( တာအိုဂိုဏ်းရဲ့ သခင်လေး)
Vol. 9 Ch. 121
တော်ဝင်နန်းတော်၏ ဆေးလုံးစမ်းသပ်ခန်းအတွင်းတွင် လီချင်းလွမ် ချွေးများရွှဲစိုနေခဲ့သည်။ နဂါးကိုးကောင်မီးပေါင်းဖိုကို အဆက်မပြတ် စွမ်းအင်ထောက်ပံ့နေရင်း ထန်ရွှမ်းဆေးလုံးများစွာကို ဖန်တီးနေလေ၏။
ရလာသောဆေးလုံးများကို ဆေးပုလင်းထဲတွင်ထည့်လိုက်သည်။
စုစုပေါင်းသူမ ဆေးပုလင်း ရှစ်ပုလင်းခန့် ဖန်တီးနိုင်ခဲ့သည်။ ပုလင်းတစ်ခုစီတွင် ဆေးလုံးတစ်ရာပါဝင်သည်။
အခုလိုဖန်တီးနိုင်ခြင်းက ရှကျိုးယွီရဲ့ ရက်ရောတဲ့ထောက်ပံ့မှုကြောင့်ဟု ပြောရမည်။ လီချင်းလွမ်က ဆေးလုံးဖန်တီးခြင်း ပညာရပ်မှာ ရူးသွပ်နေတဲ့လူတစ်ယောက်ပဲ။ ဆေးလုံးရမည်ဆိုရင် မအိပ်မစားဘဲ ဖန်တီးရလည်းဖြစ်သည်။ အနားမယူရဘဲ နေရလည်းဖြစ်သည်။ သူမက ဆေးလုံးဖန်တီးဖို့ရန် ရှင်သန်နေတဲ့ စက်ပစ္စည်းတစ်ခုလိုမျိုးပဲ။
ဒါကြောင့်ပဲ အချိန်တိုအတွင်းမှာ အခုလိုမျိုး ဆေးလုံး ၈၀၀ ကျော်ကို ဖန်တီးနိုင်ခဲ့တာပင်။
နောက်ဆုံးဆေးလုံးတစ်သုတ်ကို စုဆောင်းပြီးချိန်မှာ လီချင်းလွမ်ရဲ့မျက်လုံးထဲမှာ ပင်ပန်းမှုတစ်ချို့ ဝင်ရောက်လာခဲ့သည်။
သူမ တစ်နေကုန် မနားဘဲ ဆေးလုံးဖန်တီးနေခဲ့တာ ဖြစ်သည်။ မီးဖိုရဲ့အောက်ခြေမှာ လက်ထားလိုက်ပြီး ကျရောက်လာသောဆေးလုံးတွေကို အမြန်ပဲဖမ်းယူလိုက်သည်။ မွှေးပျံ့လှတဲ့ ဆေးလုံးများစွာကို ချက်ချင်းပဲ ဆေးပုလင်းထဲတွင် ထည့်သွင်းလိုက်သည်။
ဆေးလုံးနဲ့ထိတွေ့လိုက်သည်နှင့် သူမရဲ့ မျက်လုံးထဲမှာ ယုံကြည်မှုတို့ဝင်ရောက်လာတော့၏။ ဒီရက်ပိုင်းအတွင်း သူမရဲ့ များစွာတိုးတက်လာသော အရည်အချင်းကို အာရုံခံလို့ရသည်။
ထို့ကြောင့် ထန်ရွှမ်းဆေးလုံး ဖန်တီးရာတွင်လည်း တော်တော်လေး ယုံကြည်ချက်ရှိလာသည်ဟု ပြောရမည်။
ထန်ရွှမ်းဆေးလုံးကို ပထမဦးဆုံးအကြိမ်ဖန်တီးနိုင်ခဲ့စဉ်က ရှကျိုးယွီကို သွားတွေ့ခဲ့သည်။ ထိုစဉ်က ရှကျိုးယွီရဲ့ပြုမူပုံကို သူမ လုံးဝမေ့လို့ မရခဲ့ဘူး။ ရှကျိုးယွီရဲ့ တက်ကြွစွာ ထောက်ပံ့ပေးမှုကြောင့်သာ သူမအခုလိုမျိုး ယုံကြည်ချက်ရှိလာရတာဖြစ်သည်။
သူမအခုလို ဆေးလုံးတွေ အများကြီးဖန်တီးနိုင်ခဲ့တဲ့အတွက် ရှကျိုးယွီဆီက ကျေးဇူးတင်မှုကို ရရှိမည်လို့လဲ ယုံကြည်သည်။
လီချင်းလွမ် ထိုင်ခုံမှာထိုင်ပြီး ရေတစ်ခွက်လောက်သောက်ဖို့တွေးနေစဉ်မှာပဲ အပြင်ဘက်ကအသံတစ်ခုကို ကြားလိုက်ရသည်။ ဆေးလုံးဖန်တီးရာတွင် ကူညီပေးသော ဆေးအကူလေးက ခေါ်လိုက်တာပင်။
"ဆေးဆရာမလီ၊ တော်ဝင်ဆရာမကြီးက တွေ့ခွင့်တောင်းနေပါတယ်"
လီချင်းလွမ် သူမရဲ့နဖူးပြင်ကချွေးများကို သုတ်လိုက်သည်။ သူမရဲ့ချွေးစိုနေသောအဝတ်ကိုလည်း အနည်းငယ်ခါလိုက်သည်။ ချွေးစိုနေသောကြောင့် အင်္ကျီကသူမရဲ့ခန္ဓာကိုယ်မှာ ကပ်နေခဲ့သည်။
ဒါပေမယ့် လီချင်းလွမ် ဂရုမစိုက်ခဲ့ဘူး။ ထိုအစားသူမက ခပ်တိုးတိုးရေရွတ်လိုက်သည်။
"ဒီကောင်မလေး ဒီရက်ပိုင်း ခဏခဏ လာလည်နေတော့တာပဲ!"
"ဘာလဲ? လေသံက မကြိုဆိုချင်ဘူးလား?"
တံခါးပေါက်ကိုရောက်နေပြီဖြစ်သော လျိုချင်းချန် ချက်ချင်းပဲရန်စလိုက်သည်။
"အမယ်လေး၊ ငါက ဘယ်လိုလုပ် မကြိုဆိုရဲရမှာလဲ အစ်မတော်ရယ်၊ နင် ဒီရက်ပိုင်းနန်းတော်ထဲကို ခဏခဏလာနေလို့ပြောတာ"
"ဘာလဲ? ငါနင့်ကို လာမတွေ့ရဘူးလား?"
လီချင်းလွမ် ရယ်လိုက်တော့သည်။ တစ်ချိန်တည်းမှာပဲ သူမက လျိုချင်းချန်ကိုကြည့်ကာ ဆက်ပြောလိုက်၏။
"နင်ရော ခံစားလိုက်ရလား? ငါဆေးလုံးဖန်တီးနေချိန်က ငါ့ရဲ့ခန္ဓာကိုယ်က ရုတ်တရက်ကြီးစွမ်းအင်တွေပြည့်ဝသွားသလိုမျိုး ခံစားလိုက်ရတယ်၊ တစ်ကိုယ်လုံးကို လန်းဆန်းသွားတာပဲ"
"အင်း ဟုတ်တယ်၊ အဲဒါက အလင်းတန်းရဲ့စွမ်းအင်ပဲ"
"အလင်းတန်းရဲ့စွမ်းအင် ဟုတ်လား?"
လျိုချင်းချန် ရှင်းပြလိုက်သည်။
"ဟုတ်တယ်၊ ငါလည်းအတိအကျမသိပေမဲ့ အဲဒီအလင်းတန်းရဲ့စွမ်းအင်ကိုရရှိပြီးတာနဲ့ ငါ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးလည်း တော်တော်လေး ပေါ့ပါးသွားခဲ့တယ်။ ငါတို့တင်မဟုတ်ဘူး၊ ထိုက်အန်းမြို့မှာရှိတဲ့ပြည်သူတွေအားလုံး ခံစားခဲ့ရတာ၊ အဲဒီအရာက စည်းမျဉ်းကိုဆန့်ကျင်နေတဲ့အရာပဲ"
"ပြီးတော့ အဲဒီအလင်းတန်းရဲ့ အကွာအဝေးကိုကြည့်ရသလောက် ထိုက်အန်းမြို့တော်တင်မဟုတ်ဘဲနဲ့ တရှားတိုင်းပြည်တစ်ခုလုံးကို ပျံ့နှံ့သွားပုံရှိတယ်၊ အရှင်မင်းကြီးရဲ့နောက်ထပ်ဆန်းကြယ်တဲ့ လုပ်ရပ်တစ်ခုပဲနဲ့တူတယ်"
လျိုချင်းချန် ရှင်းပြလိုက်သည်။
ထို့နောက်မှာ သူမက အခန်းထဲက ဆေးအကူလေးကို ကြည့်လိုက်၏။
လီချင်းလွမ် ချက်ချင်းပဲသဘောပေါက်သွားသည်။ လက်တစ်ဖက်ယမ်းကာ ထိုဆေးအကူလေးကို အပြင်ကိုသွားခိုင်းလိုက်သည်။ ထို့နောက်မှသာ လီချင်းလွမ် မေးလိုက်သည်။
"နင်ပြောစရာရှိလို့လား?"
လျိုချင်းချန်ရဲ့မျက်နှာက ချက်ချင်းပဲတည်ငြိမ်သွားခဲ့သည်။
"ဟုတ်တယ်၊ အရှင်မင်းကြီးက ငါတို့ရဲ့တာအိုဂိုဏ်းကို ထောက်ပံ့ပေးဖို့လုပ်နေတယ်!"
"ဟုတ်လား?"
လီချင်းလွမ် အံ့ဩသွားခဲ့သည်။ သူမအမြန်မေးလိုက်တော့၏။
"ဘာဖြစ်နေတာလဲ?"
"မကြာခင်က တရှားတိုင်းပြည်အတွင်းမှာ စိတ်ဝိညာဉ်တုံ့ပြန်မှုတွေဖြစ်ပေါ်ခဲ့တယ်၊ နင်လည်းအာရုံခံမိတယ်မလား?"
လျိုချင်းချန် နူးညံ့စွာပြောလိုက်သည်။
လီချင်းလွမ် ခဏတွေးလိုက်ပြီးမှ ပြန်ဖြေလိုက်သည်။
"အေး ဟုတ်တယ်၊ ဒီရက်ပိုင်း ဆေးလုံးဖန်တီးတဲ့အချိန်မှာ ပိုပြီးလွယ်ကူလာတယ်၊ စိတ်ဝိညာဉ်စွမ်းအင်တွေပိုများလာလို့ဖြစ်မယ်နဲ့တူတယ်၊ ထိုက်အန်းမြို့တော်ကို အပြင်လူတွေ အများကြီး ရောက်လာတယ်မလား? ဒါပေမဲ့ အဲ့ဒါနဲ့ ငါတို့တာအိုဂိုဏ်းကို ထောက်ပံ့ချင်တာနဲ့ ဘာဆိုင်လို့လဲ?"
လျိုချင်းချန် အဖြေမပေးခဲ့ဘူး။ သူမက လီချင်းလွမ်ကို အကြာကြီးစိုက်ကြည့်နေခဲ့ပြီးမှ၊ "လူသစ်တွေရောက်လာတာ ထိုက်အန်းမြို့တော် တစ်ခုထဲမှာ မဟုတ်ဘူး။ တရှားတိုင်းပြည်တစ်ခုလုံးမှာပဲ၊ ရေတွက်ကြည့်မယ်ဆိုရင် စုစုပေါင်းလူတစ်သိန်းလောက်ရှိမယ်လို့ ငါထင်တယ်!"
"ဘာ! ဒါဆိုရင် တရှားတိုင်းပြည်ထဲမှာရှိတဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေက အရမ်းကိုမြင့်တက်လာတော့မှာလို့ ဆိုလိုတာပဲမလား? ဒါဆိုရင်…!"
လီချင်းလွမ် ချက်ချင်းပဲ ထိတ်လန့်သွားခဲ့သည်။ သူမ လျိုချင်းချန်ကို လှမ်းကြည့်လိုက်သည်။ ဒါပေမဲ့ လျိုချင်းချန်က သူမရဲ့တုံ့ပြန်လာမဲ့ပုံစံကို မျှော်လင့်ထားပုံပဲ။ ခပ်ဖြည်းဖြည်းရှင်းပြလာလေ၏။
"ထားပါတော့၊ ရှကျိုးယွီက အစီအစဉ်တောင်ဆွဲပြီးပြီ၊ ထိုက်အန်းမြို့တော်၊ ကျန်းနန်မြို့နဲ့ တရှားရဲ့မြောက်ပိုင်းဒေသတွေမှာ စိတ်ဝိညာဉ်စွမ်းအင်စုဆောင်းတဲ့ အစီအရင်သုံးခုကိုတည်ဆောက်မယ်၊ အဲ့လိုမျိုးအစီအရင်တည်ဆောက်ဖို့အတွက် သူကသင့်တော်တဲ့လူကို ငါ့ဆီမှာအကြံဉာဏ်တောင်းလာခဲ့တယ်"
ထိုအချိန်မှသာ လီချင်းလွမ် စိတ်သက်သာစွာဖြင့် သက်ပြင်းချနိုင်တော့သည်။ ထို့နောက်မှာ တစ်စုံတစ်ခုကိုတွေးမိသွားသည်နှင့် သူမရဲ့မျက်နှာက ချက်ချင်းပဲပြန်တည်ငြိမ်သွား၏။
"နင့်ဆီကနေ အကြံဉာဏ်တောင်းတယ်ဟုတ်လား? အဲဒါက ငါတို့ရဲ့တာအိုဂိုဏ်းကို ဝင်ပါဖို့ အခွင့်အရေးပေးနေတာပဲမဟုတ်ဘူးလား?"
"အကယ်လို့ အစ်မသာ ဒီကိစ္စကိုအသုံးပြုပြီးတော့ တခြားဂိုဏ်းတွေဆီကပါ အကျိုးအမြတ်ရောက်အောင် လုပ်နိုင်ခဲ့မယ်ဆိုရင် ဖြစ်နိုင်တာ..."
လီချင်းလွမ် ပြောနေစဉ်မှာပဲ လျိုချင်းချန်ရဲ့မျက်လုံးထဲက ထူးဆန်းမှုတစ်ခုကို သတိထားမိသွားခဲ့သည်။ သူမ မနေနိုင်စွာမေးလိုက်တော့၏။
"တစ်ခုခုမှားနေလို့လား?"
လျိုချင်းချန် မပျော်မရွှင်ပြောလိုက်လေ၏။
"ဒီတစ်ခေါက်မှာက..."
လျိုချင်းချန် ပြောနေပေမဲ့ ရပ်သွားခဲ့သည်။ ခဏလောက်တွေးပြီးမှ သူမဆက်ပြောလိုက်သည်။
"ဘာကိစ္စပဲဖြစ်နေပါစေ။ ငါအကောင်းဆုံးလုပ်မှဖြစ်မယ်၊ ရှကျိုးယွီက ယုံယုံကြည်ကြည်နဲ့ ငါ့ကိုတာဝန်ပေးဖို့ စဉ်းစားခဲ့တာ! သူကငါ့ကိုတင်မဟုတ်ဘဲ ငါတို့ရဲ့တာအိုဂိုဏ်းကိုပါ ယုံကြည်တယ်ဆိုတဲ့သဘောပဲ! ညီမလေး နင်သိပါတယ်၊ နင်ရောငါရော တရှားတိုင်းပြည်ရဲ့ပြည်သူတွေပဲ၊ ငါတို့က ပြည်သူတွေအနေနဲ့ နမူနာကောင်းတစ်ခုကိုပြသရမယ်!”
“ ဒီတစ်ခေါက် ရှကျိုးယွီရဲ့အစီအစဉ်ကလည်း ပြည်သူတွေကို စဉ်းစားပြီးလုပ်ဆောင်ခဲ့တာ၊ ပြည်သူထဲကပြည်သူဖြစ်တဲ့ ငါတို့နှစ်ယောက်ကလည်း သာမန်ပြည်သူတွေရဲ့အသက်ကို သေချာစဉ်းစားပြီးမှ လုပ်ဆောင်သင့်တယ်လို့ငါထင်တယ်၊ ငါတို့တာအိုဂိုဏ်းရဲ့စည်းမျဉ်းထဲမှာတောင် တားမြစ်ထားတဲ့ကိစ္စပဲ၊ ဒါကြောင့်ငါတို့ သေချာရွေးချယ်ရမယ်!"
"တရှားတိုင်းပြည်အတွက် အလွန်သင့်တော်တဲ့ ကျင့်ကြံသူတစ်ယောက်ကို ရွေးပေးရမှာပဲ"
လျိုချင်းချန်ရဲ့နှလုံးသားက အဆက်မပြတ်တွေးတောနေခဲ့သည်။
"ဒါဆိုရင် နင့်မှာသင့်တော်တဲ့ကျင့်ကြံသူကို စဉ်းစားပြီးသားရှိလား?"
လီချင်းလွမ် မနေနိုင်စွာမေးလိုက်သည်။
တစ်ချိန်တည်းမှာပဲ သူမက လျိုချင်းချန်ကို အလွန်သိချင်စွာဖြင့် စိုက်ကြည့်နေလေ၏။ ဒီနေ့ လျိုချင်းချန်က အရင်နဲ့မတူဘူးလို့ သူမခံစားနေရသည်။ ဒါပေမဲ့ သေချာအဖြေမထုတ်နိုင်ခဲ့ဘူး။
"ငါ့မှာအဖြေရှိမယ်ဆိုမှတော့ နင့်ဆီကို လာပါ့မလား?"
လျိုချင်းချန် မပျော်မရွှင်ပြောလိုက်လေ၏။
ထိုအချိန်မှာ လီချင်းလွမ်က ရိုးရှင်းစွာဖြင့် စိုက်ကြည့်နေခဲ့သည်။ သူမရဲ့မျက်လုံးတွေက တစ်ချက်လက်သွားပြီး စိတ်ထဲကအတွေးကို ပြောလိုက်တော့သည်။
"အစီအရင်နဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် ငါစဉ်းစားမိတဲ့သူတစ်ယောက်ရှိတယ်"
"ဘယ်သူလဲ?"
လျိုချင်းချန် အံ့ဩသွားခဲ့သည်။ သူမအမြန်ပဲမေးလိုက်တော့၏။
"သခင်ငယ်လေးလေ၊ နင်မေ့သွားပြီလား လျိုချင်းချန်?"
"သခင်ငယ်လေး ဟုတ်လား?"
အပြာရောင် တိုက်ပွဲဝတ်စုံကိုသာ အမြဲဝတ်ဆင်တတ်တဲ့ ပုံရိပ်တစ်ခုကို လျိုချင်းချန် ချက်ချင်းပဲတွေးမိသွားသည်။
……….