အစစ်အမှန်တပည့်ကို ရိုက်နှက်ခြင်း
Vol. 6 Ch. 89
ထိုစကားကြားသည့်အခါ ဂျန်ဖန်း မော့ကြည့်လိုက်သည်၊၊
ထိုသူ၏အဝတ်အစားကိုမြင်သည့်အခါ ကောင်းကင်ဓားတောင်ထိပ်တပည့်ဆိုတာ သိလိုက်၏၊၊
သူ၏ပေါ်ပေါ်ထင်ထင် ရန်လိုမှုကြောင့် ဂျန်ဖန်း မျက်မှောင်ကြုတ်သွားသည်၊၊
မည်သည့်ယဥ်ကျေးမှုမှထားမနေပဲ သူက ပြောလိုက်သည်၊၊
“ရို့ရန်, စီလင် ငါဘယ်သူလဲဆိုတာ ပြောပြလိုက်----”
“ဒါမှ သူစကားများတာရပ်သွားမှာ----”
ရှုရို့ရန် အသစ်ရောက်လာသူအား လက်ချင်းယှက်ကာပြောလိုက်သည်၊၊
“စီနီယာအကိုဒင်း, ဒါက ကျွန်မသတို့သား ဂျန်ဖန်းပါ----”
ချန်းစီလင်က ရှုရို့ရန်လောက် မနူးညံ့ပေ၊၊ သူမက အေးစက်စွာကြည့်လိုက်ပြီး ပြောလိုက်သည်၊၊
“ငါက ဂျန်ဖန်း ကိုယ်လုပ်တော်ပဲ၊၊ ဒါ စီနီယာအကိုဒင်းနဲ့ဘာမှမဆိုင်ဘူး၊၊ ကျေးဇူးပြုပြီး ကျွန်မတို့တွေ့ဆုံတာကို မနှောင့်ယှက်ပါနဲ့-----”
ဘာ?----
ဒင်းဝမ်ပိုင် မယုံကြည်နိုင်ဖြစ်သွားခဲ့သည်၊၊
ရှုရို့ရန်လို အလွန်လှပပြီး ထိပ်တန်းအဆင့် ၇ စိတ်ဝိညာဥ်အမြစ်ရှိသည့်ပါရမီရှင်က ထိုအမှိုက်ကောင်နှင့် စေ့စပ်ထားသည်လား၊၊
ဒါကိစ္စမရှိသေးပေ၊၊ သို့ပေမယ့် ချန်းစီလင်လို အဆင့် ၆စိတ်ဝိညာဥ်အမြစ်နှင့် ထိပ်တန်းအလှလေးက ထိုကောင်၏ ကိုယ်လုပ်တော်တဲ့လား----
ထို့ပြင် သူမအမူအရာကြည့်ရတာ အရမ်းကျေနပ်နေပုံပေါ်၏၊၊
ဘာကြောင့် သူလို ကောင်းကင်ဓားတောင်ထိပ် တတိယစီနီယာအကို၊ တတိယစစ်မှန်တပည့်က ထိုကဲ့သို့ လှပပြီးပါရမီရှိသည့် မိန်းခလေးနှစ်ယောက်ကို ပိုင်ဆိုင်ဖို့ ကံမကောင်းရသနည်း၊၊
ဂျန်ဖန်းဆိုတာ ဘာကောင်လဲ?---
သူကမျက်မှောင်ကြုတ်လိုက်ပြီး အသံနက်နက်ဖြင့်ပြောလိုက်သည်၊၊
“ဂျူနီယာညီမတို့ စနောက်မနေပါနဲ့----”
“ဒီလိုအနာဂတ်မရှိတဲ့လူတစ်ယောက်နဲ့ အတူတူနေတာ မင်းတို့ဘဝကို နစ်မွန်းသွားစေလိမ့်မယ်----”
“ငါနဲ့ပြန်လိုက်ခဲ့ပါ၊၊ ငါမင်းတို့ကို ငါတို့တောင်ထိပ်ရဲ့ဓားသိုင်း ကိုယ်တိုင်ကိုယ်ကျသင်ပေးမယ်----”
ပြောနေစဥ် သူက တိုက်ရိုက်လက်လှမ်းလိုက်၏၊၊
လက်နှစ်ဖက်လုံးဆန့်ထုတ်ပြီး သူတို့၏ သင်းပျံ့သည့်ပခုံးလေးတွေကို ဆွဲကိုင်ဖို့ ကြိုးစားလိုက်၏၊၊
ဂျန်ဖန်းမျက်လုံးတွေ အေးစက်သွား၏၊၊
ရှုရို့ရန်နှင့် ချန်းစီလင်က ရှင်းရှင်းလင်းလင်း ပြောပြီးတာတောင် သူက လက်မလျော့ချင်သေးပေ၊၊
ပိုဆိုးတာက ကိုယ်ထိလက်ရောက်အသားယူချင်နေတာပဲဖြစ်သည်၊၊
သူက ပြတ်ပြတ်သားသား လုပ်ဆောင်လိုက်ပြီး တုန်လှုပ်ခြင်းနဂါးလက်ဝါးကို ထုတ်ဖော်လိုက်သည်၊၊
ဒင်းဝမ်ပိုင်ဒေါသတကြီး ရယ်လိုက်၏၊၊
“မင်းကိုယ်မင်းဘာထင်နေတာလဲ၊၊ စစ်မှန်တပည့်ကိုတောင် တိုက်ခိုက်ရဲတယ်-----”
သူက ဂျန်ဖန်း တိုက်ခိုက်မှာကို စောင့်နေတာပဲဖြစ်သည်၊၊
မိန်းမလှလေးနှစ်ယောက်ရှေ့မှာ ထိုကောင့်ကို ပြင်းပြင်းထန်ထန်အပြစ်ပေးပြီး သူမတို့သတို့သားလောင်း ဘယ်လောက် အသုံးမကျလဲဆိုတာ ပြသပေးရမည်ဖြစ်သည်၊၊
ထို့ကြောင့် သူက စိတ်လှုပ်ရှားစွာဖြင့် လက်ဝါးချက်ကို လက်ခံလိုက်၏၊၊
တပည့်အသစ်တစ်ယောက်ကို ကိုင်တွယ်တာ သူ့လို စစ်မှန်တပည့်တစ်ယောက်အတွက် အလွယ်လေးပဲဖြစ်သည်၊၊
သို့ပေမယ့်----
တိုက်ခိုက်မှုတွေတွေ့ဆုံသွားသည်နှင့် သာမန်မဟုတ်စွာ လွမ်းမိုးနိုင်စွမ်းရှိသည့် လက်ဝါးစွမ်းအားကို ဒင်းဝမ်ပိုင်ခံစားလိုက်ရသည်၊၊
သူက ခွန်အားအပြည့်ဖြင့် ခုခံဖို့ကြိုးစားလိုက်ချိန်မှာတော့ နောက်ကျလွန်သွားပြီဖြစ်သည်၊၊
သူက တုန်ခါလွင့်စင်သွားပြီး မြေပြင်ပေါ်သို့ ရှက်စရာကောင်းစွာ လဲကျသွားခဲ့သည်၊၊
ပတ်ဝန်းကျင်ကတပည့်တွေ အံ့အားသင့်သွားကြသည်၊၊
ပုံမှန်ဆိုရင် စီနီယာတပည့်တွေက တပည့်အသစ်တွေကို အနိုင်ကျင့်ကြတာ ဖြစ်သည်၊၊
တပည့်အသစ်က စီနီယာတပည့်တစ်ယောက်ကို အနိုင်ကျင့်တာာ ဤအရာပထမဆုံးအကြိမ်ဖြစ်သည်၊၊
“တော်တော်ထူးဆန်းတဲ့မြင်ကွင်းပဲ---”
“သူတို့ ကောင်းကင်ဓားတောင်ထိပ်က တပည့်တွေကို လာမစနဲ့လို့ ပြောကြတယ်မလား-----”
“သူက တကယ်ပဲ စစ်မှန်တပည့်တစ်ယောက်ကောဟုတ်ရဲ့လား၊၊ တော်တော်အားနည်းတာပဲ-----"
ဒင်ဝမ်ပိုင် အတိုင်းအဆမရှိ စော်ကားမှုကို ခံစားလိုက်ရသည်၊၊
စစ်မှန်တပည့်တစ်ယောက်ဖြစ်သည့်သူက တပည့်အသစ် ရိုက်တာကို ခံရ၏၊၊
ထိုသတင်းသာပြန့်သွားရင် သူ့မျက်နှာရှိပါအုန်းမလား----
“ဂျန်ဖန်း, မင်းက သေချင်နေတာပဲ---”
ဒင်ဝမ်ပိုင် သူ့ဓားရှည်ကို ဆွဲထုတ်လိုက်၏၊၊
“ဒူးထောက်ပြီး တောင်းပန်စမ်း----”
“မဟုတ်ရင်----”
ဂျန်ဖန်း အမျိုးသမီနှစ်ယောက်ကို ဘေးနားဖယ်လိုက်ပြီး နောက်ကျောက ဓားရိုးကိုဆုပ်ကိုင်ပြီး အကြည့်တွေက အေးစက်နေခဲ့သည်၊၊
“ငါ့ကိုခြိမ်းခြောက်တယ်ပေါ့၊၊ မင်းက အဆင့်မမှီသေးဘူး-----”
ပုံမှန်အားဖြင့် သည်းခံတာ ကောင်း၏၊၊
သို့ပေမယ့် အကန့်အသတ်ထိ အနိုင့်ကျင့်လာရင်တော့ ဆက်ပြီးသည်းခံတာ သူရဲဘောကြောင်တာပဲ ဖြစ်သည်၊၊
အစွယ်ထုတ်ပြရမည့်အချိန်ရောက်လျှင် သူက ယဥ်ကျေးနေတော့မည်မဟုတ်ပေ၊၊
ဒင်းဝမ်ပိုင် အလွန်အမင်း ဒေါသထွက်သွားခဲ့သည်၊၊
ဂျန်ဖန်းက စစ်မှန်တပည့်ဖြစ်သည့် သူ့ကို လုံးဝ ဂရုမစိုက်ပေ၊၊
သူက ဒေါသတကြီး နှာမှုတ်လိုက်ပြီး သူ့ဓားနှင့်အတူပြေးဝင်လာခဲ့သည်၊၊
“ငါမင်းကို သင်ခန်းစာပေးမှရမယ်၊၊ တိမ်စိမ်းဂိုဏ်းဆိုတာဘာလဲ၊ စကားပြောဖို့ ဘာကိုမှီခိုရလဲဆိုတာ မင်းသိသွားစေရမယ်----”
ခွန်အားမရှိဘဲနှင့် တိမ်စိမ်းဂိုဏ်းမှာ လာမောက်မာနေလျှင် ဆိုးဆိုးဝါးဝါး အဆုံးသတ်သွားမည်ပဲဖြစ်သည်၊၊
စီနီယာတပည့်တွေက ဂျန်ဖန်းကို သနားဖွယ် ကြည့်လိုက်သည်၊၊
ဂျန်ဖန်း လုံးဝ ကြောက်မသွားပေ၊၊
ခရမ်းဓားကိုဆုပ်ကိုင်ပြီး အချိန်မရွေး တိုက်ခိုက်ဖို့ အသင့်ဖြစ်နေခဲ့သည်၊၊
သို့ပေမယ့် ထိုအခိုက်အတန့်၌-----
ကျယ်လောင်သည့်အသံတစ်ခုက ဆူပူကြိမ်းမောင်းလိုက်၏၊၊
“ကောင်းကင်ဓားတောင်ထိပ်တပည့်, မင်း ဆုပေးဒဏ်ပေးခန်းမကို သွားချင်နေတယ်ထင်တယ်၊၊ ဒီရင်ပြင်မှာ တိုက်ခိုက်မှုတွေကို ကန့်သတ်ထားတာ မသိဘူးလား----”
ထိုအရာက ရင်ပြင်ကိုကင်းလှည့်နေသည့် အစောင့်ခေါင်းဆောင်တစ်ယောက်က ဆူညံသံကိုကြားပြီး ချက်ချင်းတားဆီးလိုက်တာပဲဖြစ်သည်၊၊
ထိုအရာကို ကြားသည့်အခါ ဒင်ဝမ်ပိုင် မျက်နှာ ပြောင်းလဲသွားခဲ့သည်၊၊
ဆန္ဒမရှိစွာဖြင့်ဂျန်ဖန်းကိုစိုက်ကြည့်ပြီး သူ့ဓားကိုပြန်သိမ်းလိုက်သည်၊၊ ထို့နောက် ချည်းကပ်လာသည့် အစောင့်ခေါင်းဆောင်ကို မျက်နှာချင်းဆိုင်လိုက်သည်၊၊
“အစောင့်ပိုင်, ငါက သူ့ကို ခြောက်လန့်ရုံပါ---”
အစောင့်ပိုင် သူ့ကို တင်းမာစွာ စိုက်ကြည့်လိုက်သည်၊၊
သူက ကောင်းကင်ဓားတောင်ထိပ်၏ စစ်မှန်တပည့်ဆိုတာ သိသည့်အခါ အကျယ်မချဲ့တော့ပဲ နှာမှုတ်လိုက်သည်၊၊
“ညဈေးတန်းက စနေပြီ၊၊ မင်းအပြစ်ပေးမခံချင်ရင် ဆင်ဆင်ခြင်ခြင် နေပါ----”
ပြောပြီးနောက် သူအဖွဲနှင့်အတူ ကင်းလှည့်ဖို့ ထွက်ခွာသွားခဲ့သည်၊၊
ဒင်ဝမ်ပိုင် လက်သီးဆုပ်လိုက်ပြီး တံတွေးထွေးလိုက်သည်၊၊
“တကယ့်အချိန်မှကွာ----”
“နည်းနည်းနောက်ကျမှလာလို့ မရဘူးလား-----”
အမှန်တကယ်တော့ ရင်ပြင်မှာသာမက တောင်ကိုးလုံးနှင့် တိမ်စိမ်းမြို့အပြင်ဘက်မှာပါ တိုက်ခိုက်မှုတွေကို ခွင့်ပြုမထားပေ၊၊
မိလျှင် အပြင်းအထန် အပြစ်ပေးခံရမည် ဖြစ်သည်၊၊
သို့ပေမယ့် သူက စစ်မှန်တပည့်ဖြစ်၏၊၊
အမှန်တကယ်ဂျန်ဖန်းကို ရိုက်လျှင်တောင် ဂိုဏ်းက လီချင်ဖုန်းမလိုချင်လို့စွန့်ပစ်ထားသည့်အမှိုက်ကောင်ထက် သူ့လိုထိပ်တန်းတပည့်ကို အပြစ်ပေးမည်တဲ့လား-----
“မင်း ဒီနေ့ကံကောင်းသွားတယ်----”
ဒင်ဝမ်ပိုင် ကြမ်တမ်းစွာပြောလိုက်သည်၊၊
ဂျန်ဖန်း ဓားရိုးကိုလွတ်လိုက်ပြီး ဒင်းဝမ်ပိုင်ကို အေးစက်စွာစိုက်ကြည့်လိုက်သည်၊၊
“ကံကောင်းသွားတာမင်း----”
ထိုအခိုက်အတန့်၌----
ရုတ်တရက် တောင်ထိပ် ၁၀ ခုမှ တပည့်တွေ မီးအိမ်တွေကိုင်ကာ ဆင်းလာကြ၏၊၊ ထို့နောက် ရင်ပြင်မှာ ဆိုင်ခန်းငယ်လေးတွေ ဖွင့်လိုက်ကြပြီး အမျိုးမျိုးသော ပစ္စည်းတွေကို ခင်းကျင်းပြသကြသည်၊၊
စွန့်စားခန်းတွေမှာရှာတွေ့ခဲ့သည့် ကောင်းကင်နှင့်မြေကြီးရတနာတွေ၊ သူတို့ပြုလုပ်ထားသည့် အဆင့်နိမ့် မှော်ရတနာတွေပါဝင်တာဖြစ်သည်၊၊ အချို့အားကောင်းသည့်အတွင်းစည်းတပည့်တွေက သူတို့၏ ကျင့်ကြံရေးအသိအမြင်တွေကို ရောင်းချနေကြသည်၊၊
တောက်ပသည့်ပစ္စည်းတွေအများအပြား ရှိပြီး ရှုရို့ရန်နှင့် ချန်းစီလင်တို့ စူးစမ်းလိုသည့် အမူအရာတွေပြသလာကြသည်၊၊
အမျိုးသမီးတစ်ဦး၏ ဈေးဝယ်ဝါသနာက ထင်ရှားစွာပေါ်လွင်နေခဲ့သည်၊၊
ထိုအရာကိုမြင်သည့်အခါ ဂျန်ဖန်းရယ်ပြီး ပြောလိုက်သည်၊၊
“သွားကြစို့--- လျှောက်ပတ်ကြည့်ပြီး မင်းတို့ကြိုက်တာဝယ်ပေးမယ်----”
သူတို့နှစ်ယောက်နှင့်စေ့စပ်ပြီးကတည်းက သေသေချာချာလက်ဆောင် မပေးရသေးပေ၊၊
ယခုက သူမတို့နှစ်ယောက်ကို လက်ဆောင်ဝယ်ပေးဖို့ အသင့်တော်ဆုံး အချိန်ပဲဖြစ်သည်၊၊
မိန်းခလေးနှစ်ယောက် မျှော်လင့်တကြီး ကြည့်လိုက်ကြသည်၊၊
လက်ဆောင်ကအရေးမကြီးပေ၊၊ ဘယ်သူပေးလဲဆိုတာက အရေးကြီးဆုံးဖြစ်သည်၊၊
“ရေတွင်းထဲက ဖားပဲ၊၊ တိမ်စိမ်းဂိုဏ်းညဈေးမှာ ရွှေတွေ၊ ငွေတွေ သုံးလို့ရတယ်များထင်နေတာလား----”
ဒင်ဝမ်ပိုင်ရယ်လိုက်၏၊၊
“သလင်းကျောက်နဲ့မှရတာကွ၊၊ သလင်းကျောက်နဲ့မှရတာ---- မင်းမှာရှိလို့လား----”
“ဝယ်မယ်လေးဘာလေးနဲ့ လေကြီးလေကျယ်တွေ လျှောက်ပြောနေတယ်----”
ရှုရို့ရန် အလျှင်အမြန်ပြောလိုက်သည်၊၊
“ထားလိုက်ပါတော့ဖန်း--- ငါမကြည့်ချင်တော့ဘူး----”
ချန်းစီလင်လည်း သူမခေါင်းကို ညင်သာစွာ ခါယမ်းလိုက်သည်၊၊
“ငါလစဥ်ရတဲ့ သလင်းကျောက်တစ်ရာရရင် နင့်ကို ဝယ်ပေးမယ်----”
ဂျန်ဖန်း ပြုံးလိုက်၏၊၊
သူက ရှုဂန်းလီဆီမှရသည့် သလင်းကျောက် တစ်တောင်ကို ဘယ်နားသုံးရမလဲ စိုးရိမ်နေတာဖြစ်သည်၊၊
“သွားမယ်, စိတ်ကြိုက်သာဝယ်ကြ၊၊ ငါမှာ သလင်းကျောက်တွေ အများကြီးရှိပါတယ်----”
သူက သူမတို့ပခုံးတွေကိုဖက်ကာ ညဈေးတန်းကို သွားလိုက်သည်၊၊
ဒင်းဝမ်ပိုင် ရယ်လိုက်၏၊၊
“ချမ်းသာသလို ဟန်ဆောင်နေတယ်----”
“ဂျူနီယာညီမတို့ မင်းတို့ကြိုက်တာမှန်သမျှ စီနီယာအကိုကြီးရှင်းပေးမယ်----”
“မင်းတို့ရဲ့ အသုံးမကျတဲ့သတို့သားက စကားနဲ့ပဲ ချော့တတ်တာ---”
အမျိုးသမီးနှစ်ယောက်က သူ့ကို ဒေါသတကြီးစိုက်ကြည့်လိုက်ပြီး အတော်လေး စိတ်တိုသွားခဲ့သည်၊၊
ရုတ်တရက်----
ရှုရို့ရန်က အလယ်အလတ်အဆင့် မှော်ရတနာ အစိမ်းရောင်ဓားရှည်တစ်ချောင်းကို မထင်မှတ်ပဲတွေ့လိုက်သည်၊၊
ဓားကိုယ်ထည်က တောက်ပပြီး ရိုးစင်းစွာ ပုံပေါ်ထား၏၊၊
အဆင့်ပဲဖြစ်ဖြစ် အသွင်အပြင်ပဲဖြစ်ဖြစ် ကောင်းကင်ဓားတောင်ထိပ်က ခွဲဝေပေးသည့် ဓားတွေထက် များစွာပိုကောင်း၏၊၊
အရေးကြီးဆုံးကတော့ ဆိုင်ပိုင်ရှင် အစိမ်းရောင်ဓားကိုလွဲယမ်းနေစဥ် ၎င်းမှထုတ်ပေးသည့် အစိမ်းရောင်အလင်းတန်းက အရေးကြီးသည့်အခိုက်အတန့်မှာ ရန်သူ့အမြင်ကိုဝေဝါးသွားဖို့ လုံလောက်၏၊၊
တစ်ခဏကြာ သူမက မနေနိုင်ပဲ အနည်းငယ် ထပ်ကြည့်လိုက်သည်၊၊
ဒင်ဝမ်ပိုင် သတိထားမိလိုက်ပြီး စိတ်အားထက်သန်စွာပြောလိုက်သည်၊၊
“ဂျူနီယာညီမ, ဒီဓားကိုကြိုက်လို့လား၊၊ ကောင်းပြီလေ, စီနီယာအကို ဝယ်ပေးမယ်----”
ထို့နောက် သူက ဆိုင်ရှင်ကို ဈေးမေးလိုက်သည်၊၊
“ဒီဓားက ဘယ်လောက်လဲ-----”
ဆိုင်ရှင်က ဦးထုတ်ဆောင်းထားပြီး အထောက်အထားကို ဖုံးကွယ်ထားခဲ့သည်၊၊
“သလင်းကျောက်တုံး နှစ်ရာ-----”
ဘယ်လောက်?-----
ဒင်ဝမ်ပိုင် အံ့အားသင့်သွားခဲ့သည်၊၊
“အလယ်အလတ်အဆင့် မှော်ရတနာတစ်ခုက အများဆုံးမှ သလင်းကျောက် ၅၀ ပဲတန်တာ၊၊ ဘာလို့ ၂၀၀ ဖြစ်နေရတာလဲ-----”
အစစ်အမှန်တပည့်တစ်ယောက်အနေဖြင့် သူက တိမ်စိမ်းဂိုဏ်းမှ လစဥ် သလင်းကျောက်တစ်ရာသာ ရရှိ၏၊၊
ရှုရို့ရန်စိတ်ကျေနပ်စေဖို့ နှစ်ရာ သုံးဖို့က သူမတတ်နိုင်ပေ၊၊
ဆိုင်ရှင်က မော့မကြည့်ပဲ ခက်ထန်စွာပြောလိုက်သည်၊၊
“ဝယ်ချင်ရင်ဝယ်, မဟုတ်ရင်သွားတော့----”
ဒင်ဝမ်ပိုင် ဤကဲ့သို့ဆက်ဆံခံရတာနှင့် ကျင့်သားမရပဲ အော်ပြောလိုက်သည်၊၊
“ငါက ကောင်းကင်ဓားတောင်ထိပ်က ဒင်းဝမ်ပိုင်၊၊ မင်းခုနကပြောတာ ပြန်ပြောစမ်း----”
မမျှော်လင့်စွာနှင့် ဆိုင်ရှင်က လှောင်ပြောင်လိုက်၏၊၊
“မင်းဘာမင်းဘာကြီးပဲဖြစ်ဖြစ်, ပိုက်ဆံမရှိရင် ထွက်သွားလိုက်တော့----”
ဒင်းဝမ်ပိုင် အံကြိတ်လိုက်သည်၊၊
အမျိုးသမီးနှစ်ယောက်ရှေ့၌ အရှက်ကွဲရသည့်အပြင် ညဈေးတန်းမှာဖြစ်၍ တိုက်ခိုက်လို့လဲမရပေ၊၊
သူက ဒေါသတကြီး ဂျန်ဖန်းဖက်ကို လှည့်လိုက်သည်၊၊
ဂျန်ဖန်း စနောက်သည့်အပြုံး ပြုံးလိုက်သည်၊၊
ဒေါသထွက်နေတဲ့ ဒင်းဝမ်ပိုင်ပြောလိုက်သည်၊၊
“မင်းကြိုက်သလောက်ရယ်စမ်းပါ၊၊ ကြည့်ရတာ မင်းမှာဒါဝယ်ဖို့ ပိုက်ဆံအလုံအလောက်ရှိတယ်နဲ့တူတယ်---”
ဂျန်ဖန်း ပခုံးတွန့်လိုက်သည်၊၊
အလယ်အလတ်အဆင့် သလင်းကျောက်တုံး နှစ်ဆယ်ကို အိတ်ကပ်ထဲက ထုတ်ယူပြီး ဆိုင်ရှင်ကို ပစ်ပေးလိုက်သည်၊၊
“ဒီဓား ငါယူမယ်----”