ခန္ဓာသန့်စင်ခြင်း-အသေးစားအောင်မြင်မှု
Vol. 7 Ch. 96
ဂိုဏ်းသခင်တောင်ထိပ် တောင်ဘက်ခြမ်း၌---
ဂိုဏ်းသခင်ခန်းမနှင့်အလှမ်းဝေးသော ချောက်ကမ်းပါးအနီးရှိ သီးသန့်ခြံဝန်းတစ်ခု----
“ဒါက အခုကစပြီး နင်နေရမယ့်နေရာပဲ----”
လျိုချင်းရှန် ခြံဝန်းဂိတ်တံခါးကို သော့ဖြင့်ဖွင့်လိုက်ပြီး အမူအရာက မကျေမနပ်ဖြစ်နေခဲ့သည်၊၊
“ငါ့အဖေကနင့်ကိုခက်ခဲအောင်လုပ်နေတာပဲ----”
“အန္တရာယ်အများဆုံးတာဝန်ပေးရုံမကဘူး, အဝေးဆုံးနေအိမ်ပါပေးတယ်----"
တစ်ဖက်မှာတော့ ဂျန်ဖန်းက ဤနေရာကို အမှန်တကယ် သဘောကျနေခဲ့သည်၊၊
အခြားစီနီယာအကိုတွေ အမတွေ၏ နေအိမ်က တစ်စုတစ်ဝေးတည်းဖြစ်နေပြီး တစ်ခုနှင့်တစ်ခုနီးနီးကပ်ကပ် ဆောက်ထား၏၊၊
အမှန်တကယ်ပဲ ထိုအရာက သက်ဝင်လှုပ်ရှားမှုရှိ၏၊၊
သို့ပေမယ့် ဂျန်ဖန်းက ဆေးဖော်ခြင်း၊ ဆေးသန့်စင်ခြင်း၊ ခန္ဓာသန့်စင်ခြင်း စတဲ့အရာတွေအတွက် သီးသန့်နေရာတစ်ခု လိုအပ်တာဖြစ်သည်၊၊
“စိတ်ပူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာအမ၊၊ ဒါပေမယ့် ကျွန်တော် ဒီနေရာကို အတော်လေး သဘောကျပါတယ်----”
“တာဝန်အတွက်ကတော့, မစိုးရိမ်ပါနဲ့၊၊ ကျွန်တော်ဆရာ့ကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး----"
ဂျန်ဖန်း၏ စောတကမတက်ပဲ ကောင်းမွန်သည့်သဘောထားကြောင့် လျိုချင်းရှန်အတော်လေး အပြစ်ရှိသလိုခံစားလိုက်ရသည်၊၊
သူမအတင်းအကျပ်တောင်းဆိုခဲ့သည့်အတွက် သူမအဖေက တပည့်အဖြစ်လက်ခံခဲ့တာဖြစ်သည်၊၊ ထို့ကြောင့် ဂျန်ဖန်း ခက်ခဲ့သည့်အခြေအနေ ရောက်နေတာဖြစ်သည်၊၊
သူမက ဂျန်ဖန်းပုခုံးကိုပုတ်လိုက်၏၊၊
“တာဝန်ကိစ္စကို ငါနည်းလမ်းစဥ်းစားလိုက်ပါ့မယ်----”
“ငါ့အဖေနင့်ကို အမြင်သစ်နဲ့ကြည့်လာအောင် ငါတို့ ပြုလုပ်ရမယ်----"
ဂျန်ဖန်း ပြုံးလိုက်သည်၊၊
လျိုချင်းရှန်ထွက်သွားပြီးနောက် သူက တံခါးကိုချက်ချင်းပိတ်လိုက်သည်၊၊ ထို့ပြင် သေချာအောင်လို့ တံခါးနှင့် ပြတင်းပေါက်တွေ၌ တင်းကြပ်သည့် အစီအစဥ်တစ်ခုပြုလုပ်လိုက်၏၊၊
ထိုမှသာ အပြင်လူတွေ ဝင်ရောက်ဖို့နှင့် ချောင်းကြည့်ဖို့ ခက်ခဲမည်ဖြစ်ပြီး သူ့ကို စိတ်အေးစေမည်ဖြစ်သည်၊၊
ထို့နောက် ကျားရိုင်းဆေးလုံးပါဝင်ပစ္စည်းတွေကို ချက်ချင်း ထုတ်ယူကာ နေရာမှာပဲ ဆေးဖော်တော့၏၊၊
တစ်နာရီကြာပြီးနောက်----
နှင်းဆီနံ့သင်းသင်းလေးပါသည့်ဆေးရနံ့တစ်ခု ဆေးမီးဖိုမှထွက်ပေါ်လာသည့်အခါ ကျားရိုင်းဆေးလုံး ဖော်စပ်ပြီးပြီးဆိုတာ ဂျန်ဖန်းသိလိုက်၏၊၊
ဆေးမီးဖိုဖုံးဖွင့်လိုက်သည့်အခါ ကျာအစင်းတွေကဲ့သို့ လိမ္မော်ရောင်မျက်နှာပြင်ပေါ်၌ အဖြူစင်းတွေရှိသည့် ဆေးလုံးများစွာကို တွေ့လိုက်ရသည်၊၊
“ကျားရိုင်းဆေးလုံးလို့ ခေါ်တာ မအံ့သြတော့ပါဘူး----"
ဂျန်ဖန်း ၎င်းတို့ကိုယူလိုက်၏၊၊ ထို့နောက် သံမဏိသွေးစစ်မှန်ကျမ်းမိတ္တူကို ထုတ်ယူကာ စတင်နားလည်ဆင်ခြင်တော့၏၊၊
ခန္ဓာသန့်စင်နည်းလမ်းနှင့် ကျင့်ကြံရေးနည်းလမ်းက အခြေခံအားဖြင့် မတူပေ၊၊
ခန္ဓာသန့်စင်နည်းလမ်းက ဒန်တန်၊ သွေးကြောတွေကိုအသုံးမပြုပဲ ခန္ဓာကိုယ်၏ ကြွက်သားနှင့် အရိုးတွေကို အသုံးပြုတာကာ စွမ်းအင်ထုတ်လွတ်တာ ဖြစ်သည်၊၊
ပထမအဆင့်ကို အကြမ်းဖျင်းနားလည်ပြီးနောက် သူက စတင်ကျင့်ကြံလိုက်၏၊၊
ပထမဦးစွာ သူက ခရမ်းဓားကိုခက်ခက်ခဲခဲ ထုတ်ယူပြီး အသက်ရူသုံးရှိုက်စာအတွင်း ဓားချက်တစ်ခု ထုတ်ဖော်လိုက်၏၊၊
“ပထမအဆင့်ကိုကြင့်ကြံပြီးရင် ဒါကို ပိုပြီး လွယ်လွယ်ကူကူ လုပ်နိုင်မလား သိချင်မိတယ်----”
ထို့နောက် သူက ကျားရိုင်းဆေးတစ်လုံး သောက်လိုက်ပြီး သံမဏိသွေးစစ်မှန်ကျမ်းကို စတင်ကျင့်ကြံတော့၏၊၊
ဆေးလုံးမျိုချပြီးနောက် သူ့ဝမ်းဗိုက်၌ လောင်ကျွမ်းနေသည့်နာကျင်မှုကို ချက်ချင်းခံစားလိုက်ရ၏၊၊
ထိုအရာက ဆေးလုံးအာနိသင် စတင်နေပြီ ဖြစ်ကြောင်းသူသိ၏၊၊
ချက်ချင်းပဲ သံမဏိသွေးစစ်မှန်ကျမ်း နည်းလမ်းအတိုင်း ဆေးစွမ်းအားကို အရိုးတွေနှင့် ကြွက်သားတွေဆီ စိမ့်ဝင်စေရန်လမ်းညွှန်လိုက်၏၊၊
ထိုအခါ သူ့ဝမ်းဗိုက်က နာကျင်မှုက သက်သာသွားပြီး ခန္ဓာကိုယ်တစ်လျှောက် ပူလောင်မှုက အစားထိုဝင်ရောက်လာခဲ့သည်၊၊
သို့ပေမယ့် ဤအရာက ခန္ဓာသန့်စင်နည်းလမ်း၏ အဓိကအချက်ပဲ ဖြစ်သည်၊၊
သူက နာကျင်မှုကိုတောင့်ခံကာ ဆေးစွမ်းအင်တွေကိုလမ်းညွှန်၍ ခန္ဓာကိုယ်ကို ထပ်ခါထပ်ခါ သန့်စင်နေခဲ့သည်၊၊
နောက်ဆုံး၌---
နေ့တစ်ဝက်ကြာပြီးနောက်, နံစော်စေးကပ်သည့် မီးခိုညိုရောင်အညစ်အကြေးလွာတစ်ခု သူ့အရေပြားပေါ်၌ ပေါ်လာခဲ့သည်၊၊
“ပထမအဆင့် ကြေးနီအရေပြားသံမဏိအရိုးရဲ့ စဦးအောင်မြင်မှုလက္ခဏာက ခန္ဓာကိုယ်ရဲ့ မသန့်စင်မှုတွေကို ကနဦး ဖယ်ထုတ်ပစ်တာပဲ---”
ဂျန်ဖန်းမျက်နှာက ပျော်ရွင်ဝင်းလက် သွားခဲ့သည်၊၊
“ဟ-- ဟ-- ဧရာမဂိုဏ်းမှာ တစ်ယောက်မှ မကျင့်ကြံနိုင်တဲ့ သံမဏိသွေးစစ်မှန်ကျမ်း---- ငါက ပထမအဆင့် ကြေးနီအရေပြားသံမဏိအရိုးကို အောင်မြင်သွားပြီကွ---”
သူက ချက်ချင်းပဲ ခရမ်းဓားကိုဆုပ်ကိုင်ကာ ဓားချက်ထုတ်ဖော်ဖို့ ကြိုးစားလိုက်၏၊၊
အနည်းငယ်ကို့ရို့ကားယားဖြစ်နေဆဲ ဖြစ်သော်လည်း အသက်ရှုတစ်ရှိုက်စာသာ ကြာတော့၏၊၊
“ဒါ တကယ်အလုပ်ဖြစ်သားပဲ---”
ဂျန်ဖန်း ချက်ချင်းပဲ ကြယ်ခုနှစ်စင်းဓားသိုင်းကို စတင်လေ့ကျင့်ကြံလိုက်၏၊၊
နောက်ဆုံးမှာတော့ ဓားသိုင်းတစ်ခုလုံးကို အရင်ကကဲ့သို့ မရုန်းကန်ရပဲ လုပ်ဆောင်နိုင်ရုံလေး လုပ်ဆောင်နိုင်ခဲ့၏၊၊
“ဂျူနီယာညီလေးဂျန်----”
ထိုအခိုက်အတန့်၌ တံခါးအပြင်ကနေ သူစိမ်းတစ်ယောက်အသံ ထွက်ပေါ်လာ၏၊၊
ဂျန်ဖန်း ခရမ်းဓားကိုအဝတ်စဖြင့် ပြန်ပတ်လိုက်ပြီး ခန္ဓာကိုယ်ပေါ်က အညစ်အကြေးတွေကို သုတ်လိုက်သည်၊၊ ထို့နောက် အပြင်ဘက်ကိုကြည့်ဖို့ တံခါးဖွင့်လိုက်၏၊၊
ထိုအရာက ဂိုဏ်းသခင်တောင်ထိပ်ဝတ်စုံ ဝတ်ဆင်ထားသည့် ဝဝတုတ်တုတ် တပည့်တစ်ယောက်ဖြစ်၏၊၊
“ဂျူနီယာညီလေးဂျန်, ဆရာက မင်းကို ထမင်းစားခန်းကို ခေါ်ခိုင်းလိုက်တယ်----”
ဂွီး!
ဂျန်ဖန်းမနက်တည်းက ဘာမှမစားရသေး၍ သူ့အစာအိမ်က ဆန္ဒပြသံတွေထွက်ပေါ်နေပြီဖြစ်သည်၊၊
“အသိပေးတဲ့အတွက် ကျေးဇူးပါ စီနီယာအကို၊၊ ငါ ခနနေရင်လာခဲ့လိုက်ပါ့မယ်---”
သူက အခန်းထဲကိုပြန်သွားလိုက်ပြီးရေချိုးကာ အဝတ်စားအသစ်လဲလိုက်၏၊၊ ထို့နောက် ထမင်းစားခန်းကို ထွက်လာခဲ့၏၊၊
အထဲ၌ တပည့် ၂၀လောက် ရောက်နှင့်နေပြီဖြစ်သည်၊၊
ဂျန်ဖန်းဝင်လာသည့်အခါ စူးစမ်းသည့်မျက်လုံးတွေက သူ့ဆီကို ရောက်လာခဲ့သည်၊၊
“ဒီတော့ သူက စီနီယာအမလျို ဆရာ့ကို အတင်းအကြပ်လက်ခံခိုင်းတဲ့ ဂျူနီယာညီလေးပေါ့----”
“ငါကြားတာတော့ သူ့မှာ စိတ်ဝိညာဥ်အမြစ်မရှိဘူးတဲ့----”
“စီနီယာအမလျိုက သူ့အတွက် ပြန်လည်မွေးဖွားခြင်းတောင်ထိပ်က ချောင်ကျန့်ကိုတောင် လောင်းကြေးထပ်ခဲ့တာ----”
“သူ့ဂုဏ်သတင်းက ဆရာခုလေးတင်လက်ခံထားတဲ့ အဆင့် ၆ စိတ်ဝိညာဥ်အမြစ်တပည့် ဂျူနီယာညီလေးတောက်ထက်တောင် ပိုကြီးမားတယ်----"
ဤတစ်ချိန်၌ တောင်ထိပ်အသီးသီး တပည့်အသစ်တွေခေါ်ယူခဲ့ကြ၏၊၊
လျိုဝူချန်းလည်းလက်ဗလာဖြင့် ပြန်မလာခဲ့ပေ၊၊
သူက အဆင့် ၆ စိတ်ဝိညာဥ်အမြစ်ရှိသည့် တပည့်တစ်ယောက်ကို ခေါ်ယူခဲ့ပြီး ဤနှစ်၏ စစ်မှန်တပည့်အဖြစ်လက်ခံဖို့ စီစဥ်ထား၏၊၊
လူတိုင်းမဝေးသည့်နေရာမှ တာဝါကြီးကဲ့သို့ တောက်ကျန်းဂွန် ကိုကြည့်လိုက်ကြသည်၊၊
သူကလည်း ဆွေးနွေးသံတွေကို ကြား၏၊၊
သူက ဝင်လာသည့်ဂျန်ဖန်းကို မနေနိုင်ပဲ ကြည့်လိုက်ပြီး ရန်လိုသည့်အရိပ်အယောင်တွေ ဖြစ်လာခဲ့သည်၊၊
“ဟေး, တပည့်အသစ်ကောင်---”
တောက်ကျန်းဂွန်အသံက ဖော်ရွေမနေပဲ ကြေးဝါခေါင်းလောင်းကဲ့သို့မျက်လုံးတွေဖြင့် ဂျန်ဖန်း အထင်သေးစွာစိုက်ကြည့်လိုက်သည်၊၊
“ငါကြားတာတော့ မင်းက အမျိုးသမီးတွေ နှလုံးသားကို အရယူတဲ့နေရာမှာ ဆရာကြီးဆို----”
“စီနီယာအမလျိုတောင် မင်းလှည့်စားတာခံရပြီး မင်းကို ငါ့တို့ဂိုဏ်းသခင်တောင်ထိပ်မှာ ချွင်းချက်အနေနဲ့လက်ခံပေးခဲ့တယ်ဆို----"
စားသောက်ချင်စိတ်ပြင်းပြနေသည့် ဂျန်ဖန်း ရုတ်တရက်ရန်စခံလိုက်ရ၏၊၊
သူကြည့်လိုက်သည့်အခါ အလွန်အမင်းကြီးမားသည့်ခန္ဓာကိုယ်ကြီးကို သဘောကျသွားသည်၊၊
အနည်းဆုံး ၂မီတာမြင့်ပြီး တစ်ကိုယ်လုံးက အဆီအပြည့်ပဲဖြစ်သည်၊၊ အသားတောင်ကြီးတစ်ခုကဲ့သို့ မတ်တပ်ရပ်နေပြီး အတော်လေး အထင်ကြီးစရာကောင်း၏၊၊
သို့ပေမယ့် မည်သည့်ရန်ငြိုးမရှိပဲ ဘာကြောင့်ရန်စနေရသနည်း၊၊
သူက ပြန်ဖြေဖို့စိတ်မဝင်စားပဲ ပန်းကန်တစ်လုံးကောက်ကာ ဆန်နှင့် အသားအများအပြားထည့်လိုက်၏၊၊
ခန္ဓာသန့်စင်ထားသည့်အတွက်ကြောင့် ဖြစ်ကောင်းဖြစ်နိုင်၏၊၊ သူ၏ စားချင်သောက်ချင်စိတ်က ထူးထူးခြားခြား ပြင်းပြနေခဲ့၏၊၊
သူက အရင် ဒီလောက်တစ်ခါမှ မဆာလောင်ဖူးပေ၊၊
ထိုင်ချလိုက်ပြီး အစားသောက်တွေကို အငမ်းမရစားတော့၏၊၊
တောက်ကျန်းဂွန် ဒေါသထွက်သွားပြီး သူ့တူတွေကို စားပွဲပေါ် ခပ်ပြင်းပြင်း ရိုက်ချလိုက်သည်၊၊
ထိုအရာကြောင့် သံတူတွေ ကွေးသွားခဲ့သည်၊၊
“ကောင်စုတ်လေး, မင်းက ငါ့ကို လျစ်လျူရှုရဲတယ်ပေါ့----”
သူက ဂျန်ဖန်းဆီသို့ ရွေးလျားနေသည့် တောင်တစ်လုံးကဲ့သို့ လှမ်းလာခဲ့သည်၊၊
တပည့်များစွာက ပြဇာတ်တစ်ခုမျှော်လင့်နေသည့် အမူအရာတွေဖြင့် စောင့်ကြည့်နေကြသည်၊၊
အချို့အမျိုးသမီးတပည့်တွေ တစ်ခုခု မှားနေပြီဆိုတာ သိလိုက်သည်၊၊
“စီနီယာအကိုကြီး, စီနီယာအကိုကြီး သူတို့ကိုတားလိုက်ပါ၊၊ ဂျူနီယာမောင်လေးဂျန် ထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ----”
အမျိုးသမီးတပည့်တစ်ယောက်က သူမနောက်မှာထိုင်နေသည့် ခန့်ညားသည့်ယောက်ျားတစ်ယောက်ကိုပြောလိုက်သည်၊၊
ထိုသူက အသက်သုံးဆယ်အရွယ်ရှိကာ အစိမ်းရောင်ဝတ်စုံကိုဝတ်ဆင်ထားခဲ့သည်၊၊
သူ့အကြည့်တွေက ဂရုမစိုက်တဲ့ပုံစံဖြင့် ပြောလိုက်သည်၊၊
“တပည့်အသစ်တွေကြား အငြင်းပွားမှုတွေက ပုံမှန်ပါပဲ၊၊ သူတို့ကို ယှဥ်ပြိုင်ခိုင်းပြီး အဆင့်သတ်မှတ်ချက်တစ်ခု ထူထောင်ခိုင်းလိုက်ပါ----”
“ဒါက အနာဂတ်ပဋိပက္ခများစွာကို ကွာကွယ်ပေးလိမ့်မယ်----”
ထိုအရာက အမှန်ပဲဖြစ်သည်၊၊
အသစ်တပည့်အားလုံး၌ မည်သူကမှ အထင်သေးခံချင်ကြမည် မဟုတ်ပေ၊၊
နေစဥ်ပဋိပက္ခတွေကင်းဝေးဖို့နှင့် စီနီယာအကိုတွေ၊ အမတွေကြားဝင်ဖြေရှင်းဖို့မလိုအောင် အစောပိုင်းတကည်းက အဆင့်အတန်းကို သတ်မှတ်ထားတာ ပိုကောင်း၏၊၊
ဤနည်းဖြင့် အားနည်းသူက အားကောင်းသူကို ဝေးဝေးမှ ရှောင်နိုင်မည်ဖြစ်သည်၊၊
ပဋိပက္ခတွေကို လျော့နည်းစေပြီး စီနီယာအကိုတွေ၊ အမတွေ၏ဘဝကို ပိုလွယ်ကူစေ၏၊၊
အမျိုးသမီးတပည့် စိုးရိမ်သွားခဲ့သည်၊၊
“ဒါက ပိုဆိုးမလာဘူးဆိုတာ သေချာလို့လား----”
“တောက်ကျန်းဂွန်က နယ်ပယ်မြင့်ရုံတင်မကဘူး၊၊ တောက်မိသားစုကလည်း ခန္ဓာသန့်စင်မိသားစုတစ်ခုလေ၊၊ ဂျန်ဖန်းရဲ့ သေးသေးသွယ်သွယ်ခန္ဓာကိုယ်က အပြင်းအထန်ဒဏ်ရာရသွားလိမ့်မယ်----”
စီနီယာအကိုကြီးဖြစ်သူက အစားကိုသာ အာရုံစိုက်နေပြီး တည်ငြိမ်စွာပြောလိုက်သည်၊၊
“ဂျူနီယာညီလေးဂျန်ကို ဂျူနီယာညီမလျိုက တန်ဖိုးထားမှတော့ သက်ဆိုင်ရာအကျိုးဆက်တွေကို တာဝန်ယူသင့်တယ်---”
“သူက ဒဏ်ရာမရချင်ရင် ဂိုဏ်းသခင်တောင်ထိပ်က စောစော ထွက်သွားသင့်တယ်----”
အာ---
အမျိုးသမီးတပည့် မနာလိုသည့်အရိပ်အယောင် ထုတ်ဖော်လာခဲ့သည်၊၊
စီနီယာအကိုကြီး၏ လျိုချင်းရှန်အပေါ် သသဘောကျမှုက လူသိရှင်ကြားလျို့ဝှက်ဖြစ်သည်၊၊
အခြားယောက်ျားတွေကို အမြဲတမ်း အဖတ်မလုပ်ပေမယ့် ဂျန်ဖန်းကိုတော့ မနာလိုမှုကြောင့် အာရုံစိုက်နေခဲ့၏၊၊
သူမက ခပ်ဖွဖွသက်ပြင်းချလိုက်သည်၊၊
“ဂျန်ဖန်း, ဘာမှမကူညီနိုင်တဲ့အတွက် ငါတို့ စီနီယာအကိုတွေနဲ့ အမတွေကို မပြစ်မတင်ပါနဲ့----”
“အပြစ်တင်ချင်ရင် စားနိုင်တာထက် ပိုစားတဲ့ နင့်ကိုယ်နင်ပဲ အပြစ်တင်လိုက်ပါ---”
သူမက သူနာကျင်စွာအရိုက်ခံရမှာကို ကြိုမြင်နေရ၏၊၊