( ကောင်းချီးကျရောက်ခြင်း)
Vol. 9 Ch. 115
ရှကျိုးယွီ ဆုလာဘ် လက်ခံလိုက်ချိန်မှာပဲ တရှားတိုင်းပြည်ရဲ့နန်းတော်ထက်ရှိ ကောင်းကင်ပေါ်တွင် ရွှေရောင်အလင်းတစ်ချို့ ဖြာထွက်လာခဲ့သည်။ ထိုအလင်းက နေရောင်ကြားထဲ ဝင်ရောက်ကာ တိုင်းပြည်တစ်ခုလုံးအပေါ် ဖြာကျသွား၏။ အချိန်တိုအတွင်းမှာပဲ တရှားတိုင်းပြည်ရှိ ပြည်သူတွေအားလုံးရဲ့ ခန္ဓာကိုယ်အတွင်းသို့ စွမ်းအင်များ ဝင်ရောက်သွားခဲ့သည်။ ချက်ချင်းပဲ ပြည်သူတွေအားလုံး အားအင်ပြည့်ဝလာသလို ခံစားလိုက်ရသည်။
"ဘာဖြစ်နေတာလဲ? ဘာလို့ရုတ်တရက်ကြီး ပိုသန်မာလာသလိုခံစားနေရတာလဲ?"
"မင်းရော ခံစားလိုက်ရလား? နန်းတော်ဆီကနေ အလင်းတစ်ချက်လင်းသွားပြီး ငါ့ခန္ဓာကိုယ်ထဲရောက်လာသလိုမျိုးပဲ၊ တော်တော်လေးပေါ့ပါးသွားတယ်"
"ငါရောပဲ"
"ငါရောပဲ"
"အေးကွာ၊ ငါ တစ်ကိုယ်လုံးညောင်းနေတာတောင် အခုပြေသွားခဲ့ပြီ၊ အခု အကြိမ်သုံးရာလောက် ရန်ဖြစ်နိုင်သလို ခံစားနေရတယ်"
အကုန်လုံးပျော်ရွှင်သွားခဲ့သည်။ နန်းတော်ထဲရှိ အလင်းတန်းကိုကြည့်နေရင်း သူတို့ရဲ့မျက်လုံးထဲမှာ လေးစားမှုတို့ပြည့်လာခဲ့သည်။
ထိုအလင်းတန်းရဲ့ရှေ့မှာ ပထမဦးဆုံး လူတစ်ယောက်က နန်းတော်ရှိရာကို မျက်နှာမူပြီး ဒူးထောက်ချလိုက်သည်။ ချက်ချင်းပဲ မရေတွက်နိုင်တဲ့ထိုက်အန်းမြို့တော်ရှိ ပြည်သူတွေအားလုံး အကုန်ဒူးထောက်လိုက်ကြသည်။ အကုန်လုံးဘက်မှ ရိုသေမှုကို ထုတ်ပြလိုက်တာပင်။
စားသောက်ဆိုင်အတွင်းမှာ သတင်းထိုင်စောင့်နေခဲ့သော လီဖူပင် နန်းတော်အထက်ရှိအလင်းကို သတိထားမိသွားခဲ့သည်။ မော့ကြည့်လိုက်မိတာနဲ့ သူ့ရဲ့ မျက်နှာအထက်မှာ ကြောက်ရွံ့မှုတွေ ပြည့်နှက်လာခဲ့၏။ နဖူးနှစ်ဖက်လည်း စုကျုံ့လာခဲ့သည်!
“ဒါက!!!”
"ကောင်းကင်ဘုံရဲ့ကောင်းချီးပဲ! အားလုံးကိုကောင်းချီးပေးနေတာ!"
အလင်းတန်းကိုကြည့်နေရင်း လီဖူ တော်တော်လေးရှုပ်ထွေးနေခဲ့သည်။ အချိန်အကြာကြီးအထိ မရုန်းထွက်နိုင်ခဲ့ဘူး။
ကောင်းကင်ဘုံရဲ့ ကောင်းချီးကို ရရှိခြင်းက ကောင်းကင်ဘုံက အခွင့်အရေးတစ်ခုပေးနေတာပဲလို့ ဆိုလိုတာပင်! ကောင်းချီးပေးခံရသောနယ်မြေများမှာသာ အခုလိုအလင်းတန်း ပေါ်ပေါက်တတ်သည်!
အခု တရှားတိုင်းပြည်မှာ နတ်အလင်းကို သူမျက်မြင်တွေ့ခွင့်ရသည်။
အဲဒါ ဘာကိုဆိုလိုတာဖြစ်မလဲ?
တရှားတိုင်းပြည်က ပြောင်းလဲမှုကိုကြုံတွေ့လိုက်ရပြီလို့ ဆိုလိုတာပဲ။ အခုဆိုရင် တရှားတိုင်းပြည်က ကောင်းချီးပေးခံရတဲ့နယ်မြေတစ်ခုဖြစ်လာခဲ့ပြီ။
ဒါပေမဲ့ တရှားတိုင်းပြည်က ကောင်းချီးပေးခံရသော နယ်မြေတစ်ခုဖြစ်သင့်လားဆိုတာကို လီဖူ နားမလည်နိုင်သေးဘူး။
တိုင်းပြည်ကြီးတွေနဲ့ယှဉ်လိုက်မယ်ဆိုရင် တရှားတိုင်းပြည်ရဲ့ မြေအနေအထား အကျယ်အဝန်းက သေးငယ်သည်။ စိတ်ဝိညာဉ်စွမ်းအင်တည်ရှိမှုကလည်း တော်တော်လေးလျော့ကျသည်။
တိုင်းပြည်ကြီးတွေနဲ့ နှိုင်းယှဉ်လိုက်မည်ဆိုရင် တရှားတိုင်းပြည်ရဲ့ စိတ်ဝိညာဉ်စွမ်းအင်က မတည်ရှိနေသလောက်ပဲ။
ဆန်းကြယ်တဲ့ တောတောင်တွေ မြစ်ချောင်းတွေလည်း ရှားပါးသည်။ စိတ်ဝိညာဉ်စွမ်းအင် ပါဝင်သောစမ်းချောင်းဆိုတာ တရှားတိုင်းပြည်မှာမရှိဘူး။
ထို့ကြောင့် တိုင်းပြည်ကြီးတွေနဲ့ နှိုင်းယှဉ်လိုက်မည်ဆိုရင် တရှားတိုင်းပြည်ကို ဝေးလံခေါင်ခိုက်ပြီး မဖွံ့ဖြိုးသောဒေသတစ်ခုဟု ပြောနိုင်သည်။
ဒါပေမဲ့ အခုလိုမျိုးနေရာတစ်ခုမှာ ကောင်းကင်ဘုံရဲ့ကောင်းချီး ပေါ်ပေါက်လာခဲ့တာလား?
လီဖူရဲ့နားလည်နိုင်စွမ်းတွေ တော်တော်လေး ပျက်ယွင်းသွားခဲ့ရသည်။ ဒါပေမဲ့မကြာခင်မှာပဲ လီဖူ သတိထားမိသွား၏။ ထိုအလင်းတန်းက သူ့အပေါ် လုံးဝသက်ရောက်မှုမရှိနေတာပင်။
"ဘာတွေဖြစ်နေတာလဲ? ငါထင်ယောင်ထင်မှားဖြစ်နေတာလား?"
လီဖူ ရေရွတ်လိုက်သည်။ သူ့ရဲ့မျက်လုံးတွေလည်း ပြူးကျယ်နေခဲ့၏!
ထို့ကြောင့် စားသောက်ဆိုင်အပြင်ဘက်ရှိလမ်းကို လီဖူ စိုက်ကြည့်လိုက်သည်။ တရှားတိုင်းပြည်ရဲ့ ပြည်သူတွေအပေါ် ကျရောက်နေသော လေးလံတဲ့အရှိန်အဝါကို ခံစားမိသည်နှင့် သူ့ရဲ့မျက်လုံးထဲမှာ ချက်ချင်းပဲထိတ်လန့်မှုတွေ ပြည့်နှက်လာခဲ့သည်။
'ဒီအလင်းတန်းက တရှားတိုင်းပြည်ရဲ့ ပြည်သူတွေအပေါ်မှာပဲ သက်ရောက်တာလား!’
လီဖူ တစ်ယောက် နေရာမှာတင် အေးခဲသွားလေရဲ့။
အချိန်အကြာကြီး သူအံ့ဩနေတော့သည်။ သူ့ရဲ့ခန္ဓာကိုယ်လည်း တုန်ယင်လာတော့၏။
အခုအချိန်မှာ ဖြစ်နိုင်ခြေတစ်ခုကို တွေးမိသွားသည်မို့ ကောင်းကင်ကို မော့ကြည့်လိုက်သည်။ အခြေအနေကို နားလည်သွားသည်နှင့် လီဖူရဲ့မျက်နှာတစ်ခုလုံး တည်တင်းသွားခဲ့သည်။
'ဒါက ကောင်းကင်ဘုံရဲ့ကောင်းချီးမဟုတ်ဘဲ တရှားတိုင်းပြည်ရဲ့ ပြည်သူတွေပဲခံစားရတဲ့ ဆုလာဘ်ပေါ့?’
'အခုလိုမျိုး တရှားတိုင်းပြည်ရဲ့ ပြည်သူတွေကို ကြီးမားတဲ့ ဆုလာဘ်ခံစားနိုင်အောင် ရှကျိုးယွီ ဘာလုပ်ခဲ့တာများလဲ? သူပြောမယ်ဆိုတဲ့ဖြေရှင်းနည်းက ဒါကိုပြောချင်တာလား?’
လီဖူရဲ့နှလုံးသားမှာ သံသယတွေဝင်ရောက်လာခဲ့သည်။ အချိန်ဘယ်လောက်ကြာသည်အထိ တွေးတောနေခဲ့မိလည်း သူ မသိတော့ပေ။ ဒါပေမဲ့အဆုံးမှာတော့ နားမလည်နိုင်ခဲ့ဘူး။
...
ထိုအချိန်မှာ လျိုချင်းချန်က ကျင့်ကြံနေခဲ့သည်။ နန်းတော်အထက်က ရွှေရောင်အလင်းတန်းကိုမြင်တဲ့အချိန်မှာ သူမအံ့ဩသွားတော့သည်။ သူမ မတုံ့ပြန်နိုင်ခင်မှာပဲ ခန္ဓာကိုယ်အတွင်းကိုစီးဝင်လာတဲ့ ဆန်းကြယ်တဲ့အရှိန်အဝါတစ်ခုကို အာရုံခံမိလိုက်၏။
သူမရဲ့ခန္ဓာကိုယ်တစ်ခုလုံး ချက်ချင်းပဲပေါ့ပါးလာတော့သည်။ ခန္ဓာကိုယ်အတွင်းက တုံ့ပြန်နေခဲ့သော ခံစားချက်များ အားလုံးကိုလည်း အတော်အသင့် ဖိနှိပ်နိုင်သွားသည်။
"ဘာတွေဖြစ်နေတာလဲ? အဲဒီအလင်းက ဘာကြီးလဲ? ဘာကြောင့်များ မဖြစ်နိုင်တဲ့အရာတွေအားလုံးကိုကျော်လွန်ပြီး ငါ့ရဲ့ခန္ဓာကိုယ်ကို စွမ်းအင်တွေတိုးလာစေရတာလဲ? ဒါဘယ်လိုစွမ်းအင်မျိုးလဲ!"
"စည်းမျဉ်းတွေကို တကယ်ပဲဆန့်ကျင်နိုင်တယ်!"
လျိုချင်းချန် ရှုပ်ထွေးနေခဲ့သည်။ သူမက လီဖူ လိုမျိုး ဗဟုသုတမကြွယ်ဝဘူး။ ထို့ကြောင့် အဲဒီအလင်းရဲ့တည်ရှိမှုကို သူမနားမလည်နိုင်ခဲ့ဘူး။
ထိုအလင်းတန်းတွင်ပါဝင်သော စွမ်းအင်သည် သိမ်မွေ့ပေမဲ့ အင်အားကြီးသည်။
"ကံဆိုးတာက အဲဒီအစွမ်းက အရမ်းအားနည်းနေတယ်၊ ဒါ့အပြင် ငါ့ရဲ့အတွင်းစိတ်ကလည်း မတည်ငြိမ်သေးဘူး၊ ဒါကြောင့် ပထမအဆင့်ကို အဆင့်တက်ချင်တယ်ဆိုရင်တော့... အား ငါစိတ်မရှည်ဖြစ်နေတာပဲ!"
လျိုချင်းချန် အတွေးများသွားခဲ့သည်။ သူမအနေနဲ့ တရှားတိုင်းပြည်ရဲ့ ကံကြမ္မာအမှတ်ကို အသုံးပြုပြီး ပထမအဆင့်တက်ချင်တယ်ဆိုရင် မဖြစ်မနေလိုအပ်တဲ့အရာက ရှကျိုးယွီနဲ့...
လျိုချင်းချန်အနေနဲ့ ပထမအဆင့်ကို တကယ်ပဲတက်လှမ်းချင်ပါသည်။
ဒါပေမဲ့ ထိုကိစ္စကြောင့် သူမတွန့်ဆုတ်နေခဲ့သည်။
အခုအချိန်မှာတော့ သူမရဲ့အကြည့်က အလင်းတန်းပေါ်မှာပဲကျရောက်နေခဲ့သည်။ အချိန်တစ်ခုကြာသည်အထိ သူမစကားတစ်ခွန်းမှ မပြောနိုင်ခဲ့ဘူး။ ချက်ချင်းပဲ နန်းတော်ရှိရာကို ဦးတည်လေတော့သည်။
...
ထိုအလင်းတန်းက ထိုက်အန်းမြို့တော်မှာ စတင်ပြီး တရှားတိုင်းပြည်ရဲ့ ပိုင်နက်ဆုံးသည်အထိ ပျံ့နှံ့သွားခဲ့သည်။ နေရာအသီးသီးရှိ လူတိုင်းအပေါ်ကျရောက်သွားခဲ့သည်။
အလင်းတန်းရဲ့စွမ်းအင်ကိုခံစားမိသည်နှင့် ကျင့်ကြံသူများစွာ အံ့ဩတကြီးဖြစ်သွားပြီး လုပ်လက်စအလုပ်ကို ရပ်လိုက်ကြသည်။
"အစွမ်းတွေ! ငါ့အစွမ်းတွေတိုးလာတာလား?!"
"ငါ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံး စွမ်းအင်တွေပြည့်ဝလာသလို ခံစားနေရတယ်!"
"ဘာတွေဖြစ်နေတာလဲ? ငါဘာလို့ ငါ့ရဲ့ခန္ဓာကိုယ်က သန်မာမှုတိုးလာတယ်လို့ ခံစားနေရတာလဲ?"
"ဒါက အလင်းတန်းပဲ၊ အဲဒီအလင်းတန်းရဲ့အစွမ်းတွေပဲ!"
တရှားတိုင်းပြည်အတွင်းရှိ ကျင့်ကြံသူအားလုံး အံ့ဩသွားခဲ့ကြသည်။ တရှားတိုင်းပြည်ရဲ့ပြည်သူမဟုတ်သော တခြားတိုင်းပြည်ကလာသည့် ကျင့်ကြံသူများကတော့ သူတို့ရဲ့အဖော်တွေကို ရှုပ်ထွေးစွာကြည့်လိုက်ကြပြီး…
"မင်း ဘာတွေပြောနေတာလဲ? ဘာလို့ငါနားမလည်နိုင်ရတာလဲ?"
"ဘာအလင်းလဲ? ဘာစွမ်းအင်လဲ? မင်းထူးဆန်းနေတယ်"
"နေဦး၊ မင်း... မင်းအခု အဆင့်တက်သွားတာလား!"
"ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!!!"
"ဘာတွေဖြစ်နေတာလဲ?"
တရှားတိုင်းပြည်ရဲ့ကျင့်ကြံသူထံမှ အဆင့်တက်သွားသည်ကို မြင်သောအခါ ထိုသူ မနေနိုင်စွာမေးလိုက်တော့သည်။
"ငါလည်းမသိဘူး၊ အဲဒီအလင်းရဲ့စွမ်းအင်ပဲနဲ့တူတယ်၊ အခုတင် ငါ့ရဲ့ခန္ဓာကိုယ်က ပေါ့ပါးလာပြီး အဆုံးမရှိတဲ့စွမ်းအင်တွေ ဝင်ရောက်လာတယ်လို့ ခံစားခဲ့ရတာ၊ အဲဒါနဲ့ငါလည်း အဲဒီအစွမ်းကိုအသုံးပြုပြီး အဆင့်တက်ဖို့ကြိုးစားကြည့်လိုက်တယ်၊ အဲမှာအောင်မြင်သွားတာပဲ!"
ထိုသူက ကူကယ်ရာမဲ့စွာဖြင့် ရှင်းပြလိုက်သည်။
အကုန်လုံးအံ့ဩသွားတော့၏။ ကျန်တဲ့လူတွေအားလုံး မနာလိုစွာဖြင့် ဝိုင်းကြည့်လာကြသည်။
ထိုသူရဲ့တိုးတက်လာသော အရှိန်အဝါကို အကုန်လုံးအာရုံခံလို့ရသည်လေ။
ဒါဆိုရင် အလင်းတန်းကြောင့် အဆင့်တက်သွားခဲ့တာပဲပေါ့?
...
တရှားတိုင်းပြည်ရဲ့နေရာအစုံမှာ ထိုကဲ့သို့အဖြစ်အပျက်များ ဖြစ်ပွားသွားခဲ့သည်။
သဘာဝကပ်ဘေးတစ်ခုကို ကြုံတွေ့လိုက်ရသလိုမျိုး ထိုအဖြစ်အပျက်က လူအားလုံးရဲ့ရင်ထဲကို အံ့ဩမှုကြီးဖြစ်ပေါ်စေခဲ့၏။
တရှားတိုင်းပြည် ရဲ့ပြည်သူတွေအတွက်တော့ ကောင်းကင်ဘုံက ကောင်းချီးပေးလာခြင်းပင်။
ပြည်သူတွေအားလုံး တစ်ချိန်ကသူတို့ကိုယ်တိုင် စိတ်ဆိုးစွာဖြင့် မင်းဆိုးမင်းညစ်လို့ခေါ်ခဲ့ဖူးတဲ့ အရှင်မင်းကြီးကို အခုအချိန်မှာ အလွန်လေးစားသွားတော့သည်။
ရှကျိုးယွီကတော့ တစ်ခါမှမတွေးခဲ့ဘူး။ တိုင်းပြည်ကို ဖျက်ဆီးဖို့ကြိုးစားနေရင်း ပြည်သူတွေကို အခုလိုမျိုး အကျိုးထူးအောင်လုပ်ပေးနိုင်မယ်လို့လေ!
……..