← Chapters

(မင်းတို့ ဘာလုပ်နေကြတာလဲ?)

Vol. 9 Ch. 123

(မင်းတို့ ဘာလုပ်နေကြတာလဲ?)

Vol. 9 Ch. 123

ရှေ့က မိန်းကလေးနှစ်ယောက်လုံး လန့်သွားခဲ့သည်။ သူမတို့ အနောက်ကို လှည့်ကြည့်လိုက်ချိန်မှာ လီဖူရဲ့ အေးစက်သောမျက်နှာကို မြင်တွေ့လိုက်ရ၏။ ထိုသူက ကြောက်မက်ဖွယ်ကောင်းအောင် စိုက်ကြည့်နေလေသည်။

ထိုအချိန်တွင် ဘယ်သူကမှ အလောတကြီးမပြုမူခဲ့ဘူး။ လီဖူလည်း အရှေ့က မိန်းကလေးနှစ်ယောက်ကို သိသည်။ လွန်ခဲ့တဲ့ရက်ပိုင်းက ဒီစားသောက်ဆိုင်မှာပဲ တွေ့ဆုံခဲ့သည့် မိန်းကလေး နှစ်ယောက်ဖြစ်သည်။ ရေကြီးမှုကို ထိန်းချုပ်ဖို့ရန် ကျန်းနန်ကို ရှကျိုးယွီ စေလွှတ်ခဲ့တဲ့ မိန်းကလေးနှစ်ယောက်ပဲ။

လီဖူကိုမြင်တာနဲ့ ယူလျိုရှားရဲ့ မျက်နှာက အနည်းငယ်ပြောင်းလဲသွားခဲ့သည်။ သူမ အမြန်ရှင်းပြလိုက်၏။

“ကျွန်မတို့ ခိုးနားထောင်ဖို့ မရည်ရွယ်ခဲ့ပါဘူး။”

“ငါသိတယ်”

လီဖူ အများကြီးမပြောဘဲ အေးစက်စွာ ဖြေကြားလိုက်သည်။

ထို့နောက်မှာ သူက ဆက်ပြောလိုက်၏။

“နင်တို့က ဒီစားသောက်ဆိုင်မှာ နေနေတာပဲ။ ဒါကြောင့် ကြားသွားမယ်ဆိုတာ ပုံမှန်ကိစ္စတစ်ခုပဲ”

“ပြီးတော့ ငါ့ဘက်ကသာ ခွင့်မပြုထားဘူးဆိုရင် မင်းတို့တွေ ကြားရမှာတောင် မဟုတ်ဘူး။ ဒါကို နားလည်တယ်မလား သခင်မလေးယူ?”

လီဖူ အေးစက်စွာဖြင့် ယူလျိုရှားကို စိုက်ကြည့်လိုက်သည်။

“မင်းတို့ ဘာလုပ်မလို့လဲ?”

ယူလျိုရှား အနည်းငယ် မျက်မှောင်ကြုတ် သွားတော့၏။ သူမ မေးလိုက်သည်။

“ဘာမှမဟုတ်ပါဘူး။ ငါမင်းကို မေးခွန်းတစ်ချို့ မေးချင်ရုံတင်ပဲ”

လီဖူက လိုရင်းကိုပဲ တိုက်ရိုက် ပြောလိုက်သည်။ ယူလျိုရှား ချက်ချင်းပဲ မျက်နှာ ပျက်ယွင်းတော့၏။

ယူလျိုရှား မျက်မှောင်ကြုတ်နေတာ မြင်တော့မှ လီဖူရှင်းပြပေး လိုက်သည်။

“ငါမေးမယ့်ဟာက ယူအိမ်တော်ရဲ့ လျှို့ဝှက်ချက် မဟုတ်ဘူး။ ငါမေးချင်တာက တာ့ရှားတိုင်းပြည်နဲ့ ပတ်သတ်ပြီးတော့ပဲ”

ထိုအချိန်မှသာ ယူလျိုရှားက ပြန်ဖြေကြားလိုက်သည်။

“သခင်လေး ဘာကို ပြောချင်တာလဲ?”

“ရှကျိုးယွီက မင်းကို ရေကြီးမှုထိန်းချုပ်ဖို့ ဘာလို့ တာဝန်ပေးခဲ့တာလဲ? တစ်နည်းပြောရမယ်ဆိုရင် ရှကျိုးယွီက မင်းတို့ရဲ့ မိသားစုဆီကို ဘယ်လိုကြောင့်ရောက်လာခဲ့တာလဲ?”

လီဖူ နူးညံ့စွာဖြင့် တစ်လုံးချင်းမေးလိုက်သည်။

သူမတို့နှစ်ယောက်လုံး ထိုအချိန်မှပဲ စိတ်သက်သာစွာဖြင့် သက်ပြင်းချနိုင်တော့သည်။

“ကျွန်မလည်း အဲ့ဒါကိုမသိဘူး”

“မသိဘူး ဟုတ်လား?”

လီဖူ ချက်ချင်းပဲ ရှုပ်ထွေးသွားတော့၏။

ယူလျိုရှားလည်း တွေးနေခဲ့သည်။ သူမ ဘယ်လိုရှင်းပြရမလဲ မသိတော့ဘူး။ သူမ ချက်ချင်းပဲ ပြောလိုက်သည်။

“အဲ့ဒီနေ့က ရွှမ်းအာနဲ့ ကျွန်မက ...”

နန်းတော်ထဲကို ခိုးဝင်ခဲ့တဲ့ ညနဲ့ပတ်သတ်ပြီး ယူလျိုရှား အသေးစိတ်ရှင်းပြလိုက်သည်။ သူမတို့ နန်းတော်ထဲ မခိုးဝင်စဉ်က ကျောက်ကောင်းနဲ့ သိုင်းသမားတစ်ချို့ ကို မတော်တဆ တွေ့မိခဲ့တဲ့ အဖြစ်အပျက်က စတင်ပြီး ရှင်းပြပေးခဲ့တာပင်။

ယူလျို့ရှားရဲ့ ရှင်းပြမှုကို နားထောင်ပြီးနောက်မှာ လီဖူ တိတ်ဆိတ်သွားခဲ့သည်။ အချိန်အကြာကြီးနေမှ သူမော့ကြည့်လာခဲ့သည်။ လီဖူရဲ့ မျက်လုံးတွေက နက်ရှိုင်းနေ၏။

“ဒီတော့ မင်းပြောချင်တာက တရှားတိုင်းပြည်ရဲ့ နန်းတော်ထဲမှာ ရွှမ်ဂိုဏ်းရဲ့ မြွေကိုးကောင်မီးပေါင်းဖို ရှိနေတယ်ပေါ့။ ရွှမ်ဂိုဏ်းကလည်း တာ့ရှားတိုင်းပြည်ကို နောက်ကွယ်ကနေ ထောက်ပံ့ပေးနေတာပေါ့။ ဒါ့အပြင် မင်းရဲ့ သရုပ်မှန်ကိုလည်း ရှကျိုးယွီက အရင်တည်းက သိထားတာလို့လား?”

“အဲ့လိုမျိုး ဖြစ်မယ်လို့ ကျွန်မထင်တယ်။ ရှကျိုးယွီဘက်က အတိအလင်း မပြောခဲ့ပေမယ့် ဘယ်လိုပဲ စဉ်းစားကြည့်ကြည့် အဲ့ဒါက တစ်ခုတည်းသော ဖြစ်နိုင်ချေပဲ”

ယူလျို့ရှားက ပြောနေရင်းနဲ့ တစ်ခုခုကို တွေးမိသွားသည့်နှယ် ဆက်ပြောလိုက်သည်။

“ဒါ့အပြင် ရေကြီးမှုကို ထိန်းချုပ်နေတဲ့အချိန်မှာ တရှားတိုင်းပြည်နဲ့ ဆက်နွယ်ထားတဲ့ ဆန်းကြယ်တဲ့ အင်အားတစ်ခု ကျွန်မ ရုတ်တရက် ခံစားခဲ့ရတယ်။ အဲ့ဒီအစွမ်းက အ‌စောင့်အရှောက်သားရဲရဲ့ အစွမ်းနဲ့ ဆင်တူတယ်!”

“ဘာ!!!”

လီဖူရဲ့မျက်နှာက ချက်ချင်းပဲ ပျက်ယွင်းသွားခဲ့သည်။ သူ့ရဲ့မျက်လုံးတွေက နက်ရှိုင်းသွား၏။

“ဒါဆိုရင် ငါ့အဲ့ဒီနေ့က ခံစားခဲ့ရတဲ့ နန်းတော်အထက်က စွမ်းအင်က အစောင့်အရှောက်သားရဲရဲ့ အစွမ်းလား? ဒါဆိုရင် တရှားတိုင်းပြည်ရဲ့ နန်းတော်ထဲမှာ ရှိနေတဲ့အရာက အစောင့်အရှောက်သားရဲလား?”

“ဟုတ်တယ် ဖြစ်နိုင်တယ်။ ဒါဆိုရင် အရင်ရက်က ထွက်ပေါ်ခဲ့တဲ့ ရွှေရောင်အလင်းတန်းကလည်း အစောင့်အရှောက်သားရဲ ထုတ်လွှတ်လိုက်တာပဲ ဖြစ်ရမယ်! တရှားတိုင်းပြည်မှာ အခုလိုမျိုး အံ့ဩဖွယ်ရာ လျှို့ဝှက်ချက်ကြီးတစ်ခုကို ထိန်းသိမ်းထားမယ်လို့ ငါလုံးဝမထင်ခဲ့မိဘူး!”

လီဖူရဲ့မျက်နှာက တဖြည်းဖြည်း ပိုပြီးတည်ငြိမ် လာခဲ့သည်။ လီလင်ပုရဲ့ စကားလုံးတွေနဲ့ သူ့ရဲ့အရင်က အတွေ့အကြုံတွေက တရှားတိုင်းပြည်နဲ့ ရွှမ်ဂိုဏ်းရဲ့ ပူးပေါင်းမှုရှိတယ် ဆိုသောအချက်ကို ရှစ်ဆယ်ရာခိုင်နှုန်းမျှ အတည်ပြုနေခဲ့သည်။ အခု ယူလျိုရှားရဲ့ စကားလုံးတွေကို ထပ်မှာကြားရပြီးနောက်မှာ သူရဲ့နှလုံးသားထဲက သံသယတွေအားလုံးကို အတည်ပြုနိုင်သွားပြီ။ ယူအိမ်တော်ဆိုတာ ရေနဲ့ပတ်သတ်ရင် အကျွမ်းကျင်ဆုံးသော အိမ်တော်တစ်ခုပဲ။ ပျောက်ကွယ်သွားသော အိမ်တော်တစ်ခု ဖြစ်ပေမယ့် ယူအိမ်တော်ရဲ့ ဂုဏ်သတင်းက ခုချိန်ထိ တစ်လောကလုံးမှာ ပျံ့နှံ့နေတုန်းပဲ။

တရှားတိုင်းပြည်လိုမျိုး သန်မာမှုမပြည့်ဝတဲ့ တိုင်းပြည်ငယ်တစ်ခုက ယူအိမ်တော်ကို ဦးညွှတ်လာအောင် လုံးဝလုပ်နိုင်မှာ မဟုတ်ဘူး။ အခုလိုမျိုး အသက်စွန့်ပြီး ကြိုးစားပေးဖို့ဆိုတာ ဖြစ်ကိုမဖြစ်နိုင်တဲ့ အရာပဲ!

အခုချိန်မှာ ယူအိမ်တော်ရဲ့ ဆက်ခံသူဆီက တရှားတိုင်းပြည်နဲ့ ဆက်နွယ်ထားသော ကံကြမ္မာအမှတ်ကို လီဖူ အာရုံခံလို့ရခဲ့သည်။ ထို့ကြောင့် သူမတို့နှစ်ယောက် စကားဝိုင်းကို ခိုးနားထောင်နေစဉ်ကတည်းက လီဖူ မတားမြစ်ခဲ့တာပင်။ အဘယ်ကြောင့်ဆိုသော် လီဖူလည်း ယူလျိုရှားနှင့် စကားပြောချင်ခဲ့သည်။ သူ့ဘက်က အတည်ပြုစရာ ကိစ္စတစ်ချို့ရှိသည်။

လီဖူရဲ့ ပင်ကိုယ်စရိုက်က ဘယ်အရာမဆို တစ်ယောက်တည်းဖြေရှင်းတတ်ပြီး မောက်မာတတ်သော စရိုက်ဖြစ်သည်။ စားသောက်ဆိုင်အတွင်းမှာ ယူလျိုရှားနှင့် အကြိမ်ရေတစ်ချို့ဆုံမိသော်ငြား သူ့ဘက်ကစတင်ပြီး စကားမပြောခဲ့ဘူး။ ခုလိုမျိုး အခွင့်အရေးကို စောင့်နေခဲ့တာပင်။

အခုတော့ လီဖူရဲ့မျက်နှာထက်မှာ စိတ်ပိုင်းဖြတ်ထားသော ခံစားချက်တစ်ချို့ ဝင်ရောက်လာခဲ့သည်။

“ကြည့်ရတာ တရှားတိုင်းပြည်က ဒီတစ်ခေါက်မှာ ငါတို့ရဲ့ ထန်ချီတာဝါကို စမ်းသပ်နေတာပဲ။ ဒါဆိုရင် ငါဒီတစ်ခေါက်ကိစ္စကို သေချာစဉ်းစားဖို့ လိုနေပြီ”

လီဖူက ချက်ချင်းပဲ နေရာတွင် ပျောက်ကွယ်သွားခဲ့သည်။

ထိုအချိန်မှသာ ရွှမ်းအာ စိတ်သက်သာသွားတော့၏။

“သခင် အဲ့ဒီ ထန်းချီတာဝါက ပုဂ္ဂိုလ်မေးခဲ့တဲ့ မေးခဲ့တဲ့ မေးခွန်းတွေက တော်တော်လေး ထူးဆန်းတယ်နော်!”

“ထူးဆန်းတယ် ဟုတ်လား? ငါတော့ထူးဆန်းတယ်လို့ မမြင်မိဘူး။”

ယူလျိုရှားက ရွှမ်းအာကို ကြည့်ကာ ရယ်လိုက်သည်။

“သခင် ဘာလို့ ထူးဆန်းတယ်လို့ မထင်ရတာလဲ?”

ရွှမ်းအာ ရှုပ်ထွေးနေ‌ခဲ့သည်။

ယူလျိုရှားက ပြုံးလိုက်လေကာ

“ပူးပေါင်းမှုကို မစခင် တစ်ဖက်ရဲ့ အခြေအနေကို အပြည့်အဝ နားလည်ထားသင့်တယ် မဟုတ်ဘူးလား?”

“ပူးပေါင်းမှုကို မစခင် ဟုတ်လား? အဲ့ဒါ ဘာကိုဆိုလိုတာလဲ သခင်?”

ရွှမ်းအာ အံ့သြသွားခဲ့သည်။ ထို့နောက်မှာ သူမရဲ့ပါးစပ်က ကျယ်လောင်စွာ ပွင့်ဟသွားခဲ့ပြီး မေးခွန်းထပ်မေးဖို့ ပြင်လိုက်သည်။ ထိုအချိန်မှာပဲ

“နင်မကြားခဲ့ဘူးလား ငါပြောလိုက်တာကို?”

ယူလျို့ရှားက ပြုံးကာ ပြောလိုက်လေ၏။

“အခု ရှကျိုးယွီနဲ့ လီဖူရဲ့ အခြေအနေက ပူးပေါင်းတော့မလို့လေ။ ဒါကြောင့် မပူးပေါင်းခင်မှာ တစ်ဖက်လူရဲ့ သန်မာမှုနဲ့ အားနည်းချက်ကို ကိုယ့်ဘက်က အပြည့်အဝ နားလည်ထားသင့်တယ်။ ဒါမှသာ ကိုယ့်ဘက်က ဘယ်လောက်ထိ ပေးဆပ်သင့်လဲ ဆိုတာကို ဆုံးဖြတ်လို့ရမှာ”

“ ရိုးရိုးရှင်းရှင်း ပြောရမယ်ဆိုရင် ထန်းချီတာဝါရဲ့ ပုဂ္ဂိုလ်က တရှားတိုင်းပြည်ရဲ့ အခြေအနေကို စစ်ဆေးနေတာပဲ။ အခုလိုမျိုး ထန်းချီတာဝါအတွက် ရှေ့ထွက်လိုက်ဖို့ သင့်တော်ရဲ့လားဆိုတာ သူက အတည်ပြုနေခဲ့တာ။ တရှားတိုင်းပြည်အတွက်နဲ့ တခြားတိုင်းပြည်တွေကို ရန်ပြုသင့်လားဆိုတာကို သူဆုံးဖြတ်နေတာပဲ”

ထိုအချိန်မှသာ ရွှမ်းအာ သဘောပေါက်သွားခဲ့သည်။ သူမ ခေါင်းညိမ့်လိုက်ပေမယ့် အပြည့်အဝတော့ နားမလည်သေးဘူး။

“ဒါဆိုရင် သခင်မလေး အခုပြောလိုက်တာက...”

“ငါပြောလိုက်တာတွေ အားလုံးက အမှန်တွေပဲ။ ငါချဲ့ကားပြောခဲ့တာ တစ်ခုမှ မပါဘူး။ ထန်းချီတာဝါဘက်ကလူလည်း ငါပြောခဲ့တာတွေ အမှန်ဆိုတာကို အတည်ပြုနိုင်မယ်လို့ ထင်တယ်။ ရှေ့ဆက်ပြီး ဘာတွေဖြစ်မလဲဆို‌တာတော့ ငါလည်းသိချင်မိသား”

“တရှားတိုင်းပြည်နဲ့ ရွှမ်ဂိုဏ်းမှာ ပူးပေါင်းမှု ရှိနေမယ်လို့ ငါခန်းမှန်းမိခဲ့ပေမယ့် အဲ့ပူးပေါင်းမှုက ဘယ်လောက်ထိ နက်ရှိုင်းလဲဆိုတာ ဘယ်သူမှမသိဘူး။ ဘာလို့လဲဆိုရင် ရွှမ်ဂိုဏ်းက ပုဂ္ဂိုလ်တစ်ယောက်မှ တရှားတိုင်းပြည်ထဲမှာ ပေါ်မလာသေးဘူးလေ။ ဒါကြောင့်မလို့လည်း ထန်းချီတာဝါဘက်က သံသယ ဖြစ်နေတာပဲ။ ဒါပေမယ့် ထပ်ပြီးတွေးကြည့်ရမယ်ဆိုရင် သူတို့ရဲ့ ပူးပေါင်းမှုက မနက်ရှိုင်းဘူးဆိုရင် ရွှမ်ဂိုဏ်းက အခုလိုမျိုး သူတို့ရဲ့ မြင့်မြတ်ပစ္စည်းဖြစ်တဲ့ နဂါးကိုးကောင်မီးပေါင်းဖိုကို ထုတ်ပေးလာခဲ့မှာ မဟုတ်ဘူး။”

ယူလျိုရှားရဲ့ မျက်လုံးတွေက အနည်းငယ် နက်ရှိုင်းသွားခဲ့သည်။ သူမလည်းပဲ အလောင်းအစား လုပ်ချင်သည်။ သူမသာ တရှားတိုင်းပြည်မှာ နေမယ်ဆိုရင် တရှားတိုင်းပြည်အနေနဲ့ ယူအိမ်တော်ကို ကူညီပေးနိုင်မလားဆိုတာ သူမသိချင်မိသည်။

ရွှမ်းအာ တည်ငြိမ်စွာဖြင့် ခေါင်းညိမ့်ပြခဲ့သည်။ သူမ သေချာစွာ တွေးတော လိုက်သည်။ ထို့နောက်မှာ မေးလိုက်၏။

“သခင် ဒါဆိုရင် ကျွန်တော်မျိုးမ နန်းတော်ထဲကို ဝင်ခဲ့တုန်းက အရှင်မင်းကြီးကို မှားယွင်းအကဲခက် မိတာပေါ့။ ဒါဆိုဒီနေ့ထပ်ပြီး အတည်ပြုကြည့်မယ်လေ”

ယူလျိုရှား ပြုံးလိုက်ကာ

“ဒါ့အပြင် အဲ့ဒီ မြွေကိုးကောင်မီးပေါင်းဖို ဆိုတာလည်း ကျွန်တော်မျိုးမ သေချာအတည်မပြု ရသေးဘူး။ အဲ့ဒါကိုလည်း အတည်ပြုချင်သေးတယ်။”

“နင်က ပုံမှန်ဆိုရင် ဂရုမစိုက်ဘဲ နေတတ်ပေမယ့် အမြင်ကောင်းရှိတာကိုတော့ ငါသိတယ်။ အဲ့ဒီ မီးပေါင်းဖိုနဲ့ ပတ်သတ်ပြီး အကြည့်မှားခဲ့မယ် ဆိုရင်တောင်မှ အဲ့ဒီ မီးပေါင်းဖိုက မြွေကိုးကောင်မီးပေါင်းဖိုနဲ့ ဆင်တူတယ်ဆိုတဲ့ အချက်ကို ရှောင်လွှဲလို့မရဘူး။ ဒီတော့ အစစ် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ဘယ်သူက ဂရုစိုက်မှာလဲ?”

“ဒါ့အပြင် နန်းတော်ထဲမှာ အခု အစီအရင်တစ်ခု ချထားတယ်။ အဲ့ဒီအစီအရင်က တိုင်းပြည်ရဲ့ ကံကြမ္မာနဲ့ ဆက်နွယ်ထားတယ်။ အဲ့ဒီ အန္တရာယ်များတဲ့ အရှိန်အဝါကို ငါခံစားလိုက်တိုင်း ကြောက်ရွံ့မိတယ်။ ဒါကြောင့် နင်နဲ့ငါ့အတွက် ထပ်မံပြီး ခိုးဝင်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ ကြည့်ရတာ ငါတို့ အဲ့ဒီနေ့က ခိုးဝင်ခဲ့တာကို ရှကျိုးယွီ ဒေါသထွက်သွားပုံပဲ။ ဒါကြောင့်မို့ နောက်ရက်ရောက်တာနဲ့ ချက်ချင်းပဲ အစီအရင် ဖန်တီးခိုင်းခဲ့တာနေမှာ”

ယူလျိုရှား ပြောပြီးတာနဲ့ သက်ပြင်းတစ်ချက် ချလိုက်သည်။

“ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?”

ရွှမ်းအာ အံ့ဩသွားလေ၏။

ဒါပေမယ့် ယူလျိုရှားက အများကြီး မရှင်းပြခဲ့ဘူး။ သူမ ပြုံးကာ ဆက်ပြောလိုက်သည်။

“ဟုတ်ပြီ ငါနင့်ကို ဒါတွေအားလုံး ပြောပြတာက တရှားတိုင်းပြည်က ထင်သလောက် မရိုးရှင်းဘူးဆိုတာ သိစေချင်လို့ပဲ။ ဒါကြောင့် ဘယ်တော့မဆို တစ်ခုခု မပြောခင်၊ မလုပ်ခင် သေချာစဉ်းစား”

“ကျွန်တော်မျိုးမ နားလည်ပါပြီ”

ရွှမ်းအာ ခေါင်းညိမ့်ပြလိုက်သည်။

ယူလျိုရှား ခဏလောက် တွေးပြီးနောက်မှာ ဆက်ပြောလိုက်၏။

“ဒါဆိုရင် နင်ဒီမှာ ခဏနေခဲ့ဦး ငါနန်းတော်ထဲကို သွားလိုက်ဦးမယ်”

………..

All Chapters