(ရှကျိုးယွီရဲ့ အစီအစဥ်)
Vol. 9 Ch. 119
လျိုချင်းချန် အနည်းငယ် တွန့်ဆုတ်နေခဲ့သည်။ စွမ်းအင်စုဆောင်းတဲ့ အစီအရင် ဆောက်လုပ်ဖို့အတွက် သင့်တော်သောလူတချို့ တကယ်ပဲ ရှိပါသည်။ ဒါပေမယ့် သူမအနေနဲ့ တိုင်းပြည်အတွက်သေချာလေးတွေးတောဖို့ လိုအပ်သည်။
ဒါ့အပြင် ရှကျိုးယွီက သူမတို့ရဲ့ တာအိုဂိုဏ်းကို အခု အခွင့်အရေး ပေးနေခဲ့တာမလား?
အခုလိုအခွင့်အရေးမျိုးကို လက်လွတ်ခံလို့ မဖြစ်ဘူး။
ဒါ့အပြင် စိတ်ဝိညာဉ်စွမ်းအင် စုဆောင်းသော အစီအရင်ကို ဖန်တီးပြီးတာနဲ့ သိသာသည့်အချက်က ထိုက်အန်းမြို့တော်အတွင်းမှာရှိတဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေက သေချာပေါက် မြင့်တက်လာမှာပဲ။ အဲဒီအချိန်ကျရင် ထိုက်အန်းမြို့တော်က ပြည်သူတွေတင် အကျိုးထူးမှာမဟုတ်ဘူး၊ ထိုက်အန်းမြို့တော်အတွင်းမှာရှိသော သူမတို့ တာအိုဂိုဏ်းလည်း အကျိုးထူးလိမ့်မည်။
လျိုချင်းချန် အနည်းငယ် တွေးနေခဲ့သည်။ သူမ ဘယ်လိုဆုံးဖြတ်ရမလဲ မသေချာတော့ဘူး။ ဒီလိုနဲ့ သူမ ရှကျိုးယွီကို အသနားခံတဲ့ မျက်ဝန်းများနဲ့ ကြည့်လိုက်သည်။
လျိုချင်းချန်ရဲ့ ဝေခွဲရခက်နေသော မျက်လုံးကို မြင်တဲ့အခါမှာ ရှကျိုးယွီ ပြုံးလိုက်ပြီး
"စဉ်းစားလို့မရဘူးလား၊ ရပါတယ်၊ အရေးမကြီးပါဘူး။ ဒီကိစ္စက အရေးကြီးတယ်ဆိုပေမယ့် မဖြစ်မနေ ချက်ချင်းလုပ်ဆောင်ရမယ့်အရာ မဟုတ်သေးဘူး။ တော်၀င်ဆရာမကြီး အရင်ပြန်ပြီး နားနှင့်လေ၊ မင်းစဉ်းစားလို့ရပြီဆိုတဲ့ အချိန်ကျမှ လာပြောပေါ့”
ရှကျိုးယွီရဲ့ စကားတွေက နူးညံသည်။ သူ့ရဲ့စကားသံထဲမှာ အပြစ်တင်မှုတစ်စုံတစ်ရာ မပါဘူး။
ဒါပေမယ့် လျိုချင်းချန်ရဲ့ ရင်ထဲမှာတော့ ကိုယ့်ကိုယ်ကို အပြစ်တင်စိတ်ကို ခံစားလိုက်ရသည်။
ဒီကိစ္စနဲ့ပတ်သက်ပြီး သူမ ဂရုစိုက်သင့်သည်လို့ ထင်သည်။ ထို့ကြောင့် ခေါင်းညိတ်ပြလိုက်ကာ
"ဒီလိုဆိုမှတော့ ကျွန်တော်မျိုးမ ထွက်သွားပါတော့မယ်"
လျိုချင်းချန် နူးညံ့စွာ ပြောလိုက်သည်။
"ကောင်းပြီ၊ ငါကိုယ်တော် မင်းကို အချိန်တစ်ရက်ပေးမယ်၊ မနက်ဖြန်ကျရင်အဖြေလာပြောပေါ့၊ မင်းသွားလို့ရပြီ"
ထိုစကားကြောင့် လျိုချင်းချန်ရဲ့ နှလုံးသားထဲက အစိုင်အခဲကြီး သက်သာသွားခဲ့သည်။ ဖြည်းညင်းစွာဖြင့် နန်းဆောင်အတွင်းမှ ထွက်သွားလိုက်၏။ တော်၀င်ဆရာမကြီးတစ်ယောက် ဖြစ်တဲ့အတွက် နန်းတော်အတွင်းမှာ သူမကို တားမြစ်မယ့်လူ မရှိဘူး။
ဆေးလုံးစမ်းသပ်ခန်းရှိရာကို လျိုချင်းချန် ကြည့်မိသွားသည်။ ဒီကိစ္စက တာအိုဂိုဏ်းနဲ့ သက်ဆိုင်နေသည့်ကိစ္စမို့ သူမ အလောတကြီး မဆုံးဖြတ်ရဲဘူး။ ထို့ကြောင့် ညီမဖြစ်သူနဲ့ ဆွေးနွေးဖို့ရန် စဉ်းစားမိသွားသည်။ ဒီလိုနဲ့ပဲ လျိုချင်းချန်တစ်ယောက် ဆေးလုံးစမ်းသပ်ခန်းရှိရာကို ဦးတည်သွားတော့၏။
...
လျိုချင်းချန်ရဲ့ နောက်ကျောကို ကြည့်နေရင်း ရှကျိုးယွီ တွေးနေခဲ့သည်။
စိတ်ဝိညာဉ်စွမ်းအင်စုဆောင်းတဲ့ အစီအရင်ကို ဖန်တီးပြီး စိတ်ဝိညာဉ်တွေ သိုလှောင်ထားရင်း လက်ရွေးစင်တပ်သားတစ်ဖွဲ့ကို လေ့ကျင့်မည်တဲ့လား?
ဒါက တော်တော်လေးကောင်းမွန်တဲ့ အစီအစဉ်တစ်ခုပဲလို့ ရှကျိုးယွီ ထင်မိသည်။
တရှားတိုင်းပြည်အတွင်းက ပြည်သူတွေရဲ့ လုံခြုံမှုကို သေချာနိုင်စေရုံတင်သာ မကဘူး၊ ကံကြမ္မာအမှတ်အများကြီးကိုလည်း စုပ်ယူပေးလိမ့်မည်။ ဒါက တော်တော်လေးကို ကျိုးကြောင်းသင့်သည်။
ဒါပေမယ့် အခုအခြေအနေက ရှကျိုးယွီ လိုချင်တဲ့ အခြေအနေထိ မရောက်သေးဘူး။ ထို့ကြောင့် ရှကျိုးယွီ ဆက်လက်စဉ်းစားနေခဲ့သည်။
သူတစ်ခုခုကို လွတ်သွားသလိုမျိုး ခံစားနေရ၏။
ချက်ချင်းပဲ ရှကျိုးယွီ အတွေးတစ်ခု ရသွားခဲ့သည်။
"ငါတို့ ကလေးတွေနဲ့ စသင့်တယ်! အသက်ဆယ့်လေးနှစ်လောက်မှာဆိုရင် ခန္ဓာကိုယ်ကလည်း ဖွံ့ဖြိုးပြီးသွားပြီ၊ သူတို့ရဲ့ အတွင်းစိတ်ကလည်း တော်တော်လေး တည်ငြိမ်လာပြီလို့ ပြောလို့ရတယ်၊ သိုင်းပညာလေ့ကျင့်ဖို့အတွက်အကောင်းဆုံးအရွယ်တစ်ခုပဲ! ဒီလိုဆိုရင်ရော?! တိုင်းပြည်တစ်ခုလုံးမှာရှိတဲ့ အသက်ဆယ့်လေးနှစ်အရွယ် ကလေးတွေကို စုဆောင်းခိုင်းပြီး စည်းစနစ်ကျတဲ့ လေ့ကျင့်မှုတစ်ခုကို ပြုလုပ်ပေးလိုက်မယ်ဆိုရင်ရော?"
"ဒီလိုဆိုရင် သူတို့တွေ ဘယ်လောက်ပဲ ကြိုးစားလေ့ကျင့်ပါစေ၊ သုံးလေးနှစ်ကြာတာတောင်မှ အောင်မြင်စွာ တတ်မြောက်နိုင်မှာ မဟုတ်ဘူး။ နှစ်ဘယ်လောက်ကြာမှ သူတို့ဟာသူတို့ ဘယ်လောက်ပဲတော်တဲ့ တပ်သားတွေ ဖြစ်လာပါစေ၊ ငါဂရုမစိုက်ဘူး!"
ရှကျိုးယွီ တော်တော်လေးကောင်းမွန်တဲ့ အကြံဉာဏ်တစ်ခုလို့ ခံစားရသည်။ သူ့ရဲ့မျက်လုံးမှာ ချက်ချင်းပဲ စွမ်းအင်တွေ ပြည့်နှက်လာတော့၏။ ဒါပေမယ့် ရှကျိုးယွီ ထပ်မံအတွေးများရပြန်သည်။
‘ဒါဆိုရင် လေ့ကျင့်ရေးစခန်းကို ဘယ်မှာတည်ဆောက်လိုက်သင့်လဲ? ထိုက်အန်းမြို့တော်မှာ တည်ဆောက်သင့်လား?’
‘မဟုတ်သေးဘူး၊ အဲဒါက ငါနဲ့ အရမ်းနီးလွန်းနေတယ်။ ဒါဆိုရင် အဲဒီကလေးတွေ ဖိအားခံစားရလိမ့်မယ်။ သူတို့တွေ ကြိုးစားပြီး လေ့ကျင့်နေရင် ဘယ်လိုလုပ်မလဲ?!’
‘ဒါဆိုရင် ကျန်းနန်မြို့မှာဆိုရင်ရော? ငါကြားထားတာ ဦးရီးတော်က ကျန်းနန်မြို့မှာ တော်တော်လေး ပျော်မွေ့နေတယ်တဲ့။ ဂိုဏ်းတွေကိုလည်း ဖြေရှင်းပြီးသွားပြီ။ လီလင်ပုရဲ့အပြောကို ကြည့်ရသလောက် ဦးရီးတော် ပျင်းနေပုံပဲ။ ဒါကြောင့် သူအပျင်းပြေဖို့ ကလေးတစ်ချို့ကို ထိန်းကျောင်းခိုင်းလိုက်မယ်ဆိုရင် မဆိုးဘူး။ ဘယ်လိုပဲဆိုဆို သူက သိုင်းသမားတစ်ယောက်ပဲ။ သူ့မှာ ကောင်းမွန်တဲ့ အခြေခံရှိတယ်။ သူ့ဆီမှာ လေ့ကျင့်သင်ကြားခိုင်းတာက ကောင်းမွန်တဲ့ အကြံဉာဏ်တစ်ခုလို့ ပြောလို့ရတယ်’
ရှကျိုးယွီ သူ့ရဲ့အတွေးကို ပိုပိုပြီးကျေနပ်လာရသည်။ သူ့ရဲ့မျက်လုံးထဲမှာလည်း စိတ်သက်သာမှုတို့ ဝင်ရောက်လာတော့၏။
"ငါ တရှားတိုင်းပြည်အတွက် တော်တော်လေး တွေးပေးခဲ့တာနော်"
ရှကျိုးယွီ ပိုပြီးစိတ်လှုပ်ရှားလာတော့သည်။
ထပ်မံလျော့ကျတော့မယ့် ကံကြမ္မာအမှတ်ရဲ့အကြောင်းကို စဉ်းစားလိုက်တိုင်းမှာ ရှကျိုးယွီရဲ့ နှလုံးသားက ပိုမိုပျော်ရွှင်လာတော့သည်။ ချက်ချင်းပဲ စုတ်တံကိုကိုင်ကာ အမိန့်တော်ကို စတင်ရေးသားလိုက်သည်။ မကြာခင်မှာပဲ ရှကျိုးယွီရဲ့ လျို့ဝှက်အမိန့်စာစောင် ရရှိလာခဲ့သည်။ သူ အကြိမ်ကြိမ် စစ်ဆေးလိုက်သေး၏။
ထိုစာစောင်ကိုဖတ်လေလေ ကောင်းမွန်တဲ့ အကြံဉာဏ်တစ်ခုလို့ ခံစားရလေလေပဲ။
အကြိမ်ကြိမ်ဖတ်ပြီးသည့်နောက်မှာ ထိုစာစောင်ကို တွန့်ဆုတ်စွာဖြင့် ပိတ်လိုက်ပြီး ကျန်းနန်မြို့ဆီ ပို့ပေးဖို့ရန် တစ်စုံတစ်ယောက်ကို ညွှန်ကြားလိုက်သည်။
ထိုအခါမှပဲ ရှကျိုးယွီ စိတ်သက်သာရာ ရာသွားဟန်ရှိသည်။ နဂါးပုလ္လင်ပေါ်မှာထိုင်နေရင်း ရှကျိုးယွီ ဆက်လက်တွေးတောနေ၏။
"ငါးဆားနယ်တယောက်လိုမျိုး အလုပ်မလုပ်ဘဲ ထိုင်နေရတဲ့ ခံစားချက်က ကောင်းလိုက်တာ"
…
ထိုအချိန်မှာ လီလင်ပုသည် ရှကျိုးယွီပေးခဲ့သော အမိန့်တော်စာရွက်ဖြင့် လီဖူတည်ရှိရာ လင်အန်းစားသောက်ဆိုင်ဆီ ဦးတည်သွားနေခဲ့သည်။ သူ့ရဲ့မျက်လုံးထဲမှာ တောက်ပမှုတို့ ရှိသည်။ သူ့ရဲ့မျက်နှာကလည်း စိတ်လှုပ်ရှားမှုကြောင့် တည်တင်းနေ၏။
အရှင်မင်းကြီးဆီက စာစောင်ရပြီးသည်နှင့် လီလင်ပု မစိုးရိမ်တော့ဘူး။ အိမ်နီးချင်းတိုင်းပြည်တွေနဲ့ ပူးပေါင်းရသည့်ကိစ္စက မရိုးရှင်းဘူးဆိုတာ သူနားလည်ထားသည်။
‘သေချာပေါက် အိမ်နီးချင်းတိုင်းပြည်တွေဘက်က လုပ်ကြံသူတွေ စေလွှတ်လာမှာပဲ’
‘အရှင်မင်းကြီးက တကယ်ကို ကြိုမြင်တတ်လိုက်တာ။ ပြဿနာကို စဉ်းစားနိုင်တာမို့လို့ ထျန်းချီတာဝါက လူကိုတောင် အသုံးပြုပြီး ငွေတုံးကိုကာကွယ်ဖို့ စီစဉ်ခဲ့တယ်!’
ထျန်းချီတာဝါဘက်က ဘာကြောင့် အခုလိုမျိုး ကူညီရလဲဆိုတာကို လီလင်ပု နားမလည်ခဲ့ဘူး။ ဒါပေမယ့် ရှကျိုးယွီဘက်က ထုတ်ပြောလာပြီဆိုမှတော့ သေချာပေါက် သူတို့လည်း ကူညီမှာပဲ။
...
လီလင်ပု မကြာခင်မှာပဲ လင်အန်းစားသောက်ဆိုင်ကို ရောက်လာခဲ့သည်။
လီလင်ပု အသက်၀၀တစ်ချက်ရှုသွင်းကာ တံခါးဖွင့်ဖို့ရန် ပြင်လိုက်သည်။
ထိုအချိန်မှာပဲ တံခါးက အလိုအလျောက် ပွင့်လာ၏။
ထိုအချိန်မှာ လီဖူက အိပ်ရာအထက်မှာ ထိုင်နေခဲ့ပြီး သူ့ရဲ့မျက်လုံးထဲမှာ ရွှေရောင်အလင်းတစ်ချို့ ရှိသည်။ ထိုအလင်းတွေက လီလင်ပုကို အသေးစိတ် စစ်ဆေးနေဟန်ရှိသည်။
"မင်းက ရုံးတော်က အမတ်တစ်ယောက်ပဲ၊ ဘာကိစ္စ ဒီကိုရောက်လာတာလဲ?"
လီဖူက လီလင်ပုကို မျက်နှာသာမပေးခဲ့ဘူး။ တရှားတိုင်းပြည်မှာ ရှကျိုးယွီကလွဲ၍ သူ့အတွက် အထင်ကြီးစရာပုဂ္ဂိုလ် မရှိဘူး။
လီလင်ပု ကြောက်ရွံ့စွာဖြင့် အမြန်ပြောလိုက်သည်။
"အရှင်မင်းကြီးက ပူးပေါင်းမှုနဲ့ပတ်သက်ပြီး ဆွေးနွေးရအောင်လို့ဆိုပြီး ဒီစာစောင်ကို ပို့ခိုင်းလိုက်တာပါ"
"ဟုတ်လား?"
ရေသေလိုမျိုး တည်ငြိမ်နေခဲ့တဲ့ လီဖူ မတ်တတ်ရပ်လိုက်သည်။
အရိပ်အဖြစ်ပြောင်းသွားပြီး လီလင်ပုအရှေ့ကို ချက်ချင်းရောက်လာလေ၏။ လီလင်ပုရဲ့ တစ်ကိုယ်လုံးကို စစ်ဆေးနေတဲ့အကြည့်ဖြင့် စိုက်ကြည့်လိုက်ကာ
"အရှင်မင်းကြီးက ဘာအမိန့်ပေးလိုက်တာလဲ?"
လီဖူ အမြန်မေးလိုက်သည်။
လီလင်ပု ချက်ချင်းပဲ သူ့ရဲ့အင်္ကျီလက်ထဲမှ စာစောင်ကို ထုတ်ပေးလိုက်သည်။
"ဒီစာစောင်က အရှင်မင်းကြီး ပေးခိုင်းလိုက်တာပါ။ တရှားတိုင်းပြည်ရဲ့ ဒီတစ်ခေါက်စစ်ဆင်ရေးမှာ အရှင်မင်းကြီးက သခင်လီရဲ့ အကူအညီကို တောင်းခံခိုင်းလိုက်ပါတယ်"
လီဖူရဲ့မျက်လုံးထဲမှာ အံ့ဩမှုတစ်ချို့ ဖြတ်ပြေးသွားခဲ့သည်။ လီလင်ပုကို အချိန်အကြာကြီး စိုက်ကြည့်နေလိုက်သည်။ ထို့နောက်မှသာ စာလိပ်ကို အကြည့်ပြောင်းလိုက်ပြီး..
"တရှားတိုင်းပြည်ရဲ့ တိုင်းပြည်ရေးမှာ ၀င်မပါဘူးလို့ ငါသေချာပြောထားမယ်"
ပြောပြီးတာနဲ့ လီဖူက ချက်ချင်းပဲ စာအိတ်ကို ဖောက်ဖတ်လိုက်တော့သည်။ ပထမတစ်ကြိမ်ဖတ်ပြီးတာနဲ့ လီဖူရဲ့မျက်နှာက တွန့်သွားလေ၏။
……..