အံ့အားသင့်ဖွယ်ဓားသိုင်း
Vol. 6 Ch. 90
“အလယ်အလတ်အဆင့်သလင်းကျောက်တုံး?----”
ဆိုင်ရှင်ခဏကြောင်အနေပြီးနောက် ပျော်ရွင်စွာရယ်မောလိုက်သည်၊၊
“ဒီဓားကမင်းဟာပဲ----”
သူက အစိမ်းရောင်ဓားကို ဂျန်ဖန်းဆီ ပစ်ပေးလိုက်သည်၊၊
ထို့နောက် အလယ်အလတ်အဆင့် သလင်းကျောက်တုံးတွေကို ပျော်ရွင်စွာယူပြီး ပြောလိုက်သည်၊၊
“ဒီအချိန်မှာ အလယ်အလတ်အဆင့် သလင်းကျောက်သုံးပြီး ပစ္စည်းဝယ်တဲ့ လူတွေက ချမ်းသာတဲ့လူတွေ ဒါမှမဟုတ် အထက်တန်းစားတွေပဲ၊၊”
“ဒီကဂျူနီယာညီလေးက တကယ် ရက်ရောတာပဲ----”
“အချို့ တပည့်အဟောင်းတွေနဲ့မတူဘူး၊၊ ဆင်းကလဲဆင်းရဲသေး, မောက်ကလည်း မောက်မာသေးနဲ့----”
ဒင်းဝမ်ပိုင်မျက်နှာ ဒေါသကြောင့် နီရဲသွားခဲ့သည်၊၊
အသစ်ရောက်လာသည့် ဂျန်ဖန်း၌ ဤလောက်များသည့် သလင်းကျောက်ရှိမယ်လို့ သူဘယ်တုန်းကမှ မမျှော်လင့်ထားပေ၊၊
ထို့ပြင် ဈေးကွက်မှာတွေ့ရခဲသည့် အလယ်အလတ်အဆင့် သလင်ကျောက်တုံးတွေဖြစ်၏၊၊
ထိပ်တန်းအဆင့် သလင်ကျောက်တစ်ခုကို အလယ်အလတ်အဆင့် သလင်းကျောက် ၁၀ ခုနှင့်လဲလှယ်နိုင်ပီး အလယ်အလတ်အဆင့် သလင်းကျောက်တစ်ခုကို အဆင့်နိမ့် သလင်းကျောက် ၁၀ ခုနှင့် လဲလှယ်နိုင်တာပဲဖြစ်သည်၊၊
သို့ပေမယ့် အလယ်အလတ်အဆင့်နှင့် အဆင့်မြင့် သလင်းကျောက်တွေက စိတ်ဝိညာဥ်စွမ်းအင် ပိုများပြီး သိုင်းပညာရှင်တွေ များသောအားဖြင့် ကျင့်ကြံရေးတွင်းအသုံးပြုကြ၏၊၊
အလယ်အလတ်အဆင့် သလင်းကျောက်ကို အဆင့်နိမ့်သလင်းကျောက်ဖြင့် လဲလှယ်ချင်သူ အနည်းငယ်သာရှိသည်၊၊
၎င်းတို့ကို ငွေးကြေးအဖြစ်အသုံးပြုသူက ပိုလို့တောင်နည်း၏၊၊
လှောင်ပြောင်သည့်အသံဖြင့် ဒင်းဝမ်ပိုင် ပြောလိုက်သည်၊၊
“ရက်ရောတယ်တဲ့လား---- အရူးပါကွာ----”
“သလင်းကျောက် ၅၀ ပဲတန်တဲ့ မှော်ရတနာတစ်ခုကို ၂၀၀ ပေးဝယ်တယ်၊၊ သက်သက်ပိုက်ဆံဖြုန်းနေတာ----”
ဂျန်ဖန်း လှောင်ပြုံးပြုံးလိုက်၏၊၊
“မင်းမှာပိုက်ဆံမရှိရင် ရိုးရိုးသားသားဝန်ခံ လိုက်စမ်းပါ၊၊ မချိမခံဖြစ်နေတာ ဘာအဓိပ္ပာယ်ရှိလို့လဲ----”
“ဒါက အစိမ်းရောင်အလင်းတန်း အနည်းငယ်ပဲထုတ်ပေးနိုင်တဲ့ မှော်ရတနာလို့ တကယ်ကြီး မင်းကထင်နေတာလား---”
ခဏလေးသာဖြစ်သော်လည်း ဂျန်ဖန်း ထိုဓား၏အစွမ်းထက်တဲ့အသွင်အပြင်ကို သတိထားမိလိုက်သည်၊၊
“ရို့ရန်, သေသေချာချာကြည့်----”
သူက အစိမ်းရောင်ဓားကို ဆုပ်ကိုင်လိုက်ပြီး နေရာမှာပဲ “ကြယ်ခုနှစ်စင်းဓားသိုင်း”ကို သရုပ်ဖော်ပြသလိုက်၏၊၊
ပြသနေစဥ်အတောအတွင်း အစိမ်းရောင်ဓားက အစိမ်းရောင်အလင်းတန်းတွေ အဆက်မပြတ်ထုတ်လွတ်နေခဲ့သည်၊၊
၎င်း အစိမ်းရောင်အလင်းတန်းတွေ ပမာဏတစ်ခုထိရောက်သွားသည့်အခါ----
ဓားချက်ထုတ်ဖော်လိုက်သည်နှင့် အစိမ်းရောင်အလင်းတန်းများစွာက ဓားထိပ်ဖျား၏ဦးတည်ချက်အတိုင်းလိုက်ပါလာပြီး ရှေ့ဘက်ကိုထိမှန်ကာ ပေါက်ကွဲမှုအသေးစားလေးတွေ ဖြစ်ပေါ်စေ၏၊၊
ရှုရို့ရန် အံ့အားသင့်စွာဖြင့် သူမပါးစပ်ကို ကာလိုက်သည်၊၊
“ဓားကထုတ်တဲ့ အစိမ်းရောင်အလင်းတန်းက ရန်သူကို တိုက်ခိုက်နိုင်တာလား?----”
ဂျန်ဖန်း အနည်းငယ်ခေါင်းညိတ်လိုက်သည်၊၊
“ဒါတင် မဟုတ်သေးဘူး၊၊ ဒီအစိမ်းရောင်အလင်းတန်းတွေက လော့ချထားသလိုမျိုး အဆက်မပြတ် လိုက်လံတိုက်ခိုက်နိုင်ပြီး ပြိုင်ဘက်ကို အတော်လေး ဒုက္ခပေးနိုင်တယ်----"
“အစစ်အမှန်တိုက်ပွဲမှာ ဒါက နတ်ဘုရားလက်နက်တစ်ခုပဲ----”
ဖြောင်း! ဖြောင်း! ဖြောင်း!
ဆိုင်ရှင်လက်ခုပ်တီးလိုက်ပြီး ဂျန်ဖန်းကို သဘောကျစွာကြည့်လိုက်သည်၊၊
“ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်ထက်မြက်တဲ့ အမြင်မျိုးရှိတယ်-----”
“ပြီးတော့ ဓားသိုင်းကလည်း အတော်လေးထူးခြားတယ်----”
“မင်းသုံးလိုက်တဲ့ဓားသိုင်းက အရမ်းကြီး အဆင့်မမြင့်ပေမယ့် မင်းက အနှစ်သာရကို အပြည့်အဝဆုပ်ကိုင်ထားနိုင်တယ်----”
“ငါတို့တောင်ထိပ်က တပည့်ဟောင်းအများစုတောင် ဓားပညာမှာ မင်းလောက် နက်နက်ရိုင်းရိုင်း နားမလည်နိုင်ဘူး----”
ဆရာတစ်ယောက်က လူတစ်ယောက်၏ စွမ်းရည်ကို လှုပ်ရှားမှုတစ်ခုနှင့် ပြောနိုင်တာပဲဖြစ်သည်၊၊
ဂျန်ဖန်း သာမှန်အတိုင်းပြသလိုက်သည့် ဓားသိုင်းက သူ့ကို အံ့အားသင့်သွားစေခဲ့သည်၊၊
“ဒီက ဂျူနီယာညီလေးက ဘယ်တောင်ထိပ်ကလဲ သိလို့ရမလား၊၊ အခုလို ဓားပညာအရည်အချင်းနဲ့ ငါ ဘာလို့ မင်းကို အရင်ကမမြင်ဘူးရတာလဲ----”
ထို့နောက် ဂျန်ဖန်းဘေးက အမျိုးသမီးနှစ်ယောက် ကောင်းကင်ဓားတောင်ထိပ် ဝတ်စုံဝတ်ထားတာကို သတိထားမိလိုက်သည်၊၊
သူက မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်,၊
“မင်းက ကောင်းကင်ဓားတောင်ထိပ် ကလား-----”
“ဒါ မဖြစ်နိုင်ဘူး၊၊ အဲ့ဒီဓားရူးကလွဲရင် ကောင်းကင်ဓားတောင်ထိပ်က ကျန်တဲ့လူအားလုံးက အမှိုက်တွေချည်းပဲ----”
“မင်းလိုလူတစ်ယောက်မရှိသင့်ဘူး-----”
မဆီမဆိုင်ဆွဲသွင်းခံလိုက်ရသည့် ဒင်းဝမ်ပိုင် နောက်ထပ်သည်းမခံနိုင်တော့ပေ၊၊
“မင်း ဘယ်သူ့ကို မကောင်းပြောနေတာလဲ-----”
ဆိုင်ရှင်က ဒင်းဝမ်ပိုင်ဘက်လှည့်လိုက်၏၊၊ ထို့နောက် ဦးထုပ်ကိုဖယ်ရှားလိုက်သည့်အခါ ချောမောပြီး အနည်းငယ်ကြမ်းတမ်းပုံရှိသည့် လူငယ်တစ်ယောက်ပေါ်လာခဲ့သည်၊၊
သူက အသက် ၂၅ ဝန်းကျင်လောက်ရှိ၏၊၊
သူက ဒင်းဝမ်ပိုင်ကို အထင်မြင်သေးစွာ စိုက်ကြည့်ပြီး ပြောလိုက်သည်၊၊
“မင်းကိုပြောတာလေ၊၊ ဒါနဲ့ပတ်သက်ပြီး ပြဿနာရှိလို့လား-----”
အစောလေးတင် ဒင်းဝမ်ပိုင် ဒေါသအပြည့်ဖြင့်ဖြစ်သည်၊,
သို့ပေမယ့် ထိုလူ၏မျက်နှာကို မြင်သည့်အခါ သူက တုန်လှုပ်သွားခဲ့သည်၊၊
“ဂုန်စွန်းနန်, ဘယ်လိုလုပ်ပြီးမင်းလဲ----”
ဂုန်စွန်နန် နှာမှုတ်လိုက်၏၊၊
“ငါဆိုတာသိမှတော့ ဘာလို့ထွက်မသွားသေးတာလဲ---”
ဒင်ဝမ်ပိုင်မျက်နှာမှာ စိုးရိပ်မှုတွေပေါ်လာခဲ့သည်၊၊
သူက အံ့ကြိတ်လိုက်ပြီး ကြမ်းတမ်းသည့်စကားတစ်ခွန်းမှ မပြောရဲတော့ပဲ ချက်ချင်းလှည့်ထွက်သွား၏၊၊
ဂျန်ဖန်း စူးစမ်းလိုစိတ်ဖြင့် ဂုန်စွန်းနန်ကို ကြည့်လိုက်မိ၏၊၊
ထိုလူက အရမ်းအားကောင်းသည်လား၊၊
ဘေးနားမှာရှိသည့် ချန်းစီလင် စိတ်လှုပ်ရှားစွာဖြင့် ဂျန်ဖန်း အင်္ကျီလက်ကို ဆွဲကိုင်လိုက်သည်၊၊
“ဂုန်စွန်းနန်, ငါတို့စရောက်တဲ့နေ့မှာပဲ ဂုန်စွန်းနန်ကို တွေ့နေတာပဲ၊၊ သူက တိမ်စိမ်းဂိုဏ်း ထိပ်သီး ၁၀ ယောက်ထဲက တစ်ယောက်လေ----"
ကုန်သည်တစ်ဦးအနေဖြင့် သူမက ရှုရို့ရန်ထက် သတင်းအချက်များစွာကို ပိုပြီး သိရှိနားလည်နိုင်စွမ်းရှိ၏၊၊
ကောင်းကင်ဓားတောင်ထိပ်ကို ရောက်သည်နှင့် ဂိုဏ်းနှင့်ပတ်သက်သည့် အကြောင်းအရာများစွာကို မေးမြန်းခဲ့၏၊၊
ထိပ်သီး ၁၀ ယောက်အချက်အလက်တွေလည်း အပါအဝင်ဖြစ်သည်၊၊
ဂုန်စွန်းနန် ဂျန်ဖန်းကို အံ့အားသင့်စွာ ကြည့်လိုက်သည်၊၊
“မင်းအမူအရာကြည့်ရရင် ငါ့ကို သိတဲ့ပုံမပေါ်ဘူး----”
“ဒါမဖြစ်သင့်ဖူးလေ၊၊ ငါ့နာမည်က ဒီလောက်တောင် မကျော်ကြားဘူးလား----”
ဂျန်ဖန်း အလျှင်အမြန်ပဲ လက်ချင်းယှက်ကာ ပြောလိုက်သည်၊၊
“တောင်းပန်ပါတယ် စီနီယာအကို, ငါက တပည့်အသစ်တစ်ယောက်ပါ၊၊ ဒါကြောင့် ဂိုဏ်နဲ့ သိပ်မရင်းနှီးသေးပါဘူး----”
“မရည်ရွယ်ပဲရိုင်းမိတာ ခွင့်လွတ်ဖို့ မျှော်လင့်ပါတယ်----”
အသစ်လား?----
ဂုန်စွန်းနန် အံ့အားသင့်သွားခဲ့သည်၊၊
“ဘုရားရေ, ဒီနှစ် အသစ်တွေက အတော်လေး အထင်ကြီးစရာကောင်းတာပဲ----”
“ဂိုဏ်းရောက်ရုံရှိသေးတယ် မင်းရဲ့ ဓားပညာက ဒီလောက်သန်မာနေပြီ၊၊ မင်းကို နှစ်အနည်းငယ်သာ အချိန်ပေးလိုက်ရင် ငါ ဘေးဖယ်ခံရတော့မယ်----”
သူက ဝမ်းနည်းစွာပြောလိုက်သည်၊၊
“ဘယ်အကြီးအကဲက ကံကောင်းပြီ မင်းကို တပည့်အဖြစ်လက်ခံလိုက်တာလဲ----”
ဂျန်ဖန်း မျက်လုံးလိမ့်လိုက်ပြီး ပြောလိုက်သည်၊၊
“ငါက ခုထိ ဘယ်တောင်ထိပ်ကိုမှ မဝင်ရသေးဘူး၊၊ မနက်ဖြန် အကြီးအကဲတွေ တပည့်လာရွေးမှာ စောင့်နေတာ-----”
“ကံကောင်းရင်တော့ တောင်ထိပ်တစ်ခုခုကို ဝင်နိုင်မှာပါ-----”
ဘာ?---
ဂုန်စွန်းနန် မေးရိုးပြုတ်ကျလုနီးပါး အံ့သြသွားခဲ့သည်၊၊
“မင်းက ဘယ်တောင်ထိပ်ကိုမှ မဝင်ရေသးဘူး?---”
ဂျန်ဖန်းဘေးက အမျိုးသမီးနှစ်ယောက်၏ ဝတ်စုံကိုကြည့်ပြီး ပြောလိုက်သည်၊၊
“အကြီအကဲလီချင်ဖုန်းက မင်းကို တိမ်စိမ်းဂိုဏ်းခေါ်လာခဲ့တယ်၊၊ ဒါပေမယ့် တပည့်အဖြစ်လက်မခံပဲ ဒီနေရာမှာ ပစ်ထားခဲ့တာလား----”
အနည်းငယ်ရှက်စရာကောင်းပေမယ့် ထိုအရာက အမှန်တရားပဲဖြစ်သည်၊၊
ဂျန်ဖန်း အနည်းငယ်ခေါင်းညိတ်လိုက်၏၊၊
“တကယ်ကြီးလား--- အကြီးအကဲလီ မျက်လုံးတွေ ဘယ်လိုတောင်ကန်းရတာလဲ----”
ဂုန်စွန်းနန် မယုံကြည်စွာဖြင့် သူ့နဖူးကို ရိုက်လိုက်သည်၊၊
“ဒီလို အံ့သြစရာဓားပညာပါရမီရှင်တစ်ယောက်ကို သူက ဒီအတိုင်းပဲထားခဲ့တာလား----”
သို့ပေမယ့် သူကချက်ချင်းပဲ ဝမ်းသာသွားပြီး ဂျန်ဖန်းလက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်၊၊
“လာ ငါနဲ့ အပူပင်မဲ့တောင်ထိပ်ကို လိုက်ခဲ့----”
“မင်းလို ဓားပါရမီရှင်ကို ငါ့ဆရာက ရတနာတစ်ခုလို ဆက်ဆံမှာ အသေအချာပဲ----”
ရှုရို့ရန်နှင့် ချန်းစီလင်တို့ တုန်လှုပ်သွားကြသည်၊၊
အပူပင်မဲ့တောင်ထိပ်?-----
ထိုအရာက အဆင့် ၃ တောင်ထိပ် မဟုတ်လား----
ဂိုဏ်းသခင်တောင်ထိပ်နှင့် မဟာအကြီးအကဲ၏ တောင်ထိပ် အောက်မှာသာရှိပြီး အစွမ်းထက်ပါရမီရှင်ပေါင်းများစွာ ရှိသည့်နေရာဖြစ်သည်၊၊
ဂျန်ဖန်းကို အပူပင်မဲ့တောင်ထိပ်သို့ အမှန်တကယ်ခေါ်သွားတော့မည်လား----
ဤရုတ်တရက်အဖြစ်အပျက်ကြောင့် မိန်းခလေးနှစ်ယောက် အလွန်ပျော်ရွင်သွားကြသည်၊၊
ယခု ဂျန်ဖန်းက အတွင်းဂိုဏ်းကို ဝင်နိုင်ပြီပဲဖြစ်သည်၊၊
ဂျန်ဖန်းလည်း အရမ်းပျော်နေခဲ့၏၊၊ လမ်းပေါ်မှာဈေးဝယ်ရင် အခွင့်အရေးရတာဟာ သူမျှော်မှန်းထားသည်ထက် ကျော်လွန်နေပြီဖြစ်သည်၊၊
“ခဏနေအုန်း----”
ဂုန်စွန်းနန် သူ့နဖူးသူ ရိုက်လိုက်သည်၊၊
“ငါ့မေ့နေတာပဲ----”
“ရွေးချယ်မှုကိုစောင့်နေတဲ့ အသစ်တစ်ယောက်အနေနဲ့ မင်းက ကိုယ့်ဘာသာဆရာလက်ခံလို့မရဘူး၊၊”
“မနက်ဖြန် အကြီးအကဲတွေရွေးချယ်မှာကို စောင့်ရမယ်----”
“မင်းနာမည် ဘယ်သူလဲ----”
“ဂျန်ဖန်း---”
ဂုန်စွန်းနန် ခေါင်းညိတ်လိုက်၏၊၊
“ကောင်းပြီလေ, ငါပြန်သွားပြီး ဆရာ့ကို ချက်ချင်းပြောလိုက်မယ်----”
“မင်းက ငါတို့အပူပင်မဲ့တောင်ထိပ်ကို ဝင်ဖို့ စောင့်နေရုံပဲ----”
ဂျန်ဖန်း စိတ်သက်သာယာရစွာ ပြောလိုက်သည်၊၊
“ထောက်ခံပေးမှုအတွက် ကျေးဇူးတင်ပါတယ် စီနီယာအကို ဂုန်စွန်း---”
ဂုန်စွန်းနန် လက်ဝှေ့ယမ်းပြလိုက်သည်၊၊
“မင်းလို ဓားပါရမီရှင်တစ်ယောက်ကို ဘယ်တောင်ထိပ်မဆိုလိုချင်ကြမှာပဲ----”
“ကံကောင်းတာ ငါက မင်းရဲ့ထူးခြားမှုကို ပထမဆုံး သတိထားမိတဲ့လူဖြစ်နေတယ်၊၊ ဟီ-- ဟီ---”
“မနက်ဖြန်မှ တွေ့ကြတာပေါ့----”
“ဘယ်သူမှမလိုချင်တဲ့မင်းက သူတို့ကြားမှာ မင်းရဲ့ဓားပညာပါရမီကို ထုတ်ပြလိုက်ရင် အကြီးအကဲတွေရဲ့ ဖြစ်သွားမဲ့ အမူအရာကိုမြင်ချင်သေးတယ်--- ဟား--- ဟား---ဟား----”
ရယ်ပြီးထွက်သွားသည့် ဂုန်စွန်းနန်ကို ကြည့်ပြီး ဂျန်ဖန်း စိတ်လှုပ်ရှားနေတာ တည်ငြိမ်ဖို့ အချိန်ယူလိုက်ရ၏၊၊
ထို့နောက် မိန်းခလေးနှစ်ယောက်နှင့်အတူ ဆက်လက်ဈေးဝယ်ကြ၏၊၊
ကံမကောင်းစွာနှင့် အစိမ်းရောင်ဓားကဲ့သို့ နောက်ထပ်ရတနာမျိုးမတွေ့ခဲ့ပေ၊၊
“စီလင်, အခွင့်အရေးရရင် ငါမင်းကို သင့်တော်တဲ့ လက်ဆောင်တစ်ခုပေးပါမယ်”
ဂျန်ဖန်း ပြောလိုက်သည်၊၊
ချန်းစီလင်မျက်လုံးတွေ တောက်ပသွားသည်၊၊
“ကောင်းပြီလေ၊ ကြားတာတော့ ငါတို့တိမ်စိမ်းဂိုဏ်းက တစ်လတစ်ခါ ကုန်သွယ်ရေးတွေ့ဆုံပွဲ ကျင်းပတယ်တဲ့----”
“အကုန်လုံးက ကုန်ပစ္စည်းခြင်းဖလှယ်ကြတာ၊၊ အဲ့မှာ အလယ်အလတ်အဆင့်၊ ထိပ်တန်းအဆင့် သလင်းကျောက်တွေလည်းပါတယ်----”
“အဲ့လိုစုဝေးပွဲမှာ ရတနာတွေအများကြီး ရှိတယ်----”
ဂျန်ဖန်း ခေါင်းညိတ်လိုက်၏၊၊
အချက်အလက်တွေသိပြီးနောက် သူက မိန်းခလေးနှစ်ယောက်ကို ကျောက်တိုင်အောက်ပြန်ခေါ်လာပြီး မိုးလင်တဲ့ထိ ထိုင်စောင့်နေကြသည်၊၊
ကောင်းကင်ဓားတောင်ထိပ်၌-----
“သေစမ်း---”
ဒင်းဝမ်ပိုင် ကျောက်ခုံတစ်ခုကို ကန်လိုက်ပြီး မျက်နှာက ဒေါသတွေနှင့် ပြက်နှက်နေခဲ့သည်၊၊
ကျောင်းချီကျန့်သိချင်စွာဖြင့် မေးလိုက်သည်၊၊
“စီနီယာအကို, မင်း ဂျူနီယာညီမလေး နှစ်ယောက်နဲ့အတူ သွားတာမဟုတ်ဘူးလား----”
“အဲ့အကြောင်းမပြေားစမ်းပါနဲ့----”
ဒင်းဝမ်ပိုင် စားပွဲကိုရိုက်လိုက်ပြီး ခုနက ဖြစ်ပျက်ခဲတာတွေကို ပြန်ပြောလိုက်သည်၊၊
ကျောင်းချီကျန့်လည်း ဒေါသဖြစ်သွား၏၊၊
“အဲ့ဒီဂျန်ဖန်းက တော်တော် သတ္တိကောင်းတာပဲ၊၊ စီနီယာအကို့ကိုတောင် စော်ကားရဲတယ်---”
“မပူပါနဲ့ စီနီယာအကို၊ မနက်ဖြန်ကျရင် ငါ့သူ့ကို ပြန်ခံစားရအောင် လုပ်ပေးလိုက်ပါ့မယ်---”
ဒင်းဝမ်ပိုင်မျက်မှောင်ကြုတ်သွား၏၊၊
“ပြဿနာမဖြစ်နိုင်ဖူးလား? မနက်ဖြန်က အကြီးအကဲတွေ တပည့်ရွေးချယ်မှာ၊၊ သူတစ်ခုခုဖြစ်သွားလို့ အကြီးအကဲတွေမေးရင် ဘယ်လိုလုပ်မလဲ----”
ကျောင်းချီကျန့် ဟက်ဟက်ပက်ပက် ရယ်လိုက်၏၊၊
“စီနီယာအကို, မင်းဘာတွေတွေးနေတာလဲ----”
“သူက ဘယ်သူမိုလို့လဲ၊၊ ဘယ်အကြီးအကဲက သူ့ကိုသိမှာတဲ့လဲ----”
“မစိုးရိမ်ပါနဲ့၊ အကြီးအကဲတွေမရိပ်မိအောင် သတိထားမိနိုင်မယ့် သဲလွန်စအားလုံးကို ဖျောက်ဖျက်ပစ်လိုက်ပါ့မယ်----"
ဒင်းဝမ်ပိုင် ဂရုတစိုက်တွေးလိုက်ပြီး လက်ခံလိုက်၏၊၊
အကြီးအကြလီချင်ဖုန်းမလိုချင်သည့် တစ်စုံတစ်ယောက်ကို အခြားအကြီးအကဲတွေ ဘာကြောင့်လိုချင်မည်နည်း၊၊
ဘယ်သူမှမသိလိုက်ခင် သူ့ကို သတ်လိုက်နိုင်တာပဲဖြစ်သည်၊၊