← Chapters

ဂိုဏ်းသခင်တောင်ထိပ်လည်းလာလုခြင်း

Vol. 7 Ch. 93

ဂိုဏ်းသခင်တောင်ထိပ်လည်းလာလုခြင်း

Vol. 7 Ch. 93

တွန့်ဆုတ်နေသည့်ကျောက်ဝူဂျိ ဘေးကို အတင်းအဓမ္မတွန်းပို့ခံရပြီး စိတ်ရှုပ်စွာဖြင့် ပြောလိုက်သည်၊၊

“အကြီအကဲဝမ်, မင်းဘာလုပ်တာလဲ----”

ဝမ်ဟုန်ယောင် တင်းမာစွာဖြင့်ပြောလိုက်သည်၊၊

“နင် နားမလည်ဘူးလား----”

“ငါ ဂျန်ဖန်းကို တပည့်အဖြစ်ခေါ်မလို့လေ---”

“ငါ့ရှေ့ကဖယ် မနောက်ယှက်နဲ့----”

ဘာ?----

ကျောက်ဝူဂျိ ကြောင်သွားပြီး လီချင်ဖုန်းကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်၊၊

“လူအိုကြီးလီ, မင်းငါ့ကို လှည့်စားနေတာလား----”

“သူ့မှာသာ စိတ်ဝိညာဥ်အမြစ်မရှိရင် အကြီးအကဲဝမ် သူ့ကိုခေါ်ဖို ဘယ်လိုလုပ် စိတ်အားထက်သန်နေမှာလဲ----”

လီချင်ဖုန်းလည်း အတော်လေး အံ့သြနေ၏၊၊

သူက တစ္ဆေသရဲတစ်ကောင်ကို မြင်နေရတာပဲဖြစ်မည်၊၊

သူအမှိုက်ကောင်ဟုယူဆခဲ့သည့် တစ်စုံတစ်ယောက်အတွက် ဘာကြောင့် အခြားလူတွေ တိုက်ခိုက်နေကြသနည်း၊၊

“စိတ်ဝိညာဥ်အမြစ်မရှိဆိုတဲ့ စမ်းသပ်မှုရလဒ်က မမှားနိုင်ဘူး”

လီချင်ဖုန်း အခိုင်အမာပြောလိုက်သည်၊၊

ကျောက်ဝူဂျိ ပဟေဠိဖြစ်သွားသည်၊၊

သူ့ကိုပိုပြီးပဟေဠိဖြစ်သွားစေတာက တပည့်တွေအပေါ် အေးစက်ကြမ်းတမ်းစွာ ဆက်ဆံမှုဖြင့် နာမည်ကြီးသည့် ဝမ်ဟုန်ယောင်က ဆေးမှားသောက်လာသည့်ပုံဖြစ်နေတာပဲဖြစ်သည်၊၊

သူမမျက်နှာပေါ်ရှိ မကြုံစဖူးကြင်နာသည့်အမူအရာက အကြီးအကဲတွေကို ထူးဆန်းသွားစေခဲ့သည်၊၊

“ဂျန်ဖန်း, လာ,လာ, ငါ့ဆေးတောင်ထိပ်ကိုလာခဲ့၊၊ ငါမင်းကို အတပည့်အဖြစ်လက်ခံမယ်----”

“မဟုတ်ဘူး၊ တပည့်တင်မဟုတ်ဘူး၊၊ အစစ်အမှန်တပည့်အဖြစ်ပါလက်ခံမယ်----”

ဘာ?----

ကောင်းကင်ထက်က အကြီးအကဲတွေနှင့် မြေပြင်ကတပည့်တွေအားလုံး ချွင်းချက်မရှိကြောင်အသွားခဲ့သည်၊၊

ဂျန်ဖန်း၌ စိတ်ဝိညာဥ်အမြစ်မရှိပြီး သိုင်းပညာလမ်းကြောင်း၌ အနာဂတ်မရှိတာ ထင်ရှားနေတာတောင် သူမက တပည့်အဖြစ်လက်ခံချင်နေသေး၏၊၊

ထို့ပြင် မကြုံစဖူး အစစ်အမှန်တပည့်အဖြစ်ပါ ခေါ်ယူနေခဲ့၏၊၊

ဂျန်ဖန်းဟာ ဘယ်သူမှမလိုချင်ပဲ စွန်ပစ်ခံရသည့် တပည့်ဖြစ်သည်၊၊

ထိုအရာမျိုးက တိမ်စိမ်းဂိုဏ်းသမိုင်း၌ တစ်ခါမှမဖြစ်ဖူးသည့်ကိစ္စဖြစ်သည်၊၊

ဂျန်ဖန်းလည်း အတော်လေးအံ့သြနေခဲ့သည်၊၊ ဘာကြောင့် သူ့ကို အကြီးအကဲဝမ်က အရမ်းတန်းဖိုးထားနေရသနည်း၊၊

သို့ပေမယ့် ယခင်စိတ်ပျက်နေရာမှ အားတက်လာခဲ့သည်၊၊

သူက ချက်ချင်းပဲပြုံးလိုက်ပြီး သူမကို ဆရာအဖြစ်အရိုအသေပေးဖို့ပြင်လိုက်၏၊၊

“ခနနေအုန်း----”

ကျောက်ဝူဂျိ မကျေမနပ်ဖြစ်နေပြီး သူ့ကို တားလိုက်သည်,၊

“အကြီးအကဲဝမ်, ငါ ဒီကောင်လေးကိုအရင်တွေ့တာ----"

“သူက ငါတို့အပူပင်မဲ့တောင်ထိပ်ကိုဝင်သင့်တယ်----”

“ဂျန်ဖန်း, ငါ့ရဲ့ အပူအပင်မဲ့တောင်ထိပ်ကိုလာခဲ့၊၊ ငါမင်းကို ဓာပညာကိုယ်တိုင်ကိုယ်ကျသင်ပေးမယ်၊၊ ဒါမှ မင်းရဲ့ပါရမီတွေကို မဖြုန်းတီးရာရောက်မှာ----”

ဝမ်ဟုန်ယောင်အား တိမ်စိမ်းဂိုဏ်းအစဥ်အလာကို ချိုးဖောက်စေတဲ့လူက မဆိုးနိုင်ပေ၊၊

သူက ထိုကောင်လေးကို ခေါ်ယူရမည်ဖြစ်သည်၊၊

ဝမ်ဟုန်ယောင်ချက်ချင်း ဒေါသထွက်သွားခဲ့သည်၊၊

“အရင်မြင်တိုင်းရတယ်ပြောရအောင် ဒါကို ဟင်းရွက်ကန်စွန်း ဈေးများမှတ်နေလား၊၊ ဒါက ကျိုးကြောင်းဆီလျော်လို့လား----”

“ငါကအရင် တပည့်အဖြစ်လက်ခံတာ၊၊ သူကို ငါ့ဆေးတောင်ထိပ်ကပဲ ပိုင်ရမယ်----”

ကျောက်ဝူဂျိလှောင်ပြောင်လိုက်၏၊၊

“ကျိုးကြောင်းမဆီလျော်တာ မင်း၊၊ ငါ သူ့ကို တပည့်အဖြစ်လက်ခံဖို့ဆွေးနွေးနေတုန်း မင်းက ကြားဝင်လာတာ----”

ဝမ်ဟုန်ယောင်၏ ဒေါသမီးတွေ ချက်ချင်းတောက်လောင်လာပြီး သူမပေါင်ကိုရိုက်ကာ ဒေါသတကြီး တံတွေးထွေးလိုက်သည်၊၊

“ကျောက်ဝူဂျိ, နင်က တမင်သက်သက် ငါ့ကို ဆန့်ကျင်နေတာလား----”

ကျောက်ဝူဂျိလည်း အတော်လေး မကျေမနပ်ဖြစ်နေ၏၊၊

“တိုက်ခိုက်ချင်တာလား--- လာလေ----”

“ဘယ်သူက ဘယ်သူ့ကိုကြောက်ရမှာလဲ---”

ဝမ်ဟုန်ယောင်ခုန်ထလိုက်ပြီး သူမခါးမှ အနီရောင်နှင့် အစိမ်းရောင်ပုလင်းများစွာ ထုတ်ယူလိုက်သည်၊၊

“နင့် သူ့အတွက်နဲ့ငါ့ကိုတိုက်ခိုက်ရင် နင့်ကို အဆိပ်ခတ်သတ်ပစ်မယ်----”

ကျောက်ဝူဂျိနောက်ဆုတ်မသွားပဲ ခါးမှ ဓားကိုဆွဲထုတ်လိုက်သည်၊၊

“ငါလည်း မင်းကိုခုတ်သတ်ပစ်မယ် အဖွားကြီး----”

နှစ်ယောက်သားက တိုက်ခိုက်ဖို့ အသင့်ဖြစ်နေကြသည်၊၊

ဂျန်ဖန်းအတွက်နှင့် သူတို့က အကြီးအကဲတွေမျက်နှာကိုဆုပ်ဖြဲပြီး တပည့်များစွာရှေ့၌ တိုက်ခိုက်တော့မည်ပဲ ဖြစ်သည်၊၊

အဆင့် ၆ စိတ်ဝိညာဥ်အမြစ်နှင့် တပည့်တွေတောင် အကြီးအကဲနှစ်ယောက်ကြား ထိုကဲ့သို့ အငြင်းပွားမှုမဖြစ်စေနိုင်ပေ၊၊

တိုက်ပွဲဖြစ်တော့မည့်အချိန်၌----

လျိုချင်းရှန်လည်း ဂျန်ဖန်းကိုရှာနေပြီး အံ့အားသင့်စွာဖြင့်အော်ပြောလိုက်သည်၊၊

“အဖေ, အဲ့ဒါသူပဲ, အဲ့ဒါသူပဲ----”

တိမ်စိမ်းဂိုဏ်း ခေါင်းဆောင်လျိုဝူချန်း ကြိုးကြာဖြူတစ်ကောင်ပေါ်၌ ခြေချိတ်ထိုင်နေ၏၊၊

သမီးဖြစ်သူ၏စိတ်လှုပ်ရှားနေသည့်အကြည့်နောက်လိုက်ပြီး အကြီးအကဲနှစ်ဦးလုနေသည့် တပည့်ကို ကြည့်လိုက်ကာ အံ့အားသင့်စွာပြောလိုက်သည်၊၊

“နင်မျက်စိကျနေတာ သူလား?---”

“အကြီးအကဲလီက သူ့မှာစိတ်ဝိညာဥ်အမြစ်မရှိဘူးလို့ ပြောခဲ့တယ်မလား----"

“နင်က သူ့ကို အဖေ့တပည့်ဖြစ်စေချင်တာလား----”

လျိုချင်းရှန် စိုးရိမ်တကြီးပြောလိုက်သည်၊၊

“အဖေ, သမီးကိုယုံပါ၊, သူကိုယူလိုက်တာ မမှားပါဘူး----”

လျိုဝူချန်း အနည်းငယ်မျက်မှောင်ကြုတ်လိုက်၏၊၊ သူက သိပ်ပြီးဆန္ဒမရှိပေ၊၊

“အကြီးအကဲဝမ်သူ့ကို ခေါ်ချင်တာ သူက ဆေးသန့်စင်တာမှာ ပါရမီအချို့ရှိလို့ပဲ----”

“အကြီးအကဲကျောက် ခေါ်ချင်တာကလည်း သူက ဓားတာအိုမှာ ပါရမီအချို့ရှိလို့လေ---”

“ဒါပေမယ့် ငါတို့ဂိုဏ်းသခင်တောင်ထိပ်က ထူးခြားတဲ့စိတ်ဝိညာဥ်အမြစ်ရှိတဲ့ ပါရမီရှင်ကို လိုချင်တာ၊၊ သူက ငါတို့ ဂိုဏ်းသခင်တောင်ထိပ်အတွက် မသင့်တော်ဘူး၊၊”

အကြီးအကဲနှစ်ယောက် တိုက်ခိုက်တော့မည်ကိုမြင်သည့်အခါ----

ဂျန်ဖန်းကို မကြာခင်အကြီးအကဲတစ်ယောက်က ခေါ်သွားတော့မည်ပဲဖြစ်သည်၊၊

လျိုချင်းရှန်အံ့ကြိတ်လိုက်ပြီး ပျံသန်းကြိုးကြာတစ်ကောင်ကိုခေါ်လိုက်သည်၊၊ ထို့နောက် ၎င်းအပေါ်ကို ခုန်တက်ကာ အကြီးအကဲနှစ်ယောက်အလယ်ကို ပျံသန်းသွား၏၊၊

“ခနနေကြပါအုန်း----”

သူမက ကျယ်လောင်စွာအော်ပြောလိုက်သည်၊၊

ဂိုဏ်းခေါင်းဆောင်သမီးကိုမြင်သည့်အခါ ဝမ်ဟုန်ယောင် အနည်းငယ်ယဥ်ကျေးသည့်အမူအရာ ပြသလာ၏၊၊

“နတ်သမီးလျို, ဘေးဖယ်နေပါ၊၊ ဒီအဖိုးကြီးနဲ့ ငါ စာရင်းရှင်းရမယ်----”

ကျောက်ဝူဂျိနှာမှုတ်လိုက်၏၊၊

“ချင်းရှန်, မင်းဦးလေးကျောက်ကို မတားနဲ့၊၊ ငါ ဒီအဖွားကြီးကို သင်ခန်းစာပေးမှ ရမယ်---”

မည်သူသိမည်နည်း၊၊

လျိုချင်းရှန် သူတို့တစ်ယောက်ချင်းစီကို စူးစိုက်ကြည့်လိုက်သည်၊၊

“ဘယ်သူက ဦးလေးတို့ကို တားနေလို့လဲ---, ဦးလေးတို့တိုက်ခိုက်ချင်ရင် အခြားနေရာသွားတိုက်ခိုက်ကြ၊၊ ကျွန်မရဲ့ ဂျူနီယာမောင်လေးကို မထိခိုက်စေနဲ့----”

ထို့နောက် သူမ၏ ဆွဲဆောင်မှုရှိသည့်မျက်နှာမှာ အပြုံးတစ်ခုပေါ်လာပြီး ဂျန်ဖန်းဆီသို့ သူမ၏ ကျောက်စိမ်းလက်လေးကို ဆန့်ထုတ်လိုက်သည်၊၊

“လာခဲ့, ငါနဲ့ ဂိုဏ်းသခင်တောင်ထိပ်ကို ပြန်ရအောင်---”

ဘာ?----

ဤအချိန်၌ မည်သူမှ စိတ်မတည်ငြိမ်နိုင်တော့ပေ၊၊

ဂျန်ဖန်းအတွက် ဆေးတောင်ထိပ်နှင့် အပူပင်မဲ့တောင်ထိပ်တို့ တိုက်ခိုက်တာက ကိစ္စတစ်ခုဖြစ်၏၊၊

သို့ပေမယ့် ဂိုဏ်းသခင်တောင်ထိပ်လည်း တိုက်ပွဲထဲဝင်ရောက်လာပြီလား?----

ရှုရို့ရန်နှင့် ချန်းစီလင်တို့နှစ်ယောက်လုံး စိတ်ရှုပ်ထွေးနေကြသည်၊၊

“စီလင်, ဖန်းက ဘာတွေကောင်းနေလို့ သူ့အတွက်နဲ့ တောင်ထိပ်အများအပြား တိုက်ခိုက်နေကြတာလဲ----”

ရှုရို့ရန် ပဟေဠိဖြစ်နေခဲ့သည်၊၊

ချန်စီလင်စိတ်ထဲမှာလည်း ထိုအရာကို နားမလည်နိုင်ဖြစ်နေခဲ့သည်၊၊

ဂျန်ဖန်း၏ ကြယ်သုံးလုံးဝိညာဥ်သခင် အထောက်အထားကြောင့် တောင်ထိပ်ကိုးခုလုံး သူ့အတွက်တိုက်ခိုက်လျှင်တောင် မထူးဆန်းတာ သူမသိ၏၊၊

သို့ပေမယ့် ဂျန်ဖန်းအထောက်အထားကို ထုတ်ပြောလို့မရပေ၊၊

ထိုသို့ဆိုလျှင် ဘာကြောင့် သူတို့အားလုံး ဂျန်ဖန်းကိုအရမ်းသဘောကျနေကြသနည်း၊၊

သို့ပေမယ့် သူမက မကြာခင် ချိုမြိန်သည့်အပြုံးတစ်ခုကို ထုတ်ဖော်လိုက်၏၊၊

“သူက ငါတို့ယောက်ျားပဲလေ၊၊ ဘယ်သွားသွား အာရုံစိုက်ခံရမှာပေါ့----”

လီချင်ဖုန်း ကြောင်အနေခဲ့သည်၊၊

‘ဂိုဏ်းသခင်တောင်ထိပ်က ရှုသွားပြီးလား---'

‘ဂျန်ဖန်းကိုလုဖို့ အမှန်တကယ်ရောက်လာတယ်---’

သူက အသိပြန်ဝင်လာခဲ့သည်၊၊

“နတ်သမီးလျို, ဂျန်ဖန်းမှာ စိတ်ဝိညာဥ်အမြစ်မရှိဘူး၊၊ သေချာစဥ်းစားနော်----”

လျိုချင်းရှန် သူ့ကိုတစ်ချက်ကြည့်လိုက်၏၊၊ သူမမျက်လုံးတွေ၌ ရယ်ချင်သည့်အရိပ်အယောင်တွေဖြစ်နေခဲ့သည်၊၊

‘အဆင့် ၉ စိတ်ဝိညာဥ်အမြစ်---- မဟုတ်သေးဘူး--- အဆင့် ၉ ကိုကျော်လွန်နေတဲ့တည်ရှိမှုကို နင်က စိတ်ဝိညာဥ်အမြစ်မရှိဘူးတဲ့လား----'

“နင့်အလုပ်မဟုတ်ပါဘူး----”

ထို့နောက် သူမက နောက်တစ်ကြိမ် ဂျန်ဖန်းကို ကြင်နာစွာပြုံးပြလိုက်သည်၊၊

“နင် ဘာကိုစောင့်နေတာလဲ----”

“ဂိုဏ်းသခင်တောင်ထိပ်က တိမ်စိမ်းဂိုဏ်းမှာ အသန်မာဆုံးတောင်ထိပ်ပဲ၊၊ အရင်းအမြစ်တွေကလည်း ထိပ်တန်းတွေ ချည်းပဲ----”

ဂျန်ဖန်း ချက်ချင်း စိတ်ဝင်စားသွားသည်၊၊

သို့ပေမယ့်, ဝမ်ဟုန်ယောင်နှင့် ကျောက်ဝူဂျိတို့ ထိုအရာကို ငြင်းဆန်လိုက်ကြသည်၊၊

“နတ်သမီးလျို, နင်ဘာကိုဆိုလိုတာလဲ? နင်လည်း ငါ့ဆေးတောင်ထိပ်ကလူကို လုချင်နေတာလား----”

ဝမ်ဟုန်ယောင် စိုးရိမ်လာခဲ့သည်၊၊

ကျောက်ဝူဂျိလည်း ဂျန်ဖန်းနှင့်ပတ်သက်ပြီး နားမလည်တော့ပေ၊၊

မနေ့ကထိတောင် သူက စွန်ပစ်ခံတပည့်တစ်ယောက်ဆိုတာ အသိသာာကြီးပဲဖြစ်သည်၊၊

ဘာကြောင့်ယနေ့မှ ဂိုဏ်းသခင်တောင်ထိပ်တောင် သူ့ကို လာလုနေရသနည်း၊၊

“ချင်းရှန်, မင်းလည်း မင်းဦးလေးကျောက်နဲ့ တိုက်ခိုက်မလို့လား----”

ဂိုဏ်းသခင်လျိုဝူချန်းမျက်မှောင် အနည်းငယ်ကြုတ်လိုက်သည်၊၊

သူက ကြိုးကြာဖြူပေါ်မှပျံသန်းလာပြီး ညင်သာစွာ ဆူပူလိုက်သည်၊၊

“ချင်းရှန်, အဓိပ္ပာမရှိတာတွေ ရပ်လိုက်တော့----”

“ငါတို့ဂိုဏ်းသခင်တောင်ထိပ်က တပည့်တွေကို အလွယ်တကူလက်ခံလို့ မရဘူး----”

သူက မဝေးသည့်တစ်နေရာမှ မဟာအကြီးအကဲကို တိတ်တဆိတ်ကြည့်လိုက်သည်၊,

ဤတစ်ချိန်၌ မဟာအကြီးအကဲက အလွန်စွမ်းအားကြီးသည့်တပည့်တစ်ယောက်ကို ခေါ်ယူခဲ့၏၊၊ တစ်ဖက်မှာတော့ ဂိုဏ်းသခင်တောင်ထိပ်က ခုချိန်ထိ သင့်လျှော်သည့်တပည့်တစ်ယောက် ရှာမတွေ့သေးပေ၊၊

သူတို့က တန်ဖိုးရှိသည့်တပည့်နေရာကို စိတ်ဝိညာဥ်အမြစ်မရှိသည့်လူနှင့် မည်သို့ ဖြုန်းတီးနိုင်မည်နည်း၊၊

လျိုချင်းရှန် သူမ ထပ်ပြီးဖုံးကွယ်လို့မရတော့ဘူးဆိုတာ နားလည်လိုက်၏၊၊ သူမက အသံနှိမ့်ပြီး တီးတိုးပြောလိုက်သည်၊၊

“အဖေ, ဒီဂျန်ဖန်းမှာ စိတ်ဝိညာဥ်အမြစ်ရှိတယ်----"

“သူက အထီးကျန်လှေမြို့က အဆင့် ၉ စိတ်ဝိညာဥ်အမြစ်ပဲ----”

လျိုဝူချန်း အံ့အားသင့်စွာပြောလိုက်သည်၊၊

“လက်ထောက်ခန်းမသခင်ချန်း ကိုယ်တိုင်စမ်းသပ်ပြီး ဒါက အမှားအယွင်းတစ်ခုဆိုတာ ရှာတွေ့ခဲ့တယ်မလား----”

လျိုချင်းရှန် ပဟေဠိဖြစ်သည့်အမူအရာ ဖြစ်လာခဲ့သည်၊၊

“စမ်းသပ်တဲ့လူက လုကျန်းပါ၊၊ စမ်းသပ်ရေးမျှော်စင်က ဘာလို့ သူ့ကို အဆင့် ၉ စိတ်ဝိညာဥ်အမြစ်အဖြစ်ပြခဲ့လဲဆိုတာတော့ သမီးလည်းမသိဘူး-----"

“ဒါပေမယ့် ဒီလူကတော့ အဆင့် ၉ စိတ်ဝိညာဥ်အမြစ်ဆိုတာ အသေအချာပဲ၊၊ ဒဏ္ဍာရီလာ အနန္တအမြစ်တောင် ဖြစ်နိုင်တယ်----”

All Chapters