← Chapters

လာဒ်ကြီးတစ်ခုကောက်ရခြင်း

Vol. 7 Ch. 92

လာဒ်ကြီးတစ်ခုကောက်ရခြင်း

Vol. 7 Ch. 92

သူက ခက်ခက်ခဲခဲ တံတွေးမျိုချလိုက်ရသည်၊၊

တတိယအစွမ်းထက်ဆုံးဖြစ်သည့် အပူပင်မဲ့တောင်ထိပ်အကြီးအကဲက ဂျန်ဖန်းကို တပည့်အဖြစ်လိုချင်နေ၏၊၊

သူပဲ နားကြားမှားသည်လား----

ရှုရို့ရန်နှင့် ချန်းစီလင်တို့ ကယ်တင်ရှင် တွေ့သလိုမျိုးဖြစ်နေတာမြင်သည့်အခါ သူ့နှလုံးသားနှစ်မြုပ်သွားခဲ့သည်၊၊

“စီနီယာအကိုဂုန်စွန်း, ကျေးဇူးပြုပြီး ဖန်းကို ကယ်ပေးပါ----”

အမျိုးသမီးနှစ်ယောက်က စိုးရိမ်တကြီး တောင်းပန်လိုက်သည်၊၊

ဂုန်စွန်းနန် ကြောင်အသွားသည်၊၊

“ဂျူနီယာညီလေးဂျန်က တိမ်စိမ်းဂိုဏ်းမှာရှိနေတာ၊၊ ဘယ်သူက သူ့ကို တစ်ခုခု လုပ်ရဲတာလဲ----”

ဤအရာက တိမ်စိမ်းဂိုဏ်းဖြစ်ပြီး ဂိုဏ်းတွင်း၌ မည်သူက ရမ်းကားရဲမည်နည်း၊၊

ရှုရို့ရန် ကျောင်းချီကျန့်ကို ဒေါသတကြီး ညွှန်ပြလိုက်ပြီး ပြောလိုက်သည်၊၊

“သူက ဆုပေးဒဏ်ပေးခန်းမကတစ်စုံတစ်ယောက်ကို ခိုင်းပြီး ဂျန်ဖန်းကို လှည့်ဖြားခေါ်သွားခဲ့တာ----”

“ပြီးတော့ ဂျန်ဖန်းဘယ်မှာရှိလဲဆိုတာလည်း ကျွန်မတို့ကို မပြောဘူး----"

ဘာ?----

ဂုန်စွန်းနန်မျက်နှာ ချက်ချင်းမဲမှောင်သွားပြီး သူ့ခေါင်းကို ဖြည်းဖြည်းချင်းလှည့်ကာ ကျောင်းချီကျန့်ကို အေးစက်စွာစိုက်ကြည့်လိုက်သည်၊၊

သူ့ပါးစပ်က လေအေးတွေ ထွက်လာသလိုတောင်ဖြစ်နေ၏၊၊

“မင်း တော်တော်သတ္တိကောင်းတာပဲ၊၊ ငါတို့အပူပင်မဲ့တောင်ထိပ်သဘောကျနေတဲ့လူကို ထောင်ချောက်ဆင်ရဲတယ်----”

ကျောင်းချီကျန့် တုန်ယင်သွားခဲ့သည်၊၊

သူရှေ့ကလူက တိမ်စိမ်းဂိုဏ်း ထိပ်တန်း ၁၀ ယောက်ထဲမှ တစ်ယောက်ဖြစ်၏၊၊

သူ့ခွန်အားက သူ့ကို လက်ချောင်းတစ်ချောင်းတည်းဖြင့်တောင် ဖိချေပစ်နိုင်၏၊၊ ထို့ပြင် သူ့မိသားစု လွမ်းမိုးနိုင်စွမ်းကလည်း ပိုလို့တောင် စိတ်ကူးယဥ်မကြည့်နိုင်ပေ၊၊

ကျောင်းချီကျန့် အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်သည်၊၊

“ဂျန်--- ဂျန်ဖန်းက မင်းတို့သဘောကျနေတဲ့လူမှန်း ငါ-- ငါ မသိလို့ပါ----”

ဂုန်စွန်းနန် ဖြည်းဖြည်းခြင်းချည်းကပ်လာ၏၊၊ သူ့မျက်နှာက ကျောင်းချီကျန့်နှာခေါင်းနှင့် ထိလုနီးပါဖြစ်နေပြီး အေးစက်စွာပြောလိုက်သည်၊၊

“သူဘယ်မှာလဲငါ့ကို ပြောမှာလား မပြောဘူးလား---”

ကျောင်းချီကျန့်ကြောက်လွန်း၍ ဝိညာဥ်က ခန္ဓာကိုယ်မှ ထွက်လုနီးပါးဖြစ်သွားခဲ့သည်၊၊ သူက အလျှင်အမြန်ပြောလိုက်သည်၊၊

“ငါ-- ငါလိုက်ပြပါ့မယ်----”

လိုက်ပြစဥ် သူက အတော်လေး စိုးရိမ်နေခဲ့သည်၊၊

ဤအခိုက်အတန့်၌ ဂျန်ဖန်း မထိခိုက်ဖို့ သူက အခြားလူတွေထက်ပိုပြီး မျှော်လင့်နေခဲ့သည်၊၊

မဟုတ်လျှင်---

အကျိုးဆက်က စိတ်ကူးယဥ်ကြည့်လို့တောင် မရပေ၊၊

ဂုန်စွန်းနန် သူ့နောက်ကလိုက်လာပြီး မကြာမီ လူသူကင်းရှင်းတဲ့ လမ်းတစ်ခုကို ရောက်လာခဲ့သည်၊၊

အဝေးမှမြင်လိုက်ရတာက ဂျန်ဖန် သစ်ကိုင်းတစ်ကိုင်းကိုကိုင်ထားပြီး သူနှင့်အဆင့်တူ အပြင်စည်းတပည့် ၉ ယောက်နဲ့ လက်ရည်တူတိုက်ခိုက်နေခဲ့သည်၊၊

ထိုအရာက သာမန်သစ်ကိုင်းတစ်ခုဆိုတာ ထင်ရှားသော်လည်း သူ့လက်ထဲမှာတော့ ကျွမ်းကျင်ပိုင်နိုင်စွာကိုင်စွဲထားခဲ့သည်၊၊

ထိုအရာကြောင့် ဂုန်စွန်းနန် အလွန် ပျော်ရွင်သွားခဲံသည်၊၊

“ဂျူနီယာညီလေးဂျန်ရဲ့ ဓာတာအိုကျွမ်းကျင်မှုက တကယ့်ကို ပြီးပြည့်စုံတာပဲ---”

“ဒီဂျူနီယာညီလေးကို ငါတို့ ရကိုရရမယ်---”

ညဈေတန်း၌ ဂျန်ဖန်းက ဓားကွက်တွေကို သာမန်အတိုင်းပြသသွားရုံသာဖြစ်၏၊၊

သို့ပေမယ့် ယခု သူက အစွမ်းကုန်ထုတ်ပြလိုက်ပြီပဲဖြစ်သည်၊၊ ထို့ကြောင့် သူ့ဓားသိုင်းပညာအပြည့်အဝပေါ်လာပြီး ဂုန်စွန်းနန်ကို အံ့သြသွားစေခဲ့၏၊၊

ကျောင်းချီကျန့် အလျှင်အမြန်အော်ပြောလိုက်သည်၊၊

“ရပ်ကြ, အားလုံးရပ်ကြစမ်း----”

အပြင်စည်းတပည့် ၉ ယောက် ကြောင်သွားကြ၏၊၊ ထို့နောက် ဂုန်စွန်းနန်ကို မြင်သည့်အခါ ကြောက်ရွံ့မှုကြောင့် ဖြူဖြော့သွားကြသည်၊၊

ထိုအခိုက်အတန့်၌ ဂျန်ဖန်းလည်း ဂုန်စွန်းနန်, ရှုရို့ရန်နှင့် ချန်းစီလင်တို့ ချည်းကပ်လာကို သတိထားမိပြီး သူ့မှာ အခွင့်အရေးရှိသေးတယ်ဆိုတာ သိလိုက်၏၊၊

“ကျေးဇူးတင်ပါတယ် စီနီယာအကို၊၊ အချိန်ဖြုန်းနေလို့မဖြစ်ဘူး, ငါရင်ပြင်ကိုသွားမှ ဖြစ်မယ်၊၊ အပူပင်မဲ့တောင်ထိပ်သခင်ကို စောင့်ခိုင်းနေလို့မဖြစ်ဘူး----”

သူတို့အဖွဲ့က အလျှင်အမြန်ပဲ ရင်ပြင်ကို ပြန်လာလိုက်သည်၊၊

လီချင်ဖုန်း တပည့်တစ်ယောက် ရွေးပြီးပြီ ဖြစ်ပြီး ထိုတပည့်က ကျေနပ်ရုံလောက်သာ ဖြစ်သည်၊၊

သူ့မိတ်ဆွေ အပူပင်မဲ့တောင်ထိပ်သခင် ခုချိန်ထိ တပည့်မရွေးရသေးတာမြင်သည့်အခါ အနားကပ်သွားပြီး ပြောလိုက်သည်၊၊

“လူအိုကြီး ကျောက်, တစ်ယောက်ယောက် ရွေးလိုက်တော့လေ---”

“သူတို့ထဲကတစ်ယောက်မှ အလားအလာ မကောင်းဘူးဆိုပေမယ့် ငါတို့ဂိုဏ်း စည်းမျဥ်းအရ တောင်ထိပ်တိုင်းက တပည့်အသစ်တစ်ယောက်စီ ရွေးကိုရွေးရမှာပဲလေ----"

တကယ်တော့ တောင်ထိပ်အကြီးအကဲ အားလုံးနီးပါးက ရင်ပြင်မှာရှိသည့် အသစ်ကျန်ရှိသူတွေကို အထင်သေးကြတာပဲဖြစ်သည်၊၊

အကြေင်းပြချက်ကတော့ ရိုးစင်း၏၊၊

ရင်ပြင်မှကျန်ခဲ့သည့် အသစ်လာသူတွေက အကြီးအကဲအမျိုးအမျိုး စွန့်ပစ်ခဲ့သူတွေပဲ ဖြစ်သည်၊၊

သူတို့ထဲ၌ မျိုးစေ့ကောင်းရှိနိုင်ခြေက သုံညနီးပါးပဲဖြစ်သည်၊၊

အပူပင်မဲ့တောင်ထိပ်သခင် ကျောက်ဝူဂျိ ပြုံးလိုက်၏၊၊

“ဂုန်စွန်းနန် ထူးချွန်တဲ့ အသစ်လာသူ တစ်ယောက်တွေ့ထားတယ်၊၊ သူ့ကို တပည့်အဖြစ်လက်ခံဖို့ ငါ့ကို အတင်းအကျပ်တိုက်တွန်းနေတယ်လေ---”

အို?---

လီချင်ဖုန်း အံ့အားသင့်သွားခဲ့သည်၊၊

“မဖြစ်နိုင်တာ, မင်းတပည့် ဂုန်စွန်းနန်ရဲ့ ခွန်အားနဲ့ ဘယ်လိုအသစ်မျိုးကို ထူးချွန်တယ်လို့ သတ်မှတ်မှာလဲ----”

“ငါ ခုလေးတင်လက်ခံထားတဲ့ အဆင့် ၆ နှစ်ယောက်နဲ့ အဆင့် ၇ တစ်ယောက်ကိုတောင် သူက ထူးချွန်တယ်လို့ သတ်မှတ်မှာ မဟုတ်ဘူး---”

“ဘယ်အကြီးအကဲကများ အခုလို ပါရမီရှင်ကို ပေါ့ပေါ့ဆဆနဲ့ ပစ်သွားရတာလဲ----”

ကျောက်ဝူဂျိ သူ့မုတ်ဆိတ်မွေးကို ဂုဏ်ယူစွာဖြင့် ပွတ်သပ်လိုက်သည်၊၊

သူ့ဘေးက တပည့်မရွေးရသေးသည့် အကြီးအကဲအနည်းငယ်ကို လျို့ဝှက်စွာကြည့်ပြီး ညင်သာစွာပြောလိုက်သည်၊၊

“မင်းသာတပည့်မရွေးခင်ကဆို ငါပြောရဲမှာ မဟုတ်ဘူး၊၊ မင်း ငါနဲ့ လာပြိုင်မှာစိုးလို့လေ----”

“ဂုန်စွန်းနန်ပြောတာတော့ အဲ့လူရဲ့ ဓားပညာပါရမီက သူ့ထက်တောင် သာတယ်တဲ့၊၊ အနာဂတ်ဓားတာအိုအောင်မြင်မှုက သူ့ထက်မနိမ့်နိုင်ဘူးဆိုပဲ---”

ဘာ?----

လီချင်ဖုန်းအကြီးအကျယ် အံ့အားသင့်သွားခဲ့သည်၊၊

ဂုန်စွန်းနန်က ဓားပညာကို အထူးလေ့ကျင့်သည့် သန်မာသည့် ဓားသမားတစ်ဦးဖြစ်ပြီး အမြဲတမ်း သူ့ဓားပညာနှင့် ပတ်သက်ပြီး ဂုဏ်ယူတတ်သူဖြစ်သည်၊၊

သူအမှန်တကယ်ပဲ နိမ့်ကျမှုကို ဝန်ခံတယ်ဆိုတော့ ထိုပုဂ္ဂိုလ်၏ဓားပညာက ဘယ်လောက်တောင် မြင့်မားနေသနည်း၊၊

ကျောက်ဝူဂျိ၏ မျှော်လင့်ချက်အပြည့် အမူအရာကိုမြင်သည့်အခါ လီချင်ဖုန်း စောစောရွေးချယ်မိတာကို ချက်ချင်း နောင်တရသွား၏၊၊

လက်စသတ်တော့ အသစ်တွေထဲရှိ မျိုးစေ့ကောင်းအချို့ကို လျစ်လျူရှုထားမိတာပဲဖြစ်သည်၊၊

ကံမကောင်းစွာနှင့် သူက တပည့်ရွေးချယ်ပြီးပြီဖြစ်၍ ယခုချိန်မှာ မျှော်လင့်ချက်မရှိတော့ပေ၊၊

“အား, လူအိုကြီးကျောက်, ဒီလိုမျိုး အမှတ်မထင်ပဲတွေ့တာ မင်းက တကယ်ကို ကံကောင်းတာပဲ----”

လီချင်ဖုန်း မနာလိုဖြစ်သွားခဲ့သည်၊၊

“ဒါပေမယ့် ဘယ်အကြီးအကဲကများ အဲ့ဒီတပည့်ကို လွဲချော်သွားတာလဲ ငါသိချင်သေးတယ်----”

“နောက်ကျရင် သူအကြီးအကျယ် နောင်တရနေမှာ----”

ကျောက်ဝူဂျိ ရယ်လိုက်၏၊၊

“ဘယ်သူသိမှာ---- ဘယ်မျက်ကန်းကများ ဒီလိုရတနာမျိုးကို ငါ့အပူပင်မဲ့တောင်ထိပ်အတွက်ချန်ထားခဲ့လဲမှမသိတာ---”

ထိုအခိုက်အတန့်၌-----

ဂုန်စွန်းနန်တစ်စုံတစ်ယောက်ကို ခေါ်ပြီးပြန်လာတာမြင်သည့်အခါ သူက မနေနိုင်ပဲ မတ်တပ်ရပ်လိုက်သည်၊၊

“သူတို့လာနေပြီ----”

လီချင်ဖုန်း အလျှင်အမြန် ကြည့်လိုက်သည်၊၊

သို့ပေမယ့် ဂုန်စွန်းနန်ခေါ်လာသည့်လူကို အနီးကပ်ကြည့်လိုက်သည့်အခါ လီချင်ဖုန်း အံ့အားသင့်သွားခဲ့သည်၊၊

“ဂျန်ဖန်း----”

ကျောက်ဝူဂျိ ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏၊၊

“ဟုတ်တယ်, ဒီကောင်လေးကို ဂျန်ဖန်းလို့ ခေါ်တယ်----”

“နေပါအုန်း, မင်းက သူ့နာမည် ဘယ်လိုသိတာလဲ----”

လီချင်ဖုန်း ထူးဆန်းစွာကြည့်လိုက်သည်၊၊

“လူအိုကြီးကျောက်, မင်းပြောတဲ့ ဓားတာအိုပါရမီရှင်ဆိုတာ သူလား----”

ကျောက်ဝူဂျိလည်း တစ်စုံတစ်ခုကို နားလည်လိုက်ပြီး အံ့အားသင့်စွာပြောလိုက်သည်၊၊

“လူအိုကြီးလီ, ဒီတပည့်က မင်းထားခဲ့တဲ့ တစ်ယောက်လား----”

“ဟ--- ဟ---”

လီချင်ဖုန်း ရုတ်တရက် ရယ်လိုက်ပြီး ကျောက်ဝူဂျိပခုံးကိုပုတ်လိုက်သည်၊၊

“လူအိုကြီးကျောက်, မင်းက ငါ့ကို ရယ်ပြီး သေအောင်လုပ်နေတာပဲ----”

“ဒီတော့ မင်းပြောတဲ ဓားတာအိုပါရမီရှင်က သူ့ပေါ့----”

အောက်မှာရှိသည့် ဂုန်စွန်းနန်လည်း စိတ်ရှုပ်ထွေးနေခဲ့သည်၊၊

“အကြီးအကဲလီ, ဂျန်ဖန်းရဲ့ ဓားတာအိုပါရမီက ကျွန်တော်ရှာတွေ့ထားတာပါ၊၊ ဒါနဲ့ပတ်သက်ပြီး တစ်ခုခု မှားနေလို့လား----”

လီချင်ဖုန်း ရယ်လိုက်၏၊၊

“ဒါဆိုလည်း မင်းသူ့ကိုမေးကြည့်လိုက်၊၊ ငါ သူ့စိတ်ဝိညာဥ်အမြစ်စမ်းသပ်တုန်းက ရလဒ်ဘယ်လိုလဲဆိုတာ---”

ကျောက်ဝူဂျိနှင့် ဂုန်စွန်းနန် တို့နှစ်ယောက်လုံး ဂျန်ဖန်းကို ကြည့်လိုက်ကြသည်၊၊

ဤကဲ့သို့ သန်မာသည့်ဓားတာအိုပါရမီနှင့် သူ၏စိတ်ဝိညာဥ်အမြစ်က မည်သို့အားနည်းနိုင်မည်နည်း၊၊

အနည်းဆုံး အဆင့် ၅ စိတ်ဝိညာဥ်အမြစ်ရှိသင့်၏၊၊

ဂျန်ဖန်း တည်ငြိမ်စွာပြောလိုက်သည်၊၊

“ရလဒ်က မမှန်ကန်နိုင်ပါဘူး----”

အို?---

လီချင်ဖုန်း ရုတ်တရက် ခဏရပ်သွားခဲ့သည်၊၊

“မင်းက အအ မဟုတ်ဘူးလား----”

ဂျန်ဖန်းပြောလိုက်သည်၊၊

“အခုအနေအထားရ အကြီးအကဲလီမြင်တဲ့အရာက အမှန်တရားမဖြစ်နိုင်ပါဘူး----”

လီချင်ဖုန်း ခပ်လှောင်လှောင်ရယ်လိုက်၏၊၊ သူက ဂျန်ဖန်း ဘာကြောင့် အချင်ယောင်ဆောင်လဲဆို ဂရုမစိုက်ပေ၊၊

“ဘာလဲ, ပြောရမှာရှက်နေတာလား----”

“ဒါဆိုလည်း မင်းအစား ငါပြောပေးမယ်----”

“သူ့ရလဒ်က စိတ်ဝိညာဥ်အမြစ်မရှိပါတဲ့ဗျာ----”

အာ---

ကျောက်ဝူဂျိနှင့် ဂုန်စွန်းနန်တို့ နှစ်ယောက်လို့ ခဏရပ်တန့်သွားကြသည်၊၊

စိတ်ဝိညာဥ်အမြစ်မရှိ?---

လီချင်ဖုန်း ရယ်လိုက်သည်၊၊

“မဟုတ်ရင်, ငါကဘာလို့ သူ့ကို ငြင်းခဲ့မှာတုန်း----”

“သူမှာ ဓားတာအိုပါရမီအချို့ ရှိကောင်းရှိမယ်၊၊ ဒါပေမယ့် သိုင်းပညာလမ်းကြောင်းမှာ စိတ်ဝိညာဥ်အမြစ်မရှိပဲ ဘယ်လောက်ဝေးဝေး သွားနိုင်မှာမို့လို့လဲ----”

“လူအိုကြီးကျောက်, မင်းသတိထားဖို့ လိုလိမ့်မယ်----”

ကျောက်ဝူဂျိ တွေဝေသွားခဲ့သည်၊၊

ဓားတာအိုပါရမီက အရေးကြီး၏၊၊ သို့ပေမယ့် သိုင်းပညာရှင်တစ်ယောက်အတွက် စိတ်ဝိညာဥ်အမြစ်က အခြေခံဖြစ်သည်၊၊

သူက လက်ခံသင့်လား၊ လက်မခံသင့်ဘူးလား----

ထိုစဥ်, အောင်ပွဲခံပြီလို့ထင်နေသည့် ရှုရို့ရန်နှင့် ချန်းစီလင်တို့လည်း စိုးရိမ်သွားကြသည်၊၊

ဂျန်ဖန်း မသိစိတ်အရ လက်သီးဆုပ်လိုက်သည်၊၊

သူက ဆက်ပြီး ကျရှုံးဦးမည်လား----

ကျောက်ချီကျန့် သက်ပြင်းအရှည်ကြီး ချလိုက်၏၊၊ ဘယ်အကြီးအကဲမှ ထိုကောင့်လို့မရွေးသည့်အတွက် သူက စိတ်သက်သာယာရနေခဲ့သည်၊၊

မဟုတ်လျှင် သူ့နောက်၌ အကြီးအကဲတစ်ယောက်ယောက်ရှိလျှင်တောင် အစောပိုင်းလုပ်ရပ်အတွက် ဂိုဏ်းက သူ့ကို သေဒဏ်ပေးမည်ပဲဖြစ်သည်၊၊

သို့ပေမယ့်----

ထိုအခိုက်အတန့်၌----

ဂျန်ဖန်းကိုရှာနေသည့် စုချီနင်လည်း ဆူညံသံသတိထားမိပြီး အံ့သြစွာဖြင့် ချက်ချင်းအော်ပြောလိုက်သည်၊၊

“ဆရာ, ဆရာ--- သူပဲ၊ အဲ့ဒါသူပဲ---”

ဝမ်ဟုန်ယောင် ဂျန်ဖန်းကို မြင်လိုက်တာနှင့် ကြိုးကြာဖြူကို ပျော်ရွင်စွာစီနင်းလာပြီး ကျောက်ဝူဂျိနှင့် လီချင်ဖုန်းတို့ကို ဘေးဖက်တွန်းလွတ်လိုက်၏၊၊

“ကျောက်ဝူဂျိ၊ လီချင်ဖုန်း ငါ့လမ်းကဖယ်---”

“ဒီတပည့်ကို ငါ့ရဲ့ ဆေးဝါးတောင်ထိပ်က ယူလိုက်ပြီ---”

“ငါနဲ့ယှဥ်ပြိုင်တဲ့ဘယ်သူမဆို ငါတိုက်ခိုက်ရလိမ့်မယ်----”

All Chapters