← Chapters

( သေချာပေါက် မဖြစ်ဘူး!)

Vol. 9 Ch. 124

( သေချာပေါက် မဖြစ်ဘူး!)

Vol. 9 Ch. 124

တော်ဝင်နန်းတော်အရှေ့မှာ ယူလျိုရှား အရှေ့နဲ့အနောက် လျှောက်နေခဲ့သည်။ သူမ ရှကျိုးယွီကို ဘယ်လိုပြောရမလဲမသိတော့ဘူး။ အရင်တခေါက် နန်းတော်ကို လာတွေ့ခဲ့စဥ်က ရှကျိူးယွီက ငြင်းခဲ့၏။

သူမက လီလင်ပု နဲ့ လျိုချင်းချန် လိုမျိူး တရှားတိုင်းပြည်နဲ့ သက်ဆိုင်သူ တစ်ဦးမဟုတ်ပေ။ ထို့ကြောင့်သူမအနေနဲ့ အကြိမ်ကြိမ် လာရောက်လည်ပတ်နေခြင်းက ကောင်းမွန်သောကိစ္စတစ်ခု မဟုတ်ဘူး။ အများအမြင်မှာ အကျိူးကြောင်းမသင့်တဲ့ အရာတစ်ခု ဖြစ်လာနိုင်သည်!

အရင်တစ်ခေါက် ငြင်းဆိုခံရတုန်းကဆိုလျှင် သူမ ကူကယ်ရာမဲ့စွာဖြင့် လှည့်ပြန်ခဲ့ရ၏။

ဒီတစ်ခေါက် ဘယ်လိုချဉ်းကပ်မရမလဲ စဉ်းစားနေစဉ်မှာပဲ ရှကျိုးယွီ ရဲ့အသံကိုကြားလိုက်ရလေ၏။

“ရောက်နေပြီဆိုမှတော့ ဘာလို့ဝင်မလာတာလဲ?”

ယူလျိုရှား ချက်ချင်းပဲအံ့သြသွားခဲ့သည်။ သူမ မော့ကြည့်လိုက်ပေမဲ့ ရှကျိုးယွီကို မမြင်ရဘူး။

“ဒါက”

ယူလျိုရှား အံ့သြသွားခဲ့သည်။ သူမ မတုံ့ပြန်နိုင်ခင်မှာပဲ ရှကျိုးယွီရဲ့ အသံကို ထပ်မံကြားလိုက်ရ၏။

“ဘယ်ကိုမှ လျှောက်ကြည့်မနေနဲ့ နန်းတော်ထဲကို ဝင်ခဲ့လိုက် ငါတော်ဝင်နန်းဆောင်ထဲမှာ စောင့်နေတယ်!”

ယူလျိုရှား တော်ဝင်နန်းတော်ထဲကို လှမ်းကြည့်လိုက်သည်။ အသက်တချက်ရှုသွင်းပြီးမှ နန်းတော်အတွင်းကို ဝင်သွားလိုက်လေ၏။

ဝင်သွားစဉ်မှာ အစောင့်များနှင့်လည်း တွေ့ခဲသည်။နန်းတွင်းအစေခံများ နှင့်လည်း တွေ့ခဲ့သည်။သူမ ကိုတားမြစ်မဲ့သူမရှိပေ။

ထို့အပြင်နန်းတော်ထဲကို ဝင်ရောက်လာတာနဲ့သူမ သက်တောင့်သက်သာခံစားချက်တစ်ခုကို ခံစားနေရသည်။သူမနှင့် ဆက်နွယ်ထားသော တိုင်းပြည်ရဲ့ ကံကြမ္မာအမှတ်နှင့် သက်ဆိုင်သည်ဟု ယူဆရသည်။

'တကယ်ကိုဆန်းကြယ်တာပဲ။ ငါကျန်းနန်မြို့ မှာတုန်းက ကံကြမ္မာအမှတ်တွေ အများကြီးစုပ်ယူခဲ့တယ်။ ဒါပေမဲ့ အခုထိအများကြီးကျန်နေတုန်းပဲ။ တရှားတိုင်းပြည်ရဲ့ ကံကြမ္မာအမှတ်ကို အခု​လောက်များပြားမယ်လို့ ငါမထင်ခဲ့မိဘူး’

ယူလျိုရှား သက်ပြင်းချလိုက်သည်။ သူမရဲ့ခန္ဓာကိုယ်နဲ့ ဆက်နွယ်ထားသောတရှား တိုင်းပြည်၏ ကံကြမ္မာကို သူမရှင်းလင်းစွာ အာရုံခံလို့ရသည်။

ယူလျိုရှား အကြာကြီး မတွေးတောခဲ့ပေ။ အရှေ့ကိုသာ ဆက်လျှောက်သွားလိုက်၏။ အဆုံးမှာတော့ ရှကျိုးယွီ၏ လမ်းညွှန်မှုအတိုင်း တော်ဝင်နန်းဆောင်အတွင်းကို ရောက်လာခဲ့သည်။

“အရှင်မင်းကြီးကို ကျွန်တော်မျိူးမ အရိုသေပေးပါတယ်”

ယူလျိုရှား ချက်ချင်းပဲ အရိုသေပေးလိုက်သည်။ ကျန်းနန်မြို့က အဖြစ်အပျက်ကြောင့် ရှကျိူးယွီအပေါ် လေးစားမှုပိုနေခဲ့သည်။

ရှကျိူးယွီ ကတော့ဘာမှမပြောပဲ လက်တစ်ဖက်သာ ယမ်းပြလိုက်သည်။

“ယဉ်ကျေးမှုပြနေဖို့မလိုပါဘူး။မင်း ကျန်းနန်မြို့ မှာအကောင်းဆုံးလုပ်ခဲ့တာပဲ”

ရှကျိုးယွီက နဂါးပုလ္လင်ထက်မှာ ထိုင်နေရင်း ယူလျိုရှားကိုကြည့်ကာ ပေါ့ပေါ့ပါပါး ပြောလိုက်၏ ။

ယူလျိုရှား အနည်းငယ် အံ့သြသွားခဲ့သည်။

“အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။”

ရှကျိုးယွီ မျက်မှောင်ကြုတ် သွားသည်။ ယူလျိုရှားကို အချိန်အကြာကြီး စိုက်ကြည့် နေ၏ ။တစ်ခုခု မှားနေသလိုမျိူး ရှကျိူးယွီ ခံစားနေရသည်။ဒါပေမဲ့ ဘယ်အရာလဲဆိုတာကို အဖြေထုတ်လို့မရနေဘူး။ထို့ကြောင့် အများကြီးမတွေးတော တော့ပေ။

“မင်း မနေ့ကလည်း နန်းတော်ထဲကို လာတွေ့သေးတယ်လို့ကြားတယ်။ အရေးကြီးကိစ္စရှိလို့လား?”

ယူလျိုရှားချက်ချင်းပဲ အရိုအသေပေးကာ ပြောလိုက်သည်။

“တရှားတိုင်းပြည်ရဲ့ ပံ့ပိုးမှုကြောင့် ကျွန်တော်မျိူးမ ပထမအဆင့်ကိုအောင်မြင်စွာ တက်လှမ်းနိုင်ခဲ့တယ်”

ရှကျိုးယွီ ခပ်ဖွဖွခေါင်းညိမ့်လိုက်သည်။ ထို့နောက်မှာ တည်ငြိမ်စွာဖြင့် ပြောလိုက်၏ ။

“အင်း အဲ့တာအမှန်ပဲ။ဒါပေမဲ့ ပထမအဆင့်တက်သွားတာက မင်းအတွက် ကောင်းမွန်တဲ့ အရာတစ်ခုပဲလေ။ အဲ့ဒီအတွက်နဲ့ ငါ့ကိုလာတွေ့တာလား?”

ယူလျိုရှား အနည်းငယ်အံ့သြသွား၏။သူမ၏ နှလုံးသားထဲမှာ ရှကျိုးယွီကို အလွန်ကျေးဇူးတင်နေခဲ့သည်။

ရှကျိုးယွီ ရဲ့ အခုလိုမျိုး ဂုဏ်မဖော်တဲ့လုပ်ရက်ကို မြင်သောအခါမှာ သူမပိုပြီးလေးစားသွားခဲ့သည်။ထို့ကြောင့် အသက်တစ်ချက်ရှူသွင်းကာ ပြောလိုက်လေ၏။

“အရှင်မင်းကြီး.. လူတစ်ယောက်က ရေတစ်စက်လောက် သေးငယ်တဲ့ပမာဏအဖြစ် ကြင်နာမှု ပြခဲ့မယ်ဆိုလျှင် စမ်းချောင်းတစ်ခုလောက်အထိ ပြန်ပေးဆပ်သင့်တယ်ဆိုပြီး ကျွန်တော်မျိုးမ သင်ကြားခံခဲ့ရတယ်။ အရှင်မင်းကြီးက ကျွန်တော်မျိုးမကို ပထမအဆင့်တက်နိုင်အောင် ကူညီပေးခဲ့တဲ့အတွက် အရမ်းကျေးဇူးတင်မိတယ်။ဒါကြောင့် အရှင်မင်းကြီးရဲ့ ကြင်နာမှုကို ပေးဆပ်နိုင်အောင် နှစ်တစ်ရာတိတိ ကျွန်တော်မျိူးမ တရှားတိုင်းပြည်အတွက် အလုပ်ကျွေးပြုချင်ပါတယ်!”

“အရှင်မင်းကြီး စိတ်ချပြီးနေပါ။ကျွန်တော်မျိူးမက ကျေးဇူးပြန်ဆပ်ချင်ရုံတင်ပါပဲ။ တရှားတိုင်းပြည်အနေနဲ့ ကျွန်တော်မျိူးမအတွက် ဘာမှပြုလုပ်ပေးဖို့မလိုပါဘူး။ ရုံးတော်ထဲမှာ နေရာတစ်ခုလည်း ကျွန်တော်မျိုးမ တောင်းဆိုမှာမဟုတ်ဘူး။ တရှားပြည်က လိုအပ်လာသ၍ ကျွန်တော်မျိူးမ အရှေ့ထွက်ပြီးတတ်နိုင်သမျှ ဖြေရှင်းပေးပါမယ်”

“ဒါတင်မကသေးဘူး တရှားတိုင်းပြည်မဟုတ်ပဲနဲ့ တခြားတိုင်းပြည်မှာ ရေကြီးမှုကြုံလာခဲ့မယ်ဆိုလျှင် ကျွန်တော်မျိူးမ သွားရောက်ပြီး ဖြေရှင်းလို့ရတယ်။အရှင်မင်းကြီးက အဲ့ဒီအစား သူတို့တိုင်းပြည်တွေထံက လုံလောက်တဲ့ငွေပမာဏကို ပြန် တောင်းယူလို့ရတယ်။ ဒါဆိုရင်တရှားတိုင်းပြည်အတွက် ဘဏ္ဏာငွေလည်းမြင့်မားလာမယ်”

“ကျွန်တော်မျိုးမရဲ့အခု အကူအညီက သေးငယ်တဲ့ အထောက်အပံ့တစ်ခုသာဆိုပေမဲ့ အခုချိန်မှာ ကျွန်တော်မျိူးမက ယူအိမ်တော်ကို တရားဝင်မဆက်ခံ ရသေးပါဘူး။ ဒါကြောင့်ယူအိမ်တော်ကိုယ်စား ဆုံးဖြတ်ချက်ချပေးလို့မရဘူး။ ကျွန်တော်မျိူးမရဲ့ သေးငယ်တဲ့လုပ်နိုင်စွမ်းအတွက် အရှင်မင်းကြီး ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်။”

……

ချက်ချင်းပဲ တော်ဝင်နန်းဆောင်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။

ထိုအချိန်မှာပဲ စနစ်ရဲ့ အသိပေးသံကို ကြားလိုက်ရသည်။

(ရေကိုထိန်းချုပ်နိုင်သော နာမည်ကြီးမိသားစု ထံမှ အကူအညီရခဲ့ပြီး မဟာမိတ်ဖြစ်နိုင်ဖို့အခွင့်ရေးရခဲ့တဲ့အတွက် ကံကြမ္မာအမှတ် နှစ်သောင်းမြင့်တက်သွားပါတယ်)

(လျှို့ဝှက် တာဝန်တစ်ခုဖြစ်တဲ့ တိုင်းပြည်ရဲ့ရာသီဥတုကို မြင့်မားအောင် ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် အခုဆိုရင် တရှားတိုင်းပြည်က ရှေ့လာမဲ့ နှစ်တစ်ရာအထိ ရေကြီးမှုကို လုံးဝကြုံတွေ့ရတော့မှာ မဟုတ်ဘူး။ ရာသီဥတုလည်း ကောင်းမွန်လာမယ်။ တိုင်းပြည်ရဲ့ အနာဂတ်ကို တိုးတက်အောင်လုပ်နိုင်ခဲ့တဲ့အတွက် ကံကြမ္မာအမှတ် တစ်သိန်းတက်သွားပါတယ်)

'တစ်……..တစ်သိန်းတောင်???!!!’

'ဟိုဘက်က စကားလေး နှစ်ခွန်းပဲပြောသွားတာကို မင်းက ကံကြမ္မာအမှတ်ကို တစ်သိန်းတောင် တက်ပစ်လိုက်တာလား?!’

'မဟုတ်ဘူး။ တစ်သိန်းတောင်မဟုတ်ဘူး တစ်သိန်းနှစ်သောင်းတောင် မြင့်တက်ပစ်တာ! မင်းငါ့ကိုသေချာပြသနာရှာနေတာလား? မင်းကရေကို ထိန်းချုပ်နိုင်တဲ့မိသားစုရဲ့ ဆက်ခဲ့သူမဟုတ်လား? ဘာကိစ္စ ဂုဏ်သိက္ခာ ကြီးမားလှတဲ့ အိမ်တော်က သေးငယ်တဲ့တိုင်းပြည်ကို အမှုထမ်းမှာလဲ?’

'နေပါအုံး ငါကဖြစ်သလိုရွေးချယ်လိုက်တာလေ။ ဘာကြောင့် ရေကိုထိန်းချုပ်နိုင်တဲ့ မိသားစုကဆက်ခံသူဖြစ်နေရတာလဲ?အဲ့တာကိုတောင်မှ ဘာကိစ္စ နံပါတ်တစ်အိမ်တော်ကဖြစ်နေရတာလဲ!’

'မင်းတို့ငါ့ကို ရှင်သန်ခွင့်လေး ပေးပါအုံးလား? ဘာဖြစ်ချင်နေကြတာလဲ?’

ရုတ်တရက်မဲမှောင်သွားသော ရှကျိုးယွီရဲ့ မျက်နှာထားကို ယူလျိုရှား ချက်ချင်းပဲ သတိထားမိသွားခဲ့သည်။ သူမအမြန်ပြောလိုက်၏။

“အရှင်မင်းကြီး?”

“အရှင်မင်းကြီး?”

“အရှင်မင်းကြီး အဆင်ပြေရဲ့လား? ကျွန်တော်မျိုးမရဲ့ လုပ်ဆောင်ချက်ကို မကျေနပ်ပဲ ယူအိမ်တော်တစ်ခုလုံးကို တရှားတိုင်းပြည်အတွက် တာဝန်ထမ်းဆောင်ချင်တယ်ဆိုရင် အချိန်သုံးနှစ်ပေးပါ သုံးနှစ်အတွင်းမှာ ကျွန်တော်မျိုးမ ယူအိမ်တော်ကို တရားဝင်ဆက်ခံခဲ့မယ်!”

ယူလျိုရှား ရဲ့မျက်နှာကစိတ်လူပ်ရှားမှုတို့ ပြည့်နှက်နေခဲ့သည်။

ရှကျိုးယွီ အမြန်ပဲ လက်ယမ်းပြလိုက်တော့သည်။

“မလုပ်နဲ့! မလိုအပ်ဘူးလုံးဝ!”

“မင်းရဲ့လုပ်ဆောင်ချက် ကို ငါတော်တော်ကျေနပ်နေပြီ”

ရှကျိုးယွီ တည်ငြိမ်အောင်မနည်းကြိုးစားလိုက်ရသည်။

နောက်ဆုံးတစ်ခေါက် စနစ်ရဲ့အသိပေးသံကို ကြားခဲ့ရစဉ်က ကံကြမ္မာအမှတ် ငါးသောင်းမြင့်တက်ခဲ့သည်။

လက်ရှိမှာကံကြမ္မာအမှတ်က စုစုပေါင်း တစ်သိန်းနှစ်သောင်းတောင် မြင့်တက်သွားခဲ့သည်။

ဒါက နည်းနည်းများတယ်ဆိုပေမဲ့လည်း…

တော်တော်လေးကို များတယ်ဆိုပေမဲ့လည်း!

ရှကျိုးယွီ တွေးနေရင်းနဲ့ အနီးက ယူလျိုရှားကို မုန်းတီးစွာ ကြည့်လိုက်သည်။

ယူလျိုရှား ကတော့ အံ့သြနေလေရဲ့။

'မလိုအပ်ဘူးတဲ့လား? ငါတစ်ယောက်ထဲရှိနေရုံနဲ့တင် လုံလောက်ပြီတဲ့လား? အဲ့တာဘာကိုဆိုလိုတာလဲ?ဖြစ်နိုင်တာ ရှကျိုးယွီ ရဲ့ရည်ရွယ်ချက်က ငါ့ကိုတာဝန်ထမ်းဆောင်ခိုင်းစေဖို့လား?’

သူမ ချက်ချင်းပဲရှကျိုးယွီရဲ့ အရင်တုန်းကပြောဆိုခဲ့သော စနောက်ဖွယ် စကားလုံးတို့ကို စဉ်းစားမိသွားခဲ့သည်။

'ဖြစ်နိုင်တာ ရှကျိုးယွီ လိုချင်တာက….ငါ!’

‘ဘုရားရေ!’

ဒါဆိုရင် သူအရင်ကလုပ်ခဲ့တာတွေ အားလုံးက ငါ့ကိုကြွေသွားလို့ပေါ့!’

'ဒီလိုဆိုရင်ငါက…..’

'မဟုတ်သေးဘူး! ငါဘာတွေတွေးနေမိတာလဲ!’

ယူလျိုရှား မနေနိုင်စွာ ရှက်သွေးဖြာသွားခဲ့သည်။

ဒါပေမဲ့ ရှကျိုးယွီ ကတော့တည်ငြိမ်စွာပဲ လက်တစ်ဖက်ယမ်းပြလိုက်ကာ

“မင်းကျန်းနန်မြို့ မှာတုန်းက​​ကြီးမှုကို ကြိုးစားထိန်းချုပ်ခဲ့ရတယ်လို့ ငါကိုယ်တော်ကြားထားတယ်။ ပင်ပမ်းနေလောက်ရောပေါ့ါ ထိုက်အန်းမြို့တော်မှာ အေးအေးဆေးဆေးနားနေလေ။ ကျန်တဲ့ကိစ္စတွေကို စိတ်မပူပါနဲ့။”

ရှကျိုးယွီ ပြောပြီးသည်နှင့်ချက်ချင်းပဲ ကိစ္စတစ်ခုကို တွေးမိသွားခဲ့သည်။

‘လီဖူရဲ့ပြောကြားချက်အရသိုင်းလောကရဲ့ လူအများစုက ထိုက်အန်းမြို့တော်ကို ရောက်နေခဲ့တယ်’

ရှကျိုးယွီ ချက်ချင်းပဲ ပြောလိုက်သည်။

“မကြာခင်မှာ ထိုက်အန်းမြို့တော်ထဲကို လူအများစု ရောက်လာဖို့ရှိတယ်။ တခြားသူတွေရဲ့ ကိစ္စမှာဝင်မပါဖို့ ငါကိုယ်တော် အကြံပေးထားမယ်။ဘာကိုပဲ တွေ့ပါစေ လုံးဝ ဝင်မပါနဲ့”

“ဟုတ်ကဲ့ ကျွန်တော်မျိုးမ နားလည်ပါပြီ!”

ယူလျိုရှား မနေနိုင်စွာ မော့ကြည့်လိုက်သည်။ရှကျိုးယွီ ရဲ့မျက်နှာကတည်ငြိမ်နေ၏ ။ သူမစဉ်းစားနေခဲ့သည်။

ရှကျိုးယွီ ပြောသွားသောစကားထဲမှာ ဘာကိုဆိုလိုချင်တာလဲ.. သူမနားမလည်နိုင်ဘူး။ဒါပေမဲ့ ရှကျိုးယွီရဲ့ အမိန့်ကိုနာခံရန်ပဲ သူမဆုံးဖြတ်လိုက်တော့သည်။

“ကျွန်တော်မျိုးမ နားလည်ပါပြီ။”

“မင်းနားလည်ပြီဆိုမှတော့ သွားလို့ရပြီ။”

ရှကျိုးယွီ လက်တစ်ဖက်ယမ်းပြလိုက်သည်။

ယူလျိုရှား လည်းဘာမှမပြောတော့ပဲ နန်းတော်မှ ထွက်သွားလေ၏ ။ ယူလျိုရှား ရဲ့နောက်ကျောကိုကြည့်နေရင်း ရှကျိုးယွီ ကူကယ်ရာမဲ့သလို ခံစားနေရသည်။ထိုင်ခုံမှာခြေပစ်လက်ပစ်ထိုင်နေရင်း ငြီးငြူလိုက်၏ ။

“ဘုရင်လုပ်ရတာ စောက်ရမ်းခက်တယ်ကွာ!”

“ထူးဆန်းတယ်၊ အရင်တုန်းကဆိုရင် အိမ်နီးချင်းတိုင်းပြည်တွေက အမြဲတမ်းစစ်တိုက်ဖို့ ပြင်နေတာမလား? ဘာလို့အခုကျမှ ငကြောက်တွေ ဖြစ်ကုန်ရတာလဲ? စစ်လာတိုက်လိုက်ကြစမ်းပါ! ဘာကိစ္စလီလင်ပုရဲ့ စကားတွေကို ကြောက်ရွံ့ပြီး ကုန်သွယ်ဖို့သ ဘောတူလိုက်ရတာလဲ?”

ရှကျိုးယွီ မနေနိုင်စွာ ငြီးငြူလိုက်သည်။

“မဟုတ်ဘူး။ ငါဒီတိုင်းထိုင်နေပြီး သေဖို့စောင့်နေလို့မရဘူး။ ဒါက ဖြေရှင်းချက်မဟုတ်ဘူး။ ငါစဉ်းစားမှဖြစ်မယ်! ဒီနည်းလမ်းက အလုပ်မဖြစ်ဘူးဆိုမှတော့ သိုင်းသမားတွေကို အသုံးချရင်ကော ဘယ်လိုလဲ?”

“ဒါပေမဲ့ လီဖူ ပြောသွားသလောက် တရှတိုင်းပြည်ထဲမှာရှိတဲ့ သိုင်းသမားတွေက သိုင်းလောကမှာ အင်အားကြီးတဲ့လူတွေ မဟုတ်ဘူးတဲ့။ဒါကြောင့် တကယ့်အင်အားကြီးတဲ့လူတွေကို ဆက်သွယ်ချင်ရင် ငါ့အနေနဲ့ လှုပ်ရှားမှုတစ်ခု ပြုလုပ်မှ ဖြစ်တော့မယ်”

ရှကျိုးယွီ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

……………..

All Chapters