← Chapters

( ဒီလောက် အရေးကြီးတယ်လား?)

Vol. 9 Ch. 117

( ဒီလောက် အရေးကြီးတယ်လား?)

Vol. 9 Ch. 117

ရှကျိုးယွီ အနည်းငယ်အံ့သြသွားခဲ့သည်။ လျိုချင်းချန်ရဲ့ အပြောအရ မကြာခင်မှာ ကိစ္စကြီးတစ်ခု ဖြစ်တော့မည့်ပုံပဲ။

'ဖြစ်နိုင်တာက နဂါးကိုးကောင်မီးပေါင်းဖိုနဲ့ ပတ်သတ်ပြီး သတင်းတွေ ပျံ့သွားလို့လား? မနေ့က ရေကြီးမှုကို ထိန်းချုပ်ခဲ့တဲ့ အဲ့ဒီကောင်မလေး ငါ့ကိုလာတွေ့တယ်မလား?’

'အပြင်ဘက်ကို သတင်းပေါက်ကြားအောင် လုပ်မိပြီဆိုရင်တော့ ငါ့ဆီကိုလာတွေ့ရဲလောက်မှာ မဟုတ်ဘူး…’

ရှကျိုးယွီ တွေးနေရင်းနဲ့ ချက်ချင်းပဲ ကိုယ့်ပေါင်ကို ရိုက်ကာ မတ်တပ်ထရပ်လိုက်သည်။

'လီလင်ပုအစောတုန်းက ပြောသွားခဲ့တယ်။ အိမ်နီးချင်းတိုင်းပြည်တွေကဆီကနေ ငွေတွေ ညှစ်ယူချင်တယ်ဆိုပြီး!’

'ဒါပေမယ့် တိုင်းပြည်အသီးသီးရဲ့ ဘုရင်တွေဆိုတာ ထိန်းချုပ်ဖို့လွယ်တဲ့သူတွေမဟုတ်ဘူး။ ဒါကြောင့် သူတို့အနေနဲ့ အပေးအယူကို သဘောတူစရာအကြောင်း မရှိဘူး’

'ဒါပေမယ့် ဒီလောက်နဲ့ စစ်ပွဲ မစလောက်သေးဘူး’

‘ စစ်ပွဲမစသေးပေမယ့် သူတို့ဘက်က ကျင့်ကြံသူ တချို့ကို တရှားတိုင်းပြည်ဆီ စေလွှတ်လိမ့်မယ်’

'တရှားတိုင်းပြည်ရဲ့ ပြည်သူတွေကြားမှာ ပြဿနာဖန်တီးချင်တာက သူတို့ရဲ့ ရည်ရွယ်ချက်များလား?’

ဒါ့အပြင် နောက်ထပ် ​ဖြစ်နိုင်ခြေတစ်ခုလည်း ရှိသေးသည်။ လီဖူရဲ့ ပြောစကားအရဆိုရင် တရှားတိုင်းပြည်က ကျန်းနန်အဖြစ်အပျက်ကို အခြေခံပြီးတော့ သိုင်းလောကရဲ့ ဂိုဏ်းပေါင်းများစွာကို ရန်စခဲ့မိသည်။

ယခင်က ကျန်းနန်မြို့တွင် ကြီးစိုးခဲ့သော ဂိုဏ်းအများစုသည် သိုင်းလောကရဲ့ ဂိုဏ်းကြီးများနှင့် အဆက်အသွယ်ရှိသည်။

အဲ့ဒီဂိုဏ်းကြီးတွေ အခွင့်ကောင်းကို ယူပြီး တရှားကို တိုက်ခိုက်လာတာလည်း ဖြစ်နိုင်သည်။

ဆိုလိုတာက သူ့အနေနဲ့ ကြိုတင်ပြင်ဆင်မှ ရတော့မည်။ အခုဆိုရင် နန်းတော်မှာ ကောင်းကင်ဘုံအကာအကွယ်စည်း အစီအရင်ရှိသွားပြီး ဘယ်သူမှ ထပ်မံခြေမချနိုင်တော့ဘူး။

ပထမအဆင့်ထက်မြင့်တဲ့ ကျင့်ကြံသူ ပေါ်ပေါက်လာခဲ့ရင်တော့ အစီအရင်ကို ဖောက်ဝင်နိုင်သည်။ ဒါပေမဲ့ ထိုသို့ပေါ်ပေါက်လာဖို့က မဖြစ်နိုင်တဲ့ အရာတစ်ခုပဲ။

တိုင်းပြည်တွေမှာ ပထမအဆင့်ထက် မြင့်တဲ့ ကျင့်ကြံသူတွေ ရှိသော်လည်း အဲ့ဒီသူတွေက မောက်မာတဲ့သူတွေ ဖြစ်တာမလို့ အခုလိုမျိုးသေးငယ်တဲ့ ကိစ္စတစ်ခုအတွက် တရှားတိုင်းပြည်အထိ ရောက်လာမှာမဟုတ်ဘူး။

ထျန်းချီတာဝါလို ထိပ်သီးဂိုဏ်းတစ်ခုကို ရန်စခဲ့တာတောင်မှ လီဖူလိုမျိုး ပထမအဆင့် ကျင့်ကြံသူတစ်ယောက်ကိုပဲ စေလွှတ်ခဲ့သည်။

ပထမအဆင့် ကျင့်ကြံသူကို စေလွှတ်ခဲ့တာကိုက တော်တော်လေး မျက်နှာသာပေးနေသည်ဟု ပြောလို့ရမည်။

‘ပထမအဆင့် ကျင့်ကြံသူဖြစ်နေပေမယ့် သောက်သုံးမကျနေတာကတော့ စိတ်မကောင်းစရာပဲပေါ့’

လီဖူအကြောင်းကို တွေးမိတာနဲ့ ရှကျိုးယွီမနေနိုင်စွာ ညည်းညူ လိုက်သည်။ ဒါပေမယ့် တချိန်တည်းမှာပဲ စိတ်သက်သာရာ ရသလိုခံစားရသည်။

အခုလက်ရှိမှာ ကောင်းကင်ဘုံအကာအကွယ်စည်း အစီအရင်ကြောင့် တရှားတိုင်းပြည်ရဲ့ နန်းတော်က လုံးဝကို ဖြိုခွဲမရနိုင်တဲ့နေရာ ဖြစ်နေခဲ့သည်။

ဒါပေမယ့် အင်အားကြီး ရန်သူတွေ ကျူးကျော်လာခဲ့မယ်ဆိုရင် နန်းတော်ထဲကို မဝင်နိုင်ပေမယ့် တရှားရဲ့ ပြည်သူတွေကိုတော့ တိုက်ခိုက်နိုင်သည်!

ရှကျိုးယွီရဲ့ မျက်နှာက တည်တင်းသွားခဲ့သည်။ လျိုချင်းချန်ကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်လေ၏။

"ငါကိုယ်တော် နားလည်ပြီ"

လျိုချင်းချန် အံ့သြသွားခဲ့သည်။ အစောပိုင်းက နန်းတော်အထက်မှာ ပေါ်ပေါက်ခဲ့တဲ့ ရွှေရောင်အလင်းအပြင် လွန်ခဲ့တဲ့ ရက်ပိုင်းက ခံစားခဲ့ရသည့် နန်းတော်ရဲ့ ထူးဆန်းသော အရှိန်အဝါနှင့် ကြုံတွေ့ခဲ့ရသမျှ ဖြစ်ရပ်ဆန်းတွေကို ပေါင်းစပ်ကြည့်လိုက်တော့အခါမှာ လျိုချင်းချန် မနေနိုင်စွာ ဆက်ပြောလိုက်သည်။

"အရှင်မင်းကြီးက လျှို့ဝှက်ဆန်းကြယ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ဆိုတာ ကျွန်တော်မျိုးမ နားလည်ပါတယ်၊ ဒါပေမယ့် ဒီကိစ္စကိုတော့ သေချာလေး စဥ်းစားပေးစေချင်တယ်"

လျိုချင်းချန်ရဲ့ လေသံက လေးလံနေခဲ့သည်။

သူမရဲ့ စကားတွေကြောင့် ရှကျိုးယွီ ရှုပ်ထွေးသွားခဲ့၏။

ဒါပေမယ့် လျိုချင်းချန်က မရပ်တန့်ခဲ့ဘူး။

သူမ ဆက်ပြောလိုက်သည်။

"ကျင့်ကြံသူတွေ အများကြီး ရောက်လာခဲ့တာက တရှားတိုင်းပြည်ရဲ့ ပတ်ဝန်းကျင်အနေအထားကို သက်ရောက်မှု အများကြီးဖြစ်ပေါ်စေနိုင်ပါတယ်”

“ဘာလို့ဆို အင်အားကြီး ကျင့်ကြံသူ တစ်ယောက်က စွမ်းအင်ဗဟိုချက်လိုမျိုး လုပ်ဆောင်နိုင်လို့ပဲ”

“ကျန်းနန်မြို့မှာရှိတဲ့ ရေကြီးမှုကလည်း အဲဒီကျင့်ကြံသူတွေကြောင့် ဖြစ်ပေါ်ခဲ့တာပဲ၊ သူတို့တွေအားလုံး ရုတ်တရက်ထွက်ခွာသွားခဲ့တာကြောင့် စွမ်းအင်တွေ တိုးများလာခဲ့ပြီး သဘာဝဘေးကို ခေါ်ဆောင်လာသလိုမျိုး ဖြစ်သွားခဲ့တာ"

"အခုဆိုရင် ကျင့်ကြံသူတွေ အများကြီး တပြိုင်တည်း ရောက်လာတော့မယ်၊ သူတို့ရဲ့ရောက်ရှိမှုက တရှားရဲ့ စိတ်ဝိညာဥ်စွမ်းအင် သိပ်သည်းမှုကို များစွာ မြင့်တက်စေလိမ့်မယ်”

“တိုင်းပြည်အတွင်းက ကျင့်ကြံသူတွေ အတွက်ကတော့ စိတ်ဝိညာဥ်စွမ်းအင်တိုးလာတာက ကိစ္စကောင်းတစ်ခု ဆိုပေမယ့် သာမန်ပြည်သူတွေအတွက်တော့ မဟုတ်ဘူး”

“တရှားတိုင်းပြည်ရဲ့ ရာသီဥတုအ​ခြေအနေက ကြီးမားတဲ့ပြောင်းလဲမှုကို ကြုံတွေ့လာရမှာပဲ!"

လျိုချင်းချန် သတိကြီးစွာ ပြောလိုက်၏။

သူမက တဆက်တည်း ရှကျိုးယွီကို မော့ကြည့်လိုက်၏။

"အခုကိစ္စက ဒီလောက်တောင် အရေးကြီးတာလား?"

ရှကျိုးယွီ မျက်မှောင်ကြုတ်သွားခဲ့သည်။ အခုလောက်ထိ အရေးကြီးသွားမယ်လို့ ရှကျိုးယွီ မထင်ထားမိဘူး။

အခု အခြေအနေအရဆိုရင် တရှားတိုင်းပြည်ရဲ့ လုံခြုံမှုက အန္တရာယ်ကျရောက်လာနိုင်တာပေါ့?

ကံကြမ္မာအမှတ်ကို ဖျက်စီးဖို့အချိန်ပြည့်တွေးနေပေမယ့် သူက လူတွေရဲ့ အသက်ကိုတော့ မစတေးချင်ဘူး။

ရှကျိုးယွီရဲ့ မေးခွန်းကြောင့် လျို့ချင်းချန်ခေါင်းငြိမ့်ပြလိုက်သည်။ သူမက ဆက်ရှင်းပြလိုက်၏။

"အရှင်မင်းကြီးခင်ဗျာ တိုင်းပြည်ရဲ့ မြို့အသီးသီးမှာ ကျင့်ကြံသူတွေရှိတယ်၊ အဲ့ဒီမြို့တိုင်းမှာလည်း ကျင့်ကြံသူ တွေအတွက် လောက်ငှတဲ့ စွမ်းအင်ထောက်ပံ့မှုဆိုတာ ရှိတယ်”

“ဒါပေမယ့် ရုတ်တရက် ကျင့်ကြံသူတွေ များလာခဲ့မယ်ဆိုရင် စွမ်းအင်သုံးစွဲမှုကလည်း များပြားသွားလိမ့်မယ်”

“ဒီလိုဖြစ်ရပ်က စွမ်းအင်တုံ့ပြန်တဲ့ ဖြစ်စဥ်ကို ဖြစ်စေပြီး တိုင်းပြည်တစ်ခုလုံးအပေါ် သက်ရောက်မှု ဖြစ်စေတယ်”

“ကျွန်တော်မျိုးမ ကြိုတင်မှန်းဆရသလောက် တိုင်းပြည်ရဲ့ စွမ်းအင်ပမာဏက တစ်သိန်းလောက်ထိ တိုးမြင့်သွားနိုင်ပါတယ်"

"စွမ်းအင် မြင့်တက်မှုက သတ်မှတ်ပမာဏအတွင်း ရှိနေမယ်ဆိုရင်တော့ ပြဿနာမဖြစ်ဘူး၊ ဒါပေမယ့် အဲ့ဒီပမာဏကို ကျော်သွားခဲ့တာနဲ့ တိုးလာတဲ့ စွမ်းအင်တွေအားလုံး စုပေါင်းပြီး တုံ့ပြန်မှု ဖြစ်ပေါ်လာလိမ့်မယ်”

“ရုတ်တရက် လေထုထဲမှာ တိုးများလာတဲ့ စိတ်ဝိညာဥ်စွမ်းအင်ကို သာမန်ကျင့်ပြည်သူ အနေနဲ့ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး”

“သူတို့ရုပ်ပိုင်းဆိုင်ရာ ဖျားနာမှုများစွာကို ကြုံတွေ့ရနိုင်တယ် အခြေအနေမကောင်းလို့ စိတ်ဝိညာဉ်စွမ်းအင် အဆိပ်သင့်မှု ဖြစ်ပေါ်ခဲ့မယ်ဆိုရင် သေတောင်သေနိုင်တယ်!”

လျိုချင်းချန် တစ်ခွန်းချင်း ရှင်းလင်းစွာဖြင့် ရှင်းပြလိုက်သည်။ ရှကျိုးယွီ ခံစားလိုက်ရသည်။

‘ဒီကိစ္စတွေက ထင်ထားတာထက် ပိုကြီးမားတာပဲ’

အစောပိုင်းကတင် တိုင်းပြည်အတွင်းရှိ ပြည်သူတွေအားလုံးရဲ့ ရုပ်ပိုင်းဆိုင်ရာ သန်မာမှုက တစ်မှတ်မြင့်တက်သွားခဲ့သည်။

ဒါပေမယ့် အဲ့ဒီတစ်မှတ်က ဘယ်လောက် ပမာဏအထိ ခံနိုင်ရည်ရှိမလဲဆိုတာ ရှကျိုးယွီ မသေချာဘူး။

လျိုချင်းချန်ရဲ့ တည်ငြိမ်နေတဲ့ မျက်နှာကိုကြည့်ရင်း ရှကျိုးယွီ မသေချာတော့ပေ။ ထို့ကြောင့် သူ မနေနိုင်စွာ မေးလိုက်တော့သည်။

"ဒါဆိုရင် မင်းရဲ့ ဆိုလိုရင်းက တရှားတိုင်းပြည်အတွင်းမှာ ကျင့်ကြံသူတစ်သိန်းလောက် ရောက်နေတယ်လို့လား?”

'သူတို့ရဲ့တည်ရှိမှုက တရှားတိုင်းပြည်အပေါ်မှာ ကြီးမားတဲ့ ခြိမ်းခြောက်မှုကို အချိန်မရွေး ဖြစ်ပေါ်စေနိုင်တယ်? မင်းဆိုလိုချင်တာ အဲ့လိုလား?"

ရှကျိုးယွီ မနေနိုင်စွာ လျိုချင်းချန်ကို လှမ်းကြည့်လိုက်သည်။

လျိုချင်းချန် အကြိမ်ကြိမ် ခေါင်းငြိမ့်ပြကာ ဖြေပေးလိုက်သည်။

"ဟုတ်ပါတယ် အရှင်မင်းကြီး၊ နယ်စပ်မှာ ရှိနေတဲ့ စွမ်းအင်တုံ့ပြန်မှုကို ကြည့်ရသလောက် ကျင့်ကြံသူတွေရဲ့ အရည်အတွက်က တစ်သိန်းထက် မနည်းပါဘူး!"

လျိုချင်းချန်ရဲ့ မျက်နှာက တည်ငြိမ်နေခဲ့သည်။ ရှကျိုးယွီ အခုချိန်အထိ ဘာကြောင့် စိုးရိမ်မှုတစ်စက်မှ မပြသေးသလဲဆိုတာ သူမ နားမလည်နိုင်ဘူး။

ဘုရင်တစ်ယောက်အနေနဲ့ ရှကျိုးယွီ အခုလိုမျိုး မပြုမူသင့်ဘူး။ ရှကျိုးယွီရဲ့ ပုံစံက အလွန်ကို ယုံကြည်ချက် ရှိနေဟန်ပင်။

မသိရင် ဒီကိစ္စကို အချိန်အကြာကြီးထဲက ကြိုတင်မှန်းဆနိုင်ခဲ့တဲ့ အတိုင်းပဲ။

ထိုသို့တွေးမိတာနဲ့ လျိုချင်းချန် စိတ်သက်သာရာရသွားခဲ့သည်။

ဖြစ်နိုင်တာက နန်းတော်အတွင်းမှာ ရှိနေတဲ့ အဲ့ဒီပုဂ္ဂိုလ်က သူမထက်အရင် သတင်းပေးခဲ့တာများလား?

လျိုချင်းချန် တွေးနေချိန်မှာပဲ ရှကျိုးယွီရဲ့အသံကို ကြားလိုက်ရသည်။

"ဒါဆိုရင် ဒီကိစ္စက တရှားတိုင်းပြည်အတွက် အရမ်းကို အန္တာရာယ်များတာပေါ့?"

လျိုချင်းချန် အနည်းငယ်အံ့သြသွားခဲ့သည်။

'ဒီကိစ္စက ဘယ်လိုလုပ်အန္တရာယ်များတဲ့ကိစ္စဖြစ်ရမှာလဲ? ဒါက ကိစ္စကောင်းတစ်ခု မဟုတ်ဘူးလား?’

'အရှင်မင်းကြီးရဲ့ နားလည်နိုင်စွမ်းနဲ့ ပတ်သတ်ပြီး တစ်ခုခုမှားနေတာလား?’ ထိုအချိန်မှာပဲ သူမ တွေးမိသွားသည်။

'ဟုတ်သားပဲ ငါဒီကိစ္စရဲ့ ဖြစ်လာနိုင်တဲ့ အကျိုးဆက်ကိုပဲ ရှင်းပြခဲ့တာ၊ ရရှိနိုင်မယ့် အကျိုးအမြတ်တွေကို မရှင်းပြရသေးဘူး’

လျိုချင်းချန် ချက်ချင်းပဲ ပြောလိုက်သည်။

"မဟုတ်ပါဘူး အရှင်မင်းကြီး၊ ဒီကိစ္စက ကြီးမားတဲ့ အန္တရာယ်ကို ယူဆောင်လာနိုင်ပေမယ့် တရှားတိုင်းပြည်ရဲ့ ကြီးမားတဲ့အခွင့်အရေးတစ်ခုလို့လည်း ပြောလို့ရနိုင်တယ်”

“ဒီအခွင့်အရေးကိုသာ အကောင်းဆုံးအသုံးချမယ်ဆိုရင် တရှားတိုင်းပြည်အတွက် ကာကွယ်ပေးနိုင်မယ့် စစ်တပ်တစ်ခုကို တည်ဆောက်နိုင်လိမ်မယ်!"

"စစ်တပ်တစ်ခု ဟုတ်လား?"

ရှကျိုးယွီ အံ့သြသွားခဲ့သည်။

'ဟုတ်သားပဲ စစ်အင်အား တိုးချဲ့ရမယ်!’

'ဒါဆိုရင် စစ်တပ်ဘဏ္ဍာငွေ ထပ်မံထောက်ပံ့ရတော့မှာပေါ့..!’

‘ ဒါဆိုရင် တိုင်းပြည်ဘဏ္ဍာတိုက်ထဲက ငွေတွေ ပိုမလျော့သွားလောက်ဘူးလား?!’

မဟာတံတိုင်းတည်ဆောက်တဲ့ ကိစ္စနဲ့တင် ငွေက တော်တော်ကို ကုန်နေခဲ့ပြီ။ အခုဒီနေရာမှာပါ ငွေထပ်သုံးလိုက်မယ်ဆိုရင် ဘဏ္ဍာတိုက်ရဲ့ ငွေကြေးက လုံးဝကို တောင့်ခံနိုင်မှာ မဟုတ်တော့ဘူး။

ချက်ချင်းပဲ ရှကျိုးယွီရဲ့ မျက်လုံးတွေက ဝင်းလက်လာခဲ့သည်။

"အဲ့ဒီအကြောင်းကို သေချာရှင်းပြ!"

…………

All Chapters