← Chapters

( ဒီတစ်ခေါက်ကိစ္စမှာ ငါလုံးဝ ခံလိုက်ရပြီ)

Vol. 9 Ch. 116

( ဒီတစ်ခေါက်ကိစ္စမှာ ငါလုံးဝ ခံလိုက်ရပြီ)

Vol. 9 Ch. 116

တောင်ဝင်နန်းဆောင် အတွင်းမှာ ရှကျိုးယွီ အတွေးများနေခဲ့သည်။ နဂိုကစိတ်လှုပ်ရှားကာ ပျော်ရွှင်နေသော သူ့ရဲ့ အခြေအနေကို စနစ်ရဲ့ အသိပေးချက်က ရိုက်ချိုးသွားလေ၏။

(တရှားတိုင်းပြည်ရဲ့ ပြည်သူတွေထံမှ သန်မာလာမှုကို အာရုံခံမိတဲ့အတွက် ကံကြမ္မာအမှတ် ၅၀၀၀၀ တက်သွား ပါတယ်!)

ထိုအသိပေးချက်က ပျော်ရွှင်နေခဲ့သော ရှကျိုးယွီရဲ့ နှလုံးသားကို အေးစက်သည့် ရေအေးတစ်ပုံးနှင့် ပက်ဖြန်း လိုက်သလိုမျိုး ထုံကျဉ်သွားစေခဲ့သည်။

'စနစ်! မင်းက အမှတ် ၅၀၀၀ လျော့ပြီး ၅၀၀၀၀ တိုးပစ်လိုက်တာလား!!'

‘ချီးပဲဟေ့!’

'ဘာတွေဖြစ်နေတာလဲ? စနစ် မင်း ငါ့ကို အဲ့လိုမညစ်နဲ့နော်!'

‘မင်း ဘယ်လိုလုပ် အဲ့လို လုပ်နိုင်ရတာလဲ? ပြည်သူတွေရဲ့ သန်မာမှု တိုးရမယ့်ဆိုတဲ့ အချက်က ငါနှင့်ဘာဆိုင်လို့လဲ?’

‘ အဲ့ဒါကို ဘာကိစ္စ ဆုလာဘ်အဖြစ် ပေးရတာလဲ!

မင်းရဲ့ဆုလာဘ်ထဲမှာ ငါနဲ့ သက်ဆိုင်တဲ့အရာတစ်ခုမှ ဘာကြောင့် မမြင်မိရတာလဲ?’

‘ ဒါလုံးဝ အကျိုးအကြောင်း မဆီလျှော်ဘူး! ဘာလဲ? ပြည်သူတွေရဲ့ သန်မာမှုကို တိုးပေးရအောင် သူတို့တွေ အရင်တုန်းက ကျိုးကန်းနေလို့လား?’

ရှကျိုးယွီရဲ့ မျက်နှာက ထိန်းမရအောင် ပျက်ယွင်းနေခဲ့သည်!

သူ စိတ်ဆိုးလွန်းလို့ နေရာမှာတင် မေ့လဲတော့မည်။

ဒါပေမယ် အဆုံးမှာတော့ ရှကျိုးယွီအသက်တစ်ချက် ရှုသွင်းလိုက်ကာ အတင်းအကျပ်တည်ငြိမ်အောင် ပြုလုပ်လိုက်တော့၏။

အဆုံးမှာတော့ စိတ်လျော့ဖို့ရန် ဆုံးဖြတ်လိုက်တာပင်။

'ထားတော့ ထားတော့ ပြည်သူတွေအတွက် အကျိုးပြုရတာပဲ။ ဆိုးဝါးတဲ့ကိစ္စတစ်မှ မဟုတ်တာ'

'ဒါ ကောင်းမွန်တဲ့အပေးအယူလို့ပဲ တွေးပေးလိုက်တော့မယ်’

‘ငါ အရှင်မင်းကြီးမှာ အချိန်အများကြီးကျန်ပါသေးတယ်။ ကံကြမ္မာအမှတ်! ငါ မင်းကို မနိုင်ဘူးလို့ လုံးဝမယုံကြည်ဘူး!’

ထိုအချိန်မှာပဲ လီလင်ပုရဲ့အသံကို ရှကျိုးယွီကြားလိုက်ရသည်။

“အရှင်မင်းကြီးရဲ့ အစောကစကားက ကျွန်တော်မျိုးကို ဖြေရှင်းဖို့ အမိန့်ပေးလိုက်တာလား?”

ထိုအချိန်မှသာ ရှကျိုးယွီ ပြန်လည်အသိစိတ် ဝင်လာခဲ့သည်။ လီလင်ပုကို လှမ်းကြည့်လိုက်သည်။

ချက်ချင်းပဲ အရှေ့က အဖိုးကြီးရဲ့ပုံစံက ပိုပြီးသန်မာလာတာကို သတိထားမိသွား၏။ ကျန်းမာရေးအရမ်းကောင်းပြီး မသေနိုင်တဲ့ အဖိုးကြီးတစ်ယောက်လိုပဲ!

ရှကျိုးယွီ လက်တစ်ဖက် ယမ်းပြလိုက်ပြီး…

“အေး ဟုတ်တယ်။ ငါ ကိုယ်တော် အဲ့လို့ပြောခဲ့တာ။ တခြားပြောစရာမရှိတော့ဘူးဆိုရင် မင်းထွက်သွားတော့”

လီလင်ပု ရှကျိုးယွီကို တည်ငြိမ်စွာကြည့်လိုက်သည်။ ထို့နောက်မှာ အသက်တစ်ချက်အရင်ရှုသွင်းလိုက်ပြီးမှ ခေါင်းညွတ်လိုက်ကာ..

“အရှင်မင်းကြီးက ကျွန်တော်မျိုးကို တစ်ကယ်ပဲ ဖြေရှင်းစေချင်တယ်ဆိုရင် ကျွန်တော်မျိုးမှာ တောင်းဆိုစရာ တစ်ခုရှိပါတယ်”

“ဘာကိစ္စလဲ?”

ရှကျိုးယွီ ပုံမှန်လိုပဲ လှမ်းကြည့်လိုက်သည်။

လီလင်ပု အမြန်ဖြေကြားလိုက်၏။

“အရှင်မင်းကြီး ကျွန်တော်မျိုးကို လူတစ်ချို့ ငှားပေးပါ”

“လူတစ်ချို့ ငှားရမယ်? အဲ့ဒါဘာကို ဆိုလိုတာလဲ? မင်းက တပ်သားတစ်ချို့လိုချင်တာလား?”

ရှကျိုးယွီ မျက်မှောင်ကြုတ်သွားခဲ့သည်။

လီလင်ပုက ဒုအမတ်ချုပ်တစ်ယောက်ဖြစ်ပြီး တိုင်းပြည်ရဲ့နေ့စဉ် မှတ်တမ်းစာစောင်ကို ဖတ်ရှုခွင့်ရှိသည်ဆိုပေမယ့် သူက ရုံးတော်ပိုင်းဆိုင်ရာ အမတ်တစ်ယောက်သာ ဖြစ်သည်။

စစ်တပ်အင်အား တစ်ချို့ကို အသုံးပြုချင်တယ်ဆိုရင် အမိန့်တော်လိုအပ်သည်။

ဒါ့အပြင် ပြည်တွင်းရေး အမတ် တစ်ယောက်အနေဖြင့် တပ်သား တောင်းဆိုခြင်းက အလွန်ရဲဝင့်သည့်ကိစ္စလို့ ပြောလို့ရသည်!

လီလင်ပု ချက်ချင်းပဲ ကြောက်ရွံ့စွာဖြင့် ဒူးထောက်ကျသွားကာ..

“ကျွန်တော်မျိုး မလုပ်ရဲပါဘူး။ ကျွန်တော်မျိုးက တပ်သားတွေ အများကြီးစုဆောင်းဖို့ ကြံစည်နေတာ မဟုတ်ပါဘူး။ အဲ့ဒါက ကျွန်တော်မျိုးရဲ့ ရည်ရွယ်ချက်လုံးဝမဟုတ်ပါဘူး။ ကျွန်တော် ကြားထားတာက မိန်းမစိုးကျောက်ရဲ့ လက်အောက်မှာ သိုင်းသမားတစ်ချို့ရှိတယ်ဆိုလို့ပါ”

“ ဒါကြောင့် အရှင်မင်းကြီးဆီကနေ သူတို့ရဲ့ ကူညီတစ်ချို့ လိုအပ်လို့ တောင်းခံချင်ယုံတင်ပါ။ အဲ့ဒီ တိုင်းပြည်တွေဘက်က သဘောတူ လာခဲ့ရင်တောင်မှ အပေါ်ယံသဘောတူတာပဲ ဖြစ်ပါလိမ့်မယ်။ သူတို့ ဘယ်လိုပြဿနာတွေ ဖန်တီးလာမယ်ဆိုတာ ဘယ်သူမှမသိနိုင်ပါဘူး!”

လီလင်ပုရဲ့အသံက ပြောနေရင်းဖြင့် တော်တော်လေး အားနည်းလာခဲ့သည်။ အဆုံးမှာတော့ တိတ်ဆိတ်သွားလေ၏။

ရှကျိုးယွီ မျက်မှောင်ကြုတ်နေဆဲပဲ။

'သိုင်းသမားတစ်ချို့ တောင်းတယ်တဲ့လား? ကုန်သွယ်ရေးလုပ်တဲ့ကိစ္စမှာ သိုင်းသမားကို ဘာကိစ္စ လိုအပ်တာလဲ? ဒါမှမဟုတ် ဖြစ်နိုင်တာက အသတ်ခံရမှာကြောက်လို့လား?’

'မဆိုးဘူး။ မဆိုးဘူး။ ငါ ဒီကောင်လေးကို အခုလောက်ထိ သတိကြီးမယ်လို့ မထင်ထားခဲ့ဘူး။ ကိုယ့်အသက်ကိုယ်တော့ ဂရုစိုက်တတ်သားပဲ'

‘ဟုတ်ပါတယ်လေ။ အရင်တစ်ခေါက်ကဆိုရင် လုပ်ကြံသူတွေက ငါ့ရဲ့ နန်းတော်ထဲထိတောင်ဝင်လာခဲ့တာ။ မင်းက ငါရဲ့ညာလက်ရုံးဆိုတော့ မင်းရဲ့လုံခြုံမှုကို ငါကာကွယ်ပေးရမှာပေါ့။ နေ့တိုင်း ငါအလုပ် ရှုပ်သက်သာအောင် တင်ပြချက်တွေ ဖတ်ပေးနေတဲ့ကိစ္စတွေကို ထည့်စဉ်းစားပေးလိုက်ပါမယ်’

“ဟုတ်ပြီ။ ကျောက်ကောင်း…….”

ရှကျိုးယွီ အစက ကျောက်ကောင်းကို ခေါ်ဖို့ပြင်လိုက်သည်။ ထို့နောက်မှာမှ သူ အမှတ်ရသွားတော့၏။ ကျောက်ကောင်းကို ရေခဲပုစဉ်းရှာဖွေရန် နဂါးနှင်းတောင်ဆီကို သူလွှတ်ထားခဲ့မိတာလေ။

ရှကျိုးယွီ ခေါင်းယမ်းကာ ခပ်တိုးတိုးပြောလိုက်သည်။

“ကျောက်ကောင်းက အခုဆိုရင် နဂါးနှင်းတောင်မှာ ရှိနေလောက်တယ်”

ရှကျိုးယွီ ခဏလောက်တွန့်ဆုတ်သွားခဲ့သည်။

ကြမ်းပြင်ပေါ်မှာ ဒူးထောက်ရင်း ကြောက်ရွံ့နေသည့် လီလင်ပုကို ကြည့်ရင်း သူ့ရဲ့မျက်လုံးတွေက ရုတ်တရက်လင်းသွားလေကာ..

“ငါ ကိုယ်တော် နောက်ကျရင် စာတစ်စောင်ရေးပေးလိုက်မယ်။ ငါ့ရဲ့စာစောင်ကိုယူသွားပြီး လင်အန်းစားသောက် ဆိုင်မှာရှိတဲ့ ထျန်းချီတာဝါကပုဂ္ဂိုလ်ကို သွားရှာလိုက်”

“ ငါ့ဘက်က ပူးပေါင်းဖို့သဘောတူတယ်လို့ ပြောလိုက်။ အဲ့ဒါ ပြီးရင် သူ့ကို မင်းနောက် တစ်ကောက်ကောက် လိုက်ခိုင်းပြီး မင်းရဲ့အမိန့်ကို နာခံရမယ်ဆိုတာပါ တစ်ခါတည်း သိသာအောင်လုပ်ခဲ့”

“မဟုတ်ဘူး အရှင်မင်းကြီး။ ကျွန်တော်မျိုးက ...”

လီလင်ပု ချက်ချင်း ထိတ်လန့်သွားခဲ့သည်။ သူ အမြန်ရှင်းပြဖို့ ပြင်လိုက်သည်။

ဒါပေမယ့် ရှကျိုးယွီက လီလင်ပုရဲ့ ရှင်းပြချက်ကို လုံးဝနားမထောင်ခဲ့ဘူး။ လက်တစ်ဖက်ယမ်းပြလိုက်ကာ…

“မင်းရှင်းပြဖို့ မလိုပါဘူး။ စိတ်မပူနဲ့။ သူသာ အနားမှာရှိနေရင် မင်း ဘာကိစ္စမှမဖြစ်နိုင်ဘူး။ အဆုံးမှာတော့ မင်းလည်း သေရမှာကြောက်တာပဲမလား? ဟား ဟား”

လီလင်ပု တစ်ခုခုပြောချင်ခဲ့ပေမယ့် အဆုံးမှာတော့ အသက်တစ်ချက်ရှုသွင်းကာ ဘာမှဆက်မပြောတော့ဘူး။

ရှကျိုးယွီထံက စာစောင်ကို လက်ခံရပြီးချိန်မှာ လီလင်ပု စိတ်သက်သာရာရသွားခဲ့သည်။ စာစောင်ကိုယူလိုက်ပြီး တိတ်တဆိတ် ထွက်သွားတော့၏။

လီလင်ပုရဲ့ နောက်ကျောကိုကြည့်နေရင်း ရှကျိုးယွီအထင်သေးစွာ ခေါင်းယမ်းလိုက်သည်။ သူဘာမှ ထပ်မပြောခဲ့ဘူး။

ထို့နောက်မှာ အစေခံမလေးတစ်ချို့ကိုခေါ်ပြီး ရေဇလုံသယ်ဆောင်ခိုင်းလိုက်သည်။ ကိုယ်လက် ဆေးကြောပြီးသည်နှင့် ထိုနန်းတွင်း အစေခံပေးလာသော တဘက်ကိုပင် ယူမသုတ်ခဲ့ဘူး။ ရှကျိုးယွီ ပုံမှန်လိုပဲ အမိန့်ပေးလိုက်သည်။

“မင်းတို့အားလုံး သွားလို့ရပြီ”

ထိုသို့ဖြင့် နန်းတွင်းအစေခံတွေအားလုံး ထွက်သွားခဲ့ကြသည်။ ရှကျိုးယွီ တစ်ယောက်တည်း နဂါးပုလ္လင်ထက်မှာ ထိုင်နေသည်။

သူ ဘာတွေ တွေးနေခဲ့လည်းဆိုတာကို ဘယ်သူမှ မသိဘူး။ အချိန်အကြာကြီး နေပြီးမှသာ မတ်ထပ်ထရပ်လိုက်သည်။

“ထားလိုက်တော့ ငါ ဆက်ပြီးမတွေးတော့ဘူး။ အတွေးလွန်နေလည်း ဘာမှအကြိုးမထူးဘူး။ လာမယ့်ကိစ္စက လာမှာပဲ!”

“ဘယ်လိုနေနေ လူတွေကို အကျိုုးပြုနိုင်တယ် ဆိုမှတော့ အကောင်းဘက်ကပဲ မှတ်လိုက်တော့မယ်”

ရှကျိုးယွီ ပြောနေစဉ်မှာပဲ တစ်ခုခုကို သတိထားမိသွားခဲ့သည်။

နန်းတော်အပြင်ဘက်ကို သံသယ မျက်ဝန်းများဖြင့် လှမ်းကြည့်လိုက်ပြီး..

“လျိုချင်းချန် ဒီရက်ပိုင်းအတွင်းမှာ တွေ့ခွင့် အကြိမ်ကြိမ်တောင်းခဲ့တယ်။ အခုလည်း နန်းတော်ထဲကို ရောက်လာ ပြန်ပြီ။ သူမ ဘာလို့ရောက်လာတာများလဲ?”

ရှကျိုးယွီ ခပ်တိုးတိုးရေရွတ်လိုက်သည်။

ထိုအချိန်မှာပဲ ခြေသံများစွာကို ကြားလိုက်ရသည်။ တစ်ဆက်တည်းမှာ မိန်းမစိုးငယ်တစ်ယောက်ရဲ့ အသံ ထွက်ပေါ်လာခဲ့ပြီး..

“အရှင်မင်းကြီး တော်ဝင်ဆရာမကြီးက တွေ့ခွင့်တောင်းနေပါတယ်”

“ ဝင်ခွင့်ပေးလိုက်”

ရှကျိုးယွီ ဖြေကြားလိုက်သည်။

မိန်းမစိုးငယ်လေး ချက်ချင်းပဲ ပြန်ထွက်သွားတော့၏။

……

“အရှင်မင်းကြီးကို အရိုအသေပေးပါတယ်!”

လျိုချင်းချန် နန်းဆောင်အတွင်းကို ဝင်လာခဲ့သည်။ သူမက ရိုးရှင်းသည့် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။ ပါးလွှာသောအဖြူရောင်ဝတ်စုံကြောင့် လှပသည့်ခန္ဓာကိုယ်ကို အထင်းသား ဖော်ပြသလိုဖြစ်နေကာ စိတ်ဝင်စားဖွယ် ကောက်ကြောင်းတစ်ချို့ကိုလည်း မြင်တွေ့နိုင်သည်။

သူမက ရှကျိုးယွီကို မြင်သည်နှင့် ချက်ချင်းပဲ အရိုအသေပေးလိုက်သည်။

ရှကျိုးယွီ သူမကို တစ်ချက်လှမ်းရှိုးလိုက်သည်။

'တွေ့တိုင်း ထပ်လှလာတာပဲ! ပြီးတော့ လွန်ခဲ့သည့်ရက်ပိုင်းထက် နည်းနည်းလေးပိုးထွားလာပုံပဲ’

ရှကျိုးယွီစိတ်ထဲမှာ သက်ပြင်းချလိုက်သည်။

ကံကြမ္မာအမှတ်တွေ ရုတ်တရက် မြင့်တက်သွားသော ကိစ္စနဲ့ပတ်သက်ပြီး စိတ်အခြေအနေ မကောင်းသည့်အတွက် အရှေ့က မိန်းမလှလေးကို ရှကျိုးယွီအကြာကြီးမကြည့်ခဲ့ဘူး။

“တော်ဝင်ဆရာမကြီးက ဒီရက်ပိုင်း နန်းတော်ကို အကြိမ်ကြိမ်လာခဲ့တယ်။ အရေးကြီးကိစ္စတစ်ခုခု ရှိလို့လား?”

ရှကျိုးယွီရဲ့ အကြည့်ကို လျိုချင်းချန် လုံးဝ မရှောင်ရှားခဲ့ပေ။ သူမက နူးညံ့စွာရှင်းပြလိုက်၏။

“ကျွန်တော်မျိုးမ အရှင်မင်းကြီးကို သတင်းပေးရမယ့် ကိစ္စရှိပါတယ်”

“ဟုတ်လား?”

လျိုချင်းချန်ရဲ့ မျက်နှာထားနှင့် လေသံကြောင့် အရေးကြီးကိစ္စ တစ်ခုခုဖြစ်နေပြီမှန်း ရှကျိုးယွီ သဘော ပေါက်လိုက်သည်။ ချက်ချင်းပဲ သူစိတ်ဝင်စားသွားတော့၏။

“ဘာကိစ္စလဲ?”

ချက်ချင်းပဲ လျိုချင်းချန်ရဲ့ မျက်လုံးတွေက အနည်းငယ် နက်ရှိုင်းသွားခဲ့သည်။

“လွန်ခဲ့တဲ့ ရက်ပိုင်းက နက္ခတ် အခြေအနေကို လေ့လာတဲ့အချိန်မှာ တရှားတိုင်းပြည်ရဲ့ ကံကြမ္မာအမှတ်တွေ မတည်မငြိမ်ဖြစ်လာနိုင်တဲ့ အခြေအနေတစ်ခုကို ကျွန်တော်မျိုးမ ကြိုမြင်ခဲ့ရတယ်။ တရှားတိုင်းပြည်ရဲ့ ကံကြမ္မာ အမှတ်ကို ရိုက်ခတ်လာမှာ စိုးရပါတယ်။ ဒါကြောင့်မို့ ကျွန်တော်မျိုးမ အကြိမ်ကြိမ် တွေ့ခွင့်တောင်းခဲ့တာပါ”

………

All Chapters