← Chapters

( မင်းက တော်ဝင်ဆရာမကြီးဖြစ်လာဖို့ ထိုက်တန်တယ်)

Vol. 9 Ch. 118

( မင်းက တော်ဝင်ဆရာမကြီးဖြစ်လာဖို့ ထိုက်တန်တယ်)

Vol. 9 Ch. 118

ထိုအချိန်မှသာ လျိုချင်းချန် စိတ်သက်သာစွာဖြင့် သက်ပြင်းချနိုင်တော့သည်။ သူမ ဆက်ရှင်းပြ လိုက်၏။

“အရှင်မင်းကြီး.....စိတ်ဝိညာဉ် စွမ်းအင်တွေ ရုတ်တရက် တိုးပွားလာမှုက တရှားတိုင်းပြည်ကို အန္တရာယ်များတဲ့ ကပ်ဘေးကြီးတစ်ခု ယူဆောင်လာနိုင်ပေမဲ့ ကျွန်တော်မျိုးမတို့ဘက်က ကောင်းကောင်း ဖြေရှင်းမယ်ဆိုရင် ဒီစိတ်ဝိညာဉ်စွမ်းအင်ကို အသုံးပြုပြီး အလွန်အင်အားကြီးတဲ့ စစ်တပ်တစ်ခုကို ဖန်တီးနိုင်မှာပါ”

“တိုင်းပြည်တိုင်းက သူတို့တိုင်းပြည်အတွင်းက စိတ်ဝိညာဉ်စွမ်းအင်ကို မြင့်တတ်ချင်ခဲ့ကြတယ်။ ဒါပေမဲ့ သူတို့မှာ နည်းလမ်းမရှိခဲ့ဘူး။ ရွေးစရာစရာမရှိပဲ နှစ်ရာချီကြာအောင် စောင့်ခဲ့ရတယ်။ ဒါပေမဲ့ အခုတော့ ကျွန်တော်မျိုးမတို့လို သေးငယ်တဲ့ တိုင်းပြည်က စိတ်ဝိညာဉ်စွမ်းအင် အများကြီးကို စုဆောင်းနိုင်ခဲ့ပြီ!”

လျိုချင်းချန် စိတ်ဝင်စားစွာဖြင့် ရှကျိုးယွီကို လှမ်းကြည့်လိုက်သည်။ ရှကျိုးယွီရဲ့တည်ငြိမ်နေတဲ့ မျက်နှာကိုမြင်တဲ့အချိန်မှာ သူမအနည်းငယ် စိတ်ပျက်သွားတော့၏။

'ဒါတွေအားလုံးကို အရှင်မင်းကြီး ကြိုတင်တွက်ဆထားတာ ဖြစ်နိုင်တယ်။ သူ့ရဲ့အရင်ဦးဆုံး တုံ့ပြန်မှုကို ကြည့်ရုံနဲ့တင် ငါသိခဲ့သင့်တာ’

‘ အစပိုင်းမှာ အရှင်မင်းကြီးက စိတ်ပူဟန်မပြခဲ့တာက ငါ့ရဲ့သစ္စာရှိမှုကို စမ်းသပ်ချင်နေလို့ ဖြစ်မယ်။ အကယ်လို့ ငါသာ စိတ်ဝိညာဉ်စွမ်းအင်တိုးများမှုရဲ့ မကောင်းတဲ့ဘက်ခြမ်းကိုပဲ ပြောပြခဲ့မယ်ဆိုရင် အရှင်မင်းကြီးက ငါတို့ရဲ့တာအိုဂိုဏ်းကို အထင်လွဲသွားလောက်တယ်’

လျိုချင်းချန် ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်သွားခဲ့သည်။ ထို့ကြောင့်သူမ ပြောနေတာရပ်သွား၏။

“ဆက်ပြောပါ ငါကိုယ်တော်နားထောင်နေတယ်”

ရှကျိုးယွီမနေနိုင်စွာ သတိပေးလိုက်သည်။ ထိုအချိန်မှသာ လျိုချငိးချန် ဆက်ရှင်းပြလိုက်၏။

“တကယ်တော့ ဒီပြဿနာကို ဖြေရှင်းမဲ့နည်းလမ်းက ကျန်းနန်မြို့မှာတုန်းက ဖြေရှင်းတဲ့နည်းလမ်းနဲ့ ဆင်တူပါတယ်။ ကွာခြားသွားတာ တစ်ခုက ဒီတစ်ခေါက် ကျွန်တော်မျိုးမတို့ ထိန်းချုပ်ရမဲ့အရာက ရေကြီးမှုမဟုတ်တော့ဘူး။ စိတ်ဝိညာဉ်စွမ်းအင်ကို ထိန်းချုပ်ရမှာ ဖြစ်တဲ့အတွက် စိတ်ဝိညာဉ်စွမ်းအင် စုဆောင်းနိုင်သော အစီအရင်ကြီးတစ်ခု ဒါမှမဟုတ် အစီအရင်များစွာကို ဖန်တီးဖို့လိုအပ်ပါတယ်”

“အဲ့ဒီ အစီအရင်ဖန်တီးပြီးတာနဲ့ ပတ်ဝန်းကျင်က စိတ်ဝိညာဉ်စွမ်းအင်ကို သူတို့ထဲမှာ သိုလှောင်ထားလိမ့်မယ်။ ဒါဆိုရင် တပ်သားတွေကို လေ့ကျင့်တဲ့အချိန်မှာ စိတ်ဝိညာဉ်စွမ်းအင်တွေ ထုတ်သုံးလို့ရသွားပြီ။ ဒါကြောင့် ကျွန်တော်မျိုးမက ကောင်းမွန်တဲ့စစ်တပ်တစ်တပ် တည်ဆောက်နိုင်ပြီလို့ ပြောခဲ့တာပဲ။ တိုင်းပြည်ရဲ့ တပ်အသီးသီးက အသန်မာဆုံးသော လက်ရွှေးစင် တပ်သားတွေကို ရွေးထုတ်ပြီးတော့ လေ့ကျင့်ပေးသင့်ပါတယ်”

“အဲ့ဒီ လက်ရွှေးစင် တပ်သားတွေက မကြာခင်မှာပဲ တရှားတိုင်းပြည်ရဲ့ အကောင်းဆုံးသော တပ်သားတွေဖြစ်လာပြီး များစွာတဲ့ တိုးတက်မှုတွေကို ယူဆောင်လာမယ်လို့ ကျွန်တော်မျိုးမ ယုံကြည်ပါတယ်!”

လျိုချင်းချန် တည်ငြိမ်စွာပြောလိုက်သည်။ ရှကျိုးယွီ နားထောင်နေ၏။

သူ့ရဲ့နှလုံးသားထဲမှာတော့ မတူညီတဲ့ အမြင်တစ်ခုရှိသည်။

စိတ်ဝိညာဉ်စွမ်းအင် စုဆောင်းပေးသော အစီအရင် တည်ဆောက်တာက ပြဿနာတစ်ခု မဟုတ်ဘူး။ ဒါပေမဲ့ တတိုင်းပြည်လုံး အနှံ့ပျံ့နှံ့နေတဲ့ စိတ်ဝိညာဉ်အများကြီးကို စုဆောင်းချင်ရင်တော့ သေချာတဲ့ အချိန်တစ်ခု ပေးဆပ်ရမည်။ လူများစွာကိုလည်း လိုအပ်မည်။ ကံကြမ္မာအမှတ် တစ်ချို့လည်း ပေးရနိုင်သည်။ ဒါကြောင့် ဘာကိစ္စမလုပ်ရမှာလဲ။

ပြည်သူတွေဘက်က တုံ့ပြန်မှုကလည်း အရမ်းကောင်းမှာ မဟုတ်ဘူး။

ဒါ့အပြင် တပ်ဖွဲ့အသီးသီးက လက်ရွှေးစင် တပ်သားတွေကို ရွေးထုတ်ပြီး သီးသန့် လေ့ကျင့်ပေးရမယ်ဆိုတဲ့ ကိစ္စက မဖြစ်နိုင်တဲ့ကိစ္စပဲ။

ကျင့်ကြံသူတွေကြီး ပါဝင်တဲ့ လက်ရွှေးစင်တပ်ဖွဲ့တစ်ခု တည်ဆောက်ဖို့ဆိုတာ အရင်းအမြစ်အများကြီး လိုအပ်သည်။

သာမန်တပ်ဖွဲ့တစ်ခုကို လေ့ကျင့်ပေးရတာထက် ပိုခက်ခဲသည်။ ဝေ့တိုင်းပြည်က ပို့လာတဲ့ မဟူရာနတ်ဘုရား တပ်ဖွဲ့ကိုပဲကြည့်လိုက်လေ၊ အရေအတွက်က လူရာချီလောက်ပဲရှိတယ်ဆိုပေမဲ့ သူတို့ကို လေ့ကျင့်ပေးနိုင်ဖို့အတွက် ပေးဆပ်ခဲ့ရမဲ့ အရင်းအမြစ်ပစ္စည်းတွေက လူတစ်ထောင်စာလောက် ကုန်ကျနိုင်သည်။

မဟုတ်ရင် ဝေ့တိုင်းပြည်က သူတို့ကို အကျဉ်းချထားမှာ မဟုတ်ဘူး။ ချက်ချင်း သတ်ပစ်လိုက်မှာ။

ကျင့်ကြံသူတွေကို လေ့ကျင့်ပေးမယ်ဆိုရင်တော့ သေချာပေါက် အရင်းအမြစ်တစ်ချို့က ပေးဆပ်ရမှာပဲ။

“မင်းရဲ့ အကြံပြုချက်က တော်တော်လေး ကောင်းမွန်တယ်။ ငါကိုယ်တော် စဉ်းစားလိုက်အုန်းမယ်”

ရှကျိုးယွီ လျိုချင်းချန်ကို လှမ်းကြည့်လိုက်သည်။ ပုံမှန်လိုပဲ အဖြေပေးလိုက်၏။

လျိုချင်းချန် မအံ့ဩသွားခဲ့ဘူး။ ထိုအစား သူမ စိတ်သက်သာရာ ရသွားခဲ့သည်။ ရှကျိုးယွီဘက်က သေချာစဉ်းစားပေးနေပြီလို့ သူမခံစားရသည်။

“အရှင်မင်းကြီးက တိုင်းပြည်နဲ့ပြည်သူအပေါ် တော်တော်လေး ဂရုစိုက်တာပဲ။ အရှင်မင်းကြီးလို ဘုရင်တစ်ယောက်ကို ပိုင်ဆိုင်ရတာက တရှားတိုင်းပြည်အတွက်‌ တော်တော်လေးကောင်းမွန်တယ်!”

လျိုချင်းချန် နူးညံ့စွာ သက်ပြင်းချလိုက်သည်။ ဒါပေမဲ့ ထိုစကားလုံးတွေက ရှကျိုးယွီအတွက်တော့ ကြားရတာ အဆင်မပြေလှဘူး။

ဒါပေမဲ့ မကြာခင်မှာ ကျရောက်လာတော့မဲ့ အောင်မြင်မှုအကြီးကြီးကို စဉ်းစားနေရင်း မြှောက်ပင့်စကားတွေကို ရှကျိုးယွီ လက်ခံ‌လိုက်တော့သည်။

ရှကျိုးယွီ လည်ချောင်းတစ်ချက်ရှင်းကာ လျိုချင်းချန်ကို မော့ကြည့်လိုက်ပြီး

“အကယ်လို့ စိတ်ဝိညာဉ်စုဆောင်းတဲ့ အ‌စီအရင်ကို တည်ဆောက်ချင်တယ်ဆိုရင် ဘယ်နေရာက အကောင်းဆုံးလို့ တော်ဝင်ဆရာမကြီး ထင်သလဲ? တည်ဆောက်မဲ့သူကရော ဘယ်သူက အသင့်တော်ဆုံးဖြစ်လောက်သလဲ? တော်ဝင်ဆရာမကြီးမှာ အကြံဉာဏ်ပေးစရာ ရှိလား?”

လျိုချင်းချန် အနည်းငယ် အံ့ဩသွားခဲ့သည်။ သူမအတွက်တော့ စိတ်ဝိညာဉ်စွမ်းအင် စုဆောင်းသော အစီအရင် တည်ဆောက်သည့်ကိစ္စက ကျန်းနန်မြို့၏ ရေကြီးသော ကိစ္စထက်ပိုပြီး ရှုပ်ထွေးသည်။ ဒါပေမဲ့ ရေကြီးမှုကို ထိန်းချုပ်တဲ့ ကိစ္စလောက် အခက်အခဲမရှိဘူး။ ထို့ကြောင့် သင့်တော်သည့် သူကိုပြောရလျှင် ယူအိမ်တော်က ဆက်ခံသူဖြစ်စေ ထျန်းချီတာဝါက ပထမအဆင့် ကျင့်ကြံသူဖြစ်စေ အကုန်အဆင်‌ပြေသည်။ ဘယ်သူမဆို အစီအရင် ဖန်တီးလို့ရသည်။ ဒါပေမဲ့ ထိုအချိန်မှာ သူမတစ်ခုကို တွေးမိသွားခဲ့သည်။

ရှကျိုးယွီက မေးလာပြီဆိုမှတော့.....သူမကိုယ်သူမ တစ်ကြိမ်လောက် အခွင့်အရေး ပေးလိုက်သင့်လား?

တာအိုဂိုဏ်းဆိုတာ တရှားပြည်ရဲ့ အကြီးဆုံးဂိုဏ်း တစ်ခုဖြစ်သည်။ ဖြစ်နိုင်တာ ရှကျိုးယွီကသူမကို အခွင့်အရေးပေးနေတာလား?

လျိုချင်းချန် ရှကျိုးယွီကို အလွန်ကျေးဇူးတင်မိသွားသည်။ သူမရဲ့ မျက်လုံးထဲမှာ ချက်ချင်းပဲ ကျေးဇူးတင်မှုတို့ ပြည့်နှက်သွား၏။

ဒါပေမဲ့ လျိုချင်းချန် အချိန်အကြာကြီး မတွေးတောရဲပေ။ သူမအမြန် ဖြေကြားလိုက်သည်။

“အစီအရင်ကို တည်ဆောက်ချင်ရင် တည်ဆောက်နိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ ယုံကြည်လို့ရတဲ့ နည်းလမ်းကတော့ နှစ်မျိုးပဲရှိမယ်လို့ ကျွန်‌တော်မျိုးမ ထင်တယ်”

“ပထမဦးဆုံးနည်းလမ်းက တရှားတိုင်းပြည်ရဲ့ အရပ်လေးမျက်နှာဖြစ်တဲ့ အရှေ့၊အနောက် တောင်၊မြောက် လေးခုလုံးမှာ စိတ်ဝိညာဉ်စွမ်းအင် စုဆောင်းတဲ့ အစီအရင်လေးခုကို တည်ဆောက်သင့်ပါတယ်။ ဒီလိုဆိုရင် တိုင်းပြည်ထဲမှာရှိတဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေကို ပြီးပြည့်စုံစွာ ပိတ်သိမ်းထားလို့ရသွားမယ်။ ဒါဆိုရင် အဲ့ဒီနေရာလေးခုကို အခြေခံပြီး တပ်သားအသီးသီးကိုလည်း လေ့ကျင့်ပေးလို့ရသွားမယ်”

လျိုချင်းချန်က ပြောနေရင်းနဲ့ ရှကျိုးယွီကို မော့ကြည့်လိုက်သည်။

ရှကျိုးယွီ စိတ်ဝင်တစား နားထောင်နေရင်း ခေါင်းငြိမ့်လိုက်၏။

ထိုအချိန်မှ လျိုချင်းချန် စိတ်သက်သာစွာဖြင့် သက်ပြင်းချနိုင်တော့သည်။

“ဒီကိစ္စက တော်တော်လေး အကျိုးထူးနိုင်တဲ့ ကိစ္စဆိုပေမဲ့ နောက်ဆက်တွဲ ဆိုးကျိုးတစ်ချို့တော့ ရှိပါတယ်။ ပတ်ဝန်းကျင်ရဲ့ စိတ်ဝိညာဉ်စွမ်းအင်ကို ပြီးပြည့်စုံစွာ ထိန်းချုပ်နိုင်ပေမဲ့ တရှားတိုင်းပြည်ရဲ့ တိုးတက်မှုကိုနှောင့်နှေးစေလိမ့်မယ်”

“ဒါဆိုရင် ဒုတိယအချက်ကကော?” ရှကျိုးယွီ ခေါင်းငြိမ့်ကာ မေးလိုက်သည်။

“ဒုတိယ ရွေးချယ်စရာက ကျွန်တော်မျိုးမတို့ အစီအရင်ကို သုံးခုတည်ဆောက်မယ်။ ကျန်းနန်မြို့မှာတစ်ခု၊ ထိုက်အန်းမြို့တော်မှာတစ်ခု၊ မြောက်ဘက် နယ်မြေမှာတစ်ခု တည်ဆောက်ပြီးတော့ သုံးဖက်ဂွပုံစံနဲ့ စွမ်းအင်ကို ပိတ်လှောင်ထားမယ်။ မြို့တော်ကြီးသုံးခုမှာ အဓိကစုဆောင်းထားတာ ဖြစ်တဲ့အတွက် အသုံးပြုရတာလည်း ပိုလွယ်ကူသွားမယ်”

လျိုချင်းချန် ရှကျိုးယွီကို လှမ်းကြည့်လိုက်သည်။ ရှကျိုးယွီဘက်က နားထောင်နေတာသေချာမှ သူမကဆက်ပြောလိုက်၏။

“ဒါ့အပြင် အဲ့ဒီမြို့သုံးမြို့မှာက နဂိုတည်းက စိတ်ဝိညာဉ်စွမ်းအင် များပြားခဲ့တယ်။ ဒါ့ကြောင့် အဲ့ဒီမြို့က လူတွေက စိတ်ဝိညာဉ်မြင့်တက်မှုကို အသားကျပြီးသား လူတွေပဲ။ သူတို့တွေအနေနဲ့ အစပိုင်းတော့ မသက်မသာ ခံစားရနိုင်တယ်။ ဒါပေမဲ့ အချိန်ကျလာတာနဲ့အမျှ သူတို့ရဲ့ ခန္ဓာကိုယ်က လိုက်လျောညီထွေ ဖြစ်အောင် ပြုလုပ်နိုင်သွားမယ်။ ကျင့်ကြံသူတွေဆိုရင်လည်း သူတို့ရဲ့ကျင့်ကြံမှုက ပိုမြင့်တက်သွားမယ်။ ဒါဆိုရင် တရှားတိုင်းပြည်မှာ ပိုများတဲ့ ပါရမီရှင်တွေ ထွက်ပေါ်လာလိမ့်မယ်”

“ဒါပေမဲ့ အဲ့ဒီမြို့သုံးမြို့မှာ အစီအရင် တည်ဆောက်ချင်တယ်ဆိုရင်တော့ တိုင်းပြည်က စတေးမှုတစ်ချို့ကို ပထမရွေး‌ချယ်မှုထက် ပိုပြီးလုပ်ရနိုင်တယ်”

လျိုချင်းချန် နူးညံ့စွာရှင်းပြလိုက်သည်။ ဒုတိယအခြေအနေမှာ ပိုထူးခြားတဲ့ရလဒ်ကို ရနိုင်တာသေချာသည်။ ဒါပေမဲ့ ‌ပေးဆပ်ရမဲ့ ပမာဏကလည်း များပြားသည်။

ရှကျိုးယွီ တိတ်တဆိတ် ခေါင်းငြိမ့်လိုက်သည်။

“ကောင်းတယ်!”

ရှကျိုးယွီ လေးစားစွာရေရွတ်လိုက်၏။

'အရမ်းကောင်းတယ်! ကံကြမ္မာအမှတ်ကိုလည်း စုပ်ယူနိုင်သလို လူတွေအတွက်လည်း အကျိုးထူးအုံးမယ်။ ဒါ..ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်နိုင်တာပဲ!’

'တော်ဝင်ဆရာမကြီးဆိုတဲ့ အတိုင်းပဲ မင်းရဲ့အကြံဉာဏ်တွေက မိုက်လိုက်တာ!’

ရှကျိုးယွီ လျိုချင်းချန်ကို စိတ်သက်သာစွာဖြင့် ကြည့်လိုက်သည်။ သူ့အတွက်တော့ ဒုတိယရွေးချယ်စရာက မဆိုးဘူးဟု ခံစားရသည်။ ပြည်သူတွေကိုအကျိုး ထူးနိုင်စေရုံသာမကပဲ ကံကြမ္မာအမှတ်ကိုလည်း စုပ်ယူနိုင်အုံးမည်။ ဒါကြောင့်ဘာလို့ မရွေးချယ်ရမှာလဲ?

“ဒီလိုဆိုမှတော့ ဒုတိယအစီအရင်ကိုပဲ ရွေးလိုက်ကြရအောင်။ နောက်တစ်ခုအနေနဲ့ ငါကိုယ်တော်မေးချင်တာက အစီအရင်တည်ဆောက်တဲ့ နေရာမှာ ဘယ်သူက အသင့်တော်ဆုံးလို့ တော်ဝင်ဆရာမကြီး ထင်သလဲ?”

ရှကျိုးယွီက လျိုချင်းချန်ကို မော့ကြည့်လိုက်သည်။ သူမ မိတ်ဆက်ပေးခဲ့တဲ့ တော်ဝင်ဆေးဆရာမကလည်း တော်တော်လေး အရည်အချင်းရှိတဲ့ သူတစ်ယောက်ပဲလေ။ ဒါ့အပြင် လျိုချင်းချန်ရဲ့ ပုံစံကို ကြည့်ရသလောက် သူမက ပြည်သူတွေအပေါ် တော်တော်လေး စိတ်ပူဟန်ရှိသည်။

အတွေ့အကြုံပိုင်းကို နှိုင်းယှဉ်ရမည် ဆိုရင်လည်း သူမရဲ့အတွေ့အကြုံက လီဖူလောက် မပြည့်ဝသေးဘူး။ ဒါကြောင့် စိတ်ဝိညာဉ်စွမ်းအင် စုဆောင်းတဲ့အစီအရင်ကို ဘယ်သူ့ကို ခိုင်းစေသင့်သလဲဆိုတဲ့ မေးခွန်းက သူမကို မေးရန်အတွက် အသင့်တော်ဆုံးပဲ။

………..

All Chapters