← Chapters

ဒါက ထိပ်တန်းအဆင့် အရိုးလိမ်းဆေးပေါ့

Vol. 6 Ch. 88

ဒါက ထိပ်တန်းအဆင့် အရိုးလိမ်းဆေးပေါ့

Vol. 6 Ch. 88

စုချီနင် မျက်လုံးအဝိုင်းသားဖြင့် သူမထက် ၂ နှစ်ငယ်သည့်ကောင်းလေးကို မျက်တောင်မခတ်ပဲ စိုက်ကြည့်နေခဲ့သည်၊၊

သူမက အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်သည်၊၊

“နင်က-- တပည့်အသစ်? ဒါဆို ခုထိ နင့်မှာ ဆရာမရှိသေးဘူးပေါ့----"

“ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ----”

ဂျန်ဖန်းက အဆင့်မြင့်ဆေးမြစ်တွေကို အလွန်ကျွမ်းကျင်စွာခူးနိုင်၏၊၊ ထိုအရာက ထိပ်တန်းအဆင့်ဆရာတစ်ယောက် မသင်ကြားပေးနှင့် ဘယ်လိုမှမဖြစ်နိုင်သည့်အရာဖြစ်သည်၊၊

ထို့ပြင် အစောပိုင်းအသုံးပြုသွားသည့် ဝိညာဥ်နက်အရိုးလိမ်းဆေး ဖော်စပ်နည်းကလည်း ထူးဆန်းရှုပ်ထွေးလှ၏၊၊

သူမနားမလည်သည့်အဆင့်ပေါင်းများစွာ ရှိနေခဲ့သည်၊၊

သူကထိုအရာကို ဆရာတစ်ယောက်၏ ညွှန်ကြားမှုမပါပဲနှင့် ပြုလုပ်ခဲ့သည်လား---

သူက ဆေးတောင်ထိပ်သခင်၏ လျို့ဝှက်တပည့်ပါလို့ပြောလျှင်တောင် သူမယုံမည်ပဲဖြစ်သည်၊၊

သို့ပေမယ့် ဂျန်ဖန်းက သူဟာ တပည့်အသစ်ပါလို့ အခိုင်အမာပြောနေခဲ့သည်၊၊

ဘယ်တုန်းကမှဆရာမရှိခဲ့ဖူးသည့် တပည့်အသစ်တစ်ယောက်ဖြစ်၏၊၊

ပွင့်ပွင့်လင်းလင်းပြောရလျှင် အကြီးအကဲတွခေါ်လာပြီး ရင်ပြင်မှာ ထားခဲ့သည့်တပည့်တွေက စွန့်ပစ်ခံရသည့် တပည့်တွေပဲဖြစ်သည်၊၊

သူတို့ထဲက ၉၉ ရာခိုင်နှုန်းက အနာဂတ်မှာ အပြင်စည်းတပည့်တွေပဲဖြစ်လာမည် ဖြစ်သည်၊၊

ဂျန်ဖန်းကဲ့သို့ထူးချွန်သည့် တစ်စုံတစ်ယောက်က ဘယ်လိုလုပ် ထိုကဲ့သို့ အဆုံးသတ်နိုင်မည်နည်း၊၊

သူမက အမှန်ကတယ်ပဲ အတွင်းကျကျသိချင်နေ၏၊၊

သို့ပေမယ့် အစောင့်ခေါင်းဆောင်၏ အသိပေးသံထွက်ပေါ်လာခဲ့သည်၊၊

“စုချီနင်, မင်း အချိန်ပြည့်ပြီ-----”

အကူအညီမဲ့စွာဖြင့် သူမထွက်ခွာသွားခဲ့သည်၊၊

ဂျန်ဖန်းလည်း ဆေးပင်ပေါင်းများစွာဖြင့် ထွက်ခွာသွားခဲ့သည်၊၊

စုချီနင်ရှင်းပြပြီးနောက် ဂျန်ဖန်း အဆင့်မြင့် ဆေးပင် ၉ ပေါင်ယူတာကို အစောင့်ခေါင်းဆောင် မနာလိုစွာနှင့်ပဲ သဘောတူလိုက်ရသည်၊၊

ဆေးဥယျာဥ်စောင့်သည့် အစောင့်ခေါင်းဆဆောင်တောင် တစ်နှစ်အတွင်း အဆင့်မြင့် ဆေးပင် ၉ ပေါင်မရပေ၊၊

စုချီနင် ဂျန်ဖန်းကို နှုတ်ဆက်ပြီး ဆေးတောင်ထိပ်ကို အလျှင်အမြန် ပြန်သွားလိုက်သည်၊၊

“နင် နောက်အကျဆုံးပဲ----”

ဆေးတောင်ထိပ်သခင် ဝမ်ဟုန်ယောင် ပြောလိုက်သည်၊၊ သူမက အသက် ၇၀ ကျော်ရှိသည့် အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ပြတ်သားသည့်စရိုက်နှင့် ခက်ထန်သည့် ပုံစံရှိ၏၊၊

သူမရှေ့၌ တပည့်မတစ်အုပ် ဒူးထောက်နေကြသည်၊၊

သူတို့၏အကဲဖြတ်မှုတွေအားလုံး ချွင်းချက်မရှိကျရှုံးခဲ့ကြ၏၊၊

စုချီနင် နောက်ဆုံးမှရောက်လာတာကို မြင်သည့်အခါ ဝမ်ဟုန်ယောင် ခပ်ဖွဖွ ဆူပူလိုက်၏၊၊

“အမြဲတမ်းနောက်ဆုံးပဲ----”

“ပြီးတော့ နင်တို့အားလုံး စပ်သပ်မှု မအောင်ကျဘူး----”

“ငါ ဘယ်လိုလုပ် ဒီလို အသုံးမကျတဲ့ တပည့်တွေကို လက်ခံနိုင်မှာလဲ----"

သူမဒေါသတကြီးဆူပူလိုက်သည့်အခါ စုချီနင် မျက်ရည်ဝဲလာခဲ့သည်၊၊ သူမက ဝမ်းနည်းစွာခေါင်းငုံ့ထားပြီး စကားတစ်ခွန်းမှ မပြောပေ၊၊

အခြားအမျိုးသမီးတပည့်တွေလည်း ခါးသီးသည့်အမူအရာတွေဖြစ်လာကြသည်၊၊

ထိုအရာက သူတို့ညံ့လို့မဟုတ်ပေ၊၊ သူတို့ ဆရာ၏ လိုအပ်ချက်က အရမ်းမြင့်လွန်းနေတာဖြစ်သည်၊၊

အကြိမ်တိုင်း စမ်းသပ်မှုတွေက သူတို့အသိညာဏ်တွေကိုကျော်လွန်နေပြီး စိတ်ပျက်အားငယ်ရစမြဲပဲဖြစ်သည်၊၊

တိမ်စိမ်းဂိုဏ်းကိုမလာခင် သူတို့က သူတို့မြို့အသီးသီး၌ ဆေးဖော်စပ်ပါရမီရှင် တွေဖြစ်ကြသည်၊၊ သို့ပေမယ့် ဝမ်ဟုန်ယောင်လက်အောက်၌ သူတို့က အသုံးမကျသည့်အမှိုက်တွေကဲ့သို့ ဖြစ်နေ၏၊၊

ဝမ်ဟုန်ယောင် မသနားပဲ ပိုလို့တောင် တင်းကျပ်လာခဲ့သည်၊၊

“ဘာလို့ ငိုနေတာလဲ-----”

“နင်က အကဲဖြတ်မှု ၉ ကြိမ်ဆက်တိုက် ကျရှုံးခဲ့တယ်---”

“ဒီတစ်ချိန်ပါ ထပ်ကျရှုံးရင် ၁၀ ကြိမ်မြောက်ပဲ၊၊ ငါ့စည်းမျဥ်းအရ နင် တစ်နှစ် တံခါးပိတ်ကျင့်ကြံရမယ်---”

“နင့်အကဲဖြတ်မှုရလဒ်တွေ ငါ့ကိုပြ----”

စုချီနင် ကြောက်ရွံ့မှုကြောင့် ချက်ချင်း တောင့်တင်းသွားခဲ့သည်၊၊

အချိန်အတော်ကြာတွဝေပြီး သူမက နောက်ဆုံးမှာတော့ ပုံမှန်မဟုတ်စွာ မဲနက်နေသည့် ဝိညာဥ်နက်အရိုးလိမ်းဆေးကို ထုတ်ယူလိုက်သည်၊၊

အမျိုးသမီးတပည့်တွေ ထိုအရာကိုမြင်သည့်အခါ သက်ပြင်းချလိုက်ကြသည်၊၊

“ဒါက သန့်စင်တာကျရှုံးသွားတာလား၊၊ ပုံမှန်ဆို အပြာရင့်ရောင်ဖြစ်သင့်တာမလား----”

“သွားပြီ, ဂျူနီယာညီမတော့ တစ်နှစ် တံခါးပိတ်ကျင့်ကြံရတော့မယ်၊၊ သူမက အရမ်းငယ်သေးတော့ ဒါကို ဘယ်လို ခံနိုင်မှာလဲ----”

ဝမ်ဟုန်ယောင် ထိုအရာကိုတင်းမာသည့် မျက်နှာဖြင့်ကြည့်လိုက်သည်၊၊

သို့ပေမယ့် မြင်လိုက်သည့်အခါ သူမအံ့အားသင့်သွားပြီး အလွန်လျှင်မြန်သည့် ခြေလှမ်းတွေဖြင့် လျှောက်လာလိုက်သည်၊၊

သူမက အရိုးလိမ်းဆေးလုံးကို ဆွဲယူပြီး လက်ဖဝါးထဲမှာ သေသေချာချာကြည့်လိုက်သည်၊၊

သူမ၏မှိန်နေသည့်မျက်လုံးတွေထဲ၌ အံ့သြသင့်သည့်အရိပ်အယောင်တွေ တဖြည်းဖြည်းပေါ်လာခဲ့သည်၊၊ သူမက အသက်ပြင်းပြင်းရှုလိုက်သည်၊၊

“ဒီလိုအဆင့်မြင့် အရိုလိမ်းဆေးကို သန့်စင်နိုင်တဲ့စွမ်းရည်က အံ့မခန်းပဲ----”

ဟမ်?----

ဒါက အရိုးလိမ်းဆေးလား----

အမျိုးသမီးတပည့်တွေ ပဟေဠိဖြစ်သွားကြသည်၊၊

စုချီနင်လည်း အံ့သြသွားပြီး ချက်ချင်း ပျော်ရွင်သွားခဲ့သည်၊၊

ထိုသို့ဆိုရင် သူမ အကဲဖြတ်မှု အောင်မြင်မည် မဟုတ်လား----

သို့ပေမယ့် သူမကို အံ့သြစွာနှင့်ပဲ ဝမ်းဟုန်ယောင်က ရုတ်တရက် ပြင်းထန်စွာ ဆူပူလိုက်၏၊၊

“နင်တော်တော်အတင့်ရဲတာပဲ၊၊ ခုချက်ချင်း ဒူးထောက်စမ်း----”

ထို ရုတ်တရက် အော်သံကြောင့် စုချီနင် ကြောက်လန့်သွားပြီး ချက်ချင်းဒူးထောက်လိုက်သည်၊၊

ဝမ်ဟုန်ယောင် ပိုလို့တောင် ဒေါသထွက်လာပြီး အော်ပြာလိုက်သည်၊၊

“နင့်မှာ ဒီလို စွမ်းရည်မျိုးရှိတယ်ပေါ့-----”

“နင့်အတွက် ဆေးသန့်စင်ပေးဖို့ ဒီလို စွမ်းအားကြီးတဲ့ပပုဂ္ဂိုလ်ကိုတောင် ဖိတ်ခေါ်လိုက်သေးတယ်----"

“ငါတောင် သူတို့ကို သန့်စင်ဖို့ မဖိတ်ခေါ်နိုင်ဘူး----”

ဘာ?----

ထိပ်တန်းအဆင့် ဝိညာဥ်နက်အရိုးလိမ်းဆေး----

စုချီနင်ကြောင်အသွားပြီး ပြောလိုက်သည်၊၊

“ဆရာ, နင်အထင်လွဲနေပြီ၊၊ ငါ ဘယ်စွမ်းအားကြီးပုဂ္ဂိုလ်မှ မဖိတ်ခေါ်ခဲ့ပါဘူး----”

ဝမ်ဟုန်ယောင် ပိုလို့တောင် ဒေါသထွက်လာခဲ့သည်၊၊

“ခုထိလိမ်နေသေးတုန်းလား----”

“ထိတ်တန်းအဆင့် ဝိညာဥ်နက်အရိုးလိမ်းဆေးက မသေးမျိုးနတ်ဆေးဆရာရဲ့ ထူးခြားတဲ့ ဆေးညွှန်းတစ်မျိုးပဲ၊၊ အဆင့်နိမ့်တစ်လုံး သန့်စင်ဖို့တောင် ခက်ခဲတယ်၊၊ ထိပ်တန်းအဆင့်ဆိုရင်တော့ ပြောမနေတော့----”

“ဒါက ကျွမ်ကျင်သူတစ်ယောက်ရဲ့ လက်ရာမဟုတ်ဘူးလား----”

“နင် လှည့်စားတဲ့တပည့်--- လှည့်စားရုံတင်မကဘူး လိမ်ပြီး ငြင်းလိုက်သေးတယ်၊၊ ငါ အခုချက်ချင်း နင့်ကို ဂိုဏ်းကနေ ထုတ်ပယ်မယ်----”

စုချီနင် ကြောက်လန့်တကြားဖြစ်သွားခဲ့သည်၊၊

ဂျူနီယာမောင်လေးတစ်ယောက်ကို ဆေးသန့်စင်ဖို့အကူအညီတောင်းတာ ဤမျှလောက်ထိ ဒုက္ခရောက်မည်ဟု သူမ ဘယ်တုန်းကမှ မမျှော်လင့်ထားပေ၊၊

သူမက အလျှင်အမြန်ပဲ ရှင်းပြလိုက်သည်၊၊

“ဆရာ, ငါ အလိမ်ပါဘူး----”

“ငါ ဘယ်ကျွမ်းကျင်သူမှ မဖိတ်ခေါ်ခဲ့ပါဘူး၊၊ ဂျူနီယာမောင်လေး တစ်ယောက်ကိုပဲ အကူအညီတောင်းခဲ့တာပါ----”

ဂျူနီယာမောင်လေးတစ်ယောက်?----

ဝမ်ဟုန်ယောင် စုချီနင်ကို အေးစက်စွာကြည့်လိုက်၏၊၊ လိမ်သည့်ပုံ မပေါ်တာကို မြင်သည့်အခါ သူမမျက်နှာက သံသယတွေနှင့် ပြည့်နှက်သွားခဲ့သည်၊၊

“အဲ့ဒါ ဂျူနီယာတစ်ယောက်ဆိုတာ သေချာလား? ငါတို့တိမ်စိမ်းဂိုဏ်းမှာ ဘယ်အချိန်တုန်းက ဒီလို့ပါရမီရှင် ဆေးဆရာတစ်ယောက်ရှိလာတာလဲ----”

“သူက ဘယ်တောင်ထိပ်ကလဲ၊၊ ပြီးတော့ သူ့ဆရာကကော ဘယ်သူလဲ----”

“ငါ သူနဲ့ လူချင်း တွေ့ချင်တယ်----”

သူမက ထိုအရာကို မယုံနိုင်ပေ၊၊

ဆေးတောင်ထိပ်သခင်တစ်ယောက် အနေဖြင့် သူမက အခြားတောင်ထိပ် တပည့်တစ်ယောက်ထက် ဆေးသန့်စင်တာထက် နိမ့်ကျမည်တဲ့လား----

ထိုကိစ္စသာပြန့်သွားလျှင် သူမက ဆေးတောင်ထိပ်သခင်အဖြစ် ဘယ်လို ဆက်နေရမည်နည်း၊၊

ထိုနေရာ သူ့ပေးလိုက်တာပဲ ပိုကောင်းမည်ဖြစ်သည်၊၊

သို့ပေမယ့် စုချီနင် အလျှင်အမြန်ပြန်ပြောလိုက်သည်၊၊

“မဟုတ်ဘူး ဆရာ, ဆရာ အထင်လွဲနေပြန်ပြီ---”

“သူက ဘယ်တောင်ထိပ်ကမှ မဟုတ်သလို ဆရာလည်းမရှိဘူး----”

ဘာ?----

ဤကဲ့သို့ပါရမီရှင်ဆေးဆရာတစ်ယောက်က ဆရာတောင်မရှိဘူးတဲ့လား-----

ထိုအရာက အလွန်ရယ်စရာကောင်း၏၊၊

အခြားတပည့်တစ်ယောက်သာ ဤကဲ့သို့အဓိပ္ပာယ်မရှိတာတွေပြောလျှင် ဝမ်ဟုန်ယောင် ပါးရိုက်ပစ်မည်ပဲဖြစ်သည်၊၊

သို့ပေမယ့် စုချီနင် သူမအားမလိမ်ရဲတာသိသည့်အတွက် ဝမ်ဟုန်ယောင် အံ့သြတုန်လှုပ်နေခဲ့သည်၊၊

“ပါရမီရှင်ဆေးသန့်စင်သူ တစ်ယောက်ကို အမြင်ကျဥ်းတဲ့အကြီးအကဲတစ်ယောက်က စွန့်ပစ်ပြီး ဂိုဏ်းရင်ပြင်မှာ ထားခဲ့တယ်၊ ဟုတ်လား----”

“ဒါငါတို့ ဆေးတောင်ထိပ်ကို ကောင်းကင်က အခွင့်အရေးပေးတာပဲ----”

“အဲ့လိုပါရမီရှင်တပည့်မျိုးနဲ့ ငါတို့ ဆေးတောင်ထိပ် အခြားတောင်ထိပ်တွေကို ကျော်တက်ဖို့ ဘာကိစ္စစိုးရိမ်နေရတော့မှာလဲ----”

သူမထိုအကြောင်းကိုတွေးလေလေ ပိုပြီး စိတ်လှုပ်ရှားလေလေဖြစ်သည်၊၊

ကြင်နာစွာပြုံးလိုက်ပြီး စုချီနင်ကို မတ်တပ်ရပ်ဖို့ ကူညီပေးလိုက်သည်၊၊

“ချီနင်, အဲ့ဒီဂျူနီယာရဲ့နာမည်က ဘာတဲ့လဲ၊၊ နင် သူ့အသွင်အပြင်ကိုကော မှတ်မိသေးလား----”

စုချီနင် အံ့သြပျော်ရွင်သွားပြီး ထပ်ခါထပ်ခါ ခေါင်းညိတ်လိုက်သည်၊၊

ဝမ်ဟုန်ယောင်မျက်လုံးတွေ တောက်ပလာခဲ့သည်၊၊

“ကောင်းတယ်, ကောင်းတယ်, ကောင်းတယ်--- မနက်ဖြန် တပည့်ရွေးသွားရင် နင်ငါနဲ့လိုက်ခဲ့----”

“ဘယ်လောက်ပဲ အရင်းအနှီးများများ ငါသူ့ကို ရအောင်ယူမယ်----”

ထိုစဥ်----

ဂျန်ဖန်းက သူ ဂိုဏ်းသခင်တောင်ထိပ် နှင့် ဆေးတောင်ထိပ်၏ ပစ်မှတ်ထားခံနေရပြီ ဆိုတာ လုံးဝမသိပေ၊၊ သူက မနက်ဖြန် တပည့်ရွေးချယ်မှုကို စိုးရိမ်နေဆဲ ဖြစ်သည်၊၊

သူသာ အတွင်းဂိုဏ်း မဝင်နိုင်လျှင် ယနေ့ကဲ့သို့ ဆေးဥယျာဥ်မှ ဆေးပင်တွေ နောက်ထပ်ရဖို့ ခက်ခဲမည်ပဲဖြစ်သည်၊၊

သူမှာရှိသည့် ပစ္စည်းတွေနှင့် သလင်းကျောက်တွေကုန်သွားရင် ဘာမှလုပ်မရတော့ပဲ ထိုင်ကြည့်နေရတော့မှာပဲဖြစ်သည်၊၊

ထို့ကြောင့် မနက်ဖြန်က သူ့ကံကြမ္မာကို အဆုံးအဖြတ်ပေးမည်ပဲဖြစ်သည်၊၊

အာရုံတက်ချိန်ထိ ကျင့်ကြံဖို့ ပြင်လိုက်စဥ်မှာပဲ----

ရုတ်တရက် လူအုပ်ထဲမှ အော်သံတွေ ထွက်ပေါ်လာခဲ့သည်၊၊

“အရမ်းလှတာပဲ----”

“ဒါ ဘယ်တောင်ထိပ်က အမျိုးသမီးတပည့်တွေလဲ--- တကယ့်ကို လှတယ်ကွာ----”

“ပြီးတော့ နှစ်ယောက်လုံးက အလှလေးတွေ----”

“တိုးတိုးနေကြ, အဲ့ဒီယူနီဖောင်းတွေက ကောင်းကင်တောင်ထိပ်ကပဲ၊၊ သူတို့ကို သွားမစတာကောင်းတယ်----”

သူတို့၏ အံ့အားသင့်နေသည့် အကြည့်အောက်မှာပဲ----

မိန်းခလေးနှစ်ယောက်က ရင်ပြင်ကိုလှည့်ပတ်ကြည့်နေပြီး နောက်ဆုံးမှာတော့ ကျောက်တိုင်အောက်မှာ ခြေချိတ်ထိုင်နေသည့် ဂျန်ဖန်းကို မြင်လိုက်ကြ၏၊၊

“ဖန်း---”

ရှုရို့ရန် စိတ်ပြာရောင်ဝတ်ရုံရည်ကို ဝတ်ဆင်ထားပြီး သွယ်လျကျစ်လစ်သည့် ခန္ဓာကိုယ်၊ ရင်သက်ရှုမောဖွယ် မျက်နှာလေးနှင့် လှမ်းခေါ်လိုက်၏၊၊

“ဂျန်ဖန်း---”

ချန်းစီလင်လည်း နှင်းကဲ့သို့ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ သန့်စင်နူးညံ့သည့်မျက်နှာလေးက နွေဦးကြာပန်းကဲ့သို့ပင်၊၊

သူမတို့မျက်လုံးတွေက တောက်ပနေပြီး ဂျန်ဖန်းဆီကို အပြေးလာလိုက်၏၊၊

“မင်းတို့ ဒီကို ဘာလို့လာတာလဲ----”

ဂျန်ဖန်း အံ့အားသင့်စွာဖြင့် မေးလိုက်သည်၊၊

ရှုရို့ရန် သူ့ရင်ခွင်ထဲ ပြေးဝင်သွားခဲ့သည်၊၊

သူတို့က တစ်ရက်သာခွဲခဲ့ရပေမယ့် သူမက နှစ်ပေါင်းများစွာကြာသလို ပြုမူနေပြီး နူးညံ့စွာပြောလိုက်သည်၊၊

“စီလင်နဲ့ငါ နင့်နဲ့အတူနေမလို့----”

ချန်းစီလင် ဂျန်ဖန်းဘေးကို ရှက်ရွံ့စွာဖြင့် လာလိုက်၏၊၊ ရှုရို့ရန်က ဂျန်ဖန်းရင်ခွင်ကို သိမ်းပိုက်ထားသဖြင့် သူမက သူ့လက်မောင်းကိုသာကိုင်ပြီး မှီလိုက်သည်၊၊

“မနက်ဖြန် ဘယ်လိုရလဒ်ပဲရရ, စီလင် အမြဲ နင်နဲ့နေမှာ----”

ဂျန်ဖန်း စိတ်လှုပ်ရှားသွားပြီး သူမကိုလည်း ပွေ့ဖက်လိုက်သည်၊၊

မြင်ကွင်းက ရှိနေသည့်တပည့်တွေ၏ စိတ်အာရုံကို ခြေမွသွားခဲ့သည်၊၊

သူတို့ အလွန်မနာလိုဖြစ်နေကြပြီး အံကြိတ်လိုက်ကြသည်၊၊

ထိုအရာကြောင့် သူတို့ကို ကာကွယ်ဖို့ လိုက်လာသည့် ကောင်းကင်ဓားတောင်ထိပ် တတိယစီနီယာအကိုဖြစ်သည့် ဒင်ဝမ်ပိုင် လည်း အကြီးအကျယ်မျက်မှောင်ကြုတ်သွားခဲ့သည်၊၊

သူက နောက်ဆုံးမှာမှ ကောင်းကင်ဓားတောင်ထိပ်၌ အလွန်လှပသည့် အမျိုးသမီးတပည့် အနည်းငယ်တွေ့ရတာဖြစ်သည်၊၊ သို့ပေမယ့် သူတောင် မလှုပ်ရှားရသေးပေ သူတို့ကို ဘာမှမဟုတ်သည့်အမှိုက်ကောင်က မသွားပြီဖြစ်သည်၊၊

“မင်းကဘယ်သူလဲ---- ကောင်းကင်ဓားတောင်ထိပ် အမျိုးသမီးတပည့်တွေနဲ့ ဘယ်လိုတောင် ပရောပရည်လုပ်ရဲရတာလဲ----”

All Chapters