← Chapters

( ကံကြမ္မာအမှတ်တွေ ကုန်လုနီးနီး ဖြစ်နေပြီ!)

Vol. 9 Ch. 114

( ကံကြမ္မာအမှတ်တွေ ကုန်လုနီးနီး ဖြစ်နေပြီ!)

Vol. 9 Ch. 114

“အခက်အခဲ…ဟုတ်လား?” ရှကျိုးယွီရဲ့အဖြေကြောင့် ဖူယွဲ့မနေနိုင်စွာကြည့်လိုက်သည်။

သူမရဲ့မျက်လုံးတွေက ရှုပ်ထွေးနေ၏။

ရှကျိုးယွီရဲ့ ဆိုလိုရင်းကို သူမ နားမလည်နိုင်ဘူး။

“အရှင်မင်းကြီး..ဘာကိုဆိုလိုတာပါလဲ?”

“သူတို့က အရှင်မင်းကြီးကို ပူပင်စရာတွေ ပေးမှာမို့လို့လား?”

ဖူယွဲ့နူးညံ့စွာ မေးလိုက်သည်။ သူမရဲ့မျက်လုံးတွေက ရှုပ်ထွေးနေ၏။

ပြောရမယ်ဆိုရင် ကျန်းနန်မြို့မှာရှိသော ရေကြီးမှုကို ရှကျိုးယွီအောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့သည်။ အခုလိုကြီးမားသည့်ကိစ္စကို တစ်တိုင်းပြည်လုံး အောင်ပွဲခံကျင်းပသင့်သည်။ ဒါပေမယ့် အရှင်မင်းကြီးက ဘာကြောင့်စိတ်ညစ်တဲ့ပုံစံ ဖြစ်နေရတာလဲ?

ရှကျိုးယွီ မရှင်းပြချင်ခဲ့ဘူး။ ထို့ကြောင့် ပြုံးလိုက်ကာ ခေါင်းပဲယမ်းပြလိုက်တော့သည်။ မတ်တပ်ရပ်လိုက်ပြီး အပေါ်ထပ် အဝတ်တစ်ထည်ကို ပုံမှန်လိုပဲဝတ်ဆင်လိုက်သည်။

“ထားလိုက်တော့၊ လာစရာရှိတာကလာမှာပဲ၊ ပုန်းနေလို့ ဘာအကြောင်းထူးမှာလဲ? လူတွေအားလုံးကို ဒီနေ့ပဲခေါ်လိုက်၊ ဘာတွေဖြစ်နေလဲဆိုတာ ငါကိုယ်တော်ကြည့်မယ်”

ရှကျိုးယွီ ခပ်တိုးတိုးရေရွတ်လိုက်သည်။ ထို့နောက်မှာ ပျင်းရိစွာဖြင့် ဟားသမ်းလိုက်၏။ ပြီးတာနဲ့ ဖူယွဲ့နန်းဆောင်အတွင်းမှ ထွက်သွားလိုက်သည်။

ရှကျိုးယွီရဲ့ နောက်ကျောပြင်ကို ကြည့်နေရင်း ဖူယွဲ့တစ်ခုခုပြောချင်ခဲ့သည်။ ဒါပေမယ့် အဆုံးမှာတော့ တိတ်တဆိတ်နေဖို့ပဲ သူမ ရွေးချယ်လိုက်တော့သည်။

….

ခန်းမအတွင်းမှာ လီလင်ပု ဒူးတစ်ဖက်ထောက်ကာ ရှိနေခဲ့သည်။ ရှကျိုးယွီကတော့ နဂါးပုလ္လင်ထက်မှာ ထိုင်နေရင်း လီလင်ပုကိုကြည့်နေလေရဲ့။ ရှကျိုးယွီရဲ့မျက်လုံးထဲမှာ ခံစားချက် မရှိဘူး။

အရှင်မင်းကြီးရဲ့ ဒေါသထွက်နေတဲ့ပုံစံကို လီလင်ပုခံစားလို့ရပေမယ့် သူဘာအမှားလုပ်မိသွားလဲဆိုတာကို စဉ်းစားလို့မရနေခဲ့ဘူး။

ဒီရက်ပိုင်းအတွင်းမှာ အရှင်မင်းကြီးနဲ့ တွေ့ဆုံခွင့်ရဖို့အတွက် နန်းတော်အတွင်းကို ဆယ်ကြိမ်ထက်မနည်းအောင် လာခဲ့ရသည်။ ဒါပေမယ့် သူအမြဲတမ်း လက်ခံရခဲ့သည့်အဖြေက ငြင်းဆိုမှုတစ်ခုပဲ။ ဒါပေမယ့် ဒီနေ့အဆုံးမှာတော့ ရှကျိုးယွီနဲ့ တွေ့ခွင့်ရခဲ့သည်။ ဒါပေမယ့် အရှင်မင်းကြီးက အခုထိစကားတစ်ခွန်းမှ မပြောသေးဘူး။ ထို့ကြောင့် လီလင်ပုလည်း ပြောစရာပျောက်ဆုံးနေခဲ့သည်။

“အမတ်လီ…ဘာအကြောင်းအရင်းရှိလို့ ဒီရက်ပိုင်း ငါကိုယ်တော်ဆီလာတွေ့နေတာလဲ?”

ရှကျိုးယွီ နောက်ဆုံးတော့ စကားပြောလိုက်သည်။ သူရဲ့ စကားသံက ရိုးရှင်းပါသည်။

ထိုအချိန်မှာသာ လီလင်ပု စိတ်သက်သာစွာဖြင့် သက်ပြင်းချနိုင်တော့သည်။

သူအမြန်ပဲ အရှင်မင်းကြီးကို မော့ကြည့်လိုက်သည်။ ရှကျိုးယွီရဲ့ တည်ငြိမ်နေသောမျက်နှာကြောင့် မနေနိုင်စွာ ခေါင်းငုံ့မိပြန်သည်။

“ကျွန်တော်မျိုး အရှင်မင်းကြီးကို တွေ့ခွင့်တောင်းရတာက ဆွေးနွေးစရာကိစ္စတချို့ရှိနေလို့ပါ၊ အရှင်မင်းကြီးဘက်က တွေ့ခွင့်မပေးခဲ့တော့ ကျွန်တော်မျိုး မပြောသာခဲ့ဘူး!”

ရှကျိုးယွီ မျက်မှောင်ကျုံ့ သွားခဲ့ပြီး မနေနိုင်စွာဖြင့် မေးလိုက်တော့၏။

“ဘာဖြစ်နေလို့လဲ?”

“အမှန်တိုင်းပြောရမယ်ဆိုရင် ရက်တစ်ချို့နေရင်…..”

ရှကျိုးယွီရဲ့ တည်တင်းနေသော မျက်နှာထားကြောင့် လီလင်ပု တွန့်ဆုတ်နေခဲ့သည်။ သူ့ရဲ့ခန္ဓာကိုယ်ပင် အနည်းငယ်တုန်ယင်လာတော့၏။ ထိုအချိန်မှာ သူသဘောပေါက်သွားသည်။ ရှကျိုးယွီရဲ့ အမိန့်မပါဘဲ ဆောင်ရွက်ခဲ့သော သူ့ရဲ့ကိစ္စက အရှင်မင်းကြီးသာ ဒေါသထွက်သွားမယ်ဆိုရင် သေချာပေါက်သေမိန့်ပဲ!

သူ့ရဲ့မိသားစုမျိုးဆက်တစ်ခုလုံးပါ ခေါင်းဖြတ်အသတ်ခံရနိုင်သည်။ သူ မနေနိုင်စွာ ကြောက်ရွံ့သွားတော့၏။

ဒါပေမယ့် လီလင်ပုရဲ့ပုံစံကြောင့် ရှကျိုးယွီကတော့ စိတ်ဝင်စားလာခဲ့သည်။

လီလင်ပုဆိုတာ ရုံးတော်ရဲ့ အဆင့်မြင့်အရာရှိတစ်ယောက်ပဲ။ သူကအမြဲတမ်း တည်ငြိမ်ပြီး အိန္ဒြေကြီးသည်။ ဒါပေမယ့် အခုလိုမျိုးတုန်ယင်ကာ ကြောက်လန့်နေတဲ့ပုံစံက တစ်ခုခု ဖုံးကွယ်ထားတယ်လို့ ဆိုလိုတာပဲ။ အခြေအနေမကောင်းတဲ့ပုံရှိသည်။

ရှကျိုးယွီ မနေနိုင်စွာ ပြုံးမိသွားတော့သည်။

“ပြော!”

လီလင်ပု အသက်ဝဝတစ်ချက် ရှူသွင်းလိုက်ပြီးမှ ဖြည်းညင်းစွာ ရှင်းပြလိုက်သည်။

“ကျွန်တော်မျိုး ခန့်မှန်းရသလောက် ရက်တစ်ချို့နေရင် အိမ်နီးချင်းတိုင်းပြည်တွေဘက်က သံတမန်တွေ စေလွှတ်လာလောက်တယ်…”

“သံတမန်..ဟုတ်လား?”

ရှကျိုးယွီ ချက်ချင်းပဲ မျက်မှောင်ကြုတ်သွားတော့၏။

လီလင်ပု တော်တော်လေး ကြောက်လန့်နေခဲ့သည်။

သူကြိုတင်ပြင်ဆင်လာခဲ့သော စကားတစ်ခွန်းမှ ထွက်မလာတော့ဘူး။

ဒါပေမယ့် မကြာခင်မှာ ကျရောက်လာတော့မယ့် တိုင်းပြည်များစွာဘက်က တုံ့ပြန်မှုကို စဉ်းစားမိသောအခါ လီလင်ပု အရင်ဆုံး အသက်ဝဝတစ်ချက် ရှူသွင်းလိုက်တော့သည်။ ထို့နောက်မှာ ရှကျိုးယွီကိုကြည့်လိုက်ပြီး အမြန်ရှင်းပြလိုက်၏။

“အရှင်မင်းကြီး စိတ်လျှော့တော်မူပါ၊ ကျွန်တော်မျိုးက အရှင်မင်းကြီးရဲ့အမိန့်တော်အတိုင်း အိမ်နီးချင်း တိုင်းပြည်တွေနဲ့ လျှို့ဝှက်ကုန်သွယ်ဖို့ ဆောင်ရွက်ခဲ့ပြီး သူတို့ဆီကနေ ငွေတွေရယူနိုင်ဖို့ ကြိုးစားခဲ့ပါတယ်၊ အကယ်လို့ ငွေတွေရခဲ့မယ်ဆိုရင် ကျွန်တော်မျိုးတို့ရဲ့မဟာတံတိုင်းကြီး တည်ဆောက်တဲ့စီမံကိန်းမှာ အသုံးပြုလို့ရနိုင်သွားမယ်!”

လီလင်ပုစကားဆုံးအောင် မပြောရသေးခင်မှာဘဲ ရှကျိုးယွီ ရဲ့အကြည့်က တည်တင်းလာသည်ကို သတိထားမိသွားခဲ့သည်။

ချက်ချင်းပဲ လီလင်ပု စိတ်လှုပ်ရှားသွားတော့သည်။ စကားပြောနေတာလည်း ရပ်သွားတော့၏။ အခန်းထဲရှိ‌ လေထုတစ်ခုလုံး ရပ်တန့်သွားခဲ့သလိုမျိုးပဲ။

'ငါ့ရဲ့အမိန့်အတိုင်း ဆောင်ရွက်တယ်တဲ့လား? ဒီကောင် ဘာတွေလုပ်နေတာလဲ? ကုန်သွယ်မယ်ဆိုတဲ့ခေါင်းစဉ်နဲ့ တိုင်းပြည်တွေဆီကနေငွေယူမယ် ဟုတ်လား? ကောင်းလိုက်တဲ့ အရည်အချင်းကွာ!’

'ဒီလိုမျိုးလုပ်လို့ရတာကို ငါဘာလို့အရင်က မတွေးမိခဲ့ရတာလဲ? လုံးဝဉာဏ်ကြီးရှင်ပဲ!’

'တိုင်းပြည်တွေအားလုံးကို အရူးလို့ထင်နေတာလား?'

'သူတို့က ပိုက်ဆံပေးဆိုတာနဲ့ ပေးရအောင် မင်းအဖေမလို့လား?’

‘ပူးပေါင်းကုန်သွယ်ဖို့မပြောနဲ့၊ သူတို့တွေအုပ်စုဖွဲ့ပြီး စစ်မတိုက်ရင်ကို ကံကောင်းပြီလို့ ကျေးဇူးတင်နေလိုက်တော့’

'ထူးချွန်လှတဲ့မင်းရဲ့လုပ်ရပ်ကြောင့် ငါစောက်ရမ်းပဲ လက်မထောင်ချင်သွားပြီကွာ’

'မိုက်လိုက်တဲ့သတ္တိ!’

ရှကျိုးယွီတွေးနေခဲ့ပေမယ့် သူရဲ့မျက်နှာပေါ်တွင် ခံစားချက်တစ်ခုမှ ထုတ်မပြခဲ့ဘူး။ ထိုအစား သူကမေးလိုက်သည်။

“အခြေအနေဘယ်လိုရှိလဲ?”

ရှကျိုးယွီဘက်က ဒေါသမထွက်တာမြင်တဲ့အခါမှ လီလင်ပု စိတ်သက်သာရာရသွားခဲ့သည်။

သူအမြန်ရှင်းပြလိုက်သည်။

“အရှင်မင်းကြီး တိုင်းပြည်တွေဘက်က ရှင်းလင်းတဲ့အဖြေကို မပေးသေးပါဘူး၊ ကျွန်တော်မျိုးတို့ဘက်က ကြိုးစားမှုတချို့လုပ်ဖို့ လိုအပ်နေသေးတယ်လို့ ယုံကြည်မိတယ်၊”

ရှကျိုးယွီရဲ့ပျော်ရွှင်မှုတွေကတော့ ပိုပြီးကြီးမားလာတော့သည်။

'အဓိပ္ပာယ်မရှိတာ..ဒီကိစ္စသာကို သဘောတူလိုက်မယ်ဆိုရင် ငါတို့ရဲ့တရှားတိုင်းပြည်ကြီး ဘာကိုကြုံတွေ့လာရမယ်လို့ထင်လဲ? တခြားတိုင်းပြည်တွေဘက်က ဝိုင်းမတိုက်ဖူးလို့ ဘာကြောင့် ယုံကြည်ချက်ရှိနေရတာလဲ?’

ဒါပေမယ့် ရှကျိုးယွီအများကြီး မမေးခဲ့ဘူး။ ထိုအစား တည်ငြိမ်စွာဖြင့်

“ငါတို့က ဘယ်လိုမျိုးထပ်ပြီးကြိုးစားရမှာလဲ?”

ရှကျိုးယွီရဲ့ မေးခွန်းကို ကြားသောအခါမှာ လီလင်ပု အမြန်ဖြေကြားလိုက်သည်။

“အရှင်မင်းကြီး ကျွန်တော်မျိုးတို့ဘက်က အခြေအနေတစ်ချို့ကို အရင် လိုက်လျောပေးသင့်တယ်လို့ ထင်ပါတယ်၊ ကျွန်တော်တို့ဘက်က ရက်ရောတဲ့ကမ်းလှမ်းမှုတချို့ကို ပြလိုက်မယ်ဆိုရင် တိုင်းပြည်တွေကို လှည့်ကွက်ထဲဝင်လာအောင် မျှားခေါ်နိုင်လိမ့်မယ်၊ ကျွန်တော်မျိုးတို့ ပိုက်ဆံရပြီဆိုတာနဲ့ အဲဒီအချိန်ကျရင်…”

လီလင်ပုပြောနေတာ ရပ်လိုက်သည်။ ရှကျိုးယွီတော်တော်လေး အံ့ဩသွားတော့၏။ ထိုကိစ္စမှာ ရှကျိုးယွီ နားလည်လိုက်တာတစ်ခုရှိသည်။

'ဒီကိစ္စက သေချာပေါက် လူအများကြီးရဲ့မုန်းတီးမှုကို ခေါ်ဆောင်လာနိုင်မှာပဲ၊ အခုလို အများစောက်မြင်ကတ်မယ့်အခြေအနေကို စဉ်းစားနိုင်တဲ့ လီလင်ပုရဲ့ဉာဏ်ရည်ကိုတော့ တော်တော်လေးချီးကျူးမိတယ်!’

‘ ယုံကြည်မှုလွန်ကဲနေတဲ့သူပဲ၊ ငါကြိုက်လိုက်တာ!’

ဒါပေမယ့် ရှကျိုးယွီအချိန်အကြာကြီး တွေးတောနေဟန်ဆောင်လိုက်သည်။ အချိန်တစ်ချို့ကြာပြီးနောက်မှသာ ခေါင်းငြိမ့်ပြလိုက်သည်။

“အခုအခြေအနေထိ ရောက်လာပြီဆိုမှတော့ ဆက်ဆောင်ရွက်ကြတာပေါ့”

ရှကျိုးယွီ နူးညံ့စွာပြောလိုက်သည်။

ထို့နောက်မှ သူကဆက်ပြောလိုက်သေး၏။

“ဒါပေမယ့် မင်းသိထားရမှာတစ်ခုရှိတယ်၊ ပူးပေါင်းမှုက အဆင်ပြေတယ်၊ ဒါပေမယ့် အကယ်လို့တစ်ခုခုသာ……၊ ထားလိုက်တော့၊ မင်းအကောင်းဆုံးသာ ဖြေရှင်းလိုက်”

ရှကျိုးယွီအစက သတိပေးချင်ခဲ့သည်။ ဒါပေမယ့် အဆုံးမှာတော့မလိုအပ်ဘူးလို့ ခံစားရတာမလို့ မပြောခဲ့ဘူး။

ထိုအချိန်မှာပဲ စနစ်ရဲ့အသံကို ရှကျိုးယွီကြားလိုက်ရသည်။

(ပိုင်ရှင်က အမတ်ရဲ့စကားကို နားထောင်ပြီး မငြင်းခဲ့ဘူး၊ အဲဒီလုပ်ရပ်က တိုင်းပြည်တွေကို ရန်စသလိုဖြစ်သွားပြီး သူတိုရဲ့ဒေါသကို အလွန်အကျွံဆွမိသွားရင် တရှားတိုင်းပြည်ကို ဝိုင်းဝန်းတိုက်ခိုက်ခံရနိုင်တယ်၊ တရှားတိုင်းပြည်အတွက် အခုလိုမျိုးအန္တရာယ်များစွာ ဖိတ်ခေါ်တဲ့ လုပ်ရပ်က ဘုရင်တစ်ယောက်ရဲ့ အပြုအမူနဲ့ မကိုက်ညီပါဘူး။)

(ကံကြမ္မာအမှတ်‌ ၅,၀၀၀ လျော့တယ်။ လက်ရှိမှာ ၃,၇၀၀ ပဲကျန်တော့တယ်!)

(ဆုလာဘ် – တရှားတိုင်းပြည်ရဲ့ ပြည်သူတွေ၏ ခန္ဓာကိုယ်ပိုင်းသန်မာမှု တိုးတက်ခြင်း…+1)

(တရှားတိုင်းပြည်ရဲ့ ခန္ဓာကိုယ်သန်မာမှု အားလုံးကတိုးတက်သွားမည်၊ လယ်သမားတွေဆိုရင်လည်း သူတို့ရဲ့သန်မာမှုက ပိုတိုးလာခဲ့ပြီး လျင်မြန်တဲ့အရှိန်နဲ့ စီးပွားရေးကိုလုပ်ဆောင်နိုင်မည်၊ ရောဂါဖြစ်ပွားနှုန်းလျော့ကျမည်)

စနစ်ရဲ့ဖော်ပြချက်ကြောင့် ရှကျိုးယွီ အံ့သြသွားခဲ့သည်။

အံ့ဩနေရာကနေ အချိန်တစ်ခုကြာသည့်အထိ ရုန်းမထွက်နိုင်ခဲ့ဘူး။

'ဒါကဖြစ်နိုင်လို့လား? ဒါဆိုရင် ဒီဆုလာဘ်ရဲ့ဆိုလိုရင်းက တိုင်းပြည်ကြီး တိုးတက်လာမှာ မဟုတ်ဘူးလား?'

'ပြည်သူတွေသာ အခုလိုမျိုးဆက်တိုက် သန်မာလာမယ်ဆိုရင် တိုင်းပြည်ရဲ့ကံကြမ္မာအမှတ်တွေလည်း တက်မလာလောက်ဘူးလား?’

……..

All Chapters