← Chapters

( ငါ အတွေးလွန်နေတာ ဖြစ်မှာပါ)

Vol. 9 Ch. 113

( ငါ အတွေးလွန်နေတာ ဖြစ်မှာပါ)

Vol. 9 Ch. 113

"သခင်လေး အခါးရည် ရပါပြီ"

ကျောက်ကောင်း အတွေးလွန်နေချိန်မှာပဲ အသံတစ်ခုကို ကြားလိုက်ရသည်။ သူ ချက်ချင်းပဲ သတိဝင်လာတော့၏။

ထိုအချိန်မှာ စားပွဲထိုးလေးက ကျောက်ကောင်းရဲ့အနားကို ချဥ်းကပ်ရင်း လက်ဖက်ရည်ခွက်ထဲ လက်ဖက်ရည်ထည့်ပေးဖို့ ကြိုးစားလိုက်သည်။ ကျောက်ကောင်းရဲ့ အကြည့်ကို သတိထားမိတာမလို့ ချက်ချင်းပဲ ပြုံးပြလိုက်လေကာ…

“သခင်လေးက အခုလို များပြားတဲ့ လူအုပ်ကြီးနဲ့အတူ နဂါးနှင်းတောင်ပေါ်ကို တက်မလို့လား? ဒီရက်ပိုင်း နဂါးနှင်းတောင်က အခြေအနေ မကောင်းဘူးနော်”

“ဘာဖြစ်လို့လဲ?”

ကျောက်ကောင်း ချက်ချင်းပဲ မျက်မှောင်ကြုတ် သွားခဲ့သည်။ ထိုစကား‌ကြောင့် အနီးအနားရှိ သိုင်းလောကသားတွေ အားလုံးလည်း အံဩသွားတော့၏။ သူတို့အားလုံး ရီလိုက်တော့သည်။

"နဂါးနှင်းတောင်နဲ့ ပတ်သက်ပြီး ဒဏ္ဍာရီလာပုံပြင်တွေ အများကြီးရှိခဲ့ပေမဲ့ ဘယ်တစ်ခုက မှန်ခဲ့လို့လဲ? စိတ်မပူပါနဲ့၊ သခင်ကျောက် ဒါမျိုးစားသောက်‌ဆိုင်တွေက အခုလို မဟုတ်မမှန် သတင်းတွေကို လျှောက်ပြောပြီး ငွေဝင်ရအောင် လုပ်နေကြတာ၊ ဒီထိရောက်လာပြီးမှတော့ ကြိုးစားကြည့်ရတာပေါ့။"

"ဟုတ်တယ် သခင်ကျောက် မစိုးရိမ်ပါနဲ့။ ကျွန်တော်တို့ဘက်ကလည်း ကတိပေးထားခဲ့ပြီးပြီ။ ဘာကိစ္စပဲရှိရှိ ရအောင်ရှေ့ဆက်မယ်၊ မီးပင်လယ်ကိုပဲ ဖြတ်ရပါစေ ကိစ္စမရှိဘူး!"

"ကျွန်တော်မျိုးမှာ အကြောင်းအရင်းမယ်မယ်ရရ မရှိဘူး။ ကျွန်တော်မျိုးလို ကြမ်းတမ်းတဲ့ သိုင်းသမားတစ်ယောက်အတွက် ထန်ရွှမ်းဆေးလုံးရဲ့ တန်ဖိုးက အရမ်းကို ကြီးမားတယ်။ ဒါကြောင့်မို့သွားကိုသွားမယ်!"

"ဖယ်စမ်း ဟေ့ရောင် မင်းငါ့ဆေးလုံးနားကို မကပ်နဲ့!"

ချက်ချင်းပဲ စားသောက်ဆိုင်တစ်ခုလုံးမှာ စကားသံတွေ ပြည့်နှက်သွားခဲ့သည်။ စားပွဲထိုးလေးက ထိုအချက်ကို အခွင့်အရေးယူပြီး ထွက်သွားဖို့ ပြင်လိုက်သည်။

ထိုအချိန်မှာပဲ ကျောက်ကောင်း တားမြစ်လိုက်၏။ သူက လူတွေအားလုံးကို လျစ်လျူရှုထားခဲ့သည်။ စားပွဲထိုးကိုပဲ စိုက်ကြည့်ကာ အပြုံးတစ်ခုနဲ့ မေးလိုက်သည်။

"နဂါးနှင်းတောင်ပေါ်မှာ အခြေအနေ‌တွေ မတည်ငြိမ်ဘူးလို့ မင်းပြောခဲ့တယ်မလား? တစ်ခုခုဖြစ်ခဲ့လို့လား?"

စားပွဲထိုးလေး အံ့ဩသွားခဲ့သည်။ ဒါပေမယ့် ဂရုမပြုပဲ မဖြေကြားရဲတာမလို့ သတိကြီးကြီးထားကာ ဖြေလိုက်၏။

"အမှန်တိုင်းပြောရမယ်ဆိုရင် လွန်ခဲ့တဲ့ရက်ပိုင်းက အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားတဲ့ မိန်းကလေးတစ်ယောက် ရောက်လာခဲ့ပါတယ်။ သူမက ဒီဆိုင်မှာ လက်ဖက်ရည် သောက်သွားပြီး သခင်လေး လုပ်သလိုမျိုး နဂါးနှင်းတောင်ဘက်ကို ကြည့်နေခဲ့တယ်။ ဒါကြောင့်မို့ ကျွန်တော်မနေနိုင်စွာ တစ်ခုခုပြောခဲ့လိုက်တယ်"

ကျောက်ကောင်း မျက်မှောင်ကြုတ် သွားခဲ့သည်။

"ဘာဖြစ်ခဲ့လို့လဲ?"

‌ကျောက်ကောင်း မနေနိုင်စွာ မေးလိုက်တော့၏။

"နောက်ကျတော့ အဲ့ဒီကောင်မလေးက နဂါးနှင်းတောင်ကို တက်သွားခဲ့ပြီး ပြန်ဆင်း မလာခဲ့ပါဘူး။ သူမ ဘာဖြစ်သွားလဲတော့ မသိဘူး။ ဒါပေမယ့် အဲ့ဒီအချိန်ကစပြီး တောင်ပေါ်ကနေ ထူးဆန်းတဲ့ ဆူညံသံတွေကို ကြားရတယ်။ ခြင်္သေ့‌အော်သံလိုလို နဂါးဟိန်းသံလိုလိုပဲ!"

"‌ဒါပေမယ့် သတင်းတွေက မယုံနိုင်လောက်အောင် ထူးဆန်းပါတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းကဆိုရင် နောက်ထပ် သတင်းတစ်ချို့ တက်လာခဲ့သေးတယ်။ နဂါးနှင်းတောင်အတွင်းကို ဝင်တဲ့ဘယ်သူမဆို ခြောက်သွေ့ပြီး အလောင်းကောင်လို ဖြစ်သွားရတယ်တဲ့!"

စားပွဲထိုးက ပြောနေရင်းနဲ့ အနီးအနားမှာရှိတဲ့ နဂါးနှင်းတောင်‌ရဲ့ တောင်ပို့ငယ်လေးပေါ်ကို လက်ညိုးထိုးပြလိုက်သည်။

နဂါးနှင်းတောင်က ကြည့်လိုက်ရင်တော့ တောင်တစ်ခုလို့သာ ထင်ရသည်။

"အဲ့ဒီနားက တောင်ပို့ငယ်ကလေးလို ဖြစ်နေတဲ့နေရာကိုတွေ့လား? အဲ့ဒီနေရာမှာ အလောင်းတစ်ခုကို တွေ့ခဲ့ရတာ၊ ဒါကြောင့် ကျွန်တော် အကြံပေးချင်တာပါ။ လူကြီးမင်းတို့ အသက် မဆုံးရှုံးရအောင် သတိထားပြီးသွားလာကြပေါ့။"

ပြောပြီးတာနဲ့ စားပွဲထိုးက ထွက်သွားလိုက်သည်။ ချက်ချင်းပဲ‌ ပျောက်ကွယ်သွားတော့၏။

ထိုစားပွဲထိုးရဲ့ စကားကြောင့် အခန်းထဲရှိ လေထုက တင်းမာလာခဲ့သည်။

အစောပိုင်းက စနောက်နေတဲ့သူတွေလည်း မစနောက်နိုင်တော့ဘူး။ သူတို့ရဲ့ မျက်နှာတွေက မထိန်းနိုင်စွာ တည်တင်း‌သွားတော့သည်။

အချိန်ကြာသွားချိန်မှသာ လူတစ်ယောက်ရဲ့ စကားသံ ထွက်လာ၏။

"လူကို စားတယ်ဆိုမှတော့ ကြောက်မက်ဖွယ် သားရဲတစ်ကောင် ဖြစ်ရမှာပေါ့၊ ဟုတ်တယ်မလား?"

ထိုအအချိန်မှာပဲ တစ်စုံတစ်ယောက်က ငြင်းလိုက်၏။

"မဖြစ်နိုင်တာ! တကယ်ပဲ သားရဲကြီးရှိနေမယ်ဆိုရင် တရှားတိုင်းပြည်ဘက်က ဖျက်ဆီးလိုက်တာ ကြာပြီပေါ့၊ ပြီးတော့ မင်းရော ငါရောက သိုင်းလောကသားတွေလေ သာမန် သားရဲတစ်ကောင်ကို ကြောက်စရာလား၊ လာခြောက်မနေနဲ့!"

ထိုသူက ငြင်းဆိုချက် ထုတ်လိုက်ပေမဲ့ အဆုံးမှာတော့ ပူပင်စွာဖြင့်‌ ခေါင်းငုံ့သွားခဲ့သည်။

တရှားတိုင်းပြည်ရဲ့ နဂါးနှင်းတောင်နဲ့ ပတ်သက်ပြီး သတင်းများစွာ ရှိသည်။ ထိုထူးဆန်းတဲ့ သတင်းနဲ့ပတ်သက်ပြီး အတည်ပြုစရာ အချက်အလက်တစ်ခုမှ ရှာမတွေ့ကြသေးဘူး။

"တော်ကြတော့ အခု ဒီနေရာထိ ရောက်လာပြီးပြီ ဆိုမှတော့ နဂါးနှင်းတောင်ရဲ့ အန္တရာယ်များပုံကို မင်းတို့ သိထားကြမှာပါ။ အန္ထရာယ်မများဘူးဆိုရင် အရှင်မင်းကြီးက မင်းတို့ကို ထန်ရွှမ်းဆေးလုံးကိုပါ ထုတ်ပေးပြီး သွားခိုင်းစရာလိုဦးမလား!"

ကျောက်ကောင်း အကုန်လုံးကို စိုက်ကြည့်လိုက်သည်။ သူရဲ့မျက်လုံးထဲမှာ လွှမ်းမိုးမှု‌တို့ ရှိနေသည်။

အကုန်လုံး ငြင်း‌ဆိုချက် ထုတ်ချင်ခဲ့သည်။ ဒါပေမယ့် တစ်ယောက်မှ မငြင်းဆိုနိုင်ခဲ့ဘူး။ သူတို့လည်း နားလည်ပါသည်။ သေခြင်းရှင်ခြင်း အဆောင်သိုင်းကြောင့် သူတို့ရဲ့အသက်ကို ကျောက်ကောင်းက ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် ဘယ်လို အကြောင်းအရင်းပဲရှိပါစေ ကျောက်ကောင်းကို ရိုင်းပြစွာ ဆက်ဆံမိလို့ မဖြစ်ဘူး။

ကျောင်းကောင်းကတော့ အကုန်လုံးကို လျစ်လျူရှု ထားလိုက်သည်။ စားပွဲပေါ်က အခါးရည်အိုးကို ယူကာ တစ်ခွက် ငှဲ့လိုက်သည်။ အခါးရည် ဖြည့်နေရင်း သူတွေးနေခဲ့သည်၊ အသက်ဝဝရှုသွင်းပြီးတာနဲ့ တစ်ခွက်လုံးကို တစ်ထိုင်တည်း မော့ချပစ်လိုက်တော့၏။

"ဒုံး!"

ကျောက်ကောင်း အားပြင်းစွာဖြင့် အခါးရည်ခွက်ကို ပြန်ချလိုက်တာပင်။

ထို့နောက်မှာ အကုန်လုံးကို လှမ်းကြည့်လိုက်ပြီး…

"ဟုတ်ပြီ အကုန်လုံး စကားပြောပြီးကြပြီမလား? ဒါဆိုရင် တောင်ပေါ် တက်ကြမယ်! ရက်၃၀နေရင် ဒီစားသောက်ဆိုင်မှာ ပြန်ဆုံကြမယ်!"

အကုန်လုံး အံဩသွားသည်။ မနေနိုင်စွာ အချင်းချင်း လှည့်ကြည့်လိုက်ကြ၏။

စားပွဲထိုးရဲ့ စကားကြောင့် သူတို့ရဲ့ စိတ်ထဲမှာ ကြောက်ရွံနေခဲ့သည်။ ဒါပေမယ့် ထန်ရွှမ်းဆေးလုံးကိုလည်း လိုချင်သည်ဖြစ်၍ နဂါးနှင်းတောင်ရှိရာသို့ မနေနိုင်စွာ လှမ်းကြည့်မိကြသည်။

မကြာခင်မှာ ကျောက်ကောင်း ကလွဲ၍ ကျန်တဲ့သူတွေအားလုံး စားသောက်ဆိုင်အတွင်းမှ ထွက်သွားခဲ့သည်။ သန်မာသော သိုင်းလောကသားတစ်အုပ်လုံး နဂါးနှင်းတောင်ဆီကို ဦးတည်လိုက်ကြသည်။

ကျောက်ကောင်း ထိုအချိန်မှာ တစ်စုံတစ်ခုကို ခံစားမိခဲ့ပေမဲ့ အတွေးမလွန်ခဲ့ဘူး။

နဂါးနှင်းတောင်ဆီ မသွားခင် စားပွဲထိုးလေးပြောပြသော အချက်တွေအားလုံးကို စာတစ်စောင် ချရေးခဲ့ပြီး ထိုက်အန်းမြို့တော်ဆီ ပို့ဆောင်ခိုင်းခဲ့သည်။ ထိုအချိန်မှသာ ကျောက်ကောင်း စိတ်သက်သာစွာဖြင့် သက်ပြင်းချနိုင်ခဲ့တာပင်။

ကျောက်ကောင်း အခါးရည် နောက်တစ်ခွက် ထည့်ကာ သောက်လိုက်သည်။ သူ တစ်ခုခုကို တွေးနေဟန်ရှိသည်။ လက်ဆစ်ဖြင့် စားပွဲခုံကို အဆက်မပြတ် ခေါက်နေလေ၏။ စားသောက်ဆိုင် တစ်ခုလုံး တိတ်ဆိတ်နေခဲ့ပြီး ထိုအသံမှလွဲ၍ တစ်ခြားမကြားရချေ။

.....

ဒီလိုနဲ့ နေ့ရက်၃ရက်က မသိလိုက်စွာ ကုန်ဆုံးသွားခဲ့သည်။ ၃ရက်လုံးတွင် ရှကျိုးယွီ တစ်ယောက် ဖူယွဲ့နန်းဆောင်အတွင်း၌ အမောဖြေနေ လေရဲ့။

လာတွေ့သမျှသူတိုင်းကိုလည်း ငြင်းခဲ့သည်။ တိုင်းပြည်အရေးကိုလည်း မေ့ထားခဲ့သည်။ အပြင်လောကကို လျစ်လျူရှုထားရင်း အလှတရားမှာပဲ နစ်မြှပ်နေလေ၏။

နူးညံတဲ့သာယာမှုကြားမှာ သူရဲ့ဘဝက လှပစွာဖြင့် အိမ်မက်သဖွယ် ကုန်းဆုံးနေခဲ့သည်။

လိုအပ်သည်များကို ယူဆောင်လာပေးသော အစေခံတစ်ချို့သာ ဖူယွဲ့နန်းဆောင်အတွင်းမှ မကြာမကြာ ထွက်ပေါ်လာတက်သော သာယာသည့် ညည်းညူသံတချို့ကို ကြားရလိမ့်မည်။

ယင်ယန်ရွှေရောင်သိုင်း၏ အစွမ်းကြောင့် မိဖုရားဖူယွဲ့ရဲ့ အသားအရည်ဟာလည်း တောက်ပလာခဲ့သည်။ သူမရဲ့ မျက်နှာသည်လည်း တော်‌တော်လေး ထူးခြားလာ၏။ ခံစားရသည့် အရှိန်အဝါပင် မြင့်မားလာခဲ့သည်။ သူမရဲ့ ခံနိုင်ရည်စွမ်း‌တောင် မြင့်လာ၏။

အချိန်ဆက်တွေက ပိုပြီးကြာမြင့်လာခဲ့ပေမယ့် ဖူယွဲ့အနေနဲ့ ခံစားလို့ကောင်းနေခဲ့သည်။ ရှကျိုးယွီရဲ့ နည်းလမ်းတွေကလည်း ပိုမိုစုံလင်လာခဲ့သည်။

ဒီလိုနဲ့ နောက်ထပ် ပြင်းထန်တဲ့ တိုက်ပွဲတစ်ခု ပြီးဆုံးသွားခဲ့သည်။ ရှကျိုးယွီရဲ့ လက်မောင်းအတွင်းမှာ လှဲလျောင်းနေရင်း သူမက လက်ချောင်းသွယ်သွယ်လေးများဖြင့် ရှကျိုးယွီရဲ့ ရင်ဘတ်ကို ဆော့ကစားနေခဲ့သည်။

ဖူယွဲ့ နူးညံစွာ မေးလိုက်၏။

"အရှင်မင်းကြီး ဒီရက်ပိုင်း ကျွန်တော်မျိုးမရဲ့ ဖူယွဲ့နန်းဆောင်အတွင်းမှာပဲ နေနေခဲ့တာ ကျန်တဲ့ကိုယ်လုပ်တော်တွေနဲ့အမတ်တွေက မကျေမနပ်ဖြစ်နေတော့မှာပဲ။ ကျွန်တော်မျိုးမကြောင့် အရှင်မင်းကြီး အခက်တွေ့သွားပါသလား?"

ရှကျိုးယွီ သက်ပြင်းတစ်ချက် ချလိုက်ပြီး..

"သူတို့က မကျေမနပ်ဖြစ်မယ်တဲ့လား? ဘယ်သူ ဖြစ်ရဲလဲ ငါကိုယ်တော်ကြည့်မယ်! ငါကိုယ်တော် စိုးရိမ်နေတဲ့ကိစ္စ တစ်ချို့ရှိပေမဲ့ အရမ်းကြီး မပြင်းထန်ပါဘူး"

ရှကျိုးယွီ ပြောနေရင်းနဲ့ ဖူယွဲ့ကို ပိုတင်းနေအောင် ဖက်လိုက်သည်။

"အမတ်လီက ဒီရက်ပိုင်းမှာ တွေ့ဆုံဖို့ အကြိမ်ကြိမ် ခွင့်တောင်းခဲ့ပါတယ်။ ဒါ့အပြင် တော်ဝင်ဆရာမကြီးကရော ခွင့်တွေတောင်းနေခဲ့တယ်။ ဒါတင်မကသေးဘူး ကျန်းနန်မြို့ဆီ အရှင်မင်းကြီး စေလွှတ်ခဲ့တဲ့ မိန်းကလေးနှစ်ယောက်ကတောင်မှ တစ်ခါတွေ့ခွင့်တောင်းသေးတယ်မလား? အရှင်မင်းကြီး အကုန်လုံးကို လျစ်လျူရှုခဲ့တယ်။ အရှင်မင်းကြီး ဘာကြောင့် သူတို့ကိုတွေ့ခွင့်မပေးလဲဆိုတာ ကျွန်တော်မျိုးမ မသိပါဘူး။ ဒါပေမယ့် အရှင်မင်းကြီးရဲ့ စိတ်ထဲမှာ စိတ်ပူစရာ တစ်ခုခုရှိနေမယ် ထင်မိလို့ မေးလိုက်တာပါ”

ဖူယွဲ့က နူးညံစွာပြောလိုက်သည်။

ဒီရက်ပိုင်းမှာ ရှကျိုးယွီရဲ့ ဘဝက သေရည်လေးသောက်ရင်း ပျော်ရွှင်ရင်းဖြင့် သာယာစွာ ကုန်ဆုံးနေခဲ့သည်။ ဒါပေမယ့် မိန်းမတစ်ယောက်ဖြစ်တဲ့ ဖူယွဲ့အနေနဲ့ ရှကျိုးယွီရဲ့ နှလုံးသားအတွင်းက ပူပင်မှုတွေကို အာရုံခံလို့ရသည်။

ရှကျိုးယွီ ခေါင်းငုံ့ကာ ဖူယွဲ့ကို ကြည့်လိုက်သည်။ ထို့နောက်မှာ သူမကို တင်းနေအောင် ဖက်လိုက်တော့သည်။

"ငါကိုယ်တော်မှာလည်း အခက်အခဲတစ်ချို့ရှိနေလို့ပါ။”

……….

All Chapters