← Chapters

သံပြားကိုကန်ခြင်း

Vol. 7 Ch. 91

သံပြားကိုကန်ခြင်း

Vol. 7 Ch. 91

နောက်တစ်နေ့ အာရုဏ်တက်ချိန်----

ကောင်းကင်ကတောက်ပလာပြီး ရင်ပြင်က သက်ဝင်လှုပ်ရှားလာခဲ့သည်၊၊

ရင်ပြင်မှာစုဝေးနေသည့် တပည့်သစ်အုပ်စုက အကြီးအကဲတွေ လာရွေးချယ်မှာကို စောင့်မျှော်နေကြ၏၊၊

သူတို့သာ အကြီးအကဲတစ်ယောက်၏မျက်စိကျခြင်း ခံရလျှင် ထင်ပေါ်ကျော်ကြားလာပြီး လေးစားခံရသည့် အတွင်းစည်းတပည့်တွေ ဖြစ်လာမည်ပဲဖြစ်သည်၊၊

မဟုတ်ပါက အပြင်းစည်းမှာပဲကျန်ရှိနေပြီး တိုးတက်ဖို့ မျှော်လင့်ချက်မရှိပေ၊၊

“ဖန်း, စိတ်မပူပါနဲ့----”

ရှုရို့ရန် ညင်သာစွာပြောလိုက်သည်၊၊

“ဂုန်စွန်းနန်က နင့်ကိုတန်းဖိုးထားတယ်ဆိုတော့ စိုးရိမ်ဖို့ မလိုပါဘူး----”

ချန်းစီလင် ပျော်ရွင်စွာဖြင့် သူ့ပခုံးပေါ်မှာမှီနေ၏၊၊

“ဟုတ်တယ်၊ နင်သာ အတွင်းစည်းမဝင်ရရင် တကယ်ကို မမျှတဘူး----”

သူမတို့နှစ်ယောက် ဂျန်ဖန်းကြောင့် ကံကောင်းပြီး အတွင်းစည်းကို ဝင်ခဲ့ကြရတာဖြစ်သည်၊၊

ဂျန်ဖန်းသာ ကျန်ခဲ့မယ်ဆိုရင် အဓိပ္ပာယ်မရှိတော့ပေ၊၊

ဂျန်ဖန်း သူမတို့နှစ်ယောက်ကို ဖက်ထားလိုက်ပြီး အနည်းငယ်ပြုံးလိုက်သည်၊၊

“ငါ အကောင်းဆုံးကြိုးစားမှာပါ----”

ရုတ်တရက်---

ဆုပေးဒဏ်ပေးခန်းမယူနီဖောင်းဝတ်ထားသည့် တပည့်တစ်ယောက် တင်းမာသည့်အမူအရာဖြင့် ချည်းကပ်လာခဲ့သည်၊၊

“မင်းက ဂျန်ဖန်းလား----”

“မနေ့က မင်း အမျိုးသမီးရေချိုးကန်ကို ခွင့်ပြုချက်မရှိပဲ ခိုးဝင်တယ်လို့ သတင်းရတယ်၊၊ ငါနဲ့လိုက်ခဲ့ပါ, ငါမှာ မင်းကို မေးစရာ မေးခွန်းတစ်ချို့ရှိတယ်----”

ဂျန်ဖန်း ထိတ်လန့်သွားပြီး ပြောလိုက်သည်၊၊

“ဒါ နားလည်မှုလွဲတာပါ----”

တပည့်က အေးစက်စွာပြန်ပြောလိုက်သည်၊၊

“ငါ မင်းကို ရှင်းပြဖို့ အခွင့်အရေးပေးမှာပါ----”

ဂျန်ဖန်း အကူအညီမဲ့သလိုခံစားလိုက်ရပြီး ပြောလိုက်သည်၊၊

“ကောင်းပြီလေ----”

ရှုရို့ရန်နှင့် ချန်းစီလင်အမူအရာ အနည်းငယ်ပြောင်းလဲသွား၏၊၊

“ငါတို့လည်း နင်နဲ့လိုက်ခဲ့မယ်----”

ထိုကိစ္စကို ဂျန်ဖန်း မိန်းခလေးနှစ်ယောက်အား မည်သို့ သိခွင့်ပေးနိုင်မည်နည်း၊၊

ထို့ပြင် ဆုပေးဒဏ်ပေးခန်းမက ကြောက်စရာကောင်းသည့်နေရာဖြစ်ပြီး သူမတို့ကို ဝင်ခွင့်ပေးမည်မဟုတ်ပေ၊၊

“မလိုပါဘူး, မင်းတို့တွေဒီမှာပဲစောင့်နေ၊၊ ငါမကြာခင်ပြန်လာခဲ့မယ်----”

သူက ဆုပေးဒဏ်ပေးခန်းမတပည့်နောက်လိုက်ကာ လျှင်မြန်စွာပဲထွက်ခွာသွားခဲ့သည်၊၊

သို့ပေမယ့်----

တဖြည်းဖြည်း ဂျန်ဖန်း တစ်ခုခု မှားနေတာကို သတိထားမိလိုက်သည်၊၊

တပည့်က သူ့ကို ဆုပေးဒဏ်ပေးခန်းမကို ခေါ်မသွားပဲ လူသူကင်းရှင်းပြီး တိတ်ဆိတ်သည့် နေရာတစ်ခုကို ခေါ်ဆောင်လာခဲ့သည်၊၊

“မင်းငါ့ကို ဘယ်ခေါ်သွားနေတာလဲ-----”

ဂျန်ဖန်း သွားနေတာရပ်လိုက်ပြီး ခက်ထန်စွာမေးလိုက်သည်၊၊

ရှပ်!

ရုတ်တရက် ပုံရိပ်တစ်ခု သစ်ပင်ပေါ်မှ ခုန်ချလာခဲ့သည်၊၊

သူက ဓားရှည်တစ်လက်ကိုကိုင်ထားပြီး ဂျန်ဖန်းကို ခုတ်ပိုင်းလိုက်သည်၊၊

သတိထားနေသည့်ဂျန်ဖန်းလည်း ဗီဇအရ လှုပ်ရှားမှုနည်းလမ်းကိုအသုံးပြုလိုက်၏၊၊ နောက်၌အရိပ်များစွာချန်ထားခဲ့ပြီး ခြေလှမ်းပေါင်းများစွာနောက်ဆုတ်သွားခဲ့သည်၊၊

ပုံရိပ်ကလွဲချော်သွားပြီး ကျောင်းချီကျန့်မျက်နှာပေါ်လာခဲ့သည်၊၊

“ကျောင်းချီကျန့်?---”

ဂျန်ဖန်းမျက်လုံးတွေ အေးစက်စက် အလင်းတစ်ချက်ဖြတ်ပြေးသွား၏၊၊

“ဒါမင်းဆိုတာ ငါသိတယ်----”

“ငါထင်တာမမှားရင် မနေ့က ငါ့ကို အမျိုးသမီးရေချိုးကန်ထဲရောက်အောင် ထောင်ချောက်ဆင်ခဲ့တဲ့ လျိုယောင်ကလည်း မင်းနောက်လိုက်ပဲမလား-----"

ကျောင်းချီကျန့် လှောင်ပြောင်လိုက်၏၊၊

သူက ဆုပေးဒဏ်ပေးခန်းမတပည့်ကို လက်ဝှေ့ယမ်းပြလိုက်သည်၊၊ သူက ဂျန်ဖန်းကို တစ်ချက်ကြည့်လိုက်ပြီး တိတ်တဆိတ်ထွက်ခွာသွားခဲ့သည်၊၊

သူလည်း ကျောင်းချီကျန့်အမိန့်လိုက်နာကာ ဂျန်ဖန်းကို ဤနေရာသို့ လှည့်ဖြားခေါ်လာတာ ထင်ရှား၏၊၊

“အဲ့တော့ဘာဖြစ်လဲ----”

ကျောင်းချီကျန့် နတ်ဆိုးဆန်စွာပြုံးပြီး ပြောလိုက်သည်၊၊

“ငါပြောဖူးတယ်မလား, ငါမင်းကို အထီးကျန်လှေမြို့မှာ ဘာမှလုပ်လို့မရပေမယ့် တိမ်စိမ်းဂိုဏ်မှာတော့ မင်းကိုသတ်ရတာ ကိတ်မှုန့်စားရသလောက်လွယ်တယ်ဆိုတာလေ----”

ဂျန်ဖန်း ခပ်ဖွဖွပြုံးလိုက်သည်၊၊

“ငါ့လက်ထဲမှာရှုံးနိမ့်ဖူးတဲ့ မင်းတစ်ယောက်တည်းနဲ့လား----"

သူတို့ပြိုင်ပွဲ၏ ရှက်စရာရှုံးနိမ့်မှုကို ကျောင်းချီကျန့် ချက်ချင်း မှတ်မိသွားခဲ့သည်၊၊

သူ့မျက်လုံးတွေက ဒေါသမီးတွေ တောက်လောင်လာခဲ့သည်၊၊

“အဲ့ဒါကပြိုင်ပွဲ၊၊ ငါ့လျော့ပေးထားလို့ အရေးနိမ့်သွားရတာ----"

“အခြေခံတည်ဆောက်ခြင်းအဆင့် ၃ က ငါ့ခေါင်းပေါ်တက်နင်းနိုင်မယ်လို့ မင်း တကယ်ထင်နေတာလား----”

“ဒီနေ့ မင်းကို ငါ့ရဲ့ ခွန်အားအစစ်အမှန်ပြပေးမယ်----”

သူ၏အရှက်ရမှုကို လက်စားချေချင်စိတ်ဖြင့် သူ့ဓားကို ဂျန်ဖန်းဆီလွဲယမ်းလိုက်သည်၊၊

“ကျားငါးကောင် ဝိညာဥ်ချိုးဖြတ်ခြင်းဓားချက်---”

ဂျန်ဖန်း ခေါင်းသာ အနည်းငယ် ခါယမ်းလိုက်၏၊၊

“လုံးဝကို တိုးတက်မလာဘူးပဲ၊၊ ငါ့လမ်းညွှန်မှုတွေက အလကားပါလား----”

ဤအချိန် သူက ဓားကိုတောင် အသုံးမပြုပေ၊၊

သစ်ကိုင်းတစ်ခုကို သာမှန်အတိုင်းကောက်ယူပြီး ပြောလိုက်သည်၊၊

“ဒီနေ့ မင်းကို သင်ခန်းစာပေးဖို့ ဒါကို သုံးရမယ်---”

“အထီးကျန်ကြယ်----”

ဖပ်!

သစ်ကိုင်းက ကျောင်းချီကျန့်မျက်နှာကို ရိုက်လိုက်ပြီး အနီးရောင်အစင်းကြောင်းတစ်ခု ချန်ထားခဲ့၏၊၊

စပ်ဖျဥ်းဖျဥ်းနာကျင်မှုကြောင့် ကျောင်းချီကျန့် ဒေါသထွက်သွားခဲ့သည်၊၊

“မင်းက သေချင်နေတာပဲ----”

သူက ဂျန်ဖန်းကို သတ်ဖို့ ရည်ရွယ်လိုက်ပြီး လှုပ်ရှားမှုတိုင်းက ရက်စက်ကြမ်းတမ်းနေခဲ့သည်၊၊

ဂျန်ဖန်း မျက်လုံးတွေအေးစက်သွား၏၊၊ သူက သနားနေတော့မည်မဟုတ်ပေ၊၊

“လစန္ဒာကြယ်သုံးလုံး---”

အား----

သစ်ကိုင်းက သူ့မျက်လုံးတစ်လုံးကို ထိုးဖောက်သွားတာကြောင့် ကျောင်းချီကျန့် အော်ဟစ်လိုက်ရ၏၊၊

“ငါမင်းကိုသတ်မယ်, ငါမင်းကိုသတ်မယ်----”

သူက ဓားကိုသွေးရူးသွေးတန်းရမ်းကာ အော်ပြောလိုက်၏၊၊ သို့ပေမယ့် ဂျန်ဖန်းအတွက်တော့ သူ့လှုပ်ရှားမှုတွေက ကလေးငယ်တစ်ဦး၏လှုပ်ရှားမှုတွေကဲ့သို့ ရိုးရှင်းလွန်းလှ၏၊၊

ဂျန်ဖန်း မြောက်ပိုင်းကြယ်ခုနစ်လုံးကို အသုံးပြုဖို့ ဆုံးဖြတ်လိုက်၏၊၊

သစ်ကိုင်းကြောင့် ကျောင်းချီကျန့် အဝေးကို လွင့်ထွက်သွားပြီး သူ့လက်ထဲက ဓားက မြေပြင်ပေါ်ပြုတ်ကျသွားခဲ့သည်၊၊

သွေးထွက်နေသည့်မျက်လုံးကိုကာကာ ကျောင်းချီကျန့် မုန်းတီးစွာအော်ပြောလိုက်၏၊၊

“မင်းတို့ဘာစောင့်နေတာလဲ, သူ့ကို ခုတ်ပိုင်းပြီး ခွေးစာကျွေးပစ်လိုက်----"

ရှပ်! ရှပ်! ရှပ်!

သူ့အမိန့်နှင့်အတူ အပြင်စည်းအကြီးတပည့်များစွာ သစ်ပင်ပေါ်မှ ခုန်ဆင်းလာခဲ့သည်၊၊

သူတို့အားလုံးက ကျင့်ကြံရေးမြင့်မားကြပြီး အနည်းဆုံး အခြေခံတည်ဆောက်ခြင်း အဆင့် ၃ ဖြစ်၏၊၊ အချို့ဆို အခြေခံတည်ဆောက်ခြင်း အဆင့် ၄ ဖြစ်ကြပြီး စုစုပေါင်းကိုးယောက်ရှိတာပဲဖြစ်သည်၊၊

ဂျန်ဖန်း ထိပ်လန့်သွားခဲ့သည်၊၊

သူက ခရမ်းဓားသာမသုံးလျှင် အလျှင်အမြန် အနိုင်ရဖို့ ခက်မည်ပဲဖြစ်သည်၊၊

မည်သည့်အရာမှထိန်ချန်မထားပဲ ကိုးယောက်လုံးက ချက်ချင်း ရှေ့ကို ပြေးထွက်လာခဲ့သည်၊၊ ထို့ကြောင့် ဂျန်ဖန်း ပြင်းထန်သည့်တိုက်ပွဲထဲတွန်းပို့ခံလိုက်ရပြီး သူ၏လှုပ်ရှားမှုနည်းလမ်းကိုသာမှီခိုနေရ၏၊၊

ဂျန်ဖန်းကို မြန်မြန်မသတ်နိုင်တာမြင်တော့ ကျောင်းချီကျန့် မစိုးရိမ်သွားပဲ အဆိပ်ပြင်းစွာလှောင်ပြောင်လိုက်၏၊၊

“မလောကြနဲ့, သူ့ကို ဖြည်းဖြည်းချင်း အားကုန်အောင်လုပ်----”

“လောရမှာကသူပဲ--- အကြီးအကဲတွေက တပည့်ရွေးချယ်နေလောက်ပြီ----”

“သူသာဒါကိုလွဲချော်သွားရင် ဘယ်တော့မှ နောက်ထပ်အခွင့်အရေးရှိတော့မှာမဟုတ်ဘူး--- ဟ--- ဟ--- ဟ---”

ဂျန်ဖန်း အမှန်တကယ်ကို စိုးရိမ်နေ၏၊၊

ယနေ့က သူ့ကံကြမ္မာကို ပြောင်းလဲမည့် နေ့ဖြစ်သည်၊၊

သူသာ ရွေးချယ်မှုလွဲချော်သွားလျှင် အတွင်းစည်းဖြစ်လာရမည့် ရည်ရွယ်ချက်က ထာဝရဆုံးရှုံးသွားမည်ပဲ ဖြစ်သည်၊၊

ကျောင်းချီကျန့် ဒေါသတကြီး ရယ်လိုက်၏၊၊

“သူ့ကို ဒီနေရာမှာ ပိတ်လှောင်ထားကြ၊၊ ငါ့မျက်လုံးကိုကုဖို့ ဆေးတောင်ထိပ်ကို သွားလိုက်အုန်းမယ်-----”

နာကျင်မှုကိုတောင်ခံပြီး ဆေးတောင်ထိပ်ကို အပြေးသွားတော့၏၊၊

ရင်ပြင်ကိုဖြတ်သွားသည့်အခါ အကြီးအကဲအများစု တပည့်ရွေးချယ်ပြီးသွားပြီး ထွက်ခွာနေတာကို သူက အမှန်တကယ်မြင်လိုက်ရ၏၊၊

ထိုစဥ် ရင်ပြင်အစွန်း၌ ရှုရို့ရန်နှင့် ချန်းစီလင် စိုးရိမ်တကြီး စောင့်ဆိုင်းနေကြသည်၊၊

ကျောင်းချီကျန့် အေးစက်သည့်အပြုံးတစ်ခုနှင့် လျှောက်သွားလိုက်၏၊၊

“ဂျူနီယာညီမ ရို့ရန်နဲ့ စီလင်, လက်လျော့လိုက်ပါ၊၊ ဂျန်ဖန်း ဘယ်တော့မှ အတွင်းစည်းတပည့်ဖြစ်လာမှာ မဟုတ်ဘူး----”

ရှုရို့ရန်မျက်နှာပြောင်းလဲသွား၏၊၊ အခြေအနေက ဂျန်ဖန်းအတွက် ထောက်ချောက်ဆင်ထားတာကို သဘောပေါက်လိုက်သည်၊၊

“နင်လုပ်ခဲ့တာလား---- ဖန်းဘယ်မှာလဲ--- သူအခုဘယ်မှာလဲ----”

ရှုရို့ရန်၏စိုးရိမ်သည့်မျက်နှာကိုမြင်သည့်အခါ ကျောင်းချီကျန့်ကျေနပ်သွားပြီး ရယ်လိုက်သည်၊၊

“အဲ့ဒီအရှုံးသမားငါ့ကိုစော်ကားကတည်းက ဒီလိုနေ့မျိုးကို မျှော်လင့်ထားသင့်တယ်၊၊”

“ဒါက တိမ်စိမ်းဂိုဏ်း, ငါ့နယ်မြေ----”

ချန်းစီလင်လည်း စိုးရိမ်သွားပြီး အေးစက်စွာပြောလိုက်သည်၊၊

“ငါ့ဆရာကိုသွားပြောမယ်----”

ကျောင်းချီကျန့်ကြောက်မသွားပဲ လက်ဖြန့်ပြလိုက်သည်၊၊

“ဒါဆို မင်းမြန်မြန်လေးသွားသင့်တယ်----”

“အရမ်းနောက်ကျသွားရင် အကြီးအကဲတွေ အားလုံးပြန်ကျတော့မှာ---”

သူက ရယ်လိုက်၏၊၊

အမျိုုးသမီးနှစ်ယောက်လုံး ဒေါသလည်းထွက် စိုးလည်းစိုးရိမ်နေကြသည်၊၊

သူတို့ဂျန်ဖန်းအတွက် တရားမျှတမှုရခဲ့လျှင်တောင် ထိုအရာက အချိန်ယူရမည်ဖြစ်သည်၊၊

အကြီးအကဲတွေရွေးချယ်ခံရဖို့ ဂျန်ဖန်းမှာ နောက်တစ်ကြိမ်အခွင့်အရေးမရှိတော့ပေ၊၊

“နင်က တော်တော်ရွံ့စရာကောင်းတာပဲ----”

ရှုရို့ရန် အထင်မြင်သေးစွာပြောလိုက်သည်၊၊

ကျောက်ချီကျန့် နှုတ်ခမ်းကို လျှာဖြင့််သတ်လိုက်ပြီး ပြုံးလိုက်သည်၊၊

“နင် ဂျန်ဖန်းကို မြန်မြန်လာစေချင်ရင် မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး----”

“ငါ့ကို ဒူးထောက်တောင်းပန်လေ---”

“ဖွီ---”

ချန်းစီလင် တံတွေးထွေးလိုက်သည်၊၊

“ရွံစရာကောင်းလိုက်တာ---”

သူတို့ဒူးထောက်လျှင်တောင် ကျောင်းချီကျန့် ဂျန်ဖန်းကို လွတ်ပေးမှာ မဟုတ်ဘူးဆိုတာ သူမသိ၏၊၊

ကျောင်းချီကျန့် ပိုလို့တောင် ကျယ်လောင်စွာရယ်လိုက်၏၊၊

“ဒါဆိုလည်း ဂျန်ဖန်းကို တစ်သက်လုံး အပြင်စည်းတပည့်ပဲဖြစ်ခိုင်းလိုက်တာပေါ့----”

“သူရှိနေတာကို ဘယ်အကြီးအကဲကမှ သိမှာမဟုတ်ဘူး----”

“ဟ--- ဟ---- ဟ----”

ထိုအခိုက်အတန့်၌ အပူပင်မဲ့တောင်ထိပ်က ငှက်တစ်ကောင်၏ကျောပေါ်၌----

တောင်ထိပ်သခင်ဘေးရှိ ဂုန်စွန်းနန် ခေါင်းကုတ်ပြီး ပြောလိုက်သည်၊၊

“ထူးဆန်းတယ်, သူဘယ်မှာပါလိမ့်----”

သူက လူအုပ်ထဲကို အကြိမ်ပေါင်းများစွာ ကြည့်နေပေမယ့် ဂျန်ဖန်းကို မတွေ့ပေ၊၊

သူဘေးက အပူပင်မဲ့တောင်ထိပ်သခင် တီးတိုးပြောလိုက်သည်၊၊

“မင်းသောက်တာများသွားလို့ ကျောက်တုံးကို ဓားပညာပါရမီရှင်လို့ မှားသွားတာလား----”

ဂုန်စွန်းနန် မျက်နှာ မဲမှောင်သွားခဲ့သည်၊၊

“ဒီတပည့်က အဲ့လောက်ဇဝေဇဝါ မဖြစ်သေးပါဘူး----"

ရုတ်တရက် သူက လူအုပ်အစွန်း၌ လှပသည့်အမျိုးသမီးနှစ်ယောက်ကို မြင်လိုက်ပြီး ချက်ချင်းပျော်ရွင်သွားခဲ့သည်၊၊

ငှက်ပေါ်ကဆင်းကာ ရှုရို့ရန်နှင့် ချန်းစီလင်ဆီအပြေးသွားကာ စိတ်လှုပ်တရှားပြောလိုက်သည်၊၊

“ဂျူနီယာညီမတို့, ဂျန်ဖန်းဘယ်မှာလဲ? သူကို မြန်မြန်ရှေ့ထွက်လာခိုင်းလိုက်----”

“ငါ့ဆရာက သူ့ကို တပည့်အဖြစ်လက်ခံဖို့ တစ်ညလုံးမအိပ်ပဲ စောင့်နေတာ----”

ရယ်နေသည့် ကျောင်းချီကျန့်အမူအရာ ရုတ်တရက် အေးခဲသွားခဲ့သည်၊၊

All Chapters