်စိမ်းဓားတစ်ခု ထုတ်ယူကာ နှင်းဆီပွင့်ကို ကျွမ်းကျင်စွာဖြတ်တောက်တော့၏၊၊
ခဏကြာပြီးနောက် သေတ္တာတစ်ခုလုံး ပြည့်သွားပြီး ခန့်မှန်းခြေ သုံးပေါင်လောက်ရှိတာပဲဖြစ်သည်၊၊
သံမဏိသွေးစစ်မှန်ကျမ်း ပထမအဆင့် အတွက် ကျားရိုင်းဆေးလုံး ဖော်စပ်ဖို့ လုံလောက်သွားပြီပဲဖြစ်သည်၊၊
ထို့ပြင် သူကနောက်ထပ် ဆေးပင် ၇ ပေါင် ထပ်မံခူးလိုက်၏၊၊
တွေးစရာမလိုပဲ သူယူရမည့်အရာတွေကို သိတာပဲဖြစ်သည်၊၊
အခြေခံတည်ဆောက်ခြင်းအဆင့် ဆေးလုံးအတွက် အဓိကပါဝင်ပစ္စည်းတွေဖြစ်သည့် သန္တာကျောက်၊ အစင်းနက်မှိုပွင့် တို့ပဲဖြစ်သည်၊၊
ကံကောင်းစွာနှင့် ထိုပါဝင်ပစ္စည်းနှစ်မျိုးလုံးက အဆင့်နိမ့်ဆေးဥယျာဥ်တွင်ရှိပြီး သိပ်မဝေးပေ၊၊
သူက ထည့်စရာတစ်ခုထုတ်ယူလိုက်ပြီး ပါဝင်ပစ္စည်းနှစ်မျိုးကို တစ်ခုသုံးပေါင်စီ ခူးလိုက်သည်၊၊
နူးညံ့သည့်မျက်နှာနှင့် မိန်းခလေး ဂျန်ဖန်း၏ ကျွမ်ကျင်သည့်လှုပ်ရှားမှုတွေကိုကြည့်ပြီး အံ့အားမသင့်ပဲ မနေနိုင်ဖြစ်နေ၏၊၊
“ဒီက--- ဂျူနီယာမောင်လေး, နင် ဘယ်တောင်ထိပ်က ထူးချွန်တဲ့ တပည့်လဲဆိုတာ မေးလို့ရမလား----”
“ငါက ဆေးတောင်ထိပ်ရဲ့ စုချီနင်ပါ၊၊ ဂျူနီယာမောင်လေး, နင်အခုလေးတင် ခူးလိုက်တဲ့ဆေးပင်တွေက အခြေခံတည်ဆောက်ခြင်း ဆေးလုံးအတွက်နဲ့တူတယ်----”
“နင်က ဆေးလုံးတောင်ထိပ်ကလား----”
သူမက အတော်လေး ပဟေဠိဖြစ်သွားခဲ့သည်၊၊
အခြေခံတည်ဆောက်ခြင်းဆေးလုံးအတွက် ပါဝင်ပစ္စည်းတွေကို ဆေးလုံးတောင်ထိပ်ကသာ လိုအပ်၏၊၊
အခြားတောင်ထိပ် တပည့်တွေက ဘာကြောင့်လိုအပ်မည်နည်း၊၊
ဘယ်တောင်ထိပ်ရဲ့တပည့်ဖြစ်ရမလဲ----
သူက တောင်ထိပ်တစ်ခုရဲ့ တပည့်ဆိုတာ တောင် ပြောဖို့ခက်၏၊၊
ဂျန်ဖန်း ချောင်းအနည်းငယ်ဟန့်ပြီး ပြောလိုက်သည်၊၊
“ငါက ဆေးပင်တွေကို စိတ်ဝင်စားရုံပါ၊၊ ဆေးလုံးတောင်ထိပ်ရဲ့ တပည့်မဟုတ်ပါဘူး----”
ဂိုဏ်းကိုစရောက်သည့်ပထမဆုံးနေ့မှာတင် သူက အမျိုးသမီးရေချိုးကန်ထဲသွားဖို့ ထောက်ချောက်ဆင်ခံရ၏၊၊
သူက နောက်ထပ်မည်သူ့ကိုမှ အမှန်အတိုင်းမပြောရဲတော့ပေ၊၊
ဝိညာဥ်သခင်ဆိုသည့် အထောက်အထားက သူဘယ်တော့မှ ထုတ်ဖော်လို့မရသည့်အရာဖြစ်သည်၊၊ ညှင်းပန်းနှိပ်စက်ခံရလျှင်တောင် မရပေ၊၊
“အို---”
သူ ဘာမှမပြောချင်တာမြင်သည့်အခါ စုချီနင်လည်း ထပ်မမေးတော့ပေ၊၊
ထိုအခိုက်အတန့်၌----
ဆေးရယျာဥ်ဂိတ်မှ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်၊၊
“စုချီနင်, ၁၅ မိနစ်ပဲ ကျန်တော့တယ်၊၊ ဆေးပင်မြန်မြန်ခူးပြီး ထွက်လာတော့----"
ထိုအရာကြားသည့်အခါ စုချီနင်မျက်နှာ တင်းကြပ်သွားပြီး အိတ်ကပ်ထဲက ဆေးညွှန်းတစ်ခုကို ထုတ်လိုက်သည်၊၊ သူမ ခုချိန်ထိမတွေ့ဖူးသည့် ဆေးအမျိုးအစားပေါင်းများစွာကို မြင်သည့်အခါ မျက်မှောင်ကြုတ်သွားခဲ့သည်၊၊
“ဘာလုပ်ရမလဲ၊၊ ငါမခူးရသေးတဲ့ ဆေး ၅ မျိုးကျန်သေးတယ်၊၊”
“ဆေးဖော်စပ်ဖို့တော့ ပြောမနေတော့---”
“ဒါက ဆရာ ငါ့အတွက်စီစဥ်ပေးထားတဲ့ နောက်ဆုံးတာဝန်ပဲ၊၊ ငါသာ ကျရှုံးသွားရင် တစ်နှစ်လောက် တံခါးပိတ်ကျင့်ကြံရမှာ---”
အကျဥ်းကျသကဲ့သို့ တစ်နှစ်လောက်ပြစ်ဒဏ်ခံရမှာကို တွေးပြီး သူမမျက်နှာဖြူဖျော့သွားခဲ့သည်၊၊
ရုတ်တရက် ဂျန်ဖန်းပုံရိပ် မြင်ကွင်းထဲကို ပေါ်လာသည့်အခါ သူမမျက်နှာဝင်းပလာခဲ့သည်၊၊
နှုတ်ခမ်းတွေကို ဖိကိုက်လိုက်ပြီး ရှက်ရွံ့စွာပြောလိုက်သည်၊၊
“ဂျူနီယာမောင်လေး, ငါကို တစ်ခုလောက် ကူညီပေးပါလား----"
“ဒီဆေးညွှန်းထဲက ဆေးပင်တွေ ကူရှာပေးပါ့လား----”
ဆေးပင်ရှာပေးရမယ်?-----
သူမတောင် ရှာမတွေ့လောက်အောင် ဘယ်လောက်ခက်ခဲသည့် ဆေးညွှန်းမျိုးနည်း၊၊
သူက ဆေးညွှန်းကိုယူလိုက်ပြိး ကြည့်လိုက်သည့်အခါ မနေနိုင်ပဲ အံ့အားသင့်သွားခဲ့သည်၊၊
ဒါက မသေမျိုးဆေးစာအုပ်ထဲက “ဝိညာဥ်နက်အရိုးကူလိမ်းဆေး” မလား----
၎င်းအတွက်လိုအပ်သည့်ဆေးပင်အားလုံးက ဤကမ္ဘာကြီးမှာ ထူးခြားသည့်အပင်တွေပဲဖြစ်သည်၊၊
အနည်းဆုံး သူ၏ အဆင့်နိမ့် ဆေးဥယျာဥ်သော့က ထိုဆေးပင်တွေရဖို့ မလုံလောက်ပေ၊၊
သူမ ထိုဆေးပင်အားလုံး မရှာနိုင်တာ အံ့သြစရာမရှိတော့ပေ၊၊
ထိုဆေးပင်အားလုံးက ရှားပါးရုံသာမက ထူးဆန်းပြီး အတွေ့ကြုံမရှိသည့်လူတွေအတွက် မြန်မြန်ရှာတွေ့ဖို့ ခက်ခဲ၏၊၊
ကံကောင်းစွာနှင့် အချက်အလက်အားလုံးကို မသေမျိုးဆေးစာအုပ်ထဲ၌ မှတ်တမ်းတင်ထားခဲ့သည်၊၊
“ကူညီပါနော်, ဂျူနီယာမောင်လေး----”
အချိန်ကုန်လာတာကိုသိပြီး စုချီနင် လက်ချင်းယှက်ကာ တောင်းတောင်းပန်ပန်ပြောလိုက်သည်၊၊
“နင်သာရှာတွေ့ရင် ငါက တစ်စုံစာပဲလိုတာပါ၊၊ ကျန်တာက နင့်အတွက်ပဲ----”
ဘာ?----
ဆေးတစ်စုံစာကို အများဆုံးမှ တစ်ပေါင် သာရှိ၏၊၊
ကျန်ကိုးပေါင်လုံးကို သူ့အားပေးမည်လား---
သို့ပေမယ့် သူက အတည်ပြုရန် မေးလိုက်သည်၊၊
“မင်းမှာ အမြင့်ပိုင်းဆေးဥယျာဥ်အတွက် သော့ရှိလား----”
“ဒီဆေးညွှန်းက ဆေးပင် ၉၀%က အမြင့်ပိုင်း ဆေးဥယျာဥ်မှာရှိတာ----”
ဂျန်ဖန်း ဆေးပင်အဆင့်ကို အတိအကျသိတာ မြင်သည့်အခါ စုချီနင် မျှော်လင့်ချက်ရှိလာခဲ့သည်၊၊
သူမက ထပ်ခါထပ်ခါ ခေါင်းညိတ်လိုက်၏၊၊
“ရှိတယ်၊၊ ငါ ဒီမှာရှိတဲ့ အနိမ့်ပိုင်း၊ အလယ်အလတ်၊ အမြင့်ပိုင်း ဆေးယျာဥ်တွေကနေ ၁၀ ပေါင် စိတ်ကြိုက်ခူးလို့ရတယ်----”
ဂျန်ဖန်း စိတ်သက်သာယာရသွားခဲ့သည်၊၊
“ကောင်းပြီလေ, ဒါဆိုအဆင်ပြေပြီ----”
သူက စုချီနင်ခူးပြီးသည့်ဆေးပင်တွေကို စစ်ဆေးလိုက်ပြီး အမြင့်ပိုင်း ဆေးယျာဥ်ကို ဝင်ရောက်သွားခဲ့သည်၊၊
စုချီနင် စိုးရိမ်စွာဖြင့်ပြောလိုက်သည်၊၊
“ငါဒီနေရာကိုကြည့်ပြီးပြီ၊၊ ဒီမှာ ဘာမှ ရှိပုံမရဘူး-----”
ဂျန်ဖန်း ပြန်မပြောပေ၊၊
သူက ပတ်ဝန်းကျင်ကို စစ်ဆေးနေပြီး သာမန်ပုံရှိသည့် မြက်ရိုင်းတွေကို ရှာတွေ့သွားခဲ့သည်၊၊ ထို့နောက် လက်အိတ်ဝတ်ကာ သူတို့ကို တစ်ခါတည်း ဆွဲနှုတ်လိုက်သည်၊၊
ချက်ချင်းပဲ ရွှေရောင်အမြစ်စည်းတစ်ခု ထွက်ပေါ်လာခဲ့သည်၊၊
“နဂါးမုတ်ဆိတ်အမြစ်--- ဒါ ဆေးညွှန်းထဲက နဂါးမုတ်ဆိတ်အမြစ်ပဲ---”
“ဟုတ်သားပဲ, နဂါးမုတ်ဆိတ်အမြစ်က မြက်ရိုင်းအမြစ်တွေပေါ်မှာ ကပ်ပါးနေထိုင်တတ်တာ ငါမေ့နေတာပဲ---"
ထို့နောက်----
ဂျန်ဖန်း သာမန်ပန်းသီးတွေသီးနေသည့် ပန်းသီပင်တစ်ပင်ကို မြင်လိုက်သည်၊၊
မှန်တစ်ချပ်ထုတ်ယူပြီး ပန်သီးတွေပေါ် အလင်းတန်း ရောင်ပြန်ဟပ် ကြည့်လိုက်သည့်အခါ ချက်ချင်းပဲ နှင်းဖြူရောင်ပြောင်းသွားခဲ့သည်၊၊
“အာ, နှင်းသလင်းသစ်သီး---- နေရောင်အောက်မှာပဲ သူ့ပုံစံအမှန်ကို ပေါ်လာတာပေါ့၊၊ ဆရာ ဒါကို ဘယ်တုန်းကမှ မပြောဖူးဘူး----”
ထို့နောက် ဂျန်ဖန်း ရှားပါးသည့်ဆေးပင်တွေကို အမြင့်ပိုင်းဆေးဥယျာဥ်၌ တစ်ခုပြီးတစ်ခု ရှာဖွေနေခဲ့သည်၊၊
၁၅ မိနစ်မပြည့်ခင်မှာပဲ ဆေးညွှန်းထဲက ဆေးပင်အားလုံး စုဆောင်းပြီးသွားပြီပဲဖြစ်သည်၊၊
ဂျနဖန်း တစ်ပေါင်ခွဲလိုက်ပြီး သူမကို ပေးလိုက်သည်၊၊
“ဆေးညွှန်းနဲ့တိုက်ကြည့်လိုက်အုန်း၊၊ တစ်ခုခုလွဲနေလားဆိုတာ---”
စုချီနင် စိတ်အားထက်သန်စွာဖြင့် တစ်ခုပြီးတစ်ခု စစ်ကြည့်တော့သည်၊၊ သူမမျက်နှာက အံ့သြသင့်မှုတွေနှင့် ပြည့်နှက်နေခဲ့သည်၊၊
“အကုန်စုံတယ်၊ အကုန်လုံးစုံတယ်----”
သူမက ဂျန်ဖန်းကို ကြည်ညိုသည့်မျက်လုံးတွေဖြင့်ကြည့်လိုက်သည်၊၊
“ဂျူနီယာမောင်လေး, နင်က နတ်ဘုရားလိုပါပဲလား----”
“ငါ့ရဲ့စီနီယာအမတွေထက်တောင် အများကြီးသာတယ်----”
တစ်ချက်ကြည်ရုံဖြင့် ဂျန်ဖန်းဟာ ဆေးပင်တွေဘယ်နားပုန်းနေမှန်း သိ၏၊၊
ထိုအရာမျိုးကို သူမတို့ဆရာ ဆေးတောင်ထိပ်သခင်သာ လုပ်နိုင်၏၊၊
ဂျန်ဖန်းက တောင်ထိပ်တစ်ခုခု၏ ထူးချွန်သည့်တပည့်ဖြစ်ရမည်ဟု တွေးလိုက်သည်၊၊
ထိုသို့မှမဟုတ်လျှင် သူ့မှာ ဤကဲ့သို့ စွမ်းရည်မျိုးမရှိနိုင်ပေ၊၊
ထိုကြည်ညိုသည့်အကြည့်တွေကြောင့် ဂျန်ဖန်း အပြစ်ရှိသလိုခံစားလိုက်ရသည်၊၊
ဤဆေးပင်တွေကို သူက ၉၀ ရာခိုင်နှုန်း ယူခဲ့ပေမယ့် သူမက တွန့်ဆုတ်မနေပဲ ချီးကျူးနေခဲ့သည်၊၊
သူကခေါင်းကုတ်လိုက်ပြီး ဝိညာဥ်နက်အရိုးလိမ်းဆေး ဖော်စပ်တာ အတော်လေးခက်ခဲတာ သတိရလိုက်သည်၊၊
စုချီနင်က ဆေးပင်ရှာဖို့တောင် ခက်ခဲနေတာ ဆေးတစ်စုံနှင့် အောင်အောင်မြင်မြင်ဆေးဖော်နိုင်ဖို့ ခက်ခဲလွန်း၏၊၊
ထားလိုက်ပါတော့, ကူညီပေးမှတော့ အဆုံးထိကူညီပေးရတာပေါ့----
အကြွေးပြန်ပေးတယ်လို့ပဲ သဘောထား လိုက်မယ်----
“စီနီယာအမစု, မင်းငါ့ကိုယုံရင် ငါ မင်းကို ဆေးဖော်စပ်ပေးမယ်----”
စုချီနင်မျက်လုံးတွေတောက်ပသွားသည်၊၊
သူမက ထိုအရာကို စိုးရိမ်နေခဲ့တာဖြစ်သည်၊၊
ဆေးပင်တွေစုဆောင်းပြီးပြီဖြစ်သော်လည်း သူမ ဆေးဖော်တာအောင်မြင်ဖို့က မသေချာပေ၊၊
“ယုံတာပေါ့၊ သေချာပေါက် ငါနင့်ကို ယုံပါတယ်----”
သူမက အလျှင်အမြန်ခေါင်းညိတ်လိုက်သည်၊၊
ထို့ကြောင့်
ဂျန်ဖန်း မီးမွေးလိုက်ပြီး ဆေးမီးဖိုတစ်လုံးနှင့် အရိုးလိမ်းဆေး စတင်ဖော်စပ်တော့၏၊၊
ခဏကြာပြီးနောက်----
မည်းနက်တောက်ပြောင်နေသည့် ကတ္တာရာစေလို လိမ်းဆေးခဲတစ်ခု စုချီနင် မြင်ကွင်းထဲပေါ်လာခဲ့သည်၊၊
သူမ မျက်မှောင်ကြုတ်သွားပြီ တိတ်တဆိတ် စဥ်းစားနေခဲ့သည်၊၊
“ဝိညာဥ်နက်အရိုးလိမ်းဆေးက အပြာရင့်ရောင်မဟုတ်ဘူးလား---”
“ဘယ်လိုလုပ်ပြီး ဂျူနီယာမောင်လေး လုပ်လိုက်တာ အနက်ရောင်ဖြစ်သွားတာလဲ---- ကျရှုံးသွားတာများလား----”
သို့ပေမယ့် သူကသူမကို စေတနာဖြင့် ကူညီတာဖြစ်၍ မဝေဖန်ချင်ပေ၊၊
သူမစိုးရိမ်စိတ်ကိုသာဖိနှိပ်ကာ ထိုအရာကို ကောက်ယူလိုက်ပြီး သူ့ကို ထပ်ခါထပ်ခါ ကျေးဇူးတင်လိုက်သည်၊၊
“ကျေးဇူးတင်ပါတယ်, ဂျူနီယာမောင်လေး----”
“ဒါနဲ့စကားမစပ်, ငါ နင့်ရဲ့ နာမည်နဲ့ တောင်ထိပ်ကို မသိရသေးဘူး၊၊ နောက်ကျရင် နင့်ကို ကျေးဇူးတင်ဖို့ အလည်လာလို့ရတာပေါ့----”
ဂျန်ဖန်း လက်ဝှေ့ယမ်းပြလိုက်သည်၊၊
“ငါနာမည်က ဂျန်ဖန်းပါ၊၊ တကူတကကြီး လာစရာမလိုပါဘူး----”
“ဘာလို့လဲဆိုတော့ ငါက တပည့်အသစ်တစ်ယောက်လေ၊၊ ခုထိ တောင်ထိပ်တစ်ခုကိုမှ မဝင်ရသေးဘူး----”
စုချီနင် ခေါင်းညိတ်လိုက်သည်၊၊
“အို့, ဒီတော့ နင်က ဂျူနီယာမောင်လေးဂျန်ပေါ့---”
သို့ပေမယ့် ခဏကြာတော့----
သူမအမူအရာ အေးခဲသွားခဲ့သည်၊၊
နေပါအုန်း----
သူက တပည့်အသစ်တစ်ယောက်လို့ ပြောလိုက်တာလား----