← Chapters

ရန်စခြင်း

Vol. 7 Ch. 94

ရန်စခြင်း

Vol. 7 Ch. 94

အနန္တစိတ်ဝိညာဥ်အမြစ်?---

လျိုဝူချန်း ရယ်ပြီး ခေါင်းခါယမ်းလိုက်သည်၊၊

“နင်က တကယ်ကို ပြောရဲတာပဲ---”

“အနန္တအမြစ်က သွေးမျိုးဆက်အမွေအနှစ် ရှိဖို့လိုတယ်၊၊မိဘတွေကအလွန်အမင်း စွမ်းအာကြီးမှပဲ သူတို့ရဲ့မျိုးဆက်မှာ အနန္တစိတ်ဝိညာဥ်အမြစ်ပါလာဖို့ အနည်းငယ်အခွင့်အရေးရှိတာ----”

“ဒီဂျန်ဖန်းက သေးငယ်တဲ့အထီးကျန်လှေမြို့လေးက လာတာလေ၊၊ အနန္တစိတ်ဝိညာဥ်အမြစ်ဘယ်လိုလုပ်ရှိနိုင်မှာလဲ----”

ဒါက----

လျိုချင်းရှန်လည်း မသေချာပေ၊၊

သို့ပေမယ့် သူမက ဂျန်ဖန်း၏ထူးခြားသည့်ပါရမီကို ယုံကြည်ပြီး ပြောလိုက်သည်၊၊

“ဒါပေမယ့် သူတစ်ခါတည်းနဲ့ အဆင့်အများကြီးချိုးဖြတ်တာ သမီးကိုယ်တိုင်မြင်ခဲ့တာ----”

“သူက အဆင့် ၇ စိတ်ဝိညာဥ်အမြစ်ရှိတဲ့ သမီးထက်ပိုသန်မာတယ်----"

လီချင်ဖုန်း ထိုအရာကိုကြားလိုက်၏၊၊

လီချင်ဖုန်း မနေနိုင်တော့ပဲ ရှင်းပြဖို့ ရှေ့ထွက်လိုက်၏၊၊ မဟုတ်လျှင် လူတိုင်းက သူလီချင်ဖုန်းကို အခြေခံတည်ဆောက်ခြင်းအဆင့် ၃ တပည့်ကို ထုတ်ဖယ်သည့်အတွက် မျက်ကန်းတစ်ယောက်လို့ ထင်တော့မှာပဲဖြစ်သည်၊၊

“ဂိုဏ်းသခင်, နတ်သမီးလျို, မင်းတို့နားမလည်ပါဘူး၊၊ ဒီတပည့်က သူ့အလားအလာကိုအလွန်အကျွံသုံးပြီးမှ ချိုးဖြတ်နိုင်ခဲ့တာ---”

“ဒါကြောင့်, သူ့ရဲ့အစောပိုင်းကျင့်ကြံရေးက မြန်နေတာ၊၊ ဒါပေမယ့် နောက်ပိုင်းအဆင့်တွေမှာတော့ သူက တစ်ဘဝလုံး အခြေခံတည်ဆောက်ခြင်းအဆင့် ၃ မှာပဲ ရှိပြီး နောက်ထပ်မတိုးတက်တော့ဘူးဆိုတာ ငါရဲရဲကြီးပြောရဲတယ်----”

ထိုအရာက လျိုဝူချန်း၏ သံသယကို အတည်ပြုပေးလိုက်သည်၊၊

သူက ဖြည်းဖြည်းခြင်း ခေါင်းညိတ်လိုက်၏၊၊

“နင် ဒါကိုကြားလား၊၊ ဒါက မရိုးသားတဲ့ နည်းလမ်းတစ်ခုပဲ---”

လျိုချင်းရှန် သူမ၏နီရဲနေသည့်နှုတ်ခမ်းလေးကို ကိုက်လိုက်သည်၊၊

သူမက အလွန်စိတ်ပျက်နေခဲ့သည်၊၊

သူ့ကျင့်ကြံရေးက မရိုးသားဘူးဆိုလျှင် နဂါးလမ်းကြောင်းက သူ၏လုပ်ဆောင်မှုကိုကော ဘာပြောမည်နည်း၊၊

မည်သို့သောမသမာသည့်နည်းလမ်းက စိတ်ဝိညာဥ်အမြစ်မရှိသည့် လူတစ်ယောက်ကို ၁၃လွာမှာရှိသည့် နန်းဂုန်လျိုယွင်ကို အနိုင်ရစေသနည်း၊၊

သူမက ထိုအရာကိုလည်း ပြောချင်၏၊၊

သို့ပေမယ့် သူမအဖေ လုံးဝအယုံအကြည်မရှိတာကိုမြင်သည့်အခါ သူမပြောမည့်စကားတွေကို ပြန်မျိုးသိပ်လိုက်ရသည်၊၊

သူမမမှားကြောင်း သူမအဖေကို သက်သေပြဖို့ ဆုံးဖြတ်ထား၏၊၊

လျိုဝူချန်း သူမကို ဆက်ပြီးအလိုလိုက်ဖို့ ရည်ရွယ်ချက်မရှိတော့ပဲ ပြောလိုက်သည်၊၊

“ကောင်းပြီလေ, ငါတို့ဂိုဏ်းသခင်တောင်ထိပ်က ဒီတပည့်ကို လက်မခံဘူး၊၊ အကြီးအကဲနှစ်ယောက် ဆက်----”

သူပြောလို့မပြီးသေးခင်မှာပဲ----

လျိုချင်းရှန် ရုတ်တရက် သူမငွေရောင်သွားလေးကို အံကြိတ်ကာ တီးတိုးပြောလိုက်သည်၊၊

“အဖေ, သမီးဘဝကို ဂျန်ဖန်းကို ပေးထားပြီးပြီ----”

“အဖေသာသူ့ကို တပည့်အဖြစ်လက်မခံဘူးဆိုရင် အဖေ့သမီး သူနဲ့ ခိုးရာလိုက်ပြေးမှာကို ပြင်ဆင်ထားလိုက်ပါ----”

ဘာ?---

လျိုဝူချန်း မျက်ခွံ့တွေ ကျုံ့သွားပြီး သူ့သမီးလိမ်နေတာကို ချက်ချင်းနားလည်လိုက်၏၊၊

သူသမီး၏ အကျင့်စရိုက်ကို သူကောင်းကောင်းသိ၏၊၊

ဖြူစင်ပြီး ကိုယ့်ကိုယ်ကို ထိန်းသိမ်းတတ်ကာ သိုင်းပညာလမ်းကြောင်း၌သာ အပြည့်အဝ အားစိုက်ထားသူဖြစ်၏၊၊ ယောက်ျားတစ်ယောက်ကို ဘယ်သောအခါမှ နှစ်ကြိမ်မကြည့်ပေ၊၊

ကောင်းကင်ဘုံစက်ယန္ဒယားခန်းမ၏ သခင်လေးက အရူးအမူးလိုက်တာတောင် သူမက သူ့ကို အခွင့်အရေးအနည်းငယ်မျှမပေးခဲ့ပေ၊၊

ဘယ်လိုလုပ်ပြီး ဆင်းရဲတဲ့ကောင်းလေးတစ်ယောက်နှင့် ပတ်သက်နိုင်မည်နည်း၊၊

မမျှောင်လင့်စွာနှင့် လျိုချင်းရှန် သူမဆံပင်တွေကို လက်ချောင်းတွေဖြင့် ရစ်လိုက်ပြီး ဂျန်ဖန်းဆီ မေးငေါ့ပြလိုက်သည်၊၊

“အဖေမယုံရင် သူ့ကို မေးကြည့်လို့ရတယ်၊၊ မနေ့က သမီးတို့ စိတ်ဝိညာဥ်ရေကန်မှာ ကိုယ်လုံးတီးတွေ့ခဲ့ကြလားလို့----”

သူမက အမှန်တစ်ဝက်အမှားတစ်ဝက်ဖြင့် ပြောလိုက်သည်၊၊

ကိုယ်လုံးတီး?---

လျိုးဝူချင်း နှလုံးသာခုန်ပေါက်သွားပြီး အော်လိုက်သည်၊၊

“နင်--- နင်ကဘယ်လိုလုပ် ဒီလိုကိစ္စမျိုး လုပ်မှာလဲ၊၊ နင့်အဖေကို လှည့်စားလို့ရမယ် မထင်နဲ့----”

သူ စိုးရိမ်နေတာ ထင်ရှား၏၊၊

လျိုးချင်းရှန် ရှက်သွေးဖြာသည့် အမူအရာပြလိုက်ပြီး ပြောလိုက်သည်၊၊

“သူမှာ အနန္တစိတ်ဝိညာဥ်အမြစ်ရှိတယ်လေ၊၊ တိမ်စိမ်းဂိုဏ်းအကျိုးအတွက်၊ ပြီးတော့ အဖေအတွက် သူ့ကိုဒီနေရာမှာ ထိန်းထားဖို့ ငါ့ကိုယ်ငါ သူ့ကိုပေးလိုက်တာ----”

ဘုရားရေ---

လျိုဝူချန်း ကမ္ဘာကြီးချာချာလည်သွားသလို ခံစားလိုက်ရပြီး ကြိုးကြာဖြူပေါ်မှ ပြုတ်ကျလုနီးပါးဖြစ်သွား၏၊၊

သူ၏ ချစ်မြန်နိုးရတဲ့သမီးလေးက စိတ်ဝိညာဥ်အမြစ်မရှိသည့်အမှိုက်ကောင်ဆီမှာ သူမ၏သန့်စင်မှုဆုံးရှုံးခဲ့၏၊၊

အနာဂတ်မှာ သူ ဘယ်လိုမျက်နှာပြရတော့မည်နည်း၊၊

ထိုအခိုက်အတန့်၌ လျိုချင်းရှန် ထပ်ပြောလိုက်သည်၊၊

“အဖေ, နင်သာသူကို တပည့်အဖြစ်လက်မခံရင် အဖေ့သမီးလည်း ရွေးစရာမရှိတော့ပဲ သူနဲ့ခိုးရာလိုက်ပြေးရမှာပဲ----”

“အဲ့ဒါဆို သမီးတို့ကိစ္စကို ဖုံးထားဖို့က မဖြစ်နိုင်တော့ဘူးနော်----”

ထိုစကားတွေကို ကြားသည့်အခါ လျိုးဝူချန်း အသက်ရူကျပ်သလို ခံစားလိုက်ရ၏၊၊

မိသားစုရှက်စရာကိစ္စက အပြင်ပေါက်ကြားလို့မရပေ၊၊

ထိုကိစ္စကို လူသိခံမည့်အစား သူက အသေခံလိုက်မည်ပဲဖြစ်သည်၊၊

အထူးသဖြင့် မဟာအကြီးအကဲပဲဖြစ်၏၊၊

မဟုတ်လျှင် မဟာအကြီးအကဲက ထိုကိစ္စကိုအခွင့်အရေးယူပြီး သူ့အား အရည်အချင်းမရှိသည့်ဂိုဏ်းခေါင်းဆောင်ဟု စွပ်စွဲမည်ပဲဖြစ်သည်၊၊

ယခုချိန်၌ တစ်ခုတည်းသော ဖြေရှင်းချက်က ဂျန်ဖန်းကို တပည့်အဖြစ်လက်ခံဖို့ပဲဖြစ်သည်၊၊

ပထမအနေဖြင့် သူ့ကိုမျက်စိအောက်မှာထားပြီး လျို့ဝှက်ချက်မပေါက်ကြားဖို့ တားဆီးရမည်ဖြစ်သည်၊၊

ဒုတိယအနေဖြင့် လျိုဝှက်သာပေါက်ကြားသွားလျှင် သူတို့က စီနီယာအမနှင့် ဂျူနီယာမောင်လေးကြား ခံစားချက်တွေပေါက်ဖွားလာပြီး အတူနေဖို့ ဆုံးဖြတ်လိုက်တာဟု ပြေလို့ရ၏၊၊ ထိုနည်းဖြင့် လူအများ၏ ကောလဟာလတွေကို ငြိမ်သက်စေနိုင်တာပဲဖြစ်သည်၊၊

ခဏအတွင်းမှာပဲ သူက အချက်အလက်များစွာကို စဥ်းစားပြီးပြီဖြစ်သည်၊၊

ထို့ကြောင့် သူ ဂျန်ဖန်းကို ကြည့်လိုက်သည့်အခါ သူအမူအရာတွေက အလွန်ရှုပ်ထွေးနေခဲ့သည်၊၊

နှစ်နှစ်ဆယ်ကြာမြတ်နိုးခဲ့ရသည့် သူ၏ရတနာဂေါဖီထုပ်လေးကို ဝက်တစ်ကောင်ကယူသွားသည့်အတွက် ဒေါသအလွန်ထွက်နေခဲ့သည်၊၊

ထို့ပြင် အရှက်ရစရာကိစ္စပြန့်သွားမည်ကိုလည်း အကူအညီမဲစွာဖြင့် စိုးရိမ်နေခဲ့သည်၊၊

အဆုံးမှာတော့ သူက မကျေနပ်ချက်အားလုးကိုမျိုးသိပ်ပြီး အားတင်းကာ ကျေနပ်သည့်အမူအရာ လုပ်လိုက်သည်၊၊

“ဂျန်ဖန်း, ချင်းရှန်က မင်းကို အထင်ကြီးတယ်---”

“ဒီဂိုဏ်းချုပ်က မင်းကိုယ်မင်း သက်သေပြဖို့ အခွင့်အရေးပေးဖို့ ဆုံးဖြတ်လိုက်တယ်၊၊”

“မင်း ငါ့တပည့်ဖြစ်လာဖို့ ဆန္ဒရှိလား----”

အသိဉာဏ်နည်းနည်းရှိသည့်လူတိုင်း ဂိုဏ်းချုပ်တပည့်နေရာက တောင်ထိပ်သခင်တပည့်ထက် ပိုမြင့်တာကို သိ၏၊၊

သူက မည်သို့တွေဝေမည်နည်း၊၊

အလေးအနက် အရိုအသေပေးလိုက်သည်၊၊

“တပည့်ဂျန်ဖန်း, ဂိုဏ်းသခင်ကို အရိုအသေပေးပါတယ်----”

ဝမ်ဟုန်ယောင် ဒေါသတကြီး ခြေဆောင့်လိုက်သည်၊၊

“ဒါက သက်သက်ညစ်တာပဲ----”

ကျောက်ဝူဂျိလည်း အကူအညီမဲ့မှုတွေနှင့် ပြည့်နှက်နေခဲ့သည်၊၊

“အား, ဂိုဏ်းသခင်ကိုယ်တိုင် ပါလာပြီဆိုမှတော့ ဘယ်လိုလုပ် ယှဥ်ပြိုင်လို့ရတော့မှာလဲ---”

ဖြောင်း! ဖြောင်း! ဖြောင်း!

ထိုအခိုက်အတန့်၌----

တစ်စုံတစ်ယောက် လက်ခုပ်တီးလိုက်သည်၊၊

ထိုသူက မီးခိုးရောင်ဝတ်ရုံကို ဝတ်ထားပြီး ဒေါသမပါပဲ လွမ်းမိုးနိုင်သည့်အရှိန်အဝါကို ထုတ်လွတ်နေ၏၊၊ မျက်လုံးတွေကလည်း လင်းယုန်ငှက်တစ်ကောင်ကဲ့သို့ စူးရှလှ၏၊၊

ထိုသူက တိမ်စိမ်းဂိုဏ်း မဟာအကြီးအကဲ ဖုန်းဂုချန်းမှလွဲပြီး အခြားသူမဟုတ်ပေ၊၊

သူက လှောင်ပြောင်သည့်အပြုံးဖြင့် လက်ခုပ်တီးလိုက်သည်၊၊

“ဂိုဏ်းသခင်ရဲ့အမြင်က တကယ်ကို ထူးခြားတာပဲ၊၊ စိတ်ဝိညာဥ်အမြစ်မရှိတဲ့ လူကို တပည့်လက်ခံလိုက်တယ်၊၊ ငါ မင်းကို တကယ်လေးစားပါတယ်၊၊ တကယ်လေးစားပါတယ်----"

“ဒီလိုတပည့်မျိုးရှိတာ ငါတို့တိမ်စိမ်းဂိုဏ်း အတွက် တကယ်ကံကောင်းတာပဲ---"

သူ၏ ထေ့ငေါ့လှောင်ပြောင်မှုက လျိုဝူချန်းကို အရှက်ရသွားစေခဲ့သည်၊၊

သူက သူ့ကိုယ်သူတည်ငြိမ်အောင်လုပ်ပြီး ပြောလိုက်သည်၊၊

“မဟာအကြီးအကဲ မှားနေပြီ၊၊ စိတ်ဝိညာဥ်အမ်ြစဆိုတာ သိုင်းပညာရှင်တစ်ယောက်ရဲ့ အသွင်းအပြင်တစ်ခုလောက်ပဲ၊၊ ဂျန်ဖန်းမှာ အလားအလာကောင်းတွေ ရှိနေဆဲပါ---”

လျိုချင်းရှန်ကတော့ သူမအဖေလို ကိုယ့်ကိုယ်ကို မထိန်းထားပေ၊၊

သူမက နှာမှုတ်လိုက်၏၊၊

“သေချာတာပေါ့, ငါ့အဖေရဲ့တပည့်က ရှင်လက်လှမ်းမှီတဲ့အရာမဟုတ်ဘူး----”

မဟာအကြီးအကဲ အူလိုက်သည်းလိုက်ရယ်လိုက်သည်၊၊

“ဟုတ်လား? ဒီတစ်ကြိမ် ငါအသစ်လက်ခံလိုက်တဲ့ တပည့်က အဆင့် ၇ စိတ်ဝိညာဥ်အမြစ်နဲ့ပါရမီရှင်ပဲ”

“သူက ဒီစိတ်ဝိညာဥ်အမြစ်မရှိတဲ့ကောင်ထက် နိမ့်ကျတယ်လို့ပြောနေတာလား---”

လျိုချင်းရှန် သူမ၏ လည်တိုင်ကျော့ကျော့လေးကို မော့ကာ ပြောလိုက်သည်၊၊

“ဟုတ်တယ်----”

အကြီးအကဲများစွာ တစ်ယောက်နှင့်တစ်ယောက် စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်သည်၊၊

လျိုချင်းရှန် စိတ်ဝိညာဥ်အမြစ်မရှိသည့် လူတစ်ယောက်ကို ဘာကြောင့် အရမ်းတန်းဖိုးထားနေရလဲ သူတို့နားမလည်နိုင်တော့ပေ၊၊

မဟာအကြီးအကဲဘေး၌ လူငယ်တစ်ယောက် ဓားကိုင်ပြီးရပ်နေခဲ့သည်၊၊ သူ့အကြည့်တွေက အထိန်းအကွပ်မဲ့ပြီး အရှိန်အဝါက ထူးခြားလှ၏၊၊

ထိုအရာကို ကြားသည့်အခါ သူမျက်လုံးထဲ၌ စူးရှရှအလင်းတစ်ချက် ဖြတ်ပြေးသွားသည်၊၊

“စီနီယာအမလျို, ကျွန်တော့်နာမည်က ချောင်ကျန့်ပါ၊၊ အဆင့် ၇ စိတ်ဝိညာဥ်အမြစ်နဲ့---”

သူက မဟာအကြီးအကဲရွေးချယ်ခဲ့သည့် ထိပ်တန်းအဆင့် ပါရမီရှင်ပဲဖြစ်သည်၊၊

သူ၌ အဆင့် ၇ စိတ်ဝိညာဥ်အမြစ်ရှိတာကို သိသည့်အခါ အကြီးအကဲအားလုံး မနာလိုသည့်အမူအရာတွေပြသလာကြသည်၊၊

ချောင်ကျန့် လျိုချင်းရှန်အား နှစ်သက်စွာဖြင့် ကြည့်လိုက်သည်၊၊

“ကျွန်တော် စီနီယာအမကို သဘောကျနေတာ ကြာခဲ့ပါပြီ၊၊ စီနီယာအမက ထူးခြားတဲ့ပါရမီရှင် ဆိုတာလည်း အမြဲကြားပါတယ်----”

“ဒီနေ့မြင်ရတော့ ဒါက အမှန်ဖြစ်နေတာပဲ---”

လျိုချင်းရှန် သူ့ကို တစ်ချက်ကြည့်လိုက်သည်၊၊

အရင်ကသာဆိုလျှင် သူမ ထိုကဲ့သို့ပါရမီရှင်မျိုး မဟာအကြီးအကဲဆီ ရောက်သွားသည့်အတွက် နောင်တရမည်ဖြစ်သည်၊၊

သို့ပေမယ့် ယခုချိန်မှာတော့ ဂျန်ဖန်း ရှိနေပြီဖြစ်၍ အဆင့် ၇ စိတ်ဝိညာဥ်အမြစ်က သူမမျက်လုံးထဲ မတိုးတော့ပေ၊၊

“နင် ဘာပြောချင်လို့လဲ---”

လျိုချင်းရှန် အေးစက်စွာမေးလိုက်သည်၊၊

ချောင်းကျန့် ခပ်ဖွဖွပြုံးလိုက်သည်၊၊

“စီနီယာအမလျိုက ကျွန်တော့်ကို အတော်လေး အထင်သေးတာပဲ၊၊ စိတ်ဝိညာဥ်အမြစ်မရှိတဲ့လူလောက်တောင် မထိုက်တန်ဘူးထင်နေတယ်၊၊ ဂျူနီယာမောင်းလေး မကျေမနပ်ဖြစ်ရပါတယ်----”

“တိုက်တိုက်ဆိုင်ဆိုင်နဲ့ လဝက်နေရင် တပည့်အသစ်တွေ တိမ်စိမ်းဂိုဏ်းဘိုးဘေးတွေကို ဂါရဝပြုရမယ့်နေရောက်ပြီ----"

“ထုံးတမ်းစဥ်လာအရ, တပည့်အသစ်တွေ ဘိုးဘေးရုပ်ထုရှေ့မှာ ယှဥ်ပြိုင်ရလိမ့်မယ်----”

“အဲ့ဒီအချိန်ကျရင် ကျွန်တော် ဂျူနီယာညီလေးဂျန်ဖန်းနဲ့ အနည်းငယ်လက်ရည်ဖလှယ်ချင်ပါတယ်---”

လူတိုင်း ချောင်းကျန့်ကို စိတ်ဝင်စားစွာ ကြည့်လိုက်ကြ၏၊၊

သူ၌ ရည်ရွယ်ချက်အချို့ရှိပုံရ၏၊၊

တကယ်ပဲ ချောင်ကျန့်ပြုံးလိုက်၏၊၊

“ကျွန်တော်သာ အမအထင်ကြီးတဲ့ ဂျန်ဖန်းကို အနိုင်ရရင် စီနီယာအမလျို လရောင်အောင်မှာ ကျွန်တော်နဲ့ ဝိုင်သုံးကွက် သောက်ပေးနိုင်မလား----"

“အဲ့ဒါ ကျွန်တော့်ကို အထင်းသေးလို့ တောင်းပန်တာလို့ယူဆလိုက်မယ်----”

တော်တော်မိုက်ရိုင်းတာပဲ----

သူက လျိုချင်းရှန်ကို လူအများရှေ့မှာ စနောက်ရဲ၏၊၊

မဟာအကြီးအကဲတို့အုပ်စုက ဂိုဏ်းခေါင်းဆောင်ကို အမှန်တကယ် မလေးစားပေ၊၊

အသစ်လက်ခံသည့်တပည့်ကတောင် လူအများရှေ့မှာ ဒီလောက်မိုက်ရိုင်းရဲ၏၊၊

လျိုဝူချန်းမျက်မှောင်ကြုတ်လိုက်ပြီး သူကို ကြိမ်မောင်းဖို့ပြင်လိုက်၏၊၊

သို့ပေမယ့် လျိုချင်းရှန်း နှုတ်ခမ်းအနည်းငယ်ကွေးလိုက်ပြီး အပြုံးတစ်ဝက်ဖြင့် မေးလိုက်သည်၊၊

“ဂျန်ဖန်း နိုင်ရင်ကော----”

All Chapters