နင်ညီမနောက်တစ်ယောက်ရပြီ
Vol. 7 Ch. 95
ဘာ?---
လျိုချင်းရွယ် အမှန်တကယ်ပဲ လောင်းကြေးကိုလက်ခံဖို့ စီစဥ်နေသည်လား----
သူမက ချောင်ကျန့် ကျင့်ကြံရေးအဆင့် ဘယ်လောက်ရှိမှန်းတောင်မသိပေ၊၊
လျိုဝူချန်း အမူအရာလည်း အနည်းငယ်ပြောင်းလဲသွားပြီး တီးတိုးပြောလိုက်သည်၊၊
“ချင်းရှန်, သူတို့အကွက်ထဲကျမသွားနဲ့---”
တပည့်အသစ်တစ်ယောက်က ဂိုဏ်းသခင်သမီးကို စနောက်ဖို့ ဘယ်လိုလုပ် သတ္တိရှိမည်နည်း၊၊
ထိုအရာက ဂိုဏ်းသခင်တောင်ထိပ်မျက်နှာ ဖြတ်ရိုက်ဖို့ မဟာအကြီးအကဲ၏ လှုံ့ဆော်မှုဆိုတာ သိသာ၏၊၊
သို့ပေမယ့် လျိုချင်းရှန် ဂျန်ဖန်းနှင့်ပတ်သက်ပြီး အလွန်ယုံကြည်မှုရှိနေပြီး တီးတိုးပြောလိုက်သည်၊၊
“အဖေ, ဒါက သူတို့ကို ပြန်လက်စားချေဖို့ အခွင့်အရေးပဲ----”
“မဟာအကြီးအကဲက ဒီအဆင့် ၇ စိတ်ဝိညာဥ်အမြစ်ကို ဂုဏ်ယူနေတာလေ---”
“ဒါဆိုရင် ငါတို့က သူဂုဏ်အယူရဆုံးပြိုင်ပွဲမှာ သူကို အပြင်းအထန်အနိုင်ယူပြလိုက်မယ်လေ----”
ပြောပြီးနောက်---
သူမက ချောင်းကျန့်ကို တဖန် ပြန်ကြည့်လိုက်သည်၊၊
“ငါနင့်ကိုမေးနေတယ်, နင်ရှုံးရင်ကောလို့---”
ချောင်းကျန့်ပြုံးပြီး ပြောလိုက်သည်၊၊
“စီနီယာအမလျို, မင်းက ငါ့ကို ခုထိနားမလည်သေးဘူးထင်တယ်----”
သူက ဖြည်ဖြည်းချင်း သူ၏ စိတ်ဝိညာဥ်စွမ်းအင်ကို ထုတ်ဖော်လိုက်သည်၊၊
ထိုအရာ၏သန့်စင်မှုက ရှိနေသည့်အကြီးအကဲတွေကို အကြီးအကျယ် အံ့အားသင့်သွားစေခဲ့သည်၊၊
“အခြေခံတည်ဆောက်ခြင်းအဆင့် ၄---”
“ဒါက အဆင့် ၇ စိတ်ဝိညာဥ်အမြစ်ဆိုတာ မအံ့သြတော့ပါဘူး၊၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ကျင့်ကြံရေးက ဒီအဆင့်ကို ရောက်နေပြီ----”
“သူက အတိတ်က လျိုချင်းရှန်ထက်လုံးဝ မနိမ့်ကျဘူး----”
လီချင်ဖုန်းတောင် မနာလိုသည့်အမူအရာ ပြသလာခဲ့သည်၊၊
“ရှုရို့ရန်သာ ချောင်မိသားစုလို နောက်ခံရှိရင် သူမက ချောင်ကျန့်ထက် နိမ့်ကျမှာမဟုတ်ဘူး၊၊ ငါ ဒါကို သေချာပေါက်ပြောရဲတယ်----”
“ဘယ်လောက်နှမြောစရာကောင်းလိုက်လဲ---"
လျိုဝူချန်းလည်း အနည်းငယ်အံ့အားသင့်သွားခဲ့သည်၊၊
ထိုအရာက လျိုချင်းရှန်ကိုယ့်ကိုယ်ကို အရှက်ခွဲတာဟု သူခံစားရ၏၊၊
သူတို့ကြားမှာ နယ်ပယ်တစ်ခု ကွားခြားရုံသာမက ဂျန်ဖန်းက ချောင်းမိသားစု နောက်ခံနှင့် မယှဥ်နိုင်ပေ၊၊
ချောင်ကျန့်၏ ကျင့်ကြံရေးနည်းလမ်းတွေက ဂျန်ဖန်းထက် များစွာသာမည်ပဲဖြစ်သည်၊၊
လဝက်အတွင်း သူတို့ပြိုင်ပွဲရလဒ်က စဥ်းစားစရာမလိုပဲ ခန့်မှန်းလို့ရ၏၊၊
သို့ပေမယ့် လျိုချင်းရှန်က ရွတ်ရွတ်နောက်နောက် အမူအရာတစ်ခု ပြသလာ၏၊၊
“နဂါးလမ်းကြောင်းမှာ နင်ဘယ်အဆင့် ရောက်ခဲ့လဲ----”
ချောင်းကျန့် ဂုဏ်ယူစွာ ကြွားလုံးထုတ်လိုက်၏၊၊
“၁၂ လွာ---”
“အဲ့ဒီပြိုင်ဘက်ကင်းပါရမီရှင်ပြီးရင် ဒုတိယပဲ----”
ထိုစကားတွေကြောင့် ရှိနေသည့်အကြီးအကဲတွေ အံ့အားသင့်သည့်အမူအရာတွေ ဖြစ်သွားကြသည်၊၊
၁၃ လွာကိုရောက်သည့် ပြိုင်ဘက်ကင်းပါရမီရှင်ကို သူတို့က အချိန်တော်အကြာကတည်းက ကြားဖူး၏၊၊
ဤကဲ့သို့ပုဂ္ဂိုလ်တစ်ဦးက အနာဂတ်မှာ ထင်ရှားလာမှာ အသေအချာပဲဖြစ်သည်၊၊
မမျှော်လင့်စွာနှင့် ချောင်ကျန့်က သူပြီးရင် ဒုတိယဖြစ်၏၊၊
လျိုချင်းရှန်နှုတ်ခမ်းပေါ်၌ ခန့်မှန်းမရသည့် အေးစက်စက်အပြုံးတစ်ခု ခပ်ရေးရေးပေါ်လာ၏၊၊
“အတော်လေး အထင်ကြီးစရာကောင်းတာပဲ----”
“အခု, ငါ့မေးခွန်းကို ဖြေလို့ရပြီလား---”
“နင်ရှုံးရင်ကောဘယ်လိုလဲလို့----”
ချောင်ကျန့် မျက်မှောင်ကြုတ်သွားပြီးအနည်းငယ် ဒေါသထွက်လာခဲ့သည်၊၊
သူက ဤကဲ့သို့ ထူးခြားသည့်ခွန်အားကို ပြသပြီးတာတောင် လျိုချင်းရှန်က သူရှုံးမည်ထင်နေတုန်းဖြစ်သည်၊၊
ထို့ပြင် စိတ်ဝိညာဥ်အမြစ်မရှိသည့် အမှိုက်ကောင်ကို ရှုံးနိမ့်မည်ထင်နေတာဖြစ်သည်၊၊
သူက ခပ်ဖွဖွ နှာမှုတ်လိုက်၏၊၊
“ငါရှုံးရင်, ပြန်လည်မွေးဖွားခြင်းတောင်ထိပ်ကထွက်ပြီး ဂိုဏ်းသခင်တောင်ထိပ်ကို ဝင်မယ်----”
လျိုဝူချန်းမျက်လုံးတွေ တောက်ပသွားခဲ့သည်၊၊
သို့ပေမယ့် ချက်ချင်းပဲ မှန်ကျသွားခဲ့သည်၊၊
သူက ဤအဆင့် ၇ စိတ်ဝိညာဥ်အမြစ်ကို တန်ဖိုးထားပေမယ့် ကံမကောင်းစွာနှင့် ဂျန်ဖန်း၌ အနိုင်ရဖို့ အခွင့်အရေးမရပေ၊၊
လျိုချင်းရှန် အနည်းငယ်ပြုံးလိုက်သည်၊၊
“သဘောတူတယ်----”
“နင် ပြန်လည်မွေးဖွားခြင်းတောင်ထိပ်က ထွက်လာတာကို စောင့်နေမယ်---”
ဂျန်ဖန်း အတော်လေး စိတ်ရှုပ်နေခဲ့သည်၊၊
သူက လက်မြောက်လိုက်၏၊၊
“အမ်, စီနီယာအမ, ကျွန်တော့်သဘောထားကို အရင်မမေးတော့ဘူးလား----“
အနည်းဆုံးတော့ လောင်ကြေးက ပြိုင်ပွဲဝင်နှစ်ယောက်သာ ဆုံးဖြတ်သင့်၏၊၊
သူက မဆီမဆိုင် မဟာအကြီးအကဲတပည့်နှင့် ပြဿနာတက်သွားရ၏၊၊
ထိုအရာကြောင့် အနာဂတ်မှာ ပြဿနာ မဖြစ်ဘူးလား----
လျိုချင်းရှန် သူ့ဆီကို ချိုမြိန်သည့်အပြုံးဖြင့် လျှောက်လာပြီး သူ့နားနားကပ်ကာ တီးတိုးပြောလိုက်သည်၊၊
“မင်းက စီနီယာအမရဲ့ ခန္ဓာကိုယ်ကို အလားကားကြည့်ချင်တာလား----”
ဂျန်ဖန်းမျက်နှာနီရဲသွားပြီး ရေရွတ်လိုက်သည်၊၊
“ကျွန်တော်ဘာမှမမြင်လိုက်ရပါဘူး၊၊ တကယ်ပါ---”
စိတ်ဝိညာဥ်ရေကန်၌ မြူခိုးတွေ အရမ်းထူသည့်အတွက် သူက ဝိုးတဝါးပုံရိပ်တစ်ခုသာမြင်လိုက်ရတာဖြစ်သည်၊၊
လျိုချင်းရှန် သူ၏နီရဲနေသည့်မျက်နှာကို သတိထားမိပြီး မျက်တောင်ပုတ်ခပ်ပုတ်ခပ် လုပ်လိုက်သည်၊၊
“တကယ်လား, မင်းရှက်နေတာလား---”
ဂျန်ဖန်း သူမကို သည်းမခံနိုင်တော့ပဲ နောက်ဆုတ်လိုက်ပြီး ပြောလိုက်သည်၊၊
“ငါ သဘောတူတယ်---”
“စိတ်ဝိညာဥ်ရေကန်ကကိစ္စကို နောက်တစ်ကြိမ်မပြောနဲ့တော့----"
လျိုးချင်းရှန် သူမပါးစပ်ကိုကာလိုက်ပြီး ပေါ့ပါးစွာရယ်လိုက်၏၊၊ သူမက ဂျန်ဖန်းဟာ ပိုပြီး စိတ်ဝင်စားစရာကောင်းတာကို တွေ့လိုက်၏၊၊
ထိုအရာက သူက ရိုးသားသည့်ကောင်ငယ်လေး ဖြစ်နေတုန်းပဲဖြစ်သည်၊၊
သူမက သူ့ကို ထပ်မစချင်တော့၍ အမှန်တရားကိုပြောလိုက်သည်၊၊
“မင်းကို နှစ်ယောက်ချင်းတိုက်ခိုက်ခိုင်းရတာ မင်းကောင်းဖို့အတွက်ပါ---”
“ဘိုးဘေးဝတ်ပြုပွဲမှာ အထူးချွန်ဆုံးတပည့်ကို ရွေးပြီး တိမ်စိမ်းဂိုဏ်က ဆုချတယ်---”
“အဲ့ဆုက သိုင်းကျမ်းခန်းမကိုဝင်ရောက်ပြီး ကျင့်ကြံရေးနည်းလမ်းတစ်ခုရွေးရတာပဲ---”
ဘာ?----
ဤကဲ့သို့အကျိးကျေးဇူးမျိုးလည်း ရှိသေးသည်လား----
သူက အမြဲတမ်း သူ့ဓားသိုင်းကို အဆင့်မြင့်တစ်ခုနှင့် အစားထိုးချင်နေခဲ့ပေမယ့် ဘယ်သောအခါမှ အခွင့်အရေးမရခဲ့ပေ၊၊
ဂျန်ဖန်း ပြုံးလိုက်သည်၊၊
“ကောင်းပြီလေ, ငါ ဒီစိန်ခေါ်မှုကိုလက်ခံတယ်----”
ချောင်ကျန့် အလွန်နီးစပ်နေသည့် သူတို့နှစ်ယောက်ကိုကြည့်ပြီး မျက်လုံးထဲမှာ မနာလိုသည့်အရိပ်အယောာင်တွေပေါ်လာခဲ့သည်၊၊
သူက ဂျန်ဖန်းကို အဝေးမှကြည့်လိုက်ပြီး ပြောလိုက်သည်၊၊
“လဝက်နေရင် ငါတို့ ယှဥ်ပြိုင်ကြမယ်---”
“မင်း အရမ်းမြန်မြန်ကြီးမရှုံးဖို့ မျှော်လင့်ပါတယ်----”
သူက ဂျန်ဖန်းကို လျိုချင်းရှန်ရှေ့၌ အပြင်းအထန်သင်ခန်းစာ ပေးမည်ဟု စိတ်ထဲမှာ ကျိန်ဆိုလိုက်၏၊၊
သူမဤလောက်သဘောကျသည့်လူအား ခွေးတစ်ကောင်ကဲ့သို့ရိုက်မည်ကို လျိုချင်ရှန်အား သူမကိုယ်တိုင် ကြည့်ခိုင်းမည်ပဲဖြစ်သည်၊၊
ခဏကြာသည့်အခါ----
အကြီးအကဲတွေနှင့် တပည့်တွေ တဖြည်းဖြည်း ထွက်ခွာသွားခဲ့သည်၊၊
ဂျန်ဖန် ရှုရို့ရန်နှင့် ချန်းစီလင်တို့ကို နှုတ်ဆက်ပြီး လျိုးဝူချန်းနောက်မှ ဂိုဏ်းသခင်တောင်ထိပ်သို့ လိုက်လာခဲ့သည်၊၊
ရှုရို့ရန်ထွက်ခွာသွားသည့်ဂျန်ဖန်းကိုကြည့်လိုက်၏၊၊ ထို့နောက် လျိုချင်းရှန်၏ ခရမ်းရောင်ပုံရိပ်ကိုတစ်ချက်ကြည့်ပြီး အကူအညီမဲ့စွာ သက်ပြင်းချလိုက်သည်၊၊
“စီလင်, နင်တော့ ညီမလေးတစ်ယောက် ရတော့မယ်---”
ချန်းစီလင် မချိပြုံးပြုံးလိုက်ပြီး သူမလည်းနားလည်၏၊၊
“ဂိုဏ်းသခင်သမီးကြည့်ရတာ ဂျန်ဖန်းကို အတော်လေး စိတ်ဝင်စားနေပုံပဲ---”
ရှုရို့ရန် သူမနားထင်ကိုသပ်လိုက်ပြီး ပြောလိုက်သည်၊၊
“နင်တို့နှစ်ယောက်ဘယ်လိုအမြင်တွေရှိလို့ ဂျန်ဖန်းကို အရမ်းစွဲလမ်းနေရတာလဲ---”
“သူ့မှာ ဘာကောင်းတာရှိလဲ ငါတကယ်မသိတော့ဘူး----”
သူမ ဂျန်ဖန်းကို ချစ်ရသည့်အကြောင်းပြချက်က သူတို့၏ ဆယ်နှစ်တာသံယောဇဥ်ကြောင့်ဖြစ်ပြီး ဂျန်ဖန်း သူမကို အရမ်းချစ်ပြီး ဂရုစိုက်လို့ပဲဖြစ်သည်၊၊
သို့ပေမယ့် ချန်းစီလင်က ဂျန်ဖန်းကို ရုတ်တရက်ကြီး ဘာကြောင့် ချစ်သွားရသနည်း၊၊
ထို့ပြင် ကိုယ်လုပ်တော်တစ်ယောက်ဖြစ်ဖို့တောင် ဆန္ဒရှိနေ၏၊၊
ထိုအရာက အဆင်ပြေသေး၏၊၊ ချန်းစီလင်နှင့် ချန်မိသားစု အခြေအနေက တွန်းအားပေးလို့ သဘောတူခဲ့ရတယ်လို့ ပြောလို့ရသေး၏၊၊
သို့ပေမယ့် တိမ်စိမ်းဂိုဏ်းခေါင်းဆောင်သမီးလည်း ဂျန်ဖန်းကို ချစ်နေ၏၊၊ မိန်းမနှစ်ယောက်ရှိပြီးသားလူကိုဖြစ်၏၊၊
ထိုအရာက သူမကို ပဟေဠိဖြစ်စေ၏၊၊
ချန်းစီလင် ခါးသီးစွာသာ ပြုံးနိုင်၏၊၊
သူမအမြင်၌ လျိုချင်းရှန်က သူမကိုယ်သူမ နိမ့်ကျအောင်လုပ်နေတာမဟုတ်ပေ၊၊
ထိုအစား မသိစိတ်အရ ဧရာမအထောက်အပံ့ကြီးကို တွယ်တက်နေတာဖြစ်သည်၊၊
ဂိုဏ်းသခင်တောင်ထိပ်၌----
လျိုဝူချန်း စိတ်အခြေအနေမကောင်းစွာဖြင့် ပြန်ရောက်လာခဲ့သည်၊၊
“ဂျန်ဖန်း, မင်းက အခုစပြီး ငါ့တပည့်ဖြစ်သွားပြီဆိုတော့ သိုင်းပညာလမ်းကြောင်းမှာပဲ အာရုံစိုက်ထားပါ၊၊ တောင်ထိပ်မှာပဲ ကျင့်ကြံပီး အပြင်သိပ်မထွက်နဲ့၊၊ ပြီးတော့ တောင်ထိပ်နဲ့ပတ်သက်ပြီး မကောင်းသတင်းတွေလည်း မဖြန့်နဲ့၊၊ နားလည်လား---"
ဂျန်ဖန်း ဘာပြောရမှန်းမသိဖြစ်သွားသည်၊၊
သူက မကောင်းသတင်းဖြန့်ချင်လျှင်တောင် ဖြန့်ဖို့ ကောလဟာလအချို့သိဖို့လိုအပ်၏၊၊
ယခုမှရောက်တာ သူက ကောလဟာလ ဘယ်နေရာကရမည်နည်း၊၊
ဤကဲ့သို့သတိပေးတာ ကျိုးကြောင်းမဆီလျော်ပေမယ့် သူက နှိမ့်ချစွာနားထောင်နေခဲ့၏၊၊
“ကောင်းပါပြီး, ဆရာ----”
လျိုဝူချန်း သူ့သဘောထားကို အတော်အတန်သင့် သဘောကျသွားပြီး ပစ္စည်းအချို့ပေးလိုက်သည်၊၊
“ဒါတွေက မင်းရဲ့ ဒီလအတွက်အရင်းအမြစ်ပဲ၊၊ အဆင့်နိမ့် အခြေခံတည်ဆောက်ခြင်းဆေးပုလင်း တစ်ပုလင်းနဲ့ သလင်းကျောက် တစ်ရာ---”
“ဒါက မင်းနေရမဲ့ဂူအိမ်တော်ရဲ့ သော့----”
“ဒါ့အပြင်, မနက်ဖြန်ကစပြီး မင်း ပျားရည်စုဆောင်းတဲ့တာဝန်လုပ်ရမယ်---”
ပထမအပိုင်းကြားသည့်အခါ လျိုချင်းရှန် သာမန်ပဲဖြစ်သည်၊၊
သို့ပေမယ့် ဂျန်ဖန်း ပျားရည်စုဆောင်းရမည်ဟုကြားသည့်အခါ လျိုချင်းရှန် ကန့်ကွက်လိုက်၏၊၊
“အဖေ, ဂျန်ဖန်းက ခုမှရောက်တာကို နင်က ပျားရည်စုဆောင်းခိုင်းနေတာလား---”
“အဲ့ဒီ ဝံပုလွေခေါင်းပျားတွေက အရမ်းကြမ်းကြုတ်ပြီး မြင်းသမျှလိုက်တုတ်တာ၊၊ ပြီးတော့ အဲ့ဒါက မခံမရပ်နိုင်အောင် နာတယ်---“
“သူမှာ လုံးဝအတွေ့အကြုံမရှိသေးတာကို နင်က သွားခိုင်းနေတာလား----”
“ဒါက ကလဲ့စားချေ အပြစ်ပေးနေတာပဲ----”
ဝံပုလွေခေါင်းပျား?---
ဂျန်ဖန်း မသေမျိုးဆေးစာအုပ်ထဲမှာဖတ်ဖူး၏၊၊ ထိုအရာက တန်းဖိုးကြီး ပျားတစ်မျိုးဖြစ်ပြီး သူတို့ထုတ်လုပ်သည့် ပျားရည်က ထူးခြားတဲ့ စိတ်ဝိညာဥ်စွမ်းအင် ပါဝင်၏၊၊ အဆင့်မြင့်ကျင့်ကြံသူတွေတောင် ထိုအရာကို မြည်စမ်းဖို့ အခွင့်အရေးနည်း၏၊၊
သို့ပေမယ့် လျိုချင်းရှန်ပြောသကဲ့သို့ ဝံပုလွေခေါင်းပျားတွေက အတော်လေး အန္တရာယ်များ၏၊၊
အတွေ့အကြုံမရှိလျှင် ခေါင်းအပြည့် အတုတ်ခံရပြီး နာကျင်စွာအော်နေရမည်ပဲဖြစ်သည်၊၊
ကံကောင်းစွာဖြင့် မသေမျိုးဆေးစာအုပ်၌ ဝံပုလွေခေါင်းပျားတွေကို အလွယ်တကူကိုင်တွယ်နိုင်မည့် ဆေးတစ်မျိုးအကြောင်းဖော်ပြထား၏၊၊
လျိုဝူချန်းမျက်နှာ တင်းမာသွားခဲ့သည်၊၊
“ဒီတောင်ထိပ်က တပည့်တိုင်းမှာ တာဝန်ကိုယ်စီရှိတယ်၊၊ ဂျန်ဖန်းလည်း ချွင်းချက်မဟုတ်ဘူး----”
“သူက ပျားရည်စုဆောင်းရုံတင်မဟုတ်ဘူး၊၊ သုံးရက်အတွင်း တစ်ပေါင်ရအောင် စုဆောင်းရမှာ----”
“သတ်မှတ်ထားတဲ့ပမာဏမပြည့်ရင် အပြစ်ပေးခံရမယ်----”
“နားလည်လား, ဂျန်ဖန်း----”
လျိုချင်းရှန် ဂျန်ဖန်းအတွက်တိုက်ခိုက်ဖို့ အသင့်ဖြစ်နေခဲ့သည်၊၊
“စီနီယာအမ, ငါ အဆင်ပြေပါတယ်---”
ဂျန်ဖန်းပြောလိုက်သည်၊၊
“ဆရာ့ရဲ့စမ်းသပ်မှုကို အောင်မယ်လို့ ငါသေချာပါတယ်----”
လျိုဝူချန်း ခေါင်းညိတ်လိုက်၏၊၊
“စုဆောင်းပြီးရင် မင်းရဲ့စီနီယာအကိုက အဆင့်သတ်မှတ်ပေးလိမ့်မယ်----”
“နောက်ဆုံးနေရာရပြီး အခြားစီနီယာအကိုတွေနဲ့ စီနီယာအမတွေကို ရယ်စရာမဖြစ်စေနဲ့---”
တပည့်တိုင်း၌ တာဝန်အသီးသီးရှိပြီး ပြီးစီသွားလျှင် စီနီယာအကိုတွေက အဆင့်သတ်မှတ်ပေးကြ၏၊၊
ထိုအရာက တောင်ထိပ်တပည့်တွေကြား ပြိုင်ဆိုင်မှုပုံစံတစ်ခုလည်းဖြစ်သည်၊၊
ဂျန်ဖန်း မျက်လုံးတွေ တောက်ပသွားခဲ့သည်၊၊
“ကျွန်တော် အဆင့်မြင့်ရရင်ကော---
လျိုဝူချင်း ဒေါသတကြီးရယ်လိုက်သည်၊၊
ခုမှရောက်တာဖြစ်ပြီး အခြားစီနီယာအကို၊ အမတွေကို ကျော်တက်ချင်နေသည်တဲ့လား----
“မင်းသာ ထိပ်ဆုံးသုံးယောက်ဝင်ရင် မင်းစုဆောင်းတဲ့ပျားရည်ရဲ့ တစ်ဝက်ရမယ်----”
တစ်ဝက်?----
ဂျန်ဖန်း တိတ်တဆိတ်ပျော်ရွင်သွားခဲ့သည်၊၊
“ဟုတ်ကဲ့, ဆရာ----”