( အရှင်မင်းကြီးက ပူးပေါင်းဖို့ အကောင်းဆုံး လုပ်ဆောင်မှာပါ)
Vol. 9 Ch. 125
နောက်တစ်နေ့မနက် အာရုဏ်မတက်ခင်မှာဘဲ တော်ဝင်နန်းတော်အရှေ့ကို လျိုချင်းချန် ရောက်လာကာ ရှကျိုးယွီနဲ့ တွေ့ခွင့်တောင်းခဲ့သည်။
ရှကျိုးယွီ အချိန်မဆွဲခဲ့ဘူး။
အရင်ဦးဆုံး ကိုယ်လက်မျက်နှာ သန့်စင်လိုက်သည်။ ထို့နောက်မှာ သာမန်အဝတ်တစ်ထည်ကို ဝတ်ဆင်ကာ တော်ဝင်နန်းဆောင်အတွင်းသို့ သွားလိုက်၏။ အလျင်စလို လုပ်ခဲ့ရသည်မလို့ ရှကျိုးယွီရဲ့ အင်္ကျီအနားစသည် တွန့်နေခဲ့သည်။
တော်ဝင်နန်းဆောင်အတွင်းကို လျိုချင်းချန် ဝင်လာသည်နှင့် သူမ အရိုအသေ မပေးခင်မှာဘဲ ရှကျိုးယွီ အရင်ဦးဆုံး နှုတ်ဆက်လိုက်သည်။
“ဒါဆိုရင် တော်ဝင်ဆရာမကြီးက ဆုံးဖြတ်ချက်ချပြီးလို့ ရောက်လာခဲ့တာလား?”
ရှကျိုးယွီကတော့ သူမအပေါ်မှာ အလွန် ယုံကြည်ချက်ရှိသည်။ ဒါပေမဲ့ သေချာပေါက် ဒီကိစ္စတစ်ခုလုံးကိုတော့ သူမအပေါ် မပုံအပ်ဘူး။
ဒီကိစ္စက ဆေးလုံးဖန်တီးခြင်းနဲ့ မတူဘူး။ ထို့ကြောင့် သူ့အနေနဲ့ အာရုံစိုက်ရမယ့် အချက်တစ်ချို့ရှိသည်။ အကယ်လို့ လျိုချင်းချန်ဘက်က သာမန်ကျင့်ကြံသူ တစ်ယောက်ကို ထောက်ခံပေးလာမယ်ဆိုရင် ရှကျိုးယွီ လက်ခံမှာ မဟုတ်ဘူး။
ထို့ကြောင့်ပဲ သူမ ကောင်းကောင်း စဥ်းစားနိုင်အောင် အချိန်တစ်ရက် ပေးခဲ့တာပင်။
သူမအနေနဲ့ ဦးစားပေး ရွေးချယ်ရမည့် အချက်ကို သေချာစဥ်းစားစေနိုင်ရန် အချိန်တစ်ရက် ပေးထားခဲ့သည်။
ရှကျိုးယွီရဲ့ စကားလုံးတွေကြောင့် လျိုချင်းချန် တွန့်ဆုတ်သွားခဲ့သည်။ သူမရဲ့ စိတ်ထဲမှာလည်း ချက်ချင်း ကျေးဇူးတင်မိသွား၏။
ရှကျိုးယွီက တိုင်းပြည်နဲ့ ပြည်သူတွေအပေါ်မှာ အလွန်ဂရုစိုက်သည် ဆိုသည့်အချက်ကို သူမ ကောင်းကောင်း နားလည်ထားသည်။
ဒါ့အပြင် သူမ မနေ့က တာအိုကျောင်းတော်ကို ပြန်ရောက်ခဲ့စဥ်က ရုတ်တရက် အလွန်မြင့်တက်သွားသော တရှားတိုင်းပြည်၏ ကံကြမ္မာအမှတ်ကို အာရုံခံမိခဲ့သည်။
အရေးကြီးကိစ္စတစ်ခု ဖြစ်ပေါ်ခဲ့လို့ အခုလိုမျိုး ကံကြမ္မာအမှတ်တွေ များစွာ မြင့်တက်သွားခဲ့ရတာပဲ။
ဒါပေမဲ့ ဘာလို့ဖြစ်သွားခဲ့လဲ သူမ မသိဘူး။ အကြိမ်များစွာ တွက်ချက်စဥ်းစားခဲ့ပေမဲ့ အဖြေထုတ်လို့ မရခဲ့ပေ။
ထို့ကြောင့် ရုတ်တရက် မြင့်တက်သွားသော ကံကြမ္မာအမှတ်၏ ဖြစ်စဥ်ကိုလည်း သူမ ဒီရက်ပိုင်းအတွင်း ကြုံတွေ့ခဲ့ရသည့် ဆန်းကြယ်သော ဖြစ်စဥ်များအတိုင်းသာ နားမလည်နိုင်သော ကိစ္စရပ်တစ်ခုအဖြစ် သတ်မှတ်လိုက်တော့သည်။
လျိုချင်းချန် ပြောလိုက်၏။
"ကျွန်တော်မျိုးမ သင့်တော်တဲ့သူကို စဥ်းစားပြီးပါပြီ"
ရှကျိုးယွီ ခေါင်းညိတ်လိုက်လေကာ
"အကောင်းဆုံး အစီအရင် ဖန်တီးနိုင်သူကို မင်း ရှာတွေ့ခဲ့တာလား?"
လျိုချင်းချန် အနည်းငယ် အံ့သြသွား၏။ သူမ ထင်ခဲ့တာက အရင်တစ်ခေါက်ကလိုမျိုး ရှကျိုးယွီဘက်က ချက်ချင်း သဘောတူလိုက်မည် ဟူ၍ပင်။ အခုလိုမျိုး မေးခွန်းထုတ်လာမည်ဟု မထင်မှတ်ထားခဲ့ဘူး။
သူမ အမြန် ဖြေကြားလိုက်သည်။
"အကောင်းဆုံးဆိုလည်း ဟုတ်ပါတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ မဟုတ်ဘူးလို့လည်း ပြောလို့ရတယ်"
ရှကျိုးယွီ အံ့သြသွားသည်။
သူမ ဘာကို ဆိုလိုတာလဲ?
ရှကျိုးယွီ မမေးရသေးခင်မှာဘဲ လျိုချင်းချန် ရှင်းပြလိုက်သည်။
"ကျွန်မအတွက်တော့ အဲဒီပုဂ္ဂိုလ်က အတော်ဆုံးသော အစီအရင် ဖန်တီးသူပါ။ ဒါပေမဲ့ စကားလုံးတွေနဲ့ သက်သေပြလို့ မရဘူးလေ။ ကျွန်တော်မျိုးမ ဘယ်လိုပဲ ယုံကြည်ပါစေ အရှင်မင်းကြီးရဲ့ ယုံကြည်မှုကိုလည်း လိုအပ်သေးတယ်။ ဒါပေမဲ့ အရှင်မင်းကြီး စိတ်ချလို့ရပါတယ်။ အဲဒီပုဂ္ဂိုလ်ကိုသာ အစီအရင် ဖန်တီးဖို့ တာဝန်ပေးလိုက်မယ်ဆိုရင် ကျွန်တော်မျိုးမတို့ ရွေးချယ်ထားတဲ့ ပင်မ ၃နေရာလုံးမှာ ချောမွေ့စွာနဲ့ အစီအရင် ဖန်တီးနိုင်မှာပါ!”
“ ဒါ့အပြင် နာမည်ကြီး အိမ်တော်တွေကို ရှာဖွေပြီး ခိုင်းစေတာထက် ပိုအထင်ကြီးစရာကောင်းတဲ့ အစီအရင်မျိုးကို အရှင်မင်းကြီး တွေ့ရပါလိမ့်မယ်"
လျိုချင်းချန်က ရှကျိုးယွီကို ကြည့်ကာ ပြောလိုက်၏။ သူမရဲ့မျက်လုံးတွေက အလွန် တည်ငြိမ်နေခဲ့သည်။
ရှကျိုးယွီရဲ့ ဆုံးဖြတ်ချက်က ကျန်းဖူရှန့်အတွက် လူ့လောကထဲ ထပ်မံ ခြေချခွင့်ရမလားဆိုတာကို
တိုက်ရိုက် ဆုံးဖြတ်ပေးနိုင်သည်။
အကယ်လို့ ရှကျိုးယွီဘက်ကသာ သဘောမတူခဲ့ရင် ကျန်းဖူရှန့်အနေနဲ့ သူ့ရဲ့ကျန်ရှိတဲ့ တစ်ဘဝလုံးကို နောင်တရခြင်း ချောက်ကမ်းပါးမှာပဲ အထီးကျန်စွာ ကုန်ဆုံးရလိမ့်မည်။
လျိုချင်းချန်ရဲ့ စကားလုံးတွေကြောင့် ရှကျိုးယွီ မျက်မှောင်ကြုတ်သွားခဲ့သည်။
လျိုချင်းချန်ရဲ့ စကားလုံးများအတွင်းမှ စိုးရိမ်မှုတစ်ချို့ကို ရှကျိုးယွီ ရှာတွေ့ခဲ့သည်။ ထို့ကြောင့် သူမ ညွှန်ကြားပေးသော ပုဂ္ဂိုလ်ကိုပဲ တာဝန်ပေးလိုက်ရင် ပြဿနာ မရှိလောက်ဘူးဟု ယူဆမိသည်။
နာမည်ကြီးအိမ်တော်က ပုဂ္ဂိုလ်တစ်ယောက်ကို ရှာဖွေပြီး ခိုင်းစေလိုက်မယ်ဆိုရင် ကျန်းနန်မြို့တုန်းကလိုမျိုး အောင်မြင်မှုတွေ အများကြီး ရသွားမှာကို စိုးရိမ်ရသည်။
ထို့ကြောင့် ရှကျိုးယွီ မနေနိုင်စွာ မေးလိုက်၏။
"မင်းပြောတဲ့ ပုဂ္ဂိုလ်မှာ အံ့ဩလောက်စရာ နောက်ခံရှိလား?"
လျိုချင်းချန် အနည်းငယ် ရှုပ်ထွေးသွားခဲ့သည်။ သူမ စိတ်ရှည်စွာဖြင့် ရှင်းပြလိုက်၏။
"မရှိပါဘူး အရှင်မင်းကြီး"
လျိုချင်းချန်က ပြောပြီးတာနဲ့ ရှကျိုးယွီကို လှမ်းကြည့်လိုက်သည်။ ရှကျိုးယွီဘက်က အကြည့် မဖယ်သေးတာမို့
"ကျွန်တော်မျိုးမ ညွှန်းပေးချင်တဲ့သူရဲ့ နာမည်က ကျန်းဖူရှန့်ပါ။ သူက တာအိုဂိုဏ်းက သူတစ်ယောက်ပဲ။ နာမည်ကြီး အိမ်တော်တစ်ခုက မဟုတ်ပေမဲ့ သူ့ရဲ့အရည်အချင်းက အဲဒီအိမ်တော်က လူတွေထက် အများကြီး သာလွန်မယ်လို့ ကျွန်တော်မျိုးမ ယုံကြည်ပါတယ်။ မသာလွန်ဘူး ဆိုရင်တောင်မှ အဲ့ဒီ လူတွေထက် လုံးဝ မနိမ့်စေရဘူး! အရှင်မင်းကြီး စိတ်ချလက်ချ နေလို့ရပါတယ်!”
လျိုချင်းချန် ရှင်းပြခဲ့ပေမဲ့ ရှကျိုးယွီရဲ့ မျက်နှာက ဝေခွဲမရ ဖြစ်နေဆဲပဲ။
ထို့ကြောင့် သူမ စိတ်ပိုင်းဖြတ်လိုက်တော့သည်။
"ဒါ့အပြင် အဲဒီပုဂ္ဂိုလ်သာ မကိုင်တွယ်နိုင်ခဲ့ဘူးဆိုရင် ကျွန်တော်မျိုးမအနေနဲ့ အပြည့်အဝ တာဝန်ယူပါ့မယ်”
ရှကျိုးယွီ စိတ်သက်သာစွာ သက်ပြင်းချလိုက်သည်။
'ကောင်းတယ်။ မင်းက နောက်ဆုံးတော့ ကိုယ့်ဂိုဏ်းကလူကိုပဲ ထောက်ခံချက် ပေးလာတာပေါ့။ ဒါ့အပြင် တာဝန်ပါ ခံပေးခဲ့တယ်။ အရင်တစ်ခေါက်က အဲလို မဟုတ်ပါဘူး။ ဒါပေမဲ့ ငါသဘောကျတယ်!’
ရှကျိုးယွီ မနေနိုင်စွာ ပြုံးမိသွားသည်။
"တော်ဝင်ဆရာမကြီးက ပြောလာပြီဆိုမှတော့ ငါက မျက်နှာသာ ပေးရတော့မှာပေါ့"
"ဒါပေမဲ့ ငါကိုယ်တော် သေချာပြောထားမယ်။ ဒီကိစ္စက ဆေးလုံးဖန်တီးတဲ့ကိစ္စနဲ့ မတူညီဘူး။ တစ်ခုခု မှားသွားခဲ့မယ်ဆိုရင် လူပေါင်းများစွာရဲ့ အသက်ကို ဆုံးရှုံးရမှာ။ အကယ်လို့ မင်း ခေါ်ဆောင်လာပေးတဲ့ ပုဂ္ဂိုလ်ကသာ ကျဆုံးခဲ့မယ်ဆိုရင် စကားလုံးတချို့လောက်နဲ့ ဖြေရှင်းချက် ပေးနိုင်မှာ မဟုတ်ဘူးနော်။ ဒါ့အပြင် မင်း နားလည်ထားရမှာက တစ်ချို့အရာတွေကို ငါကိုယ်တော်တစ်ယောက်ထဲ ဆုံးဖြတ်ချက်ချလို့ မရဘူးဆိုတာဘဲ”
ရှကျိုးယွီက ပြောပြီးသည်နဲ့ လျိုချင်းချန်ကို စိုက်ကြည့်နေခဲ့သည်။ သူ လိမ်ပြောနေတာ မဟုတ်ပေ။ အကယ်လို့ မှားယွင်းသွားခဲ့တာနဲ့ ဖြစ်လာမယ့် ကိစ္စတွေက သိသာပါသည်။
ရှကျိုးယွီဘက်က တိုက်ရိုက်လှုပ်ရှားမှု မပြုခဲ့ရင်တောင်မှ ပြည်သူတွေအားလုံးရဲ့ အမြင်နဲ့တင် တာအိုဂိုဏ်းရဲ့ ကျရှုံးမှုက မလွဲမသွေ ဖြစ်လာလိမ့်မည်။
လျိုချင်းချန်လည်း မငြင်းဆိုခဲ့ပေ။ သူမ ခေါင်းညိတ်လိုက်ကာ
"ကျွန်တော်မျိုးမ နားလည်ပါတယ်"
"မင်း နားလည်တယ်ဆိုမှတော့ အဲဒီလူကိုပဲ ဆက်လက် အကြံပေးချင်သေးလား?"
ရှကျိုးယွီ လျိုချင်းချန်ရဲ့ စကားလုံးတွေကို နားထောင်ကာ စိတ်ဝင်တစား မေးလိုက်၏။
လျိုချင်းချန် ခေါင်းညိတ်ပြလိုက်သည်။
"ကျွန်တော်မျိုးမတို့ တာအိုဂိုဏ်းရဲ့ သခင်လေးကို ယုံကြည်တယ်။ ကျွန်တော်မျိုးမ သိခဲ့ရသလောက် သူက နောင်တရခြင်း ချောက်ကမ်းပါးမှာ အချိန်တွေကို စိတ်ပျက်စွာနဲ့ ကုန်ဆုံးနေခဲ့တယ်။ အရှင်မင်းကြီးသာ ခွင့်ပြုပေးမယ်ဆိုရင် ကျွန်တော်မျိုးမ သခင်လေးကို နောက်ထပ် အခွင့်အရေးတစ်ခု ရရှိစေချင်ပါတယ်”
ရှကျိုးယွီ ခေါင်းညိတ်လိုက်လေကာ
"မင်းဘက်က ထုတ်ပြောလာတယ်ဆိုမှတော့ ငါ ဘာမှ ပြောစရာမရှိတော့ပါဘူး။ ဒီကိစ္စကို မင်းအပေါ်ပဲ တာဝန် ပေးထားလိုက်မယ်။ မင်းမှာ လိုအပ်ချက်ရှိရင် ပြောလိုက်ပါ။ တရှားတိုင်းပြည်ဘက်က အကောင်းမွန်ဆုံး ထောက်ပံ့ပေးမယ်”
ထိုချိန်မှသာ လျိုချင်းချန် စိတ်သက်သာစွာဖြင့် သက်ပြင်းချနိုင်တော့သည်။ သူမ အမြန် ပြောလိုက်၏။
"ဒါဆိုရင် ကျွန်တော်မျိုးမအနေနဲ့ တောင်းဆိုချင်တာ ရှိပါတယ်။ အရှင်မင်းကြီး၊ ကျေးဇူးပြုပြီး ကျွန်တော်မျိုးမတို့ရဲ့ သခင်လေးကို အပြင်ထွက်လာဖို့ စာတစ်စောင် ရေးပေးနိုင်မလား?"
“ဟမ်”
ရှကျိုးယွီ မျက်မှောင်ကြုတ်သွားခဲ့သည်။
ရှကျိုးယွီရဲ့ ပြောင်းလဲသွားတဲ့ မျက်နှာထားကြောင့် လျိုချင်းချန် အမြန် ရှင်းပြလိုက်၏။
"အရှင်မင်းကြီး မသိလောက်ပါဘူး။ ကျွန်တော်မျိုးမတို့ ဂိုဏ်းရဲ့သခင်လေးက တိုက်ပွဲမှာတုန်းက စွမ်းအင်အသုံးပြုမှု မှားယွင်းခဲ့ပြီး စိတ်ဝိညာဥ်စွမ်းအင် တုံ့ပြန်မှုကို ဖြစ်ပေါ်စေခဲ့တယ်။ ဒါကြောင့် ကပ်ဘေးကြီးကို ယူဆောင်လာလုနီးနီး ဖြစ်ခဲ့ရတယ်။ အပြစ်ရှိစိတ်ကြောင့် သူက နောင်တရခြင်း ချောက်ကမ်းပါးမှာ ကိုယ့်ကိုယ်ကို အကျဉ်းချနေခဲ့တာပါ။ အရှင်မင်းကြီးဆီက စာစောင်သာ မရဘူးဆိုရင် သခင်လေးအနေနဲ့ အပြင်ကို လိုက်မလာမှာ စိုးရိမ်ရတယ်! ဒါကြောင့်မို့ ကျွန်တော်မျိုးမတို့ရဲ့ သခင်လေးကို အပြင်ထွက်လာအောင် ဖိတ်ခေါ်လာပေးဖို့ အရှင်မင်းကြီးကို စာတစ်စောင် ရေးပေးစေချင်ပါတယ်။ အရှင်မင်းကြီး လိုက်လျောပေးဖို့ မျှော်လင့်ပါတယ်!"
ရှကျိုးယွီ အနည်းငယ် တွန့်ဆုတ်သွားခဲ့သည်။
'အဲ့ဒီလူက… တကယ်ပဲ ယုံကြည်ရရဲ့လား?’
ဒါပေမဲ့ မကြာခင်မှာပဲ ရှကျိုးယွီ စိတ်သက်သာသွား၏။
ပြောရမယ်ဆိုရင် ကံကြမ္မာအမှတ်က အလွန် မြင့်တက်ထားခဲ့သည်။ ထို့ကြောင့် ဒီလူအနေနဲ့ လုပ်နိုင်စွမ်း မရှိဘူးဆိုရင် သူ့အတွက် ပိုကောင်းတဲ့ ကိစ္စတစ်ခုပဲ။ စိတ်ဝိညာဥ်စွမ်းအင် စုဆောင်းသော အစီအရင်တစ်ခု တည်ဆောက်ရုံပဲ ဖြစ်သည့်အတွက် ရှုပ်ထွေးသည့် အစီအရင် မဖြစ်နိုင်ဘူး။ ထို့ကြောင့် အနည်းငယ် မှားယွင်းမှု ဖြစ်ပေါ်ခဲ့ရင်တောင် ကံကြမ္မာ အမှတ်တစ်ချို့ ပိုပေးဆပ်လိုက်ရမှာပဲ ရှိမည်။ ထို့ကြောင့် ဤအရာက ကိစ္စကောင်းပဲ!
'ဟုတ်တယ်။ ငါ သူ့ကို အပြင်ထုတ်မှဖြစ်မယ်!’
ရှကျိုးယွီ ချက်ချင်းပဲ စုတ်ဝာံကို ကိုင်လိုက်သည်။
စိတ်အားထက်သန်စွာဖြင့် စာတစ်စောင်ကို စတင်ရေးသားလေ၏။ ဒီလိုနဲ့ မကြာခင်မှာပဲ တော်ဝင်အမိန့်စာစောင် ရရှိလာခဲ့သည်။
"ဟ"
ရှကျိုးယွီ တော်ဝင် ကျောက်စိမ်းတံဆိပ်တုံးကို ယူကာ တံဆိပ်နှိပ်လိုက်၏။
ဒီလိုနဲ့ ပြီးပြည့်စုံတဲ့ စာစောင်ကို ရရှိလာခဲ့သည်။ တံဆပ်တုံးလည်း နှိပ်ပြီးသွားပြီ။ လျိုချင်းချန်ကို လှမ်းကြည့်ကာ စာစောင် လှမ်းပေးလိုက်တော့၏။
ရှကျိုးယွီရဲ့ လျင်မြန်သွက်လက်တဲ့ အပြုအမူကို ကြည့်နေရင်း လျိုချင်းချန် ဆွံ့အနေခဲ့သည်။ ရှကျိုးယွီဘက်က ကြိုတင် ကြံစည်ထားတာလားလို့တောင် သူမ တွေးနေမိတော့၏။
ချက်ချင်းပဲ တော်ဝင်စာစောင်ကို ယူလိုက်ကာ အရိုအသေ ပေးပြီးတာနဲ့ ထွက်သွားလိုက်တော့သည်။
လျိုချင်းချန်ရဲ့ နောက်ကျောကို ကြည့်နေရင်း ရှကျိုးယွီ အတွေးလွန်နေခဲ့သည်။ အချိန်အကြာကြီး နေပြီးနောက်မှာ သူ ရေရွတ်လိုက်၏။
"ဆည်မြောင်း တည်ဆောက်တာဖြစ်စေ၊ တူးမြောင်း တည်ဆောက်တာဖြစ်စေ ဒါမှမဟုတ် တပ်ဖွဲ့တစ်ခု တည်ထောင်ချင်ရင်တောင်မှ အရာအားလုံးကို အစဉ်လိုက်အတိုင်းပဲ ဆောင်ရွက်သင့်တယ်”
…………….